Myat Tun OoNov 8, 20211 min readမအလအခြေအနေမအလတပ်ရဲ့အခြေအနေက နဂါးလေးလို လူမိုက်ကို ကာကွယ်ပေးပြီး မမဆောင်းကို သီချင်းဆိုခိုင်းရတဲ့အခြေအနေဖြစ်နေပြီ။ အော်မအလ မအလ။
မအလတပ်ရဲ့အခြေအနေက နဂါးလေးလို လူမိုက်ကို ကာကွယ်ပေးပြီး မမဆောင်းကို သီချင်းဆိုခိုင်းရတဲ့အခြေအနေဖြစ်နေပြီ။ အော်မအလ မအလ။
ဗြင်းချက်က ဇီးကပ်နေပြီ။
ဦးမြတ်!!!ယခင်ဆောင်းပါးတစ်ပုဒ်မှာ **မောင်ငိုမယ် မိုးသည်းထဲမှာကွယ်**
သီချင်းဖြင့် တင်ဆက်ခဲ့ပါသည်။
တိုက်တိုက်ဆိုင်ဆိုင် ဟိုးယခင် သည်ကာလ တောင်ငူ ပျဉ်းနား နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတိုင်းမှာ မပါမပြီးသော ပရိတ်သတ်တောင်းဆိုခြင်းခံရဆုံးသော(ဦး)စိုးပိုင်၏ သီချင်းတစ်ပုဒ်ဖြင့်တင်ပြအပ်ပါသည်။
အရှင်ဘုရား မြတ်စွာဘုရား
ဘုရားတပည့်တော်သည်
သည်လူသား ဘဝမှာ မငြိမ်းချမ်း
ဘယ်ဆီ ရေှးကြမ္မာ ဝဋ်ဆိုးကြောင့်လေ
သည်လူသား ဘဝမှာ မငြိမ်းချမ်း
ဆူှးခင်းသော လမ်း၊ လျှောက်လှမ်း
လမိုက်ညမှာ မွေးလို့ဖွါးသလား အရှင်။
ဝဋ်ရှိခဲ့လို့ ၊ အသဲကွဲတာ
မဆန်းပါလေ
ဘရန်ဒီ တစ်ခွက်
ဘီယာမော့ပြီး ဖြေမယ်လေ
ကံဆိုး မိုးမှောင်ခရီး
ချစ်တဲလ်ရေ ယစ်ဝေမူး
တရား မရှိ ၊ လှောင်ကြလေ
သောကတွေက များ
ဒုက္ခတွေက များ။
ဝဋ်= လုံးချာလည် လှည့်ခြင်း
ဝိပါကဝဋ်=ပြုလုပ်ပြီးခဲ့သော ကံများကြောင့် အကျိုးပေးများ ဖြစ်ပေါ်ခြင်း။
အကြောင်း မကောင်းလျှင်
အကျိုးပေး မကောင်းပါ။
ဝဋ် လည်ပါသည်။
ဆရာကြီး(ဦး)တင်မိုး၏ ကဗျာက ကြိုတင်သတိပေးခဲ့သလို သံဝေဂဉာဏ် ရစရာမို့
ဖော်ပြအပ်ပါသည်။
**မြေကြီး၏ ကြေညာချက်**
ဤမြေကြီး၌
အသီးအနှံ ပန်းမန်မျိုးစုံ
စိုက်ကြကုန်။
ဤမြေကြီး၌
ခိုမှီးစရာ အိပ်ယာတဲရုံ
ဆောက်ကြကုန်။
ဤမြေကြီး၌
စီးနင်းစရာ ယာဉ်သာရထား
လမ်းများဖုန်ဖုန် ဖောက်ကြကုန်။
ငါ့မြေသားကို
အခြား အပိုင်း ၊ တန်တိုင်း သတ်မှတ်
မခတ်ကြနှင့်။
ငါ့မြေသားကို
လက်ဝါးကြီးအုပ် လက်တစ်ဆုပ်က
ချုပ်ချယ်တားဆီး အပိုင်စီး၍
မြေကြီးဓားပြ မတိုက်ကြနဲ့။
ငါ့မြေသားကို
အားအင် မထုတ်၊ ကိုယ်မလုပ်သူ
တစ်ဆုပ်ကယ်မျှ
မပိုင်ကြနှင့်။
အကယ်၍သာ ငါ့ဩဇာကို
မနာ မယူ၊ ရှိပါမူကား
ထိုသူအသား ကျွတ်ကျွတ်ဝါး၍
မြေသားဆီနှစ် ဩဇာဖြစ်အောင်
စင်စစ် စတေးရလတ္တံ့။ ။
တင်မိုး
(၁၉၆၄)