top of page
Search

ရှက်တတ်ရင်နုတ်ထွက်လိုက်ပါ ရွက္တတ္ရင္ႏုတ္ထြက္လိုက္ပါ

Writer's picture: Myat Tun OoMyat Tun Oo

ရွက္တတ္ရင္ႏုတ္ထြက္လိုက္ပါ

မေန႔ကေမၿမိဳ႕အထိတက္အပစ္ခံရတယ္။က်ဆံုးသြားတဲ့ရဲေဘာ္ေလးေတြအတြက္ဝမ္းနည္းေၾကာင္းေျပာလိုပါတယ္။အခ်ိဳ႕ကအာဏာသိမ္းဖို႔အကြက္လို႔ထင္သလိုအခ်ိဳ႕ကလဲညံ့တယ္လို႔ေျပာၾကတယ္။သင္ယံုခ်င္တာကိုသာယံုပါ။စာေရးသူအေနနဲ႔စစ္အေၾကာင္းသိပ္မေျပာသိပ္မေရးပါဘူး။ဒီမိုေတြနဲ႔အျမင္မတူမွာစိုးလို႔ပါ။ေနာက္ဒီအေၾကာင္းကထိပ္တန္းလွ်ိဳ႕ဝွက္လိုမ်ိဳးပါသြားရင္မအလကိုေရးတာထက္ေထာင္က်ရင္နာမည္မေကာင္းလို႔။ယခုေတာ့စာေရးသူရဲ႕အျမင္ေလးကိုေျပာပါမယ္။

ပထမဆံုးေျပာခ်င္တာကဒီအေခါက္မွာျပင္ဦးလြင္အထိပါလို႔ဒါဟာထူးျခားပါတယ္။တပ္မေတာ္သားေတြပါေသလို႔လုပ္ပြဲေတာ့မဟုတ္ပါ။

မေန႔က၁၅/၈ဝင္မတိုက္ခင္၁၃/၈မွာမအလကတ႐ုတ္ကိုယ္စားလွယ္နဲ႔ေတြ႕ပါတယ္။တ႐ုတ္ကိုယ္စားလွယ္ကDASSK နဲ႔လဲေတြ႕ပါတယ္။သူမနဲ႔ေတြ႕ခ်ိန္မွာေအးေဆးပါ။မအလနဲ႔ေတြ႕ခ်ိန္မွာစရဖၫႊန္ခ်ဳပ္ပါပါတယ္။မအလဟာစရဖၫႊန္ခ်ဳပ္ဒုဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ့