top of page
Search
Writer's pictureMyat Tun Oo

မအလ တရုတ်ပြောစကား အကုန်နားထောင်မှာလား?


မအလ တရုတ်ပြောစကား အကုန်နားထောင်မှာလား?

အားလုံးသိကြတဲ့အတိုင်း တရုတ်ဟာ မြန်မာအရေးမှာ ဝင်စွက်ဖို့ ဝမ်ရီလာအပြီးမှာ ပေါ်ပေါ်တင်တင် ကြိုးစားလာတာတွေ့ရပါတယ်။ တရုတ်ဟာ သူကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကြိုးစားတာ မအောင်မြင်သေးပေမယ့် ကုလကိုယ်စားလှယ်ကို ဗမာပြည်ထဲပေးဝင်ဖို့ကိုတော့ မာအလကို ပြောနိုင်ခဲ့ပါတယ်။

တရုတ်ဟာ သူ့နယ်စပ်က တိုင်းရင်းသားတွေနဲ့ ဆက်စပ်ဂိတ်တွေကိုပိတ်ပေးတာ သူနဲ့ဆက်နွှယ်တဲ့ လက်နက်ကိုင်တွေကို အပစ်ရပ်ဖို့ ဖိအားပေးတာတွေနဲ့  မအလတောင်းဆိုတာတွေကို လိုက်လျောပြခဲ့ပါတယ်။ အပေးအယူသဘောအရ တရုပ်က ဘယ်အရာကိုမှ အလကားလုပ်ပေးနေတာတော့မဟုတ်ပါ။ တရုတ်ကလည်းမမြတ်ရင် ယင်တောင်မရိုက်ပါ။

ဒီနေရာမှာ မအလရဲ့အမှားက သူ့ကိုပထမစစ်ပွဲ ကျဆုံးစေခဲ့တယ်ဆိုတာကို မမေ့ပါနဲ့။ မအလဟာ တရုတ်ကိုအစပိုင်းမှာကန်ပြီး ရုရှားကို ကပ်ခဲ့ပါတယ်။ တရုတ်က ကြားဖြန့်တွေဖမ်းပြီး ပြန်ပို့ခိုင်းချိန်မှာလည်း မအလကဝေ့လည်ကြောင်ပတ် လုပ်နေခဲ့ပါတယ်။ မအလ အောက်ကတပ်က တရုတ်ထောက်လှမ်းရေးကိုသတ်ချိန်မှသာ တရုတ်ဒေါသထွက်သွားခဲ့တာပါ။  ဒါကြောင့်လည်း မအလကိုပညာပေးဖို့ သူယုံကြည်ရတဲ့အဖွဲ့တွေကို စတိုက်ခိုင်းခဲ့တာပါ။ ဒီနေရာမှာ တရုတ်ကမိမိရဲ့အကျိုးစီးပွားနဲ့ စခဲ့တာဖြစ်ပေမယ့် တိုင်းရင်းသားအဖွဲ့တွေကလည်း တရုတ်အခက် သူတို့အချက်အနေနဲ့ အသုံးချခဲ့ပါတယ်။ ဒီနေရာမှာ တရုတ်မှားသွားခဲ့တာလေးတစ်ခုက မအလတပ်ကို အထင်ကြီးလွန်သွားခဲ့တာပါ။ ဒါကြောင့်လည်း မအလတပ်ကိုတိုက်ဖို့ လက်နက်တွေကို လိုတာထက်ပိုပေးမိသွားတာပါ။ ဒါ့အပြင် မအလတပ်တွေက လိုတာထက်ပိုပြီး စစ်ရှုံးသွားချိန်မှာ ခွေးပြေးဝက်ပြေးထွက်ပြေးရချိန်မှာ တရုတ်လည်း အငိုက်မိသွားပုံရပါတယ်။

ယခုအချိန်မှာတော့ တရုတ်ကနယ်စပ်ကိုတင်းတင်းကျပ်ကျပ်ပိတ်ပြီး ဖြတ်လေးဖြတ်နဲ့ မအလရဲ့အလိုကိုလိုက်ပြနေပါတယ်။ ဒါဆိုရင် မအလက တရုတ်ခိုင်းတာ အကုန်လုပ်မှာပါလား။

