မအလနဲ့ အဖွဲ့ဟာ ယခုအချိန်မှာ အသေများနေတာ လူတိုင်းသိမှာပါ။ သူကျဆုံးနေတာဟာNUG က အောင်မြင်နေတယ်လို့ ပြောလို့ရပါတယ်။ ဒါကို တုန့်ပြန်ဖို့ မအလရဲ့ စရဖဟာယုတ်မာတဲ့ နည်းအချို့ကို သုံးလာပါတယ်။ နဂိုထဲကလဲ ယုတ်မာပါတယ်။ ယခုက ပိုယုတ်မာလာတာပါ။
ပထမက NUG က ငွေတွေ PDF မရဘူး ဘာညာဆိုပြီး NUG နဲ့ PDF ကို သွေးခွဲတာပါ။ NUG က PDF ကို ထောက်ပံ့တာ မကြေညာနိုင်ဘူး ဘာညာပေါ့။ အားလုံးသိတဲ့အတိုင်း နိုင်ငံခြားမှာလက်နက်ကိုင်တော်လှန်ရေးအတွက် ငွေကောက်လို့မရပါဘူး။ ပေါ်တင်ပေါ့။ အိုင်ယာလန်လက်နက်ကိုင် IRA အတွက် အမေရိကန်မှာ အိုင်းရစ်လူမျိုးတွေ ရံပုံငွေရှာရာမှာလဲလက်နက်ကိုင်တော်လှန်ရေးအတွက်ဆိုပြီး ရှာမရပါ။ သိသာသိစေ မမြင်စေနဲ့ဆိုပြီး လုပ်ရပါတယ်။ ဒါကိုသိတဲ့ အမေရိကန်၊ အင်္ဂလန်နဲ့ အခြားနိုင်ငံက ဘောမများက NUG က စာရင်းချပြပါဆိုပြီး အထောင်ပြပြီး အကယ်၍ NUG က ထောင်ချောက်ထဲဝင်လာပြီး စာရင်းချပြရင်တိုင်မလို့ စောင့်နေကြတာပါ။
ဒုတိယက PDF ထံ လက်နက်ရောက် မရောက်ပါ။ မြန်မာပြည်ထဲမှာ မအလကိုအရှင်လတ်လတ် ငရဲပြည်ပို့လိုသူတွေက အများကြီးပါ။ သောင်းချီရှိပါတယ်။ အဆိုပါ PDF ဆိုပြီး ပြောသူတိုင်းထံ လက်နက်ထောက်ပံ့ဖို့ မဖြစ်နိုင်ပါ။ အဆိုပါအဖွဲ့များဟာ NUG ရဲ့နိုင်ငံရေးဩဇာခံတာ အမိန့်နာခံတာတွေ အုပ်ချုပ်မှုခံယူတာတွေရှိမှ သူတို့က ထောက်ပံ့နိုင်မှာပါ။ NUG ကရတဲ့ပိုက်ဆံတွေဟာ ပြည်သူတွေထံကအခွန်ပါ။ ဒါ့ကြောင့် NUG က ပြည်သူ့အမိန့်နာခံသူ သူ့ရဲ့အုပ်ချုပ်မှုခံယူသူကနေစပြီး ထောက်ပံ့ရမှာပါ။
တတိယက ပစ်မှတ်များပါ။ ယခုပြည်တွင်းက လက်နက်ကိုင်တွေအားလုံးဟာ NUG ရဲ့ထိန်းချုပ်မှုအောက်မှာမရှိပါ။ အချို့အဖွဲ့တွေက မိမိဖာသာဝင်ငွေနဲ့ လှုပ်ရှားကြရတာပါ။လက်ရှိမှာ NUG ကို အမေရိကန်နဲ့ အင်္ဂလိပ်က လေနဲ့သာ ထောက်ပံ့နေတာပါ။ ဒါ့ကြောင့်NUG ဟာ ပြည်တွင်းကအဖွဲ့တိုင်းကို မထောက်ပံ့နိုင်သလို ဩဇာမရှိနိုင်ပါ။ ဒီနေရာမှာပြည်တွင်းက အဖွဲ့အချို့ဟာ မိမိတို့ကို နှိပ်စက်ထားတဲ့ မအလတပ်တွေကို မိမိသဘောနဲ့လက်စားချေနေပါတယ်။ သူတို့ဟာ NUG ရဲ့ အုပ်ချုပ်မှုအောက်မှာမရှိလို့ အဆိုပါအဖွဲ့တွေကိုမအလရဲ့ ထောက်လှမ်းရေးကလဲ မမိပါ။ အဆိုပါအဖွဲ့တွေကို မိရင်လဲ တစ်ဖွဲ့ထဲသာဖြစ်လို့ မအလမှာ တိုင်ပတ်နေပါတယ်။ ယခုလုပ်လာတာက အဆိုပါအဖွဲ့တွေက မအလတို့ကို သတ်ဖို့လုပ်တာကို မအလက NUG ကိုလွှဲချ သံတမန်တွေကနေတဆင့် ဖိအားပေးပြီး သူမသေအောင်လုပ်တာပါ။ သူလုပ်တဲ့ပုံစံက သူ့ကိုအခြားဒေသခံအဖွဲ့က သတ်မှာကို NUG ရဲ့ hit list လို့ရေး။ သူတို့သေရင် NUG က လုပ်တာ၊ သူတို့က သံတမန်ကတဆင့် ဖိအားပေးလို့ NUG ကမသတ်ပါနဲ့လို့ပြောရင် သူ့လူတွေမသေဘူးပေါ့။ သူအမြတ်ပေါ့။ သံတမန်တွေဟာလဲ မအလကိုသာ ဘာမှဖိအားမပေးနိုင် NUG ကို အပ်တိုတစ်ချောင်းတောင် မထောက်ပံ့ပေမယ့် ဖိအားပေးရာမှာတော့ အလွန်တော်ပါတယ်။ စာရေးသူတို့သိထားရမှာက တာလီဘန်ဟာ အမေရိကန်နဲ့ အင်္ဂလိပ်ဝေဖန်မှာကြောက်နေရင် စစ်နိုင်ခဲ့မှာမဟုတ်ဘူးဆိုတာပါ။ ယခုကောင်းတာကအဆိုပါအဖွဲ့တွေဟာ အမေရိကန်နဲ့ အင်္ဂလိပ်က ဘာလက်နက်မှ မထောက်ပံ့လို့ သူတို့က ပြည်သူထောက်ပံ့ငွေနဲ့ လှုပ်ရှားနေရလို့ သူတို့လုပ်စရာရှိတာကို ဆက်လုပ်သွားကြမှာပါ။ NUG ကလဲ သူ့အစိုးရအလုပ် သူလုပ်မှာပါ။
နောက်ဒလန်ကိစ္စပါ။ ဒလန်အချို့က ဒလန်မဟုတ်ဘူးဆိုပြီး BBC VOA သတင်းဌာနတွေက ဖွလာတာတွေ့ရပါတယ်။ ဒလန်ဟုတ် မဟုတ်ဆိုတာ ဘယ်သတင်းထောက်မှမသိပါ။ ဟိုဒလန်ဆရာမကြောင့် ကျောင်းသားတွေအဖမ်းခံရ ထွက်ပြေးရချိန်က အမေရိကန်နဲ့ အင်္ဂလိပ်သံအမတ်က ဝမ်းနည်းကြောင်းနဲ့သာ ပြီးသွားတာပါ။ ကိုကိုကြီးကို ဖုန်းဆက်ပြီး ခြိမ်းခြောက်တာ စရဖတန်ပြန်ထောက်လှမ်းရေးကပါ။ ဒါကို ကိုကိုကြီးက VOA နဲ့ဗျူးပြီး သူ့ကို ဒီမိုတွေကခြိမ်းခြောက်နေသလိုလိုနဲ့ ဆိုက်ဝါးလုပ်သွားတာ တွေ့ရပါတယ်။ ကိုကိုကြီးကို ခြိမ်းခြောက်တာလဲ စရဖ၊ အင်တာဗျူးလာအောင် သတင်းတွေပို့တာလဲ စရဖလက်အောက်ခံ လက်ဝေခံအဖွဲ့တွေပါ။ ကိုကိုကြီးကို ဘယ်ဒီမိုကမှ စိတ်မဝင်စားပါ။ ကိုကိုကြီးကိုသတ်ပြီး နိုင်ငံရေးအမြန်ထုတ်လိုသူက မအလရဲ့ စရဖပါ။
