top of page
Search
Writer's pictureMyat Tun Oo

မအလဘယ်လမ်းသွားနေလဲ?


လူအများမေးတာက စာရေးသူတို့ နိုင်မှာလား၊ ရှုံးမှာလားဆိုတာကအများစုပါ။ မေးလေ့မရှိတာက မအလက ဘယ်လမ်းကိုသွားနေလဲဆိုတာပါ။ မအလအာဏာသိမ်းချိန်မှာ သူလုပ်တာက ဘီလူးက မိခင်ထဲကကလေးကို အတင်းလုယူသွားတဲ့ပုံစံပါ။ သူ့ရည်မှန်းချက်က မိခင်က ကလေးနာမှာစိုးရင် သူနဲ့ပြိုင်မလုဘဲ အလျှော့ပေးမယ်ပေါ့။ ဒီအထိသူ့တွက်ကိန်းမှန်ခဲ့ပါတယ်။ ဒါပေမယ့် မိခင်က အနားကလူတွေကိုတော့ အကူအညီတောင်းသွားခဲ့ပါတယ်။ ထိုလူတွေက ပြည်သူတွေပါ။ ဒါကြောင့်ပြည်သူတွေကဘီလူးထံက ရတဲ့နည်းနဲ့ကလေးကိုပြတ်လုဖို့ကြိုးစားလာနေကြပါပြီ။ ဒီနေရာမှာ မအလက ဘယ်လမ်းကိုသွားနေလဲကြည့်ကြရအောင်။


နိုင်ငံရေး

အာဆီယံက တရုတ်ရော၊ အမေရိကန်ကပါတိုက်တွန်းလို့ ကြားဝင်ပေးဖို့ကြိုးစားနေပါတယ်။ မအလကအာဆီယံကိုယ်စားလှယ်ကို DASSK နဲ့ အတွေ့မခံသလို NUG နဲ့လဲမတွေ့ရဆိုတော့ အာဆီယံကိုယ်စားလှယ်က ဟန်ပြတောင် ဆွေးနွေးလို့မရပါ။ ဒါက သူ့ဗျူဟာနဲ့ သူပြန်သေနေတာပါ။

အာဆီယံကတောင်းဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသားမပြောနဲ့ ပြေရတီဦး၊ ပိုင်တံခွန်၊ ပိုပိုတို့တောင် မလွှတ်နိုင်သေးတာ သွားတွေ့ရမှာပါ။ သူတို့ပြီးမှ လူမင်းတို့၊ ဇင်ဝိုင်းတို့လို အမာခံတွေကလာရမှာပါ။ဘယ်သူမှ မလွှတ်ခဲ့ရင်တောင် ဘာမှပြောစရာမရှိပေမယ့် သူကသာမန်ရာဇဝတ်မှုအကျဉ်းသားတွေသာလွှတ်ပြီး နိုင်ငံရေးသမားတွေကိုမလွှတ်ပေးဘဲ ပြည်သူနဲ့ အာဆီယံကို ထပ်ဆွပေးလိုက်ပြန်တာတွေ့ရပါတယ်။

နောက်သူက NUG ဝန်ကြီးအိမ်တွေကို ချိတ်ပိတ်တာနဲ့စပြီး ကြမ်းပြပါတယ်။ ရည်ရွယ်ချက်က သူ့ကိုကြောက်ပြီး NUG က ရပ်သွားမယ်လို့ ထင်နေပုံပါ။ သူကဒီမှာမရပ်ဘဲ ချမ်းချမ်းမှသည် ကိုပေါက်အထိအိမ်လိုက်ချိတ်ပိတ်ပြလိုက်ပြီး သူ့ကိုယ်သူတော်ပြီလို့ ထင်သွားပါတယ်။ သူမသိတာက ဒီလူတွေဟာယခင်က ပါတီစွဲမရှိသလို NLD နဲ့လဲ ဘာမှမပတ်သက်သူတွေပါ။ ဒီလူတွေကို ကြမ်းပြလိုက်ခြင်းဖြင့် ဒီလူတွေက တော်လှန်ရေးစိတ်ပျက်ပြီး နောက်ကြောင်းပြန်လှည့်ဖို့ စိတ်ကူးယဉ်ခဲ့ရင်တောင် အိပ်မက်ကလန့်နိုးသွားစေခဲ့ပြီး ဘုရင့်နောင်ဖောင်ဖျက် တော်လှန်ရေးကို ပိုခိုင်မြဲသွားစေပါတယ်။

