top of page
Search
Writer's pictureMyat Tun Oo

မင်းတပ်၊ ဒီမော့ဆိုနှင့် ကင်းမဖြစ်စဉ်များကို လေ့လာခြင်း

မင်းတပ်၊ ဒီမော့ဆိုနှင့် ကင်းမဖြစ်စဉ်များကို လေ့လာခြင်း



ဖက်ဆစ်တပ်ဟာ ပြည်သူတွေကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ နာမည်ကြီးကြောင်း ရန်ကုန်၊မန္တလေးမှာ စာရေးသူတို့ သိလိုက်ရပါပြီ။ အချို့နယ်တွေမှာက ဖက်ဆစ်တပ်ကို မခံနိုင်လွန်းလို့ပြန်ချကြတာပါ။

စစ်ဖြစ်ရာမှာ လူအင်အား၊ လက်နက်အင်အား၊ ဆက်သွယ်ရေး၊ ရိက္ခာ၊ စိတ်ဓာတ်ခွန်အား၊ ဗျူဟာတွေလိုပါတယ်။ ဒီမိုအဖွဲ့တွေက လူ၊ စိတ်ဓာတ်၊ ဗျူဟာတွေရှိပါတယ်။


ပထမ မင်းတပ်ဖြစ်စဉ်ကို လေ့လာရအောင်

မင်းတပ်က ခံချတဲ့အခါ ဖက်ဆစ်တပ်က ဗျူဟာမှူးဦးစီးပြီး ပုံမှန်စစ်ကူပို့ပါတယ်။ ရန်ကုန်မှာလှိုင်သာယာက ဆန္ဒပြပွဲကို နှိမ်နင်းဖို့သွားသလို တက်သွားခဲ့တာပေါ့။ ဟိုက တောင်တက်လမ်းတွေကို ပိတ်တိုက်တဲ့အခါ ဖက်ဆစ်တပ်က ခံခဲ့ရပါတယ်။ ဗျူဟာမှူးပတ်မိလို့ သူက အပစ်ရပ်တယ်။ ကင်းထောက်တယ်။ ပခုက္ကူ၊ ကျောက်ထုကနေ လေယဉ်၊ ပြီးမှ ရဟတ်ယဉ်နဲ့ မြို့က သူ့တပ်ရင်းထဲကို စစ်အင်အားဖြည့်ပြီးမှ အတွင်းကနေ အပြင်ကို ဖြန့်တိုက်တယ်။ သူက စစ်စည်းကမ်းမလိုက်နာဘူး။ အဖြူရောင်အလံထောင်တဲ့ စစ်ဘေးရှောင်လဲ ပစ်တယ်။ သူ့ရည်ရွယ်ချက်က ပြည်သူတွေ စစ်ပြေးရလို့ ဒုက္ခရောက်ရင် လက်နက်ကိုင် ဒီမိုတွေကို ဖိအားပေးမယ်။ ဒါ့ကြောင့် ဆက်တိုက်ပစ်တယ်။ ဒုက္ခသည်တွေကိုလဲ အမြောက်နဲ့ ပစ်တယ်။ မင်းတပ်ဒီမိုတပ်ရဲ့ လက်နက်က တူမီးသေနတ်သာသုံးရတာ၊ ဒါက မိုးရွာရင် ခက်တယ်။ နောက် ရိက္ခာကတောထဲမှာ AA လို ကြိုဖွက်ထား ကြိုပြင်ထားတာမရှိလို့ ဖက်ဆစ်တပ်က ရိက္ခာဖြတ်ရင် ပြဿနာတက်ပါတယ်။ ပုံမှန်မှာ အရပ်သားတွေကို ရိက္ခာဖြတ်တာဟာ စစ်ရာဇဝတ်မှုပါ။ ဒါပေမယ့် ဖက်ဆစ်တပ်က လုပ်ပါတယ်။

