top of page
Search
Writer's pictureMyat Tun Oo

မကွေးနယ်လုံဝန်ကြီးရဲ့ တပ်တွင်းစကားသံဘာထူးလဲ


ယခုတလော ခေတ်သစ်က အဘကိုသတင်းနဲ့ သတ်နေပါတယ်။ ခေတ်သစ်လုပ်လို့ နဂို PDFရန်ကလုံခြုံရေးအပြင် အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်ထားတဲ့အိမ်တွေကို ဘယ်လိုလုံခြုံရေးပေးမလဲ စဉ်းစားနေတုန်း ခေတ်သစ်ကထပ်ပြီး မကွေးနယ်လုံဝန်ကြီးပြောတာကို ထပ်တင်လိုက်လို့ ဗိုလ်မှူးကြီးအဆင့်တွေက သူ့ကို မအလက ဘာလုပ်မှာလဲဆိုတာ နားစွင့်နေကြပါပြီ။ သူပြောတာက အမှန်နဲ့ ဘယ်လောက်နီးစပ်လဲ။ လေ့လာရအောက်။

ဘောမတွေပြောလေ့ရှိတာက တိုင်းရင်းသားလက်နက်ကိုင်တွေက ၁၉၄၈ထဲကတိုက်လာတာ မနိုင်ဘူး၊ဗကပလဲမနိုင်ဘူး၊ တပ်မတော်ကြီးက စစ်သည်အင်အား ၅ သိန်းရှိတယ် တိုက်ရည်ခိုက်ရည်ရှိတယ်ဘာညာပေါ့။ ဒါ့ကြောင့် တပ်မတော်ကြီးကို လက်နက်ကိုင်တိုက်ရင် မနိုင်ဘူး၊ သူပေးတာယူ ကျွေးတာစားဆိုပြီး ပြောလေ့ရှိပါတယ်။ သက်သက်ခိုင်မှသည် NP News က ဘောမသတင်းထောက်အထိပါ။စစ်တိုက်ရာမှာ နိုင်ငံရေးနဲ့ စစ်ရေးဆိုပြီး ရှိပါတယ်။ နိုင်ငံရေးအရနိုင်မှ စစ်ရေးက အဆင်ပြေတာပါ။ပထမဆုံးအနေနဲ့ မြန်မာပြည်မှာ နိုင်ငံရေးအရ အာဏာသိမ်းထားလို့ ထွက်ပေါက်လုံးဝမရှိပါ။ ဥပမာကချင်၊ ကရင်နှင့်ကယား(ကရင်နီ)မှာ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းအပြီး သူတို့တပ်အတွက်လူစုရတာ ဘယ်လောက်လွယ်သွားလဲ မေးကြည့်ပါ။