ဒီထက်ဆိုးတာက မအလရဲ့လုပ်ရပ်က လူတွေကို မကြောက်သွားစေဘဲ သူ့ကိုပြန်တိုက်ဖို့ တွန်းအားဖြစ်သွားစေတယ်ဆိုတာပါ။ ဥပမာ ဆန္ဒပြသူတွေကို ပစ်ပြလိုက်လို့ လက်နက်ကိုင်တော်လှန်ရေးဖြစ်သွားတာပါ။ ယခုလဲ သူက သူနဲ့အမြင်မတူသူတိုင်းရဲ့အိမ်ကို လိုက်ချိတ်ပိတ်ခြင်းဖြင့် သူ့ကိုထောက်ခံတဲ့လူတွေရဲ့အိမ်တွေဟာလဲ ချိတ်ပိတ်တာထက်စိုးတဲ့ မီးရှို့ဖျက်ဆီးတာတွေ ပြန်ခံရလာနိုင်ပါတယ်။ မြန်မာပြည်ရဲ့ အချမ်းသာဆုံးအိမ်တွေကို ပိုင်ထားတာဟာ ခရိုနီနဲ့ တပ်ထိပ်ပိုင်းကလူတွေဆိုတာ သူသိမှာပါ။ဒါကြောင့် မအလရဲ့လုပ်ရပ်က သူ့လူတွေရဲ့ အကျိုးစီးပွါးကို အလုံးစုံပျက်ဆီးစေမှာပါ။ ယခုရင်ပိုင်းတောင် လေတပ်အရာရှိအိမ်တွေ ဗုံးပစ်ခံရတာ စရှိလာနေပါပြီ။ ပြည်သူက မီးရှို့ချင်ရင်အလွယ်လေးပါ။

မနေ့က သင်းသင်းလိုလူတောင် ဘာအကြီးအကျယ်ကိစ္စမှမဟုတ်ဘဲ ဥပဒေမယ့် ဝင်ဖမ်းတာကို ပြည်သူတွေက သင်းသင်း Live လွှင့်လို့ တွေ့လိုက်ရချိန်မှာ သဘောထားပျော့ပြောင်းသူတောင် နှစ်ခါပြန်စဉ်းစားသွားမှာပါ။

