မအလရဲ့ နွားတွေဟာ နိုင်ငံခြားမှာရှိပါတယ်။ အချို့က စစ်သံ အချို့က သံ၊ အချို့က ပညာတော်သင်အချို့ကခိုးထားတာနဲ့သွားနေသူ၊ အချို့က စစ်ကျွန်စိတ်မပျောက်သူ၊ အချို့က DASSK မုန်းတီးသူ နွားအချို့ပါ။ သူတို့တွေဟာ NUG က ဝင်ငွေရဖို့ ထလုပ်လိုက်တိုင်း ဒုက္ခပေးလေ့ရှိပါတယ်။ အချို့က မအလရဲ့ ထောက်လှမ်းရေးက ညွှန်ကြားတာဖြစ်ပြီး အချို့က စစ်ကျွန်စိတ်မပျောက်နိုင်လို့ ဘောမတာပါ။
ဒီနေရာမှာ တရုတ်ဟာ ဒီမိုတွေကို ဘာမှလက်တွေ့ မကူသေးပါ။ ပါးစပ်ကလဲမကူသလို လက်တွေ့လဲမကူပါ။ ဒါကအငြင်းပွါးစရာမရှိပါ။ သူကကွန်မြူနစ်မိုလို့ ဒီမိုတွေကို မကူတာက မဆန်းပါ။ ဆန်းတာကအင်္ဂလိပ်နဲ့ အမေရိကန်ပါ။ DASSK အစိုးရလက်ထက်ကဆိုရင် အင်္ဂလိပ်ရော အမေရိကန်ရောကအသံကျယ်ပါတယ်။ ဒါ့ကြောင့် စာရေးသူတို့အနေနဲ့ သူတို့မလုပ်နဲ့ပြောတာကို ဆန့်ကျင်ဘက်လုပ်နေတဲ့ မအလတက်ချိန််မှာ စာရေးသူတို့ကို ကူမယ်လို့ထင်ခဲ့ပါတယ်။ ကူတယ်ဆိုတာ ဘာလဲ? ဝမ်းနည်းပါတယ်။ စိုးရိမ်ပါတယ်ဆိုတာက လေပါ။ အမေရိကန်ထောက်လှမ်းရေးဟာ အစိုးရအချို့ကို ဖြုတ်ချင်ရင် လက်နက်ကို လေယဉ်ပေါ်ကချပေးပြီး ထောက်ပံ့တဲ့အထိ ကူညီပါတယ်။ ဥပမာအနေနဲ့ အာဖဂန်မှာဆိုဗီယက်ကိုတိုက်ဖို့ အာဖဂန်တွေကို လက်နက်တပ်ဆင်ပေးတာမျိုးပါ။ လက်နက်တွေ လေယဉ်ပစ်ပခုံးထမ်းဒုံးတွေကို အလကားနီးပါ ပေးတာပါ။ ယခုအမေရိကန်အစိုးရရဲ့ ဥပဒေတွေထဲမှာ NUG ရဲ့ကျန်းမာရေးနဲ့ လူကယ်ပြန်ကိုသာ ထောက်ပံ့ငွေပေးဖို့ ထည့်ဆွဲထားပါသေးတယ်။ ဒါတောင်အမတ်အချို့က ပြောလွန်းလို့ပါ။ ဆိုလိုတာက သူကဘာမှလက်နက်မကူသေးပါ။ အာဆီယံရှင်းတာကို စောင့်ကြည့်နေပုံပါ။
ဒါ့ကြောင့် NUG က ဝင်ငွေရဖို့ ပထမ Gofundmeနဲ့ လုပ်ရာမှာ မအလစစ်ခွေးနဲ့ ဘောမတွေက လှူသလိုလုပ်ပြီး တိုင်ပါတယ်။ ဒါ့ကြောင့် ထိုငွေသမားတွေက အဆိုပါငွေကို လက်နက်ကိစ္စမသုံးရဆိုပြီး တားပါတယ်။ အမေရိကန်အစိုးရ ဘာမှမလုပ်ပေးပါ။ နောက် NUG က ငွေတိုက်စာချုပ်ရောင်းပါတယ်။ လူတွေက ဝယ်ပါတယ်။ ထောက်လှမ်းရေးနဲ့ စစ်ခွေးများကဝယ်သယောင်လုပ်ပါတယ်။ ပြီးရင် ဘဏ်အကောင့်သိအောင်လုပ်ပြီး