top of page
Search
Writer's pictureMyat Tun Oo

ယူကရိန်းလို PDF များ လက်နက်ရလိုရင်


ယူကရိန်းဟာ အင်အားကြီးတဲ့ လက်နက်ကောင်းတဲ့ မဟာအင်အားကြီးရုရှားကို ခံတိုက်နေနိုင်တာတွေ့ရပါတယ်။ ယခုအချိန်မှာ ယူကရိန်းက မြို့အချို့ကို ရုရှားလက်ထဲက ပြန်သိမ်းလာနိုင်တာလဲ တွေ့နေရပါတယ်။ ရုရှားတွေရဲ့ အထူးတင့်ကားတပ်ဟာ ယူကရိန်းနယ်စပ်မှာဘဲ ယူကရိန်းတပ်ရဲ့ ဝိုင်းသမတာခံခဲ့ရပြီး စုတ်ပြတ်သတ်သွားခဲ့ကြပါတယ်။ ဘာကြောင့် ယူကရိန်းက ရုရှားကို တိုက်နိုင်တာလဲ?

စစ်ရေးကျွမ်းကျင်သူများ သုံးသပ်တာက ယူကရိန်းစစ်သားတွေဟာ ငါတို့မြေကိုကာကွယ်ရမယ်ဆိုတဲ့စိတ်ဓာတ်ရှိပြီး ရုရှားတပ်တွေက သူတို့ဘာလို့ ယူကရိန်းကိုတိုက်နေရလဲဆိုတာ မသိဘူးလို့ဆိုပါတယ်။သူတို့နဲ့ ယူကရိန်းက ဆင်ပါတယ်။ ခရစ်ယန်ဂိုဏ်းလဲတူပါတယ်။ ဒီလို ယူကရိန်းစစ်သားတွေစိတ်ဓာတ်ရှိသလို PDF တွေရဲ့ စိတ်ဓာတ်ကလဲ သူတို့ထက်တောင် မြင့်ပါသေးတယ်။ နောက်ရုရှားတပ်လို မအလတပ်ထဲမှာလဲ တပ်ပျက်နေပါတယ်။

ဒုတိယက ရုရှားတပ်ဟာ မိမိကိုယ်ကို ထင်ထားပေမယ့်လဲ စစ်ပွဲမှာ သူ့တင့်ကားတွေ၊ လက်နက်တွေကအလုပ်မဖြစ်ခဲ့ပါ။ သူ့ဒုံးတွေက ၆၀% ပစ်မှတ်လွဲခဲ့သလို သူ့လေတပ်ကလဲ ထင်သလောက်အလုပ်မဖြစ်ခဲ့ပါ။ မအလတပ်က ရုရှားလောက် လက်နက်မရှိတာတော့ ပြောစရာမလိုပါ။ ဒါပေမယ့် စာရေးသူတို့PDF မှာလဲ ယူကရိန်းလောက် လက်နက်မရှိပါ။ ရုရှားလို မအလတပ်က အရပ်ဖက်ပစ်မှတ်ပစ်ရာမှာတော့ တော်ပါတယ်။

အမေရိကန်နဲ့ အနောက်အုပ်စုဟာ ဆီးရီးယားနဲ့ လစ်ဗျားမှာ ဒီမိုတွေကို လက်နက်တွေ အကြီးအကျယ်ထောက်ပံ့လေ့မရှိပါ။ သူတို့က အစိုးရမဟုတ်တဲ့အဖွဲ့ Non state actor တွေကို လေယာဉ်ပစ်တွေအမြောက်ပစ်တွေ ပေးခဲ့မိရင် ဒါတွေက မူစလင်အကြမ်းဖက်အဖွဲ့တွေလက်ထဲရောက်သွားပြီး သူ့တို့ကိုပြန်အဆော်ခံရမှာကို ကြောက်ကြပါတယ်။ နောက်အချက်က အဆိုပါဒေသတွေက ပြည်တွင်းစစ်သာဖြစ်ပြီး ကျူးကျော်စစ်မဟုတ်လို့ မူဝါဒအရ စိတ်မဝင်စားပါ။ ယခု ယူကရိန်းကို ရုရှားကကျူးကျော်စစ်မိုလို့ မူဝါဒအရကို ထောက်ပံ့တာပါ။

ယခုအချိန်အထိ အမေရိကန်ဟာ ဒီမိုတွေ PDF တွေကို လက်နက်တစ်လက် မထောက်ပံ့သေးပါ။ ဒါကိုNUG ကာဝန်ကလဲ တရားဝင်ပြောထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးချိုလေးကိုယ်တိုင်က ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို မျှော်လင့်နေဆဲပါ။ ဒါက အာဆီယံနဲ့ ကိုကိုကြီးတို့ပြောလေ့ရှိသလို အမေရိကန်အနေနဲ့ သူ့စစ်တပ်မပို့နိုင်ရင် မအလတပ်ကို မနိုင်နိုင်ဘူး ဒါကြောင့် သီးခံဆိုတဲ့ အချိုးပါ။ ဒါပေမယ့် PDF တွေက အားကောင်းလာလို့ သူတို့ရဲ့ မအလတပ်ကို မနိုင်နိုင်ဆိုတဲ့ငြင်းခုံချက်က မှေးမိန်လာပြီး ယခုက သူမနိုင် ကိုယ်မနိုင်နဲ့ ဇတ်မျောဖြစ်မယ်ဆိုတဲ့ဘက်က ငြင်းခုံလာကြပါတယ်။

