အချို့ကျောင်းသားများနဲ့လူ့အခွင့်အရေးလုပ်ရှားသူဆိုသူများဟာလူစုတာကိုဥပဒေအရမလျှောက်ဘဲသူတို့ကိုမဖမ်းဖမ်းအောင်ဆန္ဒပြပြီးသူတို့ရဲ့ရည်ရွယ်ချက်ကကမ္ဘာပေါ်မှာဒီမိုအစိုးရသိက္ခာကျအောင်စနစ်တကျလုပ်နေခဲ့တာပါ။
Video Credit: BBC News
Unicode version
မဲမဲမြင်တိုင်းရွှေမထင်စေလိုပါ
အချို့ကတပ်ကိုဆဲရင်ကြိုက်တယ်။အချို့ပေါ်ပြူလာဖြစ်ချင်သူတွေကဒီလိုနေရာကိုဝင်ယူတယ်။မောင်ဆောင်းခ။ဘစိန်ကိုပြောလို့နာမည်ကြီးသွားတယ်။သူကသူ့အင်္ဂါပေါ်မှာဘာညာဆိုပြီးရေးတာ။လွတ်လပ်စွာပြောဆိုခွင့်ဆိုပေမယ့်မြန်မာမှာရှိုင်းတယ်။နောက်သူကဘစိန်ပြုတ်တော့အသံအဖွဲ့ဆိုပြီးအဓိကကဒီမိုအစိုးရလက်ထက်မှာမလွတ်လပ်ဖူးဆိုပြီးထအော်တယ်။နိုင်ငံခြားမီဒီယာကDASSK အစိုးရမကောင်းပြောတဲ့အစီအစဉ်ထုတ်လုပ်ရင်သူရယ်၊ နောက်လူ့အခွင့်အရေးအမျိုးသမီးဒေါ်ချယ်ရီဇာဟောင်ရယ်၊သဇာဖွတ်လဲ့ရည်ရယ်ကိုလိုက်ရှာဗျူးပါတယ်။
ဒေါင်းမျိုးဆက်သစ်။ရန်ကုန်သင်္ကြန်မှာသံချပ်ကိုစီစစ်ရေးလိုတင်ခိုင်းတယ်။လူမျိုးရေး၊ဘာသာရေးဖြစ်မှာစိုးလို့။အများစုကအမိန့်အတိုင်းတင်ကြတယ်။ဗေလုဝတို့ရောကိုယ့်ဒီမိုအစိုးရလက်ထက်မိုလို့။တင်တဲ့သံချပ်အထဲအစိုးရလဲစော်တယ်။တပ်လဲစော်တယ်။ဒီသံချပ်အဖွဲ့တွေဘာမှမဖြစ်ဘူး။ဒါပေမယ့်ဒေါင်းမျိုးဆက်သစ်ကမတင်ဘူး။မတင်ပေမယ့်သူ့ကိုဒီမိုအစိုးရကမဖမ်းဘူး။သူ့သံချပ်ကရဲစွဲလို့ရတဲ့အမှုထဲလဲမပါဘူး။ဒါကြောင့်သူ့နောက်ကိုစရဖကလိုက်ပြီးတပ်ကစွဲတယ်။တရားရင်ဆိုင်နေရတယ်။ဒါပေမယ့်သူတို့ကဘီဘီစီသတင်းထောက်ကိုတရားရုံးကိုခေါ်လာတယ်။ပြီးတော့ဒီမိုအစိုးရကိုသိက္ခာချတဲ့သတင်းကမ႓ာပေါ်မှာလွှင့်တယ်။အစိုးရကစွဲတယ်ဘာညာ။ကြားကတပ်ကစွဲတာပျောက်သွားတယ်။အချို့ငတုံးသတင်းထောက်တွေကအစိုးရနှစ်ရပ်ရှိတာမသိဘူး။သိလဲသူတို့ကအဲ့ဒီအချိန်ကဟိုရိုက်တာနှစ်ယောက်မလွတ်သေးလို့အစိုးရကိုသိက္ခာချစရာဇတ်ကွက်ရှာနေတာ။ထမင်းစားသူဆိုရင်ဒါဟာခြေဥကြောင့်တပ်နဲ့ပြည်ထဲရေးကအစိုးရအောက်မှာမရှိလို့ဆိုတာလူတိုင်းသိတယ်။
အိုကေ။လွတ်လပ်စွာပြောဆိုခွင့်။မြန်မာပြည်မှာတပ်ရဲ့တရားစွဲမခံရဖို့ခြေဥပြင်ဖို့လိုတယ်။ဒါပေမယ့်ဒီခြေဥပြင်ဖို့ထောက်ခံပွဲကိုဆောင်းခလဲမလာသင်ဇာဖွတ်လဲ့ရည်လဲမလာ၊ချယ်ရီဇဟောင်လဲမလာ၊သာလွန်ဇောင်းဖွတ်လဲမလာပါ။မနေ့ကDASSK ကိုဆန္ဒပြတဲ့မဲလာမဆွယ်နဲ့ပြောတဲ့ဖွတ်ကျောင်းသားလဲကြွမလာပါ။ဒါကဘာကိုပြလဲဆိုတော့သူတို့အားလုံးဟာဖွတ်တွေလိုဘဲတိုင်းပြည်ပျက်ရာပျက်ကြောင်းဒီမိုအစိုးရကိုအပုတ်ချရေးသာကြိုးပမ်းပြီးတကယ့်ခြေဥပြင်ဖို့ဘာမှဝင်မလုပ်ဖူးဆိုတာပါ။စာရေးသူကတကယ့်ဒီမိုကိစ္စနဲ့လက်ရှိတပ်ကတရားစွဲခံရတာကကိုနေမျိုးဇင်၊ကိုမင်းထင်ကိုကိုကြီးနဲ့ဆရာတော်ဦးသောဘိတသာရှိတယ်လို့ခံယူပါတယ်။ဟိုကိုးတန်းကျောင်းသားအဖမ်းခံရတာကိုအဖြစ်မှန်မသိခင်ကထဲကဝင်မသနားထားပါ။
အမေရိကန်မှာဖြစ်ဖြစ်အင်္ဂလန်မှာဖြစ်ဖြစ်ပြင်သစ်မှာဖြစ်ဖြစ်ဆန္ဒပြဥပဒေကိုလိုက်နာရပါတယ်။ပြင်သစ်မှာမကြာခင်ကမှစည်းကမ်းမဲ့စွာဆန္ဒပြလို့ပြသူထောင်ကျော်ကိုဖမ်းထားပါတယ်။
အချို့ကျောင်းသားများနဲ့လူ့အခွင့်အရေးလုပ်ရှားသူဆိုသူများဟာလူစုတာကိုဥပဒေအရမလျှောက်ဘဲသူတို့ကိုမဖမ်းဖမ်းအောင်ဆန္ဒပြပြီးသူတို့ရဲ့ရည်ရွယ်ချက်ကကမ႓ာပေါ်မှာဒီမိုအစိုးရသိက္ခာကျအောင်စနစ်တကျလုပ်နေခဲ့တာပါ။
တိုင်းပြည်ကောင်းစေချင်တဲ့စေတနာမပါပါ။လက်ခုပ်မတီးခင်သေချာလေ့လာကြပါ။အချို့ကတပ်လဲဆန့်ကျင်ဒီမိုလဲဆန့်ကျင်တဲ့ပြည်ပအားကိုးတွေလဲရှိပါတယ်။မဲမဲမြင်တိုင်းရွှေမထင်ကြပါနဲ့။
Video Credit: BBC News
Comentários