မအလက ယခုဗုံးတွေကြဲနေပါတယ်။ ပြီးရင်သူကမြေပြင်တပ်ကိုထိုးစစ်ဆင်မှာပါ။ ဟိတ်ကောင်မင်းက သူကနိုင်ပါ့မလားဆိုရင် သူကတောင်းခန်းကနေကော မိုင်းရယ်ကနေရောနေရာအစုံမှာ ထိုးစစ်ပြင်ဖို့လုပ်နေတာပါ။ ကချင်ဘက်မှာလည်း စစ်ကြောင်းထိုးနေပါတယ်။ အမ်းမှာလည်း တိုင်းမှူးမရှိပေမယ့် စစ်ကူဖြည့်ပြီးခံချနေပါတယ်။ မောင်းတောမှာလည်း ယခင်ကအကြမ်းဖက်ရိုဟင်ဂျာနဲ့ ယခုမအလတပ်က သမီးယောက်ဖလိုပါ။ သူ့ရဲ့မူဝါဒက ဆီးရီးယားစစ်မြေပြင် ပြန်လည်သိမ်းပိုက်တဲ့ပုံကို ရုရှားထံကသင်ယူပြီးအခြေခံထားပါတယ်။ ဆီးရီးယားမှာလိုသူ့မှာမရှိတာက မြေပြင်တပ်တွေပါ။

မအလက တရုတ်ခိုင်းတာဘာလုပ်ပေးမလဲ။

မအလက တရုတ်ကို သူကသာ တကယ်အာဏာရှိတယ်ဆိုတာကို သွယ်ဝိုက်ပြတာလေးတွေရှိပါတယ်။ လက်ရှိဖွဲ့စည်းပုံပါ မအလကိုဖြုတ်လို့ရသူက ယာယီသမ္မတမြင့်ဆွေပါ။ မအလက ယာယီသမ္မတမြင့်ဆွေကိုပထမဆုံးဖယ်ပြီး သူ့ကိုဖြုတ်လို့ရနိုင်တဲ့လူကိုဖယ်ရှားခဲ့ပါတယ်။ စာရေးသူရေးခဲ့သလိုပါပဲ မြင့်ဆွေက ချက်ချင်းအသေအချာသေတဲ့ရောဂါမဟုတ်ပါ။ ဒါကပထမဆုံးသန်းရွှေရဲ့အာဏာလက်ကျန်ကို ဖယ်ရှားပြလိုက်တာပါ။ ဒုတိယပြလိုက်တာက သန်းရွှေရဲ့သားမက်ကို ဖမ်းပြီးတော့ သူသာအာဏာအရှိဆုံးဆိုတာကို တရုတ်ကိုပြလိုက်တာပါ။ ဒီအချိန်ဆို တရုတ်လည်းသဘောပေါက်သွားလောက်ပါပြီ။ စာရေးသူတို့သိတာကတော့ ယခင်ဆရာကြီးဇော်ဝေစိုးကိုရှာချိန်ထဲက သန်းရွှေသားရဲ့အိမ်၊ သန်းရွှေရဲ့သားတွေပိုင်ဆိုင်တဲ့အဆောက်အဦးတွေကိုရှာခဲ့တာက သန်းရွှေကိုမမှုဘူးဆိုတာကို အဲ့အချိန်တည်းကပြပြီးသားပါ။

မအလဟာရွေးကောက်ပွဲကိုတော့ ဖြစ်အောင်ကြိုးစားမှာပါ။ ပြီးရင် ဘယ်သူ့ကိုအာဏာလွဲရမလဲဆိုတာတော့ သူဘာသာသူစဉ်းစားရမှာပါ။ စစ်ဘက်က အရပ်ဘက်ပြောင်းလဲ သူ့ကိုသူ့နောက်ကကောင်က ဒုက္ခပေးမှာပါ။

