top of page
Search
Writer's pictureMyat Tun Oo

မဘသခေါင်းဆောင်ကိုထောင်ချလိုက်ပြီ(Unicode version)



အားလုံးသိတဲ့အတိုင်းမာမူ့ဘာသာနဲ့အခြားဘာသာဝင်များကနေရာတိုင်းမှာပြဿနာလေးတွေရှိကြပါတယ်။နေရာမတူပေမယ့်ဖြစ်ရတဲ့အကြောင်းအရာကတူနေပါတယ်။စာရေးသူတို့မြန်မာပြည်ကထားလိုက်ပါ။တရုတ်မှာလဲပြဿနာတက်နေပါတယ်။ဇင်ကျန်(Xinjiang) မှာပါ။သူကလဲကွန်မြူနစ်နဲ့မိုလို့ထားလိုက်ပါ။ဒါပေမယ့်အမေရိကန်၊အင်္ဂလန်၊ဂျာမနီနဲ့ပြင်သစ်မှာလဲပြဿနာတက်နေပါတယ်။

အဲ့ဒီအထဲကအင်္ဂလန်ကပြဿနာကစိတ်ဝင်စားစရာကောင်းပါတယ်။သူကဒီမိုဖခင်ကြီးဖြစ်ပြီးအခြားတိုင်းပြည်တွေကိုသည်းခံဖို့ပြောလေ့ရှိလို့ပါ။

ဒီအမှုကတော့စိတ်ဝင်စားစရာကောင်းပါတယ်။မာမူတို့ကအင်္ဂလိပ်မလေးတွေကိုမကောင်းတာအုပ်စုနဲ့လုပ်စားခိုင်းတာကိုအင်္ဂလန်မြောက်ပိုင်းLeeds မြို့မှာရဲကမိတယ်။ဒါနဲ့တရားစွဲတင်တယ်လို့ဆိုပါတယ်။ဒါကိုအင်္ဂလိပ်မဘသခေါင်းဆောင်အင်္ဂလိပ်လိုEnglish Defense League leader တော်မီရော်ဘင်ဆင်(Tommy Robinson) ကတရားရုံးအဝင်မှာFacebook ပေါ်ကနေလွှင့်ပါတယ်။

အင်္ဂလိပ်ရဲ့ထူးခြားချက်ကသူ့ဘီဘီစီမြန်မာပိုင်းကဗမာကဘယ်လူမျိုးကိုဘာလုပ်တယ်၊ဗုဒ္ဓဘာသာကဘယ်ဘာသာကိုဘာလုပ်တယ်လို့နေ့တိုင်းလွှင့်ပေမယ့်သူ့တိုင်းပြည်မှာတော့ရဲအမှုစစ်ချိန်၊တရားရုံးမှာစစ်ချိန်မှာဘာမှမဆွေးနွေးရဘူးလို့ဆိုပါတယ်။ရည်ရွယ်ချက်ကလူအုပ်နဲ့တရားစီရင်တာမဖြစ်စေချင်တာရယ်သူ့တိုင်းပြည်ထဲမှာလူမျိုးရေး၊ဘာသာရေးအဓိဂရုဏ်းမဖြစ်အောင်ပါ။စာဖတ်သူများစဉ်းစားကြည့်ပါ။အဲ့ဒါကိုဘီဘီစီမြန်မာပိုင်းကမြန်မာပြည်မှာလွှင့်သလိုဘယ်ဘာသာဝင်များကသူတို့လူမျိုးကိုမတရားကျင့်ပါတယ်ဆိုရင်အဓိဂရုဏ်းတွေဖြစ်ပါမယ်။သူတို့လဲလူသားတွေပါ။ဒါကြောင့်သူ့နိုင်ငံမှာပိတ်တာပါ။

ဒါကိုဒီမဘသခေါင်းဆောင်ကFacebook ကနေlive လွှင့်ခဲ့တာပါ။သူကလဲသူ့လူမျိုးတွေကိုမာမူကဘာညာလုပ်တယ်အော်ဖို့ပါ။သူကလဲအမျိုးဘာသာကိုစောင့်ရှောက်ဘာညာအော်ဖို့ရည်ရွယ်ပုံပါ။

ယခုတော့သူ့ကိုဒီမိုဖခင်အင်္ဂလိပ်တရားရုံးကအပြစ်ရှိကြောင်းစီရင်ချက်ချလိုက်ပါတယ်။ပထမကသူ့ကိုထောင်၁၃လချထားခဲ့တာပါ။ဒါကိုအယူခံဝင်လို့ပြန်စစ်တာပါ။

အမှုကတော့တရားရုံးကမလွှင့်နဲ့ပြောတာကိုလွှင့်လို့ပါ။ဒါကဘာကိုပြလဲဆိုတော့ရဲအမှုစစ်ချိန်ဘာကြောင့်သတင်းသမားတွေကိုအမှုအကြောင်းပိတ်လဲဆိုတာကိုထောက်ပြနေပါတယ်။သူတို့တိုင်းပြည်တွေမှာလူမျိုးရေး၊ဘာသာရေးမဖြစ်အောင်သူ့ဘီဘီစီကိုယ်တိုင်ကမလွှင့်ပေးဘဲလွှင့်သူများကိုလဲဖမ်းတယ်ဆိုတာပါ။ဒီမိုကရေစီမှာလဲအကန့်အသတ်တွေရှိနေတာကိုပြနေပါတယ်။ငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့ဆိုတယ့်စကားလိုပါဘဲ။

(Credit: BBC News)

571 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

Comentários


bottom of page