top of page
Search
Writer's pictureMyat Tun Oo

မအလတပ် နလံပြန်ထူနိုင်မှာလား?


မအလတပ် စစ်ရှုံးချိန်မှာ ဘောမတွေပြောတာက ရန်ကုန်အစိုးရတုန်းကတောင် ပြန်ချနိုင်တယ် အဘက ဟ ပေးထားတာ ဘာညာဆိုပြီး လောဘီပေးကြတာတွေ့ရမှာပါ။ ဒါတွေကအမှန်လား? မအလတပ် နလံပြန်ထူနိုင်အုန်းမှာလား လေ့လာကြည့်ရအောင်။

ပထမဆုံးက ရန်ကုန်အစိုးရတုန်းကလို ပြန်ဆော်နိုင်မှာလားဆိုတဲ့ မေးခွန်းပါ။ ထိုအချိန်က အစိုးရက ဒီမိုအစိုးရပါ။ ရောင်စုံသူပုန်ရှိခဲ့ပေမယ့် အဆိုပါအရာက ကွန်မြူနစ်ဝါဒနဲ့ လူမျိုးရေးအရ တိုက်တာကို အခြေခံခဲ့ပါတယ်။ အစိုးရက ပြည်သူတင်တဲ့ ဖဆပလအစိုးရမိုလို့ စစ်တပ်ကို ပြည်သူတွေက ထောက်ခံခဲ့ပါတယ်။ စစ်တပ်အာဏာမသိမ်းခင်ပါ။  မြန်မာအများစုက ကွန်မြူနစ်ဝါဒကို မကြိုက်ခဲ့ပါ။ ထိုအချိန်မှာ နေဝင်းက ကွန်မြူနစ်က ဘုရားရွှေခွါမယ်ဆိုတဲ့ကိစ္စကို ဆိုက်ဝါးလုပ်နိုင်ခဲ့ပါတယ်။ နောက်ပြီး နေဝင်းအာဏာသိမ်းချိန်မှာကလဲ ယခင်ကဒီမိုအစိုးရထံက ငွေများစွာအမွေရခဲ့ပါသေးတယ်။

ယခုအချိန်မှာက မအလဟာ ဒီမိုအစိုးရမဟုတ်ဘဲ အာဏာသိမ်း ဓားမြအစိုးရပါ။ ဒါကြောင့် ဖွတ်၊ ဘောမနဲ့ တတိယအင်အားစုကလွဲရင် သူ့ကိုထောက်ခံသူ မရှိပါ။ ဒါကြောင့် ရန်ကုန်အစိုးရလက်ထက်ကလို သူတို့နဲ့အတူ တိုက်မည့်သူမရှိပါ။ နောက်နိုင်ငံရေးမှာလဲ သူက ကွန်မြူနစ်ကိုတိုက်နေတာမဟုတ်ဘဲ ပြည်သူထောက်ခံတဲ့ NUG ကိုတိုက်နေရလို့ ရှုံးဖို့က သေချာနေပါတယ်။ ဒါက နိုင်ငံရေးကြောင့် ရှုံးမှာပါ။

