မေဆြးေႏြးတာေကာင္းပါတယ္
လႊတ္ေတာ္တို႔ႏိုင္ငံေရးတို႔ဆိုတာအျပန္အလွန္ေျပာဆိုရပါတယ္။လြတ္လပ္စြာေဝဖန္လို႔ရသလိုအဲ့ဒီလိုေဝဖန္သူကိုလဲျပန္ေဝဖန္တာခံရတတ္ပါတယ္။ဥပမာအေမရိကန္ကေသသြားတဲ့အမတ္ဂၽြန္မက္ကြန္းကိုသမၼတေလာင္းၿပိဳင္ပြဲမွာထရမ့္ကသူစစ္သံု႔ပန္းျဖစ္တာဟာသူအသံုးမက်လို႔အဖမ္းခံရသေရာင္ေျပာပါတယ္။အျပန္အလွန္ေဝဖန္ရင္းနဲ႔ျဖစ္တာပါ။
NLD ကိုေဝဖန္လို႔ရသလိုထိုေဝဖန္သူကိုလဲNLD ကိုေထာက္ခံသူကျပန္ေဝဖန္မွာပါ။ဒါဟာႏိုင္ငံေရးပါ။ထို႔အတူပါဘဲလက္ရွိအစိုးရထဲကဝကခကိုေဝဖန္ရင္ထိုေဝဖန္သူကိုဝကခကိုေထာက္ခံသူကလဲျပန္ေဝဖန္မွာပါ။ေနာက္ေၾကာင္းကင္းရင္ႀကိဳက္တာလုပ္လို႔ရပါတယ္။ထရမ့္ကိုလဲမိန္းမေတြနဲ႔ဘာညာ၊ေနာက္႐ုရွားတပည့္ဘာညာေျပာတာပါဘဲ။သူ႔ျပည္သူကႀကိဳက္ေတာ့ေရြးပါတယ္။အဲ့ဒါႏိုင္ငံေရးပါ။ဒါေပမယ့္သမၼတေတြ၊ဝကခေတြ၊လႊတ္ေတာ္ေတြဟာေလးႏွစ္(သို႔) ငါးႏွစ္တစ္ႀကိမ္ေျပာင္းပါတယ္။
မေျပာင္းတာကတပ္မေတာ္တို႔၊ရဲတို႔ပါ။ဒါေၾကာင့္အဆိုပါအဖြဲ႕အစည္းေတြကိုကမ႓ာေပၚကႏိုင္ငံတိုင္းလိုလိုကႏိုင္ငံေရးမွာဝင္မပါခိုင္းတာပါ။ဘာႏိုင္ငံေရးမွဝင္မပါရပါ။အမ်ိဳးသားႏိုင္ငံေရးလဲေပးမလုပ္ပါ။ေပးလုပ္ရင္အမ်ိဳးေတြခ်မ္းသာသြားလို႔ပါ။ေနာက္အဲ့ဒီအဖြဲ႕ေတြကႏိုင္ငံေရးလုပ္လို႔သူတို႔ကိုျပည္သူကမုန္းသြားရင္တိုင္းျပည္ကာကြယ္ေရးအတြက္လိုအပ္တဲ့အခါေခၚရခက္သြားပါတယ္။
ယခုလႊတ္ေတာ္မွာမေဆြးေႏြးတာဟာေကာင္းပါတယ္။ယခုေတာင္မွလူမုန္းမ်ားေနပါၿပီ။မိမိမဲေပးစရာရွိခ်ိန္မွာႀကိဳက္ရင္ေထာက္ခံ၊မႀကိဳက္ရင္ကန္႔ကြက္။
ျပည္သူခ်စ္ေအာင္ေနလိုရင္ေတာ့လႊတ္ေတာ္ထဲမွာပါးစပ္ပိတ္႐ံုမဟုတ္ဘဲထြက္သြားရင္ျပည္သူကပိုခ်စ္မွာပါ။
Unicode version
မဆွေးနွေးတာကောင်းပါတယ်
လွှတ်တော်တို့နိုင်ငံရေးတို့ဆိုတာအပြန်အလှန်ပြောဆိုရပါတယ်။လွတ်လပ်စွာဝေဖန်လို့ရသလိုအဲ့ဒီလိုဝေဖန်သူကိုလဲပြန်ဝေဖန်တာခံရတတ်ပါတယ်။ဥပမာအမေရိကန်ကသေသွားတဲ့အမတ်ဂျွန်မက်ကွန်းကိုသမ္မတလောင်းပြိုင်ပွဲမှာထရမ့်ကသူစစ်သုံ့ပန်းဖြစ်တာဟာသူအသုံးမကျလို့အဖမ်းခံရသရောင်ပြောပါတယ်။အပြန်အလှန်ဝေဖန်ရင်းနဲ့ဖြစ်တာပါ။
NLD ကိုဝေဖန်လို့ရသလိုထိုဝေဖန်သူကိုလဲNLD ကိုထောက်ခံသူကပြန်ဝေဖန်မှာပါ။ဒါဟာနိုင်ငံရေးပါ။ထို့အတူပါဘဲလက်ရှိအစိုးရထဲကဝကခကိုဝေဖန်ရင်ထိုဝေဖန်သူကိုဝကခကိုထောက်ခံသူကလဲပြန်ဝေဖန်မှာပါ။နောက်ကြောင်းကင်းရင်ကြိုက်တာလုပ်လို့ရပါတယ်။ထရမ့်ကိုလဲမိန်းမတွေနဲ့ဘာညာ၊နောက်ရုရှားတပည့်ဘာညာပြောတာပါဘဲ။သူ့ပြည်သူကကြိုက်တော့ရွေးပါတယ်။အဲ့ဒါနိုင်ငံရေးပါ။ဒါပေမယ့်သမ္မတတွေ၊ဝကခတွေ၊လွှတ်တော်တွေဟာလေးနှစ်(သို့) ငါးနှစ်တစ်ကြိမ်ပြောင်းပါတယ်။
မပြောင်းတာကတပ်မတော်တို့၊ရဲတို့ပါ။ဒါကြောင့်အဆိုပါအဖွဲ့အစည်းတွေကိုကမ႓ာပေါ်ကနိုင်ငံတိုင်းလိုလိုကနိုင်ငံရေးမှာဝင်မပါခိုင်းတာပါ။ဘာနိုင်ငံရေးမှဝင်မပါရပါ။အမျိုးသားနိုင်ငံရေးလဲပေးမလုပ်ပါ။ပေးလုပ်ရင်အမျိုးတွေချမ်းသာသွားလို့ပါ။နောက်အဲ့ဒီအဖွဲ့တွေကနိုင်ငံရေးလုပ်လို့သူတို့ကိုပြည်သူကမုန်းသွားရင်တိုင်းပြည်ကာကွယ်ရေးအတွက်လိုအပ်တဲ့အခါခေါ်ရခက်သွားပါတယ်။
ယခုလွှတ်တော်မှာမဆွေးနွေးတာဟာကောင်းပါတယ်။ယခုတောင်မှလူမုန်းများနေပါပြီ။မိမိမဲပေးစရာရှိချိန်မှာကြိုက်ရင်ထောက်ခံ၊မကြိုက်ရင်ကန့်ကွက်။
ပြည်သူချစ်အောင်နေလိုရင်တော့လွှတ်တော်ထဲမှာပါးစပ်ပိတ်ရုံမဟုတ်ဘဲထွက်သွားရင်ပြည်သူကပိုချစ်မှာပါ။
Comments