သက်ဆိုင်ရာနိုင်ငံတွေကတဆင့် တိုင်ပါတယ်။ စင်ကာပူဘဏ်ကို စင်ကာပူကမြန်မာသံရုံးကတဆင့် စာပို့လို့ ဘဏ်ကပိတ်ပါတယ်။ ဒါ့ကြောင့် အချို့လူတွေရဲ့ငွေကို ပြန်အမ်းတာပါ။ဒီနေရာမှာလဲ အမေရိကန် CIA / နိုင်ငံခြားရေးဌာနက စင်ကာပူကို ဖုန်းနဲ့ပြောပေးရင် ရနိုင်ပါတယ်။ မလုပ်ပေးပါ။
ယခု NUG က တော်လှန်ရေးမိသားစုအနေနဲ့ ပိုက်ဆံကောက်ပါတယ်။ ဒါကိုတော့ မအလထောက်လှမ်းရေး စရဖနဲ့ စစ်ခွေးတွေ ဘောမတွေက ဖျက်ရခက်သွားပါတယ်။ သူတို့တိုင်လို့ရလဲ တစ်ယောက်သာရလို့ NUG ကို မထိတော့သလို NUG ရဲ့ PDF တွေအတွက်ပုံမှန်ငွေရလာနေပါတယ်။ ဒါကNUG ရဲ့ အခက်အခဲများကြားက ကြိုးစားရတာကို ပြောပြတာပါ။ ဒါပေမယ့် ထင်သလောက်အများကြီးတော့ မရသေးပါ။ ယခင်ကထက်တော့ တော်လှန်ရေးအတွက် အဆင်ပြေလာပါပြီ။ လှူဖို့ လူလိုနေပါသေးတယ်။
စာရေးသူတို့ရဲ့ ဒီမိုဘော်ဘီများက အမေရိကန် အင်္ဂလိပ်ကို သိပ်ကူမယ်လို့ လော်ထားတော့ ပြည်သူတွေရဲ့မျှော်လင့်ချက်ကလဲ မြင့်ပါတယ်။ တကယ်လှူလိုသူကလဲ တွန့်သွားနိုင်ပါတယ်။ အမှန်က စာရေးသူတို့က မိမိဖာသာ ကိုယ့်အားကိုယ်ကိုးရမှာပါ။ လက်နက်ဟာ အမေရိကန်၊ ရုရှားနဲ့ တရုတ်ကကြည်ဖြူရင် မလိုချင်မှအဆုံးပါ။ သူတို့က မပေးလိုရင်တော့ မှောင်ခိုမှာ ဝယ်ရလို့ စျေးကြီးပါတယ်။စာရေးသူတို့ အစိုးရစျေးနဲ့ ပစ္စည်းရရင်တော့ သက်သာပါတယ်။ နောက်မှောင်ခိုသဘောအရ သိုသိုသိပ်သိပ် လုပ်ရပါတယ်။ ဒါက ပိုက်ဆံရှိရင်တောင် ဝယ်ရခက်တာကို ပြောပြတာပါ။ ဒီနေရာမှာ အချို့လူတွေ လက်နက်ဝယ်တင်ပြပြီး လှူသူတွေကိုပြတာက တစ်ခုချင်းက ဝယ်တာလွယ်ပေမယ့် PDF တစ်သိန်းနီးပါးအတွက်က ခက်ပါတယ်။ တစ်ထောင်တောင် ရက်အနည်းငယ်အတွင်းရဖို့က ခက်ပါတယ်။ အမေရိကန်က ထိုင်းစစ်တပ်ကို ထုတ်ပေးလိုက်ဆိုရင်တော့ အိုကေပါတယ်။ ယခုက ထိုင်းနဲ့ အိန္ဒိယကစာရေးသူတို့ ခက်ခက်ခဲခဲ သွင်းလာရင်တောင် မအလကို မျက်နှာလိုမျက်နှာရ ဖမ်းပေးဖို့ လုပ်နေတာပါ။