ဒီနေရာမှာ ယူကရိန်းက အင်အားကြီးတဲ့ ရုရှားတပ်ကို ခံချနိုင်တာက စိတ်ဓာတ်နဲ့ လက်နက်ပါ။ PDF မှာစိတ်ဓာတ်ကရှိပြီးသားဖြစ်ပြီး လက်နက်သာလိုတာပါ။ မြန်မာပြည်ဟာ တရုတ်ပြည်နဲ့ နယ်နမိတ်ချင်းဆက်စပ်နေပါတယ်။ တရုတ်ထံက လက်နက်ရနိုင်ရင် တော်လှန်ရေးက မြန်နိုင်သလို တရုတ်က ရုရှားလို မြန်မာပြည်ထဲကို ကျူးကျော်စစ် ဆင်နွဲရင်လဲ အမေရိကန်နဲ့ ဥရောပထံက လက်နက်ရဖို့ သေချာသွားပါမယ်။ အမေရိကန်အနေနဲ့ မြန်မာကို တရုတ်က ကျူးကျော်ချိန် လက်နက်မထောက်ပံ့ရင် တရုတ်က ထိုင်ဝမ်ကို ဆက်တိုက်မှာ သူသိပါတယ်။ တရုတ်ကို စစ်ပန်းစေချင် ပညာပေးလိုရင် မြန်မာ PDF ကိုယူကရိန်းလို လက်နက်အကြီးကြီးတွေ ထောက်ပံ့ရမှာပါ။ မြန်မာပြည်ထဲမှာက အမေရိကန်အကျိုးစီးပွါးနည်းပြီး တရုတ်အကျိုးစီးပွါးက များပါတယ်။ အချို့ကလဲ တရုတ်ကိုသွားမစနဲ့ မြန်မာပြည်ကိုတရုတ်က ဝင်သိမ်းလိမ့်မယ် တရုတ်ကျွန်ဖြစ်သွားမယ်ဆိုပြီး တွေးပူနေသူများလဲ ရှိပါတယ်။ စာရေးသူကတော့ မအလစစ်ကျွန်ထက်စာရင် တိုင်းပြည်က အင်္ဂလိပ်ကျွန် တရုတ်ကျွန်က ရေမှန် မီးမှန် အလုပ်မှန်နေမယ်လို့ ပြောပါရစေ။ ယခင်ကအမျိုးသားရေးစိတ်ရှိပေမယ့် ယခုအချိန်မှာ မအလပြုတ်ဖို့ စစ်ကျွန်ဘဝကလွတ်ဖို့က ရခိုင်ခွဲထွက်ထွက် ရိုဟင်ဂျာ ခွဲထွက်ထွက် တရုတ်ကျွန်ဖြစ်ဖြစ် အမေရိကန်ကျွန်ဖြစ်ဖြစ် ဂရုမစိုက်ပါ။

အချို့အရာတွေမှာ လက်နက်က မိမိထံလာအောင် စစ်ကိုခေါ်ရတာလဲ ရှိနိုင်ပါတယ်။ မအလကြောက်တာလဲ ပြည်သူတွေက တရုတ်ရင်းနှီးမြုပ်နှံမှုကိုတိုက်ရင် သူ့ကိုတရုတ်က ဖိအားပေးမှာကိုပါ။ သူမထိန်းနိုင်ရင် တရုတ်က ဝင်ထိန်းမှာကိုပါ။ တရုတ်က ဝင်မသိမ်းရင်တောင် သူ့အကျိုးစီးပွါးထိလို့တရုတ်ကရင်းနှီးမြုပ်နှံမှုမလုပ်ရင် စာရေးသူတို့ ဘယ်ဘက်ကမှ အရှုံးမရှိနိုင်ပါ။ ဒီဆောင်းပါးက ယူကရိန်းကိစ္စအပေါ်မူတည်ပြီး အားလုံးစဉ်းစားနိုင်အောင်ပါ။ အချို့က အမေရိကန်က ဒီမိုတွေကို ဆုပေးတာထက် လက်နက်ပေးတာသာ လိုပါတယ်။ ဆုပေးရင် လူ့အခွင့်အရေးလို ဘာလိုလိုနဲ့ တိုက်ရတာခက်သွားပြီး လက်နက်မပေးလို့ စာရေးသူတို့ခရီ.က ပိုရှည်သွားနိုင်ပါတယ်။ ဆုအစား လက်နက်ပေးရင် ပိုမြန်ပါမယ်လို့ ပြောပါရစေ။ ပြည်သူများလဲ ကိုယ့်အားကိုယ်ကိုးပါ။ အမေရိကန်က ဘယ်သူ့ကို ဆုပေးလို့ ရင်မခုန်ပါနဲ့။ လက်နက်ဝယ်နိုင်ဖို့ PRF အဖွဲ့ဝင်ပါ၊ ငွေတိုက်စာချုပ်ဝယ်ပါ၊ click to donate နှိပ်ပါ။ပြည်သူသာ အဓိကပါ။

441 views0 comments

Recent Posts

See All

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

Comments


bottom of page