လောလောဆယ်မှာ နိုင်ငံရေးအရ မအလုပ်ရပ်ကြောင့် ထိပ်တိုက်ရင်ဆိုင်မှုက ပိုကြီးလာမှာပါ။


စီးပွါးရေး

အားလုံးသိတဲ့အတိုင်း မြန်မာငွေတန်ဖိုးကကျပြီး ဒေါ်လာစျေးက တက်နေပါတယ်။ ရင်းနှီးမြုပ်နှံမှုကလဲ ကျနေပါတယ်။ တရုတ်တောင် အသစ်လာမမြုပ်နှံပါ။ မြန်မာ့ရေနံကို စီးပွါးရေးပိတ်ဆို့မှုကလာမှာဖြစ်ပြီး နောက်ပိုင်းထိုင်းကုမ္ပဏီပါ မအလခေါင်းမာနေရင် အပိတ်ခံရမှာပါ။ မအလဟာ အရူးထပြီးဗိုလ်ရှုခံလိုမျိုး ပေါတောတောတွေမှာ ပိုက်ဆံကုန်ပြီး ဝင်ငွေမရှိလို့ ငွေရိုက်ထုတ်နေရပါပြီ။ ဒါကြောင့်ငွေတန်ဖိုးက ထိုးကျမှာပါ။ ယခုအတိုင်းသွားရင် အထည်ချုပ်တွေလဲ ရပ်မှာဖြစ်ပြီး စီးပွါးရေးက ငရဲကိုထိုးကျသွားမှာပါ။ နောက် မအလတပ်က ရွာတွေကို ဆက်မီးရှို့နေရင် စိုက်ပျိုးရေးကျလာမှာဖြစ်ပြီး စီးပွါးရေးက ကျလာမှာပါ။ ပြည်သူတွေကလဲ မအလရဲ့ ခရိုနီပိုင်လုပ်ငန်းတွေကို မအလက ရွာတွေကိုလုပ်သလို လုပ်ပြီးတုန့်ပြန်လာနိုင်ပါတယ်။ ပြည်သူတွေကို နာကျည်းအောင်လုပ်ရင် ပြန်ထိန်းရခက်မှာပါ။ခရိုနီပိုင်စီးပွါးရေးတွေဟာ မအလရွာတွေကိုလုပ်သလို မီးရှို့ဖျက်ဆီးခံရရင် မအလလဲ စီးပွါးပျက်လာမှာပါ။ မအလသီအိုရိက လူတွေငတ်ရင် နိုင်ငံရေးကို ဂရုမစိုက်ဖူးဆိုတဲ့ မူနဲ့သွားပေမယ့် လူတွေက ငတ်လာရင် နာကျည်းစိတ်နဲ့ မအလကို ပိုလက်တုန့်ပြန်လာဖို့က များနေပါတယ်။ ငွေကြေးဖောင်ပွမှု၊အလုပ်လက်မဲ့များလာမှု၊ ပို့ကုန်ကျဆင်းမှု၊ ရင်းနှီးမြုပ်နှံမှု ကျဆင်းမှု၊ မအလရဲ့ စီမံခန့်ခွဲမှုအမှားတွေက စီးပွါးရေးကျမယ်ဆိုတာ ၁၀၀% သေချာနေပါတယ်။ စီးပွါးရေးနဲ့ နိုင်ငံရေးက အမြဲဆက်စပ်နေပါတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ စီးပွါးရေးမှာ မအလက အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းကို သွားနေပါတယ်။


စစ်ရေး

အချို့က NUG ကို လက်နက်မထောက်ပံ့လို့ အားမရဘူးဘာညာပြောပေမယ့် စာရေးသူကတော့ အားရပါတယ်။ သူ့မှာ ငွေများများရရင် PDF တိုင်းကို အချိန်ကြာလာတာနဲ့အမျှ လက်နက်ပိုလို့ ထောက်ပံ့လာနိုင်မှာပါ။ တော်လှန်ရေးအစ ဧပြီ ၂၀၂၁ မှာ လက်နက်လုံးဝမရှိတဲ့ PDF တွေဟာ အတော်အသင့်လက်နက် ၆% လောက်ရလာပါပြီ။ PDF အင်အားက တကယ်ဆိုရင် သိန်းဂဏန်းနီးပါးရှိပါတယ်။

မြေပြင်ကို လေ့လာကြည့်ရင် PDF က လေယာဉ် လေးစီးနီးပါး ဖျက်ဆီးနိုင်ခဲ့ပါတယ်။ မြန်မာပြည်ပြည်တွင်းစစ်မှာ PDF လောက် မအလလေတပ်ရဲ့ လေယာဉ်တွေကို ဘယ်လက်နက်ကိုင်အဖွဲ့ကမှအချိန်အတိုအတွင်း မဖျက်ဆီးနိုင်ခဲ့ပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ စစ်ကိုင်းဝကခကိုအကြိမ်ကြိမ်အခါခါ လုပ်ကြံဖို့ ကြိုးစားနိုင်ခဲ့ပါတယ်။ တိုင်းရင်းသားထဲမှာ KIA က မြောက်ပိုင်းတိုင်းတိုင်းမှူး အယ်လ်ခွန်းရီအဖေကို လုပ်ကြံနိုင်ခဲ့တဲ့ တစ်ကြိမ်သာရှိပါတယ်။ PDF ကြောင့် အချုပ်ကျနေတဲ့ ဗျူဟာမှူးက ဆယ်ယောက်အထက်ရှိပါတယ်။ PDF ရဲ့ နယ်မြေစိုးမိုးမှုကလဲ အချိန်နဲ့အမျှ ကျယ်ပြန့်လာနေပါတယ်။ PDF ကြောင့်သေတဲ့ မအလတပ်သားတွေက ရခိုင်စစ်မြေပြင်ထက်များလာနေပါပြီ။