စစ်ရေးမှာက ယခုတပ်ချုပ် မအလက ဘာစစ်ပွဲမှ သေချာမတိုက်ဖူးဘဲ တပ်ချုပ်ဖြစ်လာသူပါ။ ဒါဆို သူ့အောက်က ဒုတပ်ချုပ်ကရော။ သူ့ကို ဘောမများက မျှော်လင့်ခဲ့ပါတယ်။ သူက ကချင်မှာ ဘာမှမတိုက်ခဲ့ဖူးပါ။ ယခင်က ရှမ်းမြောက်နဲ့ ရခိုင်ပွဲတွေမှာ ကြီးကြပ်ခဲ့စဉ်က အခြားဒေသတွေက ငြိမ်နေခဲ့ပါတယ်။ ယခုက နေရာတိုင်းမှာ တိုက်နေလို့ သူလိုအပ်တဲ့ စစ်တပ်မရှိပါ။ ဒါဆိုရင် သူ့အောက်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကလဲ ယခင်က စစ်ပွဲအတွေ့အကြုံမရှိလို့ အရန်အင်အားထားရာကနေ သစ္စာရှိမှုအပေါ် အခြေခံပြီး ရွေးခဲ့သူပါ။ ဒါကြောင့် သူကလဲ ဘာမှတိုက်ရည်ခိုက်ရည်မရှိသူပါ။ ဒါကြောင့် သူ့ကြောင့်လဲ စစ်ပွဲနိုင်ဖို့မရှိပါ။ ဒါဆိုရင် မိုးမြင့်ထွန်းလေး ပြန်ထုတ်သုံးမလားဆိုရင် သူကလဲ အတွင်းရေးမှူးလောက်သာ လုပ်ဖူးသူပါ။ ဘာစစ်ပွဲမှာ မတိုက်ဖူးခဲ့ပါ။ ဒါဆိုရင် သူ့အောက်က ကျော်စွာလင်းလေးက လက်စွမ်းပြမှာလားမေးရင် သူကလဲ စစ်မတိုက်ဖူးဘဲ ဒုဗိုလ်ချုပ်ကြီးရာထူးအထိ ရာထူးတက်လာခဲ့သူပါလို့ ပြောပါရစေ။

ဒါဆိုရင် သူ့အောက်က စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေကရော? ဒုဗိုလ်ချုပ်ကြီး တေဇကျော်က စစ်ကိုင်းမှာ PDF ကို စစ်ရှုံးခဲ့သူပါ။ နောက် အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကလဲ ရန်ကုန်မှာသာ လေကျယ်ခဲ့သူပါ။ ရန်ကုန်ကိုငြိမ်အောင်လုပ်နိုင်တာက လက်နက်မရှိသူကို ဖိနှိပ်နိုင်တာသာဖြစ်ပြီး စစ်ရေးအတွေ့အကြုံမရှိပါ။  ဒါကြောင့် ကရင်၊ မွန် နဲ့ တနင်္သာရီမှာ စစ်ရှုံးနေတာပါ။ အမှတ်(၁)က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကလဲ စစ်မတိုက်ဘဲ မန္တလေးတိုင်းမှူးကနေ ရာထူးတိုးလာသူပါ။ သူကလဲ မန္တလေးမှာ NLD ပါတီဝင်တွေကို ဖမ်းတာ သတ်တာသာလုပ်တတ်ခဲ့သူပါ။ ယခုစစ်တိုက်ရချိန်မှာ သူ့အောက်ကတပ်တွေဟာ စစ်ကိုင်း၊ မကွေးမြောက်၊ ကချင်၊ ချင်းတွေမှာ ခွက်ခွက်လန်အောင် ရှုံးနေခဲ့ပါပြီ။ အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးအောင်အောင်ကလဲ လက်နက်မရှိသူကိုသာ အနိုင်ယူဖူးသူဖြစ်ပြီး စစ်ရေးမှာ ဘာမှ တိုက်ပွဲကြီးတိုက်ဖူးသူမဟုတ်ပါ။ ဒါကြောင့် ကယား/ကရင်နီမှာ တိုက်တိုင်းရှုံးနေတာပါ။ ဒါဆိုရင် အမှတ် (၃) က ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကရော တော်ပါသလားဆိုရင် သူလဲ ဘာစစ်ပွဲမှာ မတိုက်ဖူးဘဲ ရာထူးတက်ခဲ့သူပါ။ ဒါကြောင့် ရခိုင်နဲ့ ပဲခူးမှာ စစ်ရှုံးနေတာပါ။ အမှတ်(၅) က ဒုဗိုလ်ချုပ်ကြီးသတ်ပုံဖြစ်ပြီး သူကလဲ နိုင်ငံရေးသမားတွေကို ဖမ်းတာ သတ်တာနဲ့သာ နာမည်ကြီးခဲ့သူပါ။ စစ်တိုက်ဖူးသူမဟုတ်ပါ။ သူ့နယ်က ရန်ကုန်နဲ့ ဧရာဝတီမိုလို့ ငြိမ်နေပေမယ့် တကယ်စစ်ဖြစ်ရင် သူလဲ မတိုက်နိုင်ပါ။ ဒါက အထက်ပိုင်းမှာ ဖြစ်နေတဲ့ ပြဿနာပါ။