ဒုတိယ ဒီမောဆိုဖြစ်စဉ်ကို လေ့လာရအောင်

ဒီမောဆိုက မင်းတပ်သင်ခန်းစာကိုယူပြီး လက်နက်ပိုကောင်းလာပါတယ်။ ရန်သူကို ဗျူဟာကျကျနဲ့ အလစ်အငိုက် ဝင်တိုက်နိုင်ခဲ့ပါတယ်။ သူက ဖက်ဆစ်တပ်က စစ်ကူတပ်တွေကိုလဲစနစ်တကျ ဖြတ်တောက်နိုင်ခဲ့ပါတယ်။ ဖက်ဆစ်တပ်ဟာ သူ့ထုံးစံအတိုင်း အမြှောက်ကနေအရပ်သားနေရာပါ ပစ်ပါတယ်။ ရဟတ်ယဉ်နဲ့ ပစ်ပါတယ်။ ဒီနေရာမှာ ဒီမိုတပ်တွေက ဗျူဟာကောင်းကောင်းနဲ့ ခံချနေလို့ သူ့စစ်ကူတပ်ဝင်မရခဲ့ပါ။ ဒီအချိန်မှာ သူကရိက္ခာဖြတ်တာကို သာမန်ပြည်သူတွေရဲ့ ရိက္ခာပါ ဖြတ်ပြီးတော့ စစ်ရာဇဝတ်မှုကျူးလွန်ပြီး စစ်နိုင်ဖို့ ယုတ်မာပါတယ်။ ထင်သလောက်အဆင်မပြေလို့ အပစ်ရပ်ပြီး ထိုးစစ်ပြင်ဖို့ ကြိုးစားနေပါတယ်။ အရပ်သားနေရာတွေကိုပါ ပစ်ခတ်ပြီး စစ်ရာဇဝတ်မှုာကျူးလွန်တာပါ။ ဒါက မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာကို ပြတာပါ။


တတိယက ကင်းမဖြစ်စဉ်ပါ

ဖက်ဆစ်တပ် အတိုက်ခံရတာက ကင်းမရွာနဲ့ ဝေးပါတယ်။ ဒါက ဗမာရွာစစ်စစ်။ တိုင်းရင်းသားဒေသမဟုတ်ဘူး။ ဒါပေမယ့် ဖက်ဆစ်တပ်ဟာ သူတို့အတိုက်ခံရရင် ရွာတွေကို မီးရှို့တာ၊ လူငယ်တွေဖမ်းတာ၊ အပြစ်မဲ့အရပ်သားတွေကို သတ်တာနဲ့ တုန့်ပြန်လေ့ရှိပါတယ်။ အမျိုးသမီးတွေတွေ့ရင် မုဒိမ်းကျင့်ပါတယ်။ သူက ကြောက်သွားအောင်လုပ်တာပါ။ ရိုကိစ္စမှာ လုပ်ခဲ့သလို ရခိုင်က ဦးညီပုယဉ်တန်းကို မိုင်းခွဲစဉ်က ဒီမိုအစိုးရက ဘာမှမလုပ်ပေမယ့် ဖက်ဆစ်ယဉ်တန်းကို မိုင်းစွဲစဉ်မှာ အဲ့ဒီနားက ရခိုင်ရွာကိုဝင် လူသတ်၊ မီးရှို့၊ မုဒိမ်းကျင့်၊ ပစ္စည်းလု လုပ်ခဲ့ပါတယ်။ ယခုလဲ ထိုပုံစံအတိုင်း ကင်းမရွာ ဗမာကို ဝင်လုပ်တာပါ။ ဖက်ဆစ်က လူမျိုး၊ ဘာသာ၊ နိုင်ငံသားမခွဲခြားဘဲ မိမိလူမျိုး မိမိဘာသာဝင်ကိုလဲ လုပ်တယ်ဆိုတာကို ပြတာပါ။ ဘာမဆိုလုပ်ရဲတယ်ပေါ့။


ဒါဆိုဘာတွေပြင်ထားသင့်လဲ?