ယခုအရေးကြီးတာကို ပြန်ဆက်ပါ့မယ်။ ယခင်က မအလတပ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေကမနိုင်ခဲ့တာဟာ ဗမာက မအလစစ်တပ်ကိုခံမချခဲ့လို့ပါ။ ဗမာထဲမှာ ကွန်မြူနစ်ဗမာနဲ့ ကွန်မြူနစ်မကြိက်သူ ကွဲနေပါသေးတယ်။ ကွန်မြူနစ်မကြိုက်တဲ့ ဖဆပလ ဗမာက အများစု (၇၅%) လောက်ပါ။ ဖဆပလမှာမ တည်မြဲ(ဥိးဗဆွေ၊ ဦးကျော်ငြိမ်း) နဲ့ ဦးနု(သန့်ရှင်း) ဆိုပြီး ထပ်ကွဲပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးအရ တိုက်ရလွယ်ပါတယ်။ ယခု ဗမာအများစုက NLD ကို ၉၀% မဲပေးခဲ့တာပါ။ ၂၀၁၅ ရော ၂၀၂၀ မှာပါ။ ၁၉၉၀ မှာလဲ ထို့အတူပါဘဲ။ ဗမာအများစုရှိတဲ့ မကွေး၊စစ်ကိုင်း၊ ပဲခူး၊ မန္ဒလေးနယ်ဘက်တွေမှာပြဿနာအကြီးကြီး တက်နေတာ ဒါ့ကြောင့်ပါ။ စစ်ကိုင်းမှာ ၅.၃ သန်း လူဦးရေရှိပြီး ၁% က ခံချရင်တောင် ငါးသောင်းသုံးထောင်ပါ။ AA က သူ့တပ်အင်အားကို သုံးသောင်းလို့ပြောသွားခဲ့ပါတယ်။ရခိုင်မှာ သူ့လူဦးရေက ၃.၁သန်းပါ။ သူလဲ ၁% ပါဘဲ။ ဒါသူက ၂၀၀၉ ထဲက ၁၂ နှစ်ကျော် တပ်သားစုဆောင်းလာခဲ့ရတာပါ။ မကွေးမှာ ဗမာက ၃.၉ သန်းပါ။ ၁% လက်နက်ကိုင်ရင် သုံးသောင်းတစ်ထောင်ပါ။ ပဲခူးက ၄.၈သန်းမိုလို့ ၁% က လေးသောင်း ရှစ်ထောင်ပါ။ မန္တလေးမှာ လူဦးရေ ၆.၁သန်းရှိပြီး နယ်က လူရဲ့ ၀.၅% ဆိုရင်တောင် သုံးသောင်းရှိပါတယ်။ ဒါကြောင့် လူမျိုးစုံတဲ့ ရန်ကုန်ကိုဖယ်ပြီးဗမာ NLD အမာခံတွက်ရင်တောင် လက်နက်ကိုင်က တစ်သိန်းခွဲအနည်းဆုံးရှိပါတယ်။ ဒါက ယခုအာဏာသိမ်းအပြီး ချက်ခြင်းထဖြစ်တာပါ။ ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီနဲ့ နေပြည်တော်က တိုက်ချင်သူတွေ စစ်ရေးလေ့ကျင့်ပြီးသား ဗမာတွေ မပါသေးပါ။ ဝ က သူ့ပြည်နယ်မှာ စစ်မှုမထမ်းမနေရပါ။ ယခုစာရေးသူက ဗမာနယ်မှာ တိုက်ချင်သူတိုင်းကို NUG က လက်နက်မတပ်ဆင်ပေးနိုင်သေးပါ။ဒါက လူအရေအတွက် နံပတ်နဲ့ တွက်ပြတာပါ။ စစ်သဘောအရ ဘယ်လောက်လေကြောင်းကသာသာအမေရိကန်ပြဿနာတက်တဲ့ အာဖဂန်နဲ့ အီရတ်မှာလို မြေပြင်တပ် မရှိရင် နယ်မြေစိုးမိုးလို့ မရပါ။ တပ်အင်အား မရှိရင် မလွယ်မှန်း မြေပြင်က ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူးတိုင်းသိပါတယ်။ ဗမာအားလုံးရဲ့၁၀% သာ လက်နက်ကိုင်ရင် မအလခွေးပြေးဝက်ပြေး ပြေးရမှာပါ။ ဘာကြောင့်လဲဆိုတော့ လူဦးရေများတဲ့ လူမျိုးစုက ပြန်ခံတိုက်လို့ပါ။ နောက်ပျူကို လက်နက်ပေးလဲ PDF က ပျူယောင်ဆောင်စစ်သင်တန်းတက်ပြီး သူ့ပြန်ချရင် NUG လက်နက်စောင့်စရာမလိုဘဲ ပြဿနာတက်မှာပါ။တိုင်းရင်းသားတပ်က ဗမာကိုခွဲရလွယ်ပေမယ့် ဗမာဗမာချင်းက ခွဲဖို့ခက်ပါတယ်။