အချိန်ကြာလာတာနဲ့အမျှ PDF တွေက လက်နက်၊ နည်းပညာနဲ့ တိုက်ရည်ခိုက်ရည်တိုးတက်လာမှာပါ။စစ်ရေးမှာ မအလက ရွေးကောက်ပွဲမလုပ်ဖူးကြေညာရင် နိုင်ငံခြားက PDF တွေကို NUG ကတဆင့်ထောက်ပံ့လာမှာပါ။ ဘာလို့လဲဆိုတော့ အမေရိကန်ဘက်ကလဲ ဒီကောင်မဆင်းရင် စောင့်စရာမလိုတော့လို့ ထောက်မယ်ဆိုတာဖြစ်လာနိုင်သလို တရုတ်ကလဲ မအလက DASSK နဲ့လဲမတွေ့ သူလဲမနိုင်နိုင်ရင် ဇတ်မျောအဖြစ်ခံလို့မရတော့ပါ။ ဒါဆိုရင် စစ်ရေးအရ လက်နက်ကောင်းရင် တိုက်ပွဲတွေပိုကြီးလာမှာဖြစ်ပြီး အသေအပျောက်လဲများလာမှ ပါ။


ယခုမအလရွေးနေတဲ့လမ်းက သင်းသင်းလို အမာခံမဟုတ်သူကိုတောင် ဝင်ဖမ်းပြနေလို့ ဒီမိုတွေအတွက်က ပြန်လမ်းမရှိတော့ပါ။ ဥပမာ ကိုယ်ပေါက်က၊ ပိုင်ဖြိုးသူက အိမ်ပြန်မယ်လို့ စိတ်ကူးခဲ့ရင်တောင် သူတို့ပြန်စရာအိမ်မရှိလို့ ရှေ့ဆက်လျှောက်ဖို့ ဖြစ်စေခဲ့ပါပြီ။ ထို့အတူ စစ်ကိုင်းကရွာသားတွေကလဲ သူတို့မှာ အိမ်မရှိလို့ မအလနဲ့ သူတို့ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုတွေကို လက်စားချေတုန့်ပြန်ဖို့သာဆုံးဖြတ်ချက်ခိုင်မာလာစေမှာပါ။ စာရေးသူတို့ဟာ မအလကို လက်နက်အင်အားခြင်းမမျှတဲ့ကြားကပြန်ခံချနေတာ ယခင်ကထက်ပိုအောင်မြင်လာတာတွေ့နေရပါတယ်။ မအလသွားနေတဲ့ လမ်းကတော့အလုံးစုံပျက်သုဉ်းရေးပါ။ သူထင်ထားတာက သူကဒီလမ်းရွေးရင် ပြည်သူတွေကကြောက်မယ်ထင်နေပုံပါ။ မအလနဲ့အဖွဲ့သိထားရမှာက ပိုင်ဆိုင်မှုတွေဟာ မအလတပ်နဲ့ ခရိုနီတွေထံမှာသာ အများဆုံးစုနေပြီး အပြန်အလှန်အလုံးစုံပျက်သုဉ်းရေးကို လုပ်ကြမယ်ဆိုရင် ပိုင်ဆိုင်မှုများသူက ပိုနာဖို့သာရှိပါမယ်။ပြည်သူရဲ့ တဲကိုသာ မအလတပ်က အလွန်ဆုံးဖျက်နိုင်မှာဖြစ်ပြီး ပြည်သူကတော့ ခရိုနီနဲ့ မအလတပ်ပိုင်အရာများစွာကို ဖျက်နိုင်မှာပါလို့ပြောပါရစေ။ အလုံးစုံပျက်သုဉ်းရေးကို တကယ်လုပ်ရင် ပိုင်ဆိုင်မှုများသူကသာ နာမှာပါလို့ပြောပါရစေ။

1,043 views2 comments

2 opmerkingen


Myint Soe Oo
Myint Soe Oo
23 feb. 2022

ဦးမြတ်!!! လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကု​ဋေ ။ ​ရှေးရိုးရာ စကား။ခုခါမှာ​တော့ လူတစ်စုရဲ့ ပူမှုဟာ ကု​ဋေ ကုဋာ ထက်ပိုလာနိုင်ပါသည်။

ကြားရ​သော အနိဌာရုံသတင်းများက နားဝမှာ လျှံ။ ​ကောင်းသတင်းက အနည်းငယ် စိုးစဥ်းမျှ မရိှ။စိတ်ဆင်းရဲစရာချည်းသာ။

