မြန်မာ့နိုင်ငံရေးကို စဉ်းစားရာမှာ တပ်ပြောသမျှအလိုလိုက်တဲ့နည်း (ဖွတ်နဲ့ဖွတ်မဟာမိတ်ပါတီများနည်း) ရှိသလို အလုံးစုံ ဆီးရီးယားမှာလို လမ်းပေါ်ထွက်ဆန္ဒပြရာကနေ ရရင်ရ မရရင်လက်နက်ကိုင်ချတဲ့နည်း၊ နောက်လက်ရှိ တပ်ကိုဖျောင်းဖျပြီး ခြေဥပြင်တဲ့နည်း လူထုကို လမ်းပေါ် တွန်းမပို့တဲ့နည်းတွေကို အများစုစဉ်းစားကြပါတယ်။ စာရေးသူလဲ ဒီလမ်းတွေကိုသာ စဉ်းစားမိပါတယ်။ စာရေးသူအနေနဲ့က ဖွတ်နည်းလမ်းကို မကြိုက်သလို ဆီးရီးယားလိုလဲ တိုင်းပြည်ကို မဖြစ်စေလိုပါ။
ယခုလဲ NLD က လွှတ်တော်ကနေ ခြေဥပြင်ဖို့ကြိုးစားနေတာ အားလုံးအသိပါ။ ဒါပေမယ့် ဒီနေ့မဲခွဲရာမှာ တပ်ရဲ့ သူ့ကိုယ်စားလှယ်တွေအပေါ် အလုံးစုံ ထိန်းချုပ်မှုကို ပြသွားတာ တွေ့ရပါတယ်။ ဒါဆိုရင် မြန်မာ့နိုင်ငံရေးက သေပြီလား။ နည်းလမ်းသစ်မရှိတော့ဘူးလား။ အများစုက NLD မှာ အခြားနည်းလမ်းရှိမယ်လို့ ယုံကြည်ကြပါတယ်။
စာရေးသူယခုရေးမှာကတော့ စာရေးသူထင်တဲ့ ဖြစ်နိုင်တဲ့ နည်းလမ်းသစ်ပါ။ ယခုအချိန်မှာ အားလုံးလက်ရှိအနေအထားရ ခြေဥကို လွှတ်တော်ဖြတ်ပြင်တာကတော့ တပ်ချုပ်အသစ် မပြောင်းမခြင်းမလွယ်တာကို လက်ခံရမှာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD က အများစုနိုင်ပြီး အစိုးရဖွဲ့နိုင်အောင်ဆက်ကြိုးစားရပါမယ်။ အခြားလုပ်စရာတွေကို ဒီနေရာမှာ မရေးတော့ပါဘူး။ ဒါပေမယ့် အစိုးရဖွဲ့နိုင်ခဲ့ရင် အဲ့ဒီအချိန်မှာ ICC ကအမှုကလဲ သက်ဆိုင်သူများကို တရားခံပြေးကြေညာလောက်ပါပြီ။ ဖမ်းဝရမ်းထုတ်လောက်ပါပြီ။
ဒီနေရာမှာ အစိုးရအနေနဲ့ တရုတ် (သို့) အမေရိကန်နဲ့ တိုင်ပင်ပြီး အဆိုပါဝရမ်းပြေးကို ဘယ်လိုဖမ်းမလဲဒါမှမဟုတ် အမေရိကန်က အီရန်က ဆူလမာနီကိုလုပ်သလို ဘယ်လို လုပ်ပေးနိုင်လဲ စဉ်းစားသင့်ပါတယ်။
မြန်မာပြည်ကို အဲ့ဒီလိုလုပ်ဖို့အတွက် အမေရိကန်လေယဉ်တင်သင်္ဘောတစ်စင်းတော့ လိုပါတယ်။တိုင်းပြည်ထဲကို ဝင်လာစရာမလိုပါ။ အဲ့ဒါဆို အထဲက ခံချကြမလား? သူတို့ခေါင်းဆောင်ကို ဖမ်းရုံသတ်ရုံလောက်မိုလို့ ဘယ်လိုမှ ခံချလို့မရပါ။ နောက်ပြီး သူတို့ခေါင်းဆောင်ကလဲ နိုင်ငံတကာက ဖမ်းဝရမ်းထုတ်ခံထားရရင် လုပ်ရကိုင်ရတာ တရားဝင်ပါတယ်။
တပ်ထဲမှာက အဘကိုလွမ်းလို့ဆိုပြီး မိမိရာထူးတက်မှာကို မကြိုက်တဲ့သူ မယူဘူးဆိုပြီး ငြင်းမဲ့သူ မရှိပါ။ အဘမရှိရင် တက်လမ်းပွင့်သွားတယ်လို့ ယူဆမည့်သူအများစုပါ။ နောက် ကြောက်တတ်ကြပါတယ်။ ယခုအချိန်မှာ အဘကိုကြောက်ပေမယ့် အမေရိကန်သင်္ဘောရောက်လာရင် အကြောက်တရားက အမေရိကန်ကို ပြောင်းသွားမှာပါ။ ဒါဆိုအမေရိကန်ကို မျိုးချစ်တွေက ခံချမလားမေးစရာရှိပါတယ်။ ဘယ်မျိုးချစ်ကမှ သူ့အသက်ထက်အဘကို ပိုမချစ်ပါဘူး။ ဒေါ်လာလေးပေးလိုက်ရင်အဆင်ပြေပါတယ်။
ပြည်သူကတော့ ဆီးရီးယားလိုမဟုတ်ပေမယ့် အနည်းငယ်တော့ အင်အားပြရမှာပါ။ ဒီနည်းကတော့ဆီးရီးယားလို အကြီးအကျယ်မဖြစ်ဘဲ သွေးထွက်သံယိုမှု အနည်းဆုံးနဲ့ ပြောင်းလို့ရတဲ့ နည်းလမ်းပါ။အမေရိကန် (သို့) တရုတ်နဲ့ ညှိနှိုင်းမှု အနည်းငယ်တော့ လိုနိုင်ပါတယ်။ နောက်အခြားနိုင်ငံတွေမှာအနောက်အုပ်စုက ဝင်ပါရင် တရားဝင်အစိုးရမရှိလို့ အခက်အခဲဖြစ်ပါတယ်။ မြန်မာပြည်မှာကတော့တရားဝင်အစိုးရရှိပြီးသာမိုလို့ ထိုနိုင်ငံတွေမှာလို ခေါင်းဆောင်မဲ့ ကာလ မဖြစ်နိုင်ပါ။
ဒီနည်းလမ်းလေးကတော့ ခြေဥပြင်ဖို့အလွယ်ဆုံး လက်တွေ့ကျတဲ့နည်းလမ်း ဖြစ်ပါတယ်။
(စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ မည်သိပါတီကိုမှ ကိုယ်စားမပြုပါ)
photo credit: Times
Comentários