မိဘနှင့်တူသောအစိုးရ
အားလုံးသိတဲ့အတိုင်း မွန်ပြည်နယ် ပေါင်မြို့နယ်က မလတ်တောင်မှာ ဩဂုတ်လ ၉ ရက်က မြေပြိုလို့ လူတွေ နေစရာမရှိ ဖြစ်သွားခဲ့ပါတယ်။ သူတို့ကို အစိုးရက အစားထိုးမြေကွက်မှာ ပြန်နေရာချထားပေးဖို့မြေဖို့တာ၊ ကွန်ကရစ်လမ်းခင်းတာ၊ လျှပ်စစ်မီးရအောင် မီးတိုင်စိုက်တာတွေ လုပ်ပေးနေသလို မြေကလဲ ၆၀x ၈၀ ပါ။ ဆောက်ပေးမယ့်အိမ်က ကျပ်သိန်း ၁၀၀ တန်ပါမယ်။ အန္တရာယ်ရှိတဲ့ ယခင်မြေပြိုတဲ့နေရာမှာ ဆက်နေလိုသူတွေကိုလဲ လွှတ်တော်အမတ် မိကွန်ချမ်းတို့က သေချာရှင်းပြနေပါတယ်။ ဒါဟာ အဘ နာဂစ်မှာ ကိုင်တွယ်ပုံနဲ့ အမအစိုးရကိုင်တွယ်ပုံ မိုးနဲ့မြေအလား ကွာခြားတာကို ပြတာပါ။
ထို့အတူပါဘဲ ရန်ကုန်အစိုးရကလဲ သာမန်ခရီးသွားတွေကို အဆင်ပြေအောင် မြို့ပတ်ကားလုပ်တာတင်မဟုတ်ဘဲ မသန်စွမ်းတွေပါ စီးလို့ရအောင် လုပ်ပေးပါတယ်။ ဒါမျိုးက ၁၉၆၂ ထဲက ဘယ်အဘမှ မလုပ်တတ်ခဲ့တာပါ။ နောက်အဘက အဓမ္မ မြေသိမ်းခဲ့ပြီး အမအစိုးရက ရန်ကုန်မှာရော နေပြည်တော်မှာပါ မြေလျော်ကြေးတွေ ပြန်ပေးခဲ့ပါတယ်။
ဒီအဖြစ်အပျက်တွေကို ဃှဉ်ကြည့်ရာမှာ ယခင်အဘတို့နဲ့ ဘာကွာလဲဆိုတော့ လက်ရှိ DASSK အစိုးရက ပြည်သူကို မိဘသဖွယ် ဆက်ဆံတာသွားတွေ့ရပါတယ်။ အဘတို့ကတော့ ပြည်သူကို ဟိုစီမံကိန်းလုပ်အားပေး ဒီစီမံကိန်းလုပ်အားပေးဆိုပြီး အမိန့်နဲ့ ကျွန်လိုဆက်ဆံခဲ့တာပါ။
ပြည်သူတွေအနေနဲ့က ၂၀၂၀ မှာ မိဘသဖွယ်ဆက်ဆံတဲ့ အစိုးရကိုလိုချင်သလား ဒါမှမဟုတ် ပြည်သူကို ကျွန်ပြုလိုတဲ့ သူခိုးအစိုးရလိုချင်လားဆိုတာ စဉ်းစားရမှာပါ။
News source BBC, photo : Myanmar state counsellor office, UPMT, YBS
Comments