ဒီကိစ္စဟာ စာရေးသူတို့အထဲမှာ အချင်းချင်းပြောနေတာကြာခဲ့ပါပြီ။ ယခင်ကရေးခဲ့သလို တပ်ရင်းမှူးဒုဗိုလ်မှူးကြီးတွေက လက်နက်ကောင်းတဲ့ ရခိုင်မြောက်နဲ့ ကချင်တွေမှာ အင်အားမရှိရင် ထွက်တိုက်ဖို့ငြင်းဆန်နေတယ်ဆိုတာ ပုံပြင်ပြောနေတာမဟုတ်ပါ။ ထို့အတူ စစ်ကိုင်းမှာဆိုရင်လဲ ရဟတ်ယဉ်ပါမှထွက်မယ် ဘာညာစလုပ်လာနေပါပြီ။ နောက်ဗမာလူမျိုးက ဗမာအထာသိပါတယ်။ သူကြမ်းရင် ကိုယ်ပြန်ကြမ်းပြပါတယ်။ နောက်တပ်ထဲကလူ အများစုကလဲ အဆိုပါဒေသတွေကနေ လာတာပါ။အရပ်သားအိမ်မီးရှို့ရင် သူတို့အိမ်တွေပါလာနေတယ်ဆိုတာလဲ အိမ်တွေက သတင်းပို့လို့ သူတို့ရလာနေပါပြီ။ ဥပမာ ထန်တလန်မီးရှို့ရင် သူတို့အိမ် မပါနိုငိပေမယ့် စစ်ကိုင်းမှာ သူတို့အရာရှိအိမ်မဟုတ်တောင် တပ်သားမိဘအိမ်တွေပါပါတယ်။ မိဘတွေက စာရေးပြီး ဆဲနေကြပါပြီ။

အကျဉ်းချုပ်ရရင် ဒီစစ်ပွဲဟာ နိုင်ငံခြားကူညီမှုအပေါ်မူတည်ပြီး အချိန်မြန်မှာလား နှေးမှာလား ရှိနိုင်ပေမယ့် စာရေးသူတို့ စည်းလုံးရင် နိုင်ဖို့က ၉၅% ပါ။ DASSK က စည်းလုံးကြပါလို့ ပြောနေတာကအကြောင်းရှိပါတယ်။ ဒါကနောက်မှရေးပါ့မယ်။ စည်းလုံးရင် နိုင်ဖို့က သေချာပါတယ်လို့ ပြောပါရစေ။

မကွေးနယ်လုံဝန်ကြီးက တပ်ထဲက သူ့သူငယ်ချင်းတွေပြောနေတာကို အစည်းအဝေးမှာ လူကြားကောင်းအောင် ပြောသွားတာပါ။ လက်နက်အစုံသာ တပ်အားလုံးရသွားရင် ပွဲကပြတ်မှာပါ။လောလောဆယ်မှာ စည်းလုံးကြပါလို့သာ ထပ်ခါထပ်ခါ ပြောပါရစေ။

2,302 views1 comment

Recent Posts

See All

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

1 Comment


Myint Soe Oo
Myint Soe Oo
Jan 24, 2022

ဦးမြတ်!!!ဆောင်းပါးတွင် နယ် လုံ ဝန်

ကြီး ဟူ၍ရေးသားပါရှိပါသည်။

နယ်* ပယ်အလုံးစုံ

လုံ* ခြုံအေးချမ်းရန်အတွက်

ဝန်* တာ၊ဆောင်ရွက်ရန် ကိစ္စများက

ကြီး* မားများပြားလှပါသည်။

ထိုကိစ္စများကို တာဝန်ယူ ဖြေရှင်းနိုင်သူ၏ အစွမ်းအစဖြစ်သည့် သူ၏ **စီမံခန့်ခွဲမှုအတတ်ပညာကဏ္ဍ**ကအရေးပါလှပါသည်။ထိုနည်းပညာ မတတ်မြောက်လျှင် နယ်ပယ် မလုံခြုံ မအေးချမ်းပါ။