ဒါဆိုရင် ငါတို့လက်လျှော့ရမှာလား? NUG ဟာ ဆရာဇော်ဝေစိုး အင်တာဗျူးမှာ ပြောခဲ့သလိုဘဲ ဘယ်သူကူကူ မကူကူ ပြည်သူ့အားကိုယူပြီး လုပ်သွားမယ်ဆိုတာပါ။ မြန်မာလူမျိုးက တီထွင်တာမြန်ပါတယ်။ ပြည်ပက မပေးလဲ ပြည်တွင်းမှာ တူမီးထက်ကောင်းတဲ့ သေနတ်တွေကို သူတို့ဒေသအသီးသီးမှာ ဒီဇိုင်းဆွဲပြီး စထုတ်ပါတယ်။ ဒေသထဲမှာလုပ်လို့ မအလက ထောက်ပို့လမ်းကို ဖြတ်မရတော့ပါ။ ပြီးတော့ မအလတပ်ကို ဝင်တိုက်ပါတယ်။ အဲ့ဒီကနေ လက်နက်ထပ်ရပါတယ်။ ဒါနဲ့ အင်အားကြီးလာတာပါ။ ယခုလဲ လက်နက်ကြီးတွေကို စထုတ်လာတာ တွေ့နေရပါတယ်။ မိုင်းကတော့ ကျွမ်းကျင်အဆင့်ဖြစ်သွားခဲ့ပါပြီ။ NUG က အပြင်ကဝယ်တာနဲ့ အတွင်းထုတ် ဗျူဟာနှစ်ခုနဲ့ အချိန်တိုအတွင်းမှာအကောင်းဆုံးပြင်ဆင်လာတာ တွေ့နေရပါတယ်။ ဒီလိုရေးပြတာက NUG က နှေးတယ် အားမရဘူးဆိုသူတွေ နားလည်လွယ်အောင်ပါ။
တော်လှန်ရေးကို ပြန်ကြည့်ရင် မအလဟာ ယခုပြည်တွင်းထုတ်လောက်သာ လက်နက်ရှိတဲ့ PDF ကိုတောင် မနည်းရဟတ်ယဉ်သုံး တိုက်နေတာ တွေ့ရမှာပါ။ ဗမာဒေသမှာက သူ့တပ်မိုင်းဆွဲခံရလို့ ပိတ်မိနေရင်လဲ ဟိုက မိုင်းထပ်ဆွဲလို့ မအလ အလူးအလဲခံနေရပါတယ်။ ကရင်ကလို လမ်းမဖွင့်ပေးပါ။
အကျဉ်းချုပ်ရရင် အမေရိကန်/တရုတ် ကူရင်တော့ တော်လှန်ရေးက ယခုထက်ပိုမြန်ပါမယ်။ မကူရင်လဲ နိုင်ငံခြားရောက် မြန်မာများအား ပြည်တွင်းက ပြည်သူတွေအားနဲ့ မအလကို ဖြုတ်ချနိုင်မှာပါ။ ရှေ့လတွေမှာ PDF က အားကောင်းလာပြီး တိုက်ပွဲတွေ ပိုများလာမှာပါ။ ပြည်သူတွေက NUG ရဲ့ PRF https://ofp.crphmyanmar.org တော်လှန်ရေးမိသားစု အစီအစဉ်ကနေ လစဉ် NUG ကို လှူကြပါ။ မလှူနိုင်သူက click to donate ကိုသွားပါ။ ဒါပါဘဲ။ တော်လှန်ရေးအတွက်က ငွေလိုပါတယ်။ များများလှူရင် မြန်မြန် လွတ်လပ်ရေးရပါမယ်လို့ ထပ်ခါထပ်ခါ ပြောပါရစေ။ အချင်းချင်း အပြစ်မတင်ဘဲ အမေမှာထားတဲ့အတိုင်း ချစ်ချစ်ခင်ခင်နေပြီး တော်လှန်ရေးကို ဆင်နွှဲကြပါလို့ ပြောပါရစေ။
ဦးမြတ်!!!အယူအမြင် ကွဲလွဲပါက နားလည်ပေးပါရန်
အတီး ဆိုသော ကမ္ဘာ့ရေဘဝဲကြီး၏ စုပ်ခွက်လက်တံအတွင်း တော်တော်များသက်ဆင်းခဲ့ပြီမို့ ယူအက်စ် နှင့် သင်းကွဲယူကေတို့ ဟန်သာ ပြနိုင်ခဲ့ပါသည်။သို့ပါ၍လည်း မြင်တတ်သူ ခေါင်းဝါကြီးက