အကျဉ်းချုပ်ရရင် မာလာလာဟာ နိုဘယ်ဆုရပြီး အင်္ဂလန်ရောက်သွားတာကလွဲရင် ပါက္ကစတန်မှာ အာဏာမရခဲ့ပါ။ ယခု အင်္ဂလန်မှာ လင်တောင်ရသွားပါပြီ။ တာလီဘန်က သူလုပ်စရာရှိတာကိုလုပ်သွားလို့ အာဏာရသွားခဲ့ပါတယ်။ တိုင်းပြည်ရဲ့အင်အားက ပြည်သူတွေပါ။ PDF သည် အမေရိကန်စစ်တပ်က လေ့ကျင့်ပေးထားတာ လက်နက်တပ်ပေးထားတာ မဟုတ်ပါ။ပြည်သူတွေရဲ့ ကိုယ့်အားကိုယ်ကိုးတဲ့ တူမီးနဲ့ တိုက်နေရတာပါ။ ဒါတောင် စာရေးသူတို့ PDF တွေက လူ့ကျင့်ဝတ် စစ်စည်းကမ်းကို အမေရိကန်တပ်ထက် အင်္ဂလိပ်တပ်ထက် လိုက်နာပါတယ်။ စာရေးသူတို့ လုပ်စရာရှိတာကို ဆက်လုပ်ကြရမှာပါ။ ယခုအချိန်ပြည်သူတွေကဒေသခံအဖွဲ့ကို တိုက်ရိုက်လှူတာရှိသလို NUG ကိုလဲလှူတာရှိပါတယ်။ ရေတိုမှာ ဒီနည်းကကောင်းပါတယ်။ ဒါမှ ဖိအားကိုရှောင်နိုင်မှာပါ။ ရေရှည်မှာတော့ NUG ကိုသာ လှူရမှာပါ။တောင်အာဖရိကမှာ အသားအရောင်ခွဲခြားမှုကို နယ်လ်ဆင်မန်ဒဲလားက တိုက်ချိန်မှာ သူ့အဖွဲ့ရယ် သူ့လက်အောက်ခံမဟုတ်တဲ့အဖွဲ့ရယ် ခွဲထားပါတယ်။ မန်ဒဲလား နိုဘယ်ဆုရလို့ အကြမ်းမဖက်ပါ။ သူ့မိန်းမ ဝင်ဒီမန်ဒဲလားက အခြားအဖွဲ့ကိုဦးဆောင်ပြီး လုပ်စရာရှိတာတွေလုပ်ပါတယ်။ ဝင်ဒီ့အဖွဲ့ကို လူဖြူတွေက ကြောက်ပါတယ်။ သူတို့ကို ဝင်ဒီ့အဖွဲ့က မုန့်ဟင်းခါး ပွဲကြီးကျွေးလို့ပါ။ ထို့အတူ တာလီဘန်ဟာလဲ သူတို့ငွေ သူတို့ရှာပြီး လုပ်စရာရှိတာ လုပ်သွားခဲ့ပါတယ်။ BBC၊ VOA ပြောတာကို နေ့တိုင်းနားထောင်ပြီး ရင်မခုန်နေပါ။
မအလဘာကြောက်လဲဆိုတော့ သူ့လူသေသွားရင်ကြောက်သလို သူ့ကားမိုင်းဆွဲခံရရင်ကြောက်ပါတယ်။ ကုလက ဘာပြောပြော အမေရိကန်က ဘာပြောပြော အာဆီယံက ဘာပြောပြော သိပ်ဂရုမစိုက်ပါ။ သူတို့က ပြည်သူဘာထိထိ ဂရုမစိုက်လို့ အမေရိကန်က ဘာပိတ်ပိတ် သူ့ကိုမဖမ်းမချင်း ဂရုမစိုက်ပါ။ အမေရိကန်က စီးပွါးရေးပိတ်ဆို့တာ မအလက ချက်ခြင်းမပြာပေမယ့် မိုင်တဲတာဝါတိုင်ပျက်ရင် နောက်နေ့အစည်းအဝေးမှာ ထပြောပါတယ်။ ဟိုအကောင် သေသွားရင် သူတို့အငြိမ်းစားတွေထဲက