top of page
Search
Writer's pictureMyat Tun Oo

မောင်းသူမဲ့ လေယဉ်နဲ့ စစ်အာဏာရှင်ကို မြန်မာပြည်မှာဖယ်ရှားလို့ရမလား?


မြန်မာပြည်မှာ မအလက ရွေးကောက်ခံအစိုးရထံက ဖေဖော်ဝါရီ ရက်မှာ အာဏာသိမ်းခဲ့ပါတယ်။ဒါဟာ မဲစာရင်းမှားလို့ အရေးပေါ် အာဏာသိမ်းလိုက်ရတာမျိုး မဟုတ်ခဲ့ပါ။ သူအာဏာမသိမ်းခင်တိုင်ပင်ခဲ့ပြီး သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ထိပ်ပိုင်းကို ဖမ်းထိန်းလိုက်ရင် သူ့ကိုဘယ်သူမှ မတော်လှန်ဘူးလို့ တွက်ထားခဲ့ပါတယ်။ သူက အမေရိကန်နဲ့ ဥရောပက စီးပွါးရေးပိတ်ဆို့မှာကို တွက်ထားခဲ့သလို ဒါ့ကြောင့် တိုင်းပြည်စီးပွါးရေးအပေါ် ထိနိုင်တယ်ဆိုတာကိုလဲ တွက်ထားပါတယ်။ ဒါပေမယ့် မအလက အဲ့ဒီလိုစီးပွါးရေး ပိတ်ဆိုတာကို တရုတ်နဲ့ အာဆီယံရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ ပြန်ဖာထေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ မအလဟာ တရုတ်က သူ့ကို ကုလမှာ ဗီတိုသုံး ကာကွယ်ပေးမှာမိုလို့တိုင်းပြည်ကို ၂၀၁၀ လောက်ကနေ နောက်ပြန်စဖို့ ပြင်ဆင်ထားခဲ့ပါတယ်။

သူဟာ အာဏာသိမ်းခေါင်းဆောင်မိုလို့ အနောက်နိုင်ငံတွေဟာ သူနဲ့ ရင်ဆိုင်ရမှာပါ။ အစပိုင်းမှာသွေးထွက်သံယိုမှုမရှိဘဲ အာဏာသိမ်းနိုင်ခဲ့လို့ သူ့ကိုယ်သူ ယုံကြည်မှု မြင့်မားခဲ့ပြီး ဝန်ကြီးချုပ်တွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ ဒေါသနဲ့ ဆန္ဒပြမှုဟာ သူမျှော်လင့်ထားတာထက် ပိုဆိုးရွားခဲ့ပါတယ်။ သူ မထင်ထားတဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးကြောင့် သူ့အာဏာကို စိန်ခေါ်လာခဲ့ပါတယ်။ အာဏာဖီဆန်ရေးနဲ့ လွှတ်တော်ကိုယ်စားပြုအဖွဲ့တို့ဟာ သူမမျှော်လင့်ခဲ့တဲ့ သူ့ အာဏာသိမ်းမှုကို စိန်ခေါ်မှုတွေပါ။

ဒါဆို အနောက်နိုင်ငံတွေက ဘာလုပ်နိုင်သလဲ? မအလဟာ အမေရိကန်၊ ယူကေနဲ့ ဥရောပက စီးပွါးရေးပိတ်ဆို့မှာကို မျှော်လင့်ပြီးသားပါ။ နောက်ပိတ်ဆို့မှုတွေလဲ လာမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမယ့် သူဟာ ပြည်သူတွေကို ဘယ်လောက်ထိခိုက် ထိခိုက် မှုသူမဟုတ်ပါ။ ပြည်သူ့မျက်နှာသာ အစကထဲက ကြည့်ခဲ့ရင် အာဏာသိမ်းမှု ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။ မအလတွက်ထားတာက အနောက်နိုင်ငံတွေဟာ ကိုဗစ်နဲ့ အလုပ်ရှုတ်နေလို့ သူ့ကို လာမတိုက်နိုင်ဘူး အပြောလောက်ဘဲဆိုတာပါ။