သူ့အောက်ကလူများကလဲ ၁၉၈၈ နောက်ပိုင်း အထူးသဖြင့် ၁၉၉၂-၉၄ ၁၀ တန်းအောင်များက ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်အဆင့်ဖြစ်နေကြပြီး ခိုးဖို့သာသိ တိုက်ဖို့မသိသူများပါ။ ဒါကြောင့် ဗိုလ်မှသည် ဗိုလ်မှူးချုပ်အဆင့်အထိက အတွေ့အကြုံမရှိသလို မိုးကျလုပ်လိုသူ ခိုးလိုသူများသာရှိတာပါ။ ဒါဆိုရင် အောက် စစ်သည်တွေကရော? ယခင်ကထဲက လမ်းဘေးကလူများကို စစ်ထဲစုဆောင်းထားတာက ယခုအချိန်မှာ သူတို့ကလဲ တိုက်ဖို့ထက် ခိုးဖို့သာစဉ်းစားနေကြတာပါ။

ယခုစစ်ပွဲတွေကိုကြည့်ရင် တကယ့်ပစ်အားနဲ့တွေ့ရင် ဘယ်သူမှ အသေခံမတိုက်ဘဲ လက်နက်ချတာ တွေ့လာနေရပါတယ်။ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအဆင့်က တပ်ပိုင်လို့ သူတို့ကို ဖုန်းပိတ်ရ အင်တာနက်ပိတ်ရခက်ပါတယ်။ ဒါကြောင့် အင်တာနက်ဖွင့်ပြီး စစ်တိုက်ရင် သူတို့ကသတင်းရလို့ အသေမခံဘဲ လက်နက်ချဖို့များလာနေပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ မအလအာဏာသိမ်းတာကို ထောက်ခံခဲ့သူအများစုဟာ သူတို့ခိုးလို့ရမယ်ထင်လို့ အာဏာရမယ်ထင်လို့ပါ။ ယခုအချိန်မှာ ခိုးမရလို့ သူတို့အသက်ထိခိုက်လာလို့ မအလကို သူ့အထဲမှာ ထောက်ခံမှုကတောင် ကျလာနေပါပြီ။

အာဏာမသိမ်းခင်က မအလတပ်က အဆိုးဆုံးမှာ ရုရှားက ဆီးရီးယားမှာလို ကူညီမယ်လို့ ထင်ခဲ့ပေမယ့် ရုရှားက ယူကရိန်းနဲ့ အလုပ်များနေလို့ မအလကို ဆီးရီးယားမှာလို မကူနိုင်တာက အသေအချာပါ။ ဒါကြောင့် မအလတပ်ဟာ နလံထူစရာလုံးဝမရှိပါလို့သာ ပြောပါရစေ။ ပြောင်းလဲမှုက နေပြည်တော်ထံအရောက်လာမှာပါ။

950 views1 comment

1 Comment


Angelina Thane
Angelina Thane
Dec 25, 2023

ငါးပေ နှစ်လက်မ တွေ အားလုံးနီးပါး က

ယောက်ခမ မိန်းမ ဘက်က ငွေ နဲ့ ဆက်ကြေး

သ ပီး ရာထူးယူသူများပါတယ် ။


GZ လေးတွေ ကို gamers လေးတွေ ၊

virtualists တွေ ၊ real nature ,

physical nature အားနည်းသူတွေ လို့

ထင်မြင်ခဲ့မိတာ ကို ရုတ်သိမ်း ရပါတော့မယ် ။

နည်းပညာ ကို တကယ့်ကို applied

ထိရောက်အောင် အသုံးချနိုင်ကြပါတယ် ။


Bluetooth ကို သုံးချ လိုက်ထါကို

တကယ်ချီးကျူးစရာပါ ။


GZ တွေ လက်ထဲ မှာ

ကျမတို့ တိုင်းပြည်အနာဂတ် လှပမှာသေချာပါတယ် ။


Like
bottom of page