ခင်ညွန့်လိုလူတွေ၊ ဘူးလက်လိုလူတွေကိုနေပြည်တော် ပြောင်းလာခိုင်းပါတယ်။ ဒါက လက်တွေ့ကျကျနဲ့ မအလကြောက်တာပါ။ ပြည်အင်အားက ပြည်တွင်းမှာသာရှိပါတယ်။ ပြည်သူသာ အဓိကပါ။ မိမိက နိုင်မြင်းဖြစ်ရင် မိမိထံကို သူတို့လာပါလိမ့်မယ်။ ပြည်ပအားကို ယူသင့်သလောက်ယူပါ။ ဒါပေမယ့် သိပ်ဂရုမစိုက်ပါနဲ့။ ပြည်သူသာအဓိကဆိုတာ အကြိမ်တစ်ရာမက ထပ်ပြောပါရစေ။ ပြည်သူနိုင်မှ ဖြစ်မှာပါ။
ဦးမြတ်!!!ဦးထိုက်ဇော်(ကျောက်မဲ)ကို မည်သူတွေက မည်သည့်အကြောင်းကြောင့် လုပ်ကြံပါသနည်း။ ယနေ့တိုင်အဖြေ မထွက်ပါ။ ကြိုတင်ကြံစည်မှုမရှိပဲ မဖြစ်နိုင်ပါ။ Hit List မည်သူတွေက မည်သည့်အချိန်က စ ခဲ့ပါသနည်း။
Hit ရိုက်ပုတ်သည်။ ရိုက်လျှင် ပြန်ကန်သည်မှာနိယမ။ အလင်းပြန်ခြင်း၊ လှိုင်းပြန့်ခြင်း။
ခု ဒလန် အုပ်ကြီးစသည်တို့ကို ရိုက်ပုတ်ခံရလို့ နစ်နာသူတွေက မကျေနပ်လို့ (ဈေးရောင်းတဲ့ဆိုင်မှ))ာ ပစ်သတ်တဲ့နည်း
ဘယ်က စ ခဲ့ပါသလဲ။ ဦးထိုက်ဇော် ကွမ်းယာရောင်းရင်း လုပ်ကြံခံခဲ့ရပါသည်။
မြန်မာနောင်းသတင်းအရ~
အမရပူရမြို့နယ် လိပ်ဆံခွံရွာ။ CDM ဆရာမတွေကို ထုတ်တဲ့ ခြိမ်းခြောက်စာ
အဖြဲခံရမှုနဲ့ မင်္ဂလာဆောင်အိမ်ဝင်ပြီး
မဆီမဆိုင် မောင်နှံနှင့် လူအချို့ကို ရိုက်နှက်သွား၍ မကျေနပ်ကြောင်း သိရပါသည်။ ပြောတဲ့ Hit List ဘယ်ကစသည်ဆိုမှာ ထင်ရှားလှပါသည်။
ဘထိန် နှစ် ၂၀ ၊ ဒေါ်နန်း ၇၅ နှစ် အပြစ်ဒါဏ် နှင့်
လူသတ်မုဒိမ်းကောင်၏ အပြစ်ဒါဏ် မည်သူက ပိုများသနည်း။ ခု လူသတ်မုဒိမ်းကောင်က အပြင်ရောက်နေပါသည်။ အညှိုးအတေး အာဃာတနှင့် ရိုက်ပုတ် ခတ် သည်ဆိုသည်မှာ ထင်ရှားပါသည်။
ဒေါက် တွေ ပြုတ်ပြုတ်လာသည်မို့၊ ထ ထ အော်လာခြင်းဖြစ်ပါသည်။
ဒေါက် ပြုတ်လျှင် (ပြည်သူကိုရိုက်စရာ) ဒုတ်( အုပ် / ဒလံ / ပျု )ပျောက်သွားသောကြောင့် အားကိုးမဲ့အခြေအနေဆိုက်လာပါသည်။
သုံးချောင်းထောက် ခွေးခြေထိုင်ခုံတွင်
အခြေဒေါက် နှစ်ချောင်းပြုတ်ထွက်လျှင်
ထိုင်ခုံပျက်၍ ထိုင်မရပါ။
သို့ပါ၍ ဆိုက်ဝါးဆိုသည်မှာ ပေါ်လာပါသည်ဟု တင်ပြအပ်ပါသည်။ ။