မြင်သာသော ဖြစ်စဉ်များ

~လျှပ်စစ်မီတာခများကို အတင်းအဓမ္မလက်နက်အားကိုးဖြင့် လိုက်လံကောက်ခံပါသည်။ကြည်ဖြူ သဒ္ဓါလို့ပေးခြင်းမဟုတ်။ အကြောက် ဘယာဘေးကြောင့် ပေးရခြင်းဖြစ်ပါသည်။ကျေနပ်သည်တော့ မဟုတ်။

~မပေးခဲ့သော် မီးဖြတ်၊ မီတာပုံးဖြုတ် တဖက်စောင်းနင်းလုပ်ခဲ့ကြလေတော့

~မကျေနပ်မှုများမှတဆင့် ပေါက်ကွဲကြပါတော့သည်။ရင်ထဲမှာ ပေါက်ရုံနှင့်မရတော့ လျှပ်စစ်ရုံးတွေမှာ တအုန်းအုန်းနဲ့

ဖုံးလို့မရအောင် မငြိမ်းချမ်းတော့ပါ။

လျှပ်စစ်ရုံးနှင့် နီးရာ နယ် မလုံခြုံတော့ပါ။

ယခင်အစိုးရလက်ထက်က ကိုဗစ်ကာလ

ဓါတ်အားခများ လျော့ချကောက်ခံပေးခဲ့ပါသည်။ အမြင်ကျယ်သူတချို့က ‌ေလျာ့ချဓါတ်အားခကို ကိုဗစ်အတွက်ပြန်လှူသူအများအပြားပေါ်ထွက်ခဲ့ဘူးပါသည်။

ထိုအချိန်က အီးပီစီရုံး၊လူ မမုန်းပါ။

*** စီမံ ခန့်ခွဲမှု အတတ်ပညာ ***

ဉာဏ်က လာပါသည်။ အမိန့်အာဏာပေမယ့် ဉာဏ်နဲ့ စီမံတတ်ဖို့လိုကြောင်း သာဓကနှစ်ခုက ယှဉ်ပြခဲ့ပါပြီ။


နောက် မြို့ပြစစ်ဆေးရေးဂိတ်များ။

မြေလတ်မြို့တစ်မြို့။ဒေါ်××သည် မိမိပို့ထားသောကုန်များကိုဈေးမှဈေးကြွေးများ ရှင်းယူအပြီး ဆိုင်ကယ်ဖြင့်ပြန်အလာ။ တူးဘောက်ဖွင့်ပြခိုင်း၍ ဖွင့်ပြပါသည်။ ရှေ့ဆိုင်ကယ်ခြင်းထဲက မုန့်ပဲသာရေစာများကိုလည်း တစ်ခုခြင်း လှန်လှော ပြသခိုင်းပါသည်။ရစ်စရာ ကုန်တော့ လက်ထဲကကိုင်ထားသော ပိုက်ဆံအိတ်(အလျား တထွာ၊ အနံ တမိုက်ခန့် မရှိ )ကို ဖွင့်ပြခိုင်းပါသည်။ ဖောင်းနေလို့ဟု အကြောင်းပြပါသည်။ သူတို့ကျေနပ်ရန်ဖွင့်ပြအပြီး ပမာဏ ဆယ်ဂဏန်းမျှမို့

ဘယ်ဘဏ်က ထုတ်လာတာလဲ?

ဝေ့မန်းနီးက ထုတ်လာတာလား?

မဆီမဆိုင် မေးခွန်းများကြောင့် မခံမရပ်ဖြစ်လာသဖြင့် ဒေါ်××သည်လက်နက်ကိုင်များရှေ့တွင်ပင် ပေါက်ကွဲရပါတော့သည်။

မည်သို့ နယ်ပယ် လုံခြုံအောင်လုပ်ပြနေသော်လည်း သူတို့၏ လုပ်ရပ်က ဒေါသကိုဆွ ရန်သူသဖွယ်ဆက်ဆံခံရမှုကိုက

နယ်ပယ် မလုံခြုံနိုင်တော့ပါ။

တချိန်က ဆောင်ပုဒ်။

လမ်းပမ်း…


Like
bottom of page