ဒါပေမဲ့ တရုတ်ပြောသလို ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးပြီး သူမဦးဆောင်တဲ့ NLD ပါတီကို သူ့ရဲ့ရွေးကောက်ပွဲ ပေးဝင်ခိုင်းဖို့အစီအစဉ်မရှိပါ။ နာမည်တူတော့ ရှိနိုင်ပါတယ်။

ထို့အတူပါပဲ ငြိမ်းချမ်းရေးဆွေးနွေးဖွယ်ဖိတ်ခေါ်တာကလည်း ဟန်ပြသားလုပ်ပြမှာပါ။ စပြောတဲ့အခါဘယ်သူမှလာမတက်ချင်အောင်ပြောမှာပါ။ ဒါကလည်းတရုတ်ကိုဖော်ရှိုးလုပ်ပြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုလည်းအပြင်ထုတ်လိုက် ထောင်ထဲပြန်သွင်းလိုက် အပြင်ထုတ်လိုက်ထောင်ထဲပြန်သွင်းလိုက်လုပ်ပြမှာပါ။ အပြင်ထုတ်တယ်ဆိုတဲ့နေရာမှာ နိုင်ငံခြားကဧည့်သည်တွေမလာခင်နှစ်ပတ်သုံးပတ်  ဆေးစစ်သလို  နေရာပြောင်းသလိုရွေ့တာပါ။ ရွှေ့ချိန်မှာလဲ နေပြည်တော်စည်းရုံးထဲမှာသာထားတာပါ။ ထိုအချိန်မှာ အကျယ်ချုပ်လို သတင်းမှားလွှင့်တာပါ။ ဘယ်အခြားနေရာကိုမှမရွှေ့ရဲပါ။ ရန်ကုန်ကနေအိမ်ကိုပြောင်းပြီးအကျယ်ချုပ်ကတော့ လုံးဝလုံးဝ မဖြစ်နိုင်ပါ။

ဒါဆိုရင် တရုတ်တောင်းဆိုထားသလို DASSK ကိုတရုတ်နဲ့ပေးပေးမလား။ ဒါကလည်းမဖြစ်နိုင်ပါ။ အဖြစ်နိုင်ဆုံးက ကမ္ဘောဒီးယား (သို့မဟုတ်) ထိုင်းက ကြားလို့တစ်ယောက်ကိုပေးတွေ့ဖို့ကသာပိုဖြစ်နိုင်ပါတယ်။ ဒါကအများဆုံးပါ။

ဒါတွေကိုကြည့်ရင် မအလက တရုတ်အကြံပေးတဲ့ တွေ့ဆုံဆွေးနွေးရေးတွေကို တကယ်လုပ်မှာမဟုတ်ဘဲ ရွေးကောက်ပွဲသာ ဟန်ပြလုပ်ပြပြီး သူ့ကိုယ်သူအာဏာပြန်ပေးမှာပါ။ ဒါဆိုရင် မြန်မာပြဿနာက တရုတ်အတွက်အဆင်ပြေသွားမလားဆိုတော့ အဆင်ပြေမှာမဟုတ်ပါ။ သိန်းစိန်တုန်းကလို ပြုပြင်ပြောင်းလဲရေးလုပ်လည်း ဒီမိုကရေစီဘက်မှာက သေနတ်တွေရှိနေလို့ ယခင်ကလို ပေးတာယူ ကျွေးတာစားလုပ်လို့ မရတော့ပါ။ နောက်ပြီး တရုတ်လိုချင်တဲ့ ငြိမ်းချမ်းရေးကလည်း ရမှာမဟုတ်ပါ။ ဒါတွေက မအလကစစ်တိုက်ပြီးနိုင်မယ်ဆိုတဲ့ အခြေပြုမှုပေါ်မှာသာမူတည်နေပါတယ်။ မအလနိုင်ဖို့က ၉၉ % မဖြစ်နိုင်ပါ။ တရုတ်အတွက် မမျှော်မှန်းထားတဲ့အချက်တစ်ခုက ထရမ့်တက်လာလို့ သူရဲ့လက်နက်ကိုင်တွေအပေါ် ဖိအားပေးတဲ့အချိန်ကာလက ဧပြီလောက်အထိသာ အများဆုံး ဖိအားပေးလို့ရမှာပါ။ သူက နယ်စပ်ကလက်နက်ကိုင်တွေကိုမတရားဖိအားပေးပြီး ဟိုကသူ့ကိုခွာသွားခဲ့ရင် ထရမ်းတက်လာချိန်မှာ မြန်မာပြည်ထဲမှာ သူကအားကိုးရတဲ့လက်နက်ကိုင်အဖွဲ့မကျန်ခဲ့ဘဲဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် တရုတ်အနေနဲ့ နယ်စပ်ကအဖွဲ့တွေကို ယခုထက်ပိုပြီး ဖိအားပေးရင်သူနဲ့ဝေးသွားမှာကိုလည်းသူထည့်တွက်ရပါမယ်။