အကြီးကြီးဖြစ်အောင် ထပ်လုပ်ဖို့ နှိုးဆော်ခဲ့ပါသည်။ အကြီးကြီးဖြစ်လာအောင်မလုပ်နိုင်ဖို့ လက်တံများနှင့် တုပ်နှောင်ထားလိုက်ပြီထင့်။
ပြောရရင် ရ၊ မရရင် သမ။ မူ အရင်အဆက်ဆက်မှာရှိပေမယ့် ခုခါတော့
တွေ့ဆုံ ညှိနှိုင်း စေ့စပ် သံသရာဝဲထဲ
တလည်လည်နှင့်။ ပုလိပ်ကြီးက စရိတ်ကြီးလို့ဟူသော မူ ပြောင်းသွားပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြည်တွင်းမှာ ကူ လှူနေကြသူများမှာ ထားစရာမရှိအောင် ကျိကျိတက် ချမ်းသာသူများမပါကြပါ။ ပြေလည်ရုံအဆင့်နှင့် မပြေလည်သော်လည်း ဘဝသည်ထက်နစ်မှာကြောက်သူများကသာ ကူ လှူနေကြရပါသည်။တနည်း နာကျည်းဒေါသသံသင့်သော စကားဖြင့်ပြောရပါက ပစ္စည်းမဲ့၊ ကျောမွဲတို့၏
ဒီမို အရေးတော်ပုံဟုသာပြောရနိုင်ပါသည်။ သာပေါင်း ညာစား လူ့အလွှာများမပါပါ။ မျက်နှာမှာ ညိုညိုရောင်ဆမ်းသည့် ညိုညိုသမ်းတို့သာ ပါဝင်ပါသည်။ ကချင် ကရင် ကယား ချင်းစသည်တို့အပြင် ဘာသာ အယူမတူငြားလည်း သည်မြေမှာမွေး သည်မြေကကျွေးလို့ သည်မြေကျေးဇူးသိသူများလည်း ကူတဲ့နေရာပါသလို လှူတဲ့နေရာမှာလည်း ရှေ့မျက်နှာစာတန်းကပါ။
သည်မြေမှာမွေး သည်က ကျွေးပေမယ့်
မဆိုင်သလို နေသူများလည်းရှိကြပါသည်။
ပုလဲ ဗိုလ်နဂါး ပြောစကား၊ ရည်ညွှန်းရပါက ~**သူဌေးတွေသာ ပါလာခဲ့ရင်၊ လေယာဉ်ဆိုတာ ငှက်ပစ်သလို ပစ်ချလို့ ရတယ်။**
အမျိုး ဘာသာ သာသနာ
တစာစာနဲ့
အမြှပ်ထွက်မတတ်
လမ်းမထက် တက်အော်။
ယခုသော်ကွယ်
ဘာသာ သာသနာဆိုတာ
ရောင်ဝါလို
လင်း နိုင်ပါဘု။
ကယားနယ်က
သံဃာတော်များ
ကျည် ဗုံး ရန်၊ ရနံ့သင်း
အန္တရာယ်မကင်းတဲ့ ယမ်းငွေ့ကြား
ပြေးလွှားကာ ပုန်းခိုရာ ရှာ
နှုံးခွေကာ ချိနဲ့စွာဖြင့်
ဘုန်းဘုရားတို့အတွက်
တပည့်ဒါယကာအပေါင်းမှာ
ရင်ကွဲ ပက်လက်။
ဗမာတွေ က ဖြစ် အောင် လုပ် တတ် တာ ချီးကျူးရ မယ် ဆရာ။ ဟိုး အရင် ကား တွေ အပို ပစ္စည်း တွေ မသွင်း ရ လည်း ကား ပစ္စည်း လို တာ တွေ တွင် ခုံ မှာ ခုပ် ပြီး ဖြစ် အောင် လုပ်ခဲ့ ကြတာ။ ခုတော့ နည်းပညာ လည်းရှိ လူ ငယ် တွေ ကလည်းတော် အဓိက ကတော့ စစ်အာဏာ ရှင် အမြစ် ဖြတ် ဖို့ ပြင်းထန် တဲ့ စိတ်ဓါတ် ပါ ဆရာ။ အရေးတော် ပုံ အောင် တော့ မည်