တိုက်ချိန်မှာ တစ်မြို့ကတိုက်ပြီး တစ်မြို့က မတိုက်ရင် ဖက်ဆစ်တပ်က အခြားမြို့တွေကနေစစ်ကူပေးပြီး နှိမ်နင်းပါမယ်။ ဒါ့ကြောင့် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ဖက်ဆစ်တပ်ရဲ့ နေရာတိုင်းကို ဝင်တိုက်ရမှာပါ။ ဖက်ဆစ်အကြမ်းဖက်တပ်ရင်း တပ်မဌာနချုပ်တွေ ရဲစခန်းတွေအမြောက်တပ်တွေ လေတပ် ရေတပ်ဌာနချုပ် နေရာအားလုံးပါ။ စာရေးသူတို့ ဒီမိုတွေမှာလူအင်အား စိတ်ဓာတ်အင်အားက ရှိပြီးသားပါ။

ပြီးရင် မိမိက ဘယ်တိုင်း/ပြည်နယ်ကို လွတ်မြောက်နယ်မြေ ရွေးချယ်မလဲ စဉ်းစားထားရမှာဖြစ်ပြီး အဆိုပါဒေသကို ရန်သူ့ စစ်ကူမလာနိုင်အောင် ဘယ်လိုဖြတ်တောက်မလဲ ပြင်ဆင်ထားရပါမယ်။


အရေးကြီးဆုံးကတော့ လက်နက်ပါ။ လက်နက်၊ ကျည်ဆန်၊ လက်နက်ကြီးငယ်တွေကို ဘယ်လိုစုဆောင်းထားမလဲ ရန်သူက ပိတ်ဆို့ထားရင် ဘယ်လိုပြန်ထောက်ပံ့မလဲဆိုတဲ့ ထောက်ပို့လမ်းကိုကြည့်ထားရပါမယ်။ ဥပမာ UWSA ဆို တရုတ်နိုင်ငံဘက်က ထောက်ပံ့နိုင်သလို RCSS ဆိုရင်လဲထိုင်းကနေ ရနိုင်ပါတယ်။ ဒီမိုတွေလဲ မိမိထောက်ပို့လမ်းကို ရှာထားရပါမယ်။ မိမိလက်နက်သိုလှောင်ရာနေရာကိုလဲ တော်လှန်ရေးနေ့အထိ ဖက်ဆစ်အကြမ်းဖက်တပ်မသိအောင် ဝှက်ထားရပါမယ်။ အဆိုပါလက်နက်နဲ့ ကျည်ဆန်တွေဟာ ၆ လ စာလောက် အနည်းဆုံးလိုသလို ထောက်ပို့လမ်းကိုလဲ ရွေးထားရပါမယ်။


နောက်အရေးကြီးတာက ရိက္ခာပါ။ မိမိဒီမိုတပ်အတွက် ခံချဖို့ ရိက္ခာကို သုံး လေးလစာ စုထားရပါမယ်။ နောက်ပြည်သူတွေအတွက် စစ်ဘေးရှောင်နေရာ ရိက္ခာထောက်ပို့ကိုလဲ စဉ်းစားထားရပါမယ်။ ရန်သူဟာ ယုတ်မာစွာနဲ့ ပြည်သူတွေကို ပစ်ပြီးသူတို့အတွက် ဖိအားပေးခိုင်းပါတယ်။ ဒါ့ကြောင့် ပြည်သူတွေကို စိတ်ဓာတ်ရေးအရ ပြင်ဆင်ထားရပါမယ်။


နောက်ဆုံးကတော့ ဆက်သွယ်ရေးစက်တွေပါ။ လက်ရှိဖုန်းတွေကညသူတို့ကဖြတ်လိုက်ရင် ပြတ်ပါတယ်။ ဒဏ်ရာရသူတွေကို ကုသပေးဖို့ ဆေးရုံလို နေရာတွေလိုပါတယ်။