ဒါ့ကြောင့် အနောက်နိုင်ငံတွေအနေနဲ့ မိမိတို့ဘာလုပ်နိုင်မလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။ ပြည်သူတွေကတော့ ကိုဗစ်ဖြစ်နေချိန် စစ်ဖြစ်လိုစိတ် မရှိနိုင်ပါ။ တချိန်ထဲမှာဘဲ မြန်မာပြည်က အာဏာသိမ်းတာဟာ သာမန်လူက အာဏာသိမ်းတာမဟုတ်ဘဲ စစ်ရာဇဝတ်ကောင်၊ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်သူလို့ သံသယအဖြစ်ခံရသူက အာဏာသိမ်းတာပါ။ ဒါ့ကြောင့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေအနေနဲ့က အဲ့ဒီလိုလူကို ဒီအတိုင်းထားပြီး လူတွေထပ်အသေခံမလား ဖယ်ရှားမလား စဉ်းစားရမှာပါ။ အကောင်းဆုံးနည်းလမ်းကတော့ သူ့ကို မောင်းသူမဲ့ လေယဉ် ဒါမှမဟုတ် ဒုံကျည်သုံး ဖယ်ရှားတာဟာ အကောင်းဆုံးနည်းလမ်းပါလို့ ပြောပါရစေ။ သူဟာ ICC က ဖမ်းဝရမ်းထုတ်ခံရပြီး အဖမ်းမခံခဲ့ရင် ဝရမ်းပြေးဖြစ်ပြီး အမေရိကန်အနေနဲ့ သုတ်သင်ရှင်းလင်းရတာ လွယ်သွားမှာပါ။ သူဟာအာဏာသိမ်းခေါင်းဆောင်ဖြစ်လို့ မြန်မာ့ဥပဒေအရလဲ သေဒဏ်အထိ အပြစ်အပေးခံရနိုင်လို့ ဥပဒေနဲ့ ညီပါတယ်။

မေးစရာက အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှာ လုပ်လိုတဲ့ ဆန္ဒရှိသလားဆိုတာပါ။ မောင်းသူမဲ့လေယဉ်နဲ့ ဒုံးပျံတွေဟာ ကုန်ကျစားရိတ်အနေနဲ့ စစ်တပ်အင်အားသုံးတာထက် သက်သာမှာပါ။ နောက်လူတွေမပါလို့ မိမိနိုင်ငံကလွှတ်တော်က အတည်ပြုချက်ရဖို့လဲ လွယ်နိုင်ပါတယ်။ မြန်မာပြည်မှာကအစိုးရနဲ့ လွှတ်တော်ရှိပြီးသားမိုလို့ အခြားနိုင်ငံတွေလို ပြဿနာမရှိနိုင်ပါ။ နောက်ပြီး ဒီလိုပစ်ခတ်ခဲ့ရင် အမေရိကန်က အပြောမဟုတ် လက်တွေ့လုပ်တယ်ဆိုတာကိုလဲ မအလနဲ့ အပေါင်းအပါတို့ကိုသတိပေးရာရောက်သလို နောက်ကမ္ဘာပေါ်က သူ့လို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ရန်ရှိသူများကိုလဲ သတိပေးပြီးသား ဖြစ်သွားပါမယ်လို့ ပြောပါရစေ။

မြန်မာစစ်တပ်အထဲမှာက အခွင့်ထူးခံသူ လာဘ်စားသူများသာ ရာထူးကြီးပြီး တိုက်ရည်ခိုက်ရည်ကျနေလို့ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ချိန်မှာတောင် အကျအရှုံးများနေလို့ အမေရိကန်ကို မခံချနိုင်ပါ။ ဒါ့ကြောင့် မြေပြင်တပ်မလိုဘဲ မောင်းသူမဲ့လောက်နဲ့ ပွဲပြီးပါတယ်လို့ ပြောပါရစေ။

အကျဉ်းချုပ်ရရင် ဘာလုပ်မလဲ ဆုံးဖြတ်ရမှာက အမေရိကန်နဲ့ ယူကေကပါ။ ဒါပေမယ့် စာရေးသူအမြင်ကတော့ မောင်းသူမဲ့ လေယဉ်ဟာ မြန်မာပြည်မှာ အာဏာရှင်ကို ဖယ်ရှားနိုင်မှာဖြစ်သလို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

(ဒီဆောင်းပါးဟာ အမေရိကန်နဲ့ ယူကေ နိုင်ငံခြားရေး ဝန်ကြီးဌာနက မူဝါဒ ရေးစွဲသူများအတွက်ရည်ရွယ်ရေးသားပါသည်။)

358 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

Comments


bottom of page