ရန်ကုန်။ YBS ​ပေါ် ​နေ့ခင်း​ကြောင်​ကြောင် ဓါးပြတိုက်​သောသတင်း။

ကန်​တော်ကြီး​စောင်းမှာ လူတစ်စုက ညစ်နည်းမျိုးစုံနဲ့ ​ငွေညှစ်​သောသတင်း။

တက္ကဆီ ကား​မောင်းသူတို့ အကြမ်းဖက် လုယက်ခံ​နေရ​သောသတင်း။

မီးပိွုင့်နီလို့ ကားရပ်တုန်း ဖုန်သုတ်​ပေး သန့်ရှင်း​ရေး​ယောင်​ယောင်နဲ့ ​ငွေ ​တောင်းတဲ့သတင်း။ မ​ပေးက အုပ်စုဖွဲ့ အနိုင်ကျင့်ခံရ​သော သတင်း။

လမ်းပမ်း ဆက်သွယ်မှု မလုံခြုံသလို မ​ချော​မွေ့​ေတာ့ပါ။

မန္တ​လေး လုပ်ရပ်က​တော့ ပြတ်သားပါသည်။ အုပ်စုဖွဲ့ အနိုင်ကျင့်သူတို့၏ လုပ်ရပ် မှတ်တမ်းတင်ထားပြီး ​ခြေရာခံ လိုက်ကြည့်​သောစနစ်။​သေချာ​သောအခါ

အဖွဲ့ ခိုရာ​နေရာကို ပကဖ အဖွဲ့များဖြင့် ဝင်​ရောက်စီးနင်း ရှင်းလင်း​​ေသာအခါ ခိုးဆိုးနိှုက်​ထောင်ထွက်များနှင့် ပျူတစ်ချို့ကို ဖမ်းမိခဲ့​ကြောင်း သတင်းထုတ်ပြန်တာကို ဖတ်လိုက်ရပါသည်။

နိုင်ကျဥ်းများအစား ခိုးဆိုနိှုက်တို့ကို ​ရောင်ပြလွှတ်ခြင်းသည် ရည်ရွယ်ချက်ရှိကြောင်း ထင်ရှားပါသည်။

ခိုးဆိုးနိှုက်တို့ နယ်မြို့​သေးနှင့် ​ကျေးလက် ဖက် ​ခြေဦးလှည့်လျှင် သူတို့အန္တရာယ် ကြိုမြင်သည်ဟု ယူဆ၍ရပါသည်။ ပကဖ အဖွဲ့များ ရိှ​သော​ကြောင့်။

အလယ်ပိုင်း ​မြေပြန့်​ဒေသ။ ​ကျေးရွာအသီးသီးမှ ဆိုင်ရာ မြို့နယ်မြို့ပြများဆီသို့ ရွာထွက် သီးနှံနှင့် ထွက်ကုန်​ရောင်းချရန် ​မောင်းနှင်​သော ​မော်​တော်ယာဥ်များ(အများအားဖြင့် light Truck. & Canta ကဲ့သို့ )။ ​ရောင်းစရာကုန် မြန်မြန်​ရောင်း၊ရွာမှလူကြုံမှာ​သော ဝယ်စရာရိှသည့်ကုန်များကို အ​ပြေးလွှား ဝယ်။ ​နေမညို

အ​မှောင်မဝင်ခင် တက်သုတ်ရိုက်ကာ ကားကို ရွာအ​ရောက်​မောင်း​နေရပါသည်။

​နေညို၍ ​လြေပိုတတ်​သောအချိန်ကို ကားဆရာတို့ အထူး​ကြောက်လန့်ကြပါသည်။

လဖက်ရည်ဖိုးမဟုတ်​တော့ပါ။ ဘီယာဘိုး

ဖြစ်လာပါပြီ။ တ​နေရာဆို ကိစ္စမရိှ။တချို့ရွာ​ရောက်ဖို့ အနည်းဆုံး နှစ်​နေရာ…


Like
Myat Tun Oo
Myat Tun Oo
23 feb. 2022
Reageren op

နောက်ပိုဆိုးလာမှာပါ။

Like
bottom of page