အကျဉ်းချုပ်ရရင် ပြည်သူတွေရင်ဆိုင်နေရတာက အင်မတန်ယုတ်မာတဲ့ ISIS ထက် ယုတ်ညံ့တဲ့မအလဖက်ဆစ်ပါ။ သူ့မှာစစ်စည်းကမ်းမရှိပါ။ အာဏာအတွက် မလုပ်ရဲတာ ဘာမှမရှိပါဘူး။ ဒါ့ကြောင့် အားလုံးကို ပြင်ဆင်ပြီး တော်လှန်ရေးနေ့မှာတော့ အကြမ်းဖက် ဖက်ဆစ်မအလကို ထွက်တိုက်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

415 views1 comment

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

1 Comment


Myint Soe Oo
Myint Soe Oo
Jun 20, 2021

ဦးမြတ်!!ပေါက်တဲ့ နဖူး ၊ မထူးတော့ပါ ဆိုစကားအတိုင်းဖြစ်နေပါပြီ။ တိုးလေ တိုးလေ အကျဥ်းအကြပ် ေရာက်ရသည့် ဘဝ။ အာဏာ ရူးရုံမျှမက ယတြာရူးပါပူးတွဲထားတော့ ပိုဆိုးပါသည်။ ပေါက်နယ်က ကင်း ၊ ကနီက ကင်း ၊ကင်းပါရွာတွေကို ပက်ပက်စက်စက် ရက်ရက်စက်စက် ဖြိုခွဲနေပါသည်။ ဒီ /မို /ကရေ /စီ ကျအောင် ဒီ မော ဆို(စို)ကို အမြစ်ဖြတ်။ ဒမစ =>ဒမဆ။ အခါတော်ပေးသမျှ စစ်ရေးအရ ထည့်မတွက်တော့ပါ။ သို့ပါ၍လည်း တစတစ အင်အားပြုန်းတီး အမှည့်ချွေ အချွေခံနေရပုံတွေ ကွန်ယက်စာမျက်နှာများမှာ တွေ့မြင်နေရပါသည်။

ကျေးလက်တောရွာတွေမှာ ဖွတ်၊ ပုတတ် လိုက်တဲ့အခါ ဂယ်ပေါက်ကို အပီပိတ် စောင့်က ၊ ပြေးထွက်လာသော ဖွတ် ၊ ပုတတ် အသာကောက်ရုံမျှသာ။

~စားနပ်ရိက္ခာ အဖွဲ့က ပိတ်ဆို့

~အိုင်အယ်အိုက အသိမပြု

~နိုင်ငံ ရာကျော်က ထောက်ခံ ၊ ကန့်ကွက်နိုင်ငံ တစ်။

**ပြည်တွင်းမှာကလည်း ဒလန့်တွေ အုပ်ကြီးတွေ(ဘယ်သူ့ကြောင့် ဇွပ်ဇွပ်) အဇွပ်ခံနေရမှုကလည်း ဂယ်ပေါက်ပိတ်မှုတစ်ခုပါ။

**ဘယ်ဒေသကိုဖြင့် အင်အားဘယ်နှစ်စီးနဲ့ သည်အချိန်မှာ သည်မြို့ကိုဖြင့်ဖြတ်ပါပြီ။

သူ့ထက်ငါ ဦးရာလူက အပြိုင်တင်နေမှုကလည်း ကြားဖြတ် ခံ ရရေး၊ ပြည်သူက စွမ်းသမျှဖြင့် ကူနေကြပါသည်။ သို့ပါ၍ ခရီးစဥ်တလျောက် မိုင်းနင်းမှုများ ခပ်စိပ်စိပ်ဖြစ်လာသည်ကို တွေ့ရပါသည်။

ပြည်တွင်း ပြည်ပ ဂယ်ပေါက်မှန်သမျှ ပိတ်လာသည်နှင့် နောက်ဆုံးထွက်ပေါက်က ထွက်လာသည့်အခိုက် PDF EAOs & NUG လက်ချက်ဖြင့်သာ အဆုံးသတ်ရာ၏ ဟူ၍ မြင်မိပါသည်။


Like
bottom of page