အကျဉ်းချုပ်ရရင် မအလက တရုတ်ပြောတာကို အပေါ်ယံသာလုပ်မှာပါ။ ဒါကြောင့် ဘာငြိမ်းချမ်းရေးမှာလဲရမှာမဟုတ်ပါ။ တရုတ်ရဲ့စည်းသုံးစည်းက ဘိုင်ဒင်လက်ထက်မှာ ဖြစ်နိုင်ပေမယ့် ထရမ့်လက်ထက်မှာတော့ ဘာစည်းတားတား ထရမ့်ကသူလုပ်ချင်ရာလုပ်မှာပါ။ စာရေးသူတို့ NUG အောက်က PDF တွေကလည်း ကိုးကန့်တွေ တရုပ်က မအလကို ဆုံးမဖို့သုံးချိန်မှာ သူတို့အကျိုးလည်းအကျိုးရှိအောင်လုပ်သွားနိုင်သလို စာရေးလူတို့ကလည်း လိုအပ်ရင် မိမိအကျိုးလည်း ဖြစ်ထွန်းအောင်လုပ်နိုင်အောင် စည်းစည်းလုံးလုံးနဲ့ပြင်ဆင်ထားကြပါ။ ညွန့်ပေါင်းအစိုးရအမိန့်ကိုမနာခံတဲ့ တက်များစွာကွဲတဲ့အဖွဲ့ကို ဘယ်သူကမှ လေယာဉ်ပစ် အဆင့်မြင့်လက်နက် လာမပေးပါ။ သင်တို့ကို NUG သမ္မတက ပစ်ဆိုပစ် ရပ်ဆိုရပ် အမိန့်နာခံတဲ့ တပ်ရှိမှသာ လေယာဉ်ပစ် အဆင့်မြင့်လက်နက်ရမှာပါ။ အတိုက်အခံတွေ မညီလို့ ဆီးရီးယားကို ထရမ့်က လက်နက်ကြီးမပေးခဲ့တာကို အင်္ဂလျပ်ဝန်ကြီးချုပ်ဟောင်းဂျွန်ဆင်က သူ့စာအ,ပ်ထဲမှာ ရေးပြထားတာကို ဖတ်ပြီးလေ့လာပါ။ စစ်တိုက်နေတာက ဆန္ဒပြတာမဟုတ်ပါ။ ဒါကြောင့် စုစုစုစည်းနဲ့ NUG အမိန့်နာခံတဲ့ အားကောင်းတဲ့ PDF ဖြစ်အောင်သာ ဆက်တည်ဆောက်ထားကြပါ။ အင်္ဂလိပ်အခက်ဗမာအချက်ဆိုတဲ့စကားပုံလေးလိုပါပဲ။ တရုတ်အခက်မှာလည်းဗမာတွေကိုအချက်ဖြစ်အောင်သုံးနိုင်ကြပါစေ။ တရုတ်လက်အောက်ခံတပ် အညာမှာမရှိအောင်တော့သတိထားကြပါ။

326 views0 comments

Recent Posts

See All

အမ်းအပြီး

အမ်းနဲ့ အဆက်အသွယ်ပြတ်သွားအပြီး ၅ ရက် အကြာမှာ AA က အမ်း နပခ ကျပြီဆိုတာ အတည်ပြုတာ တွေ့ရပါတယ်။ AA သာ အမှန်သိမှာပါ။ နေပြည်တော်နဲ့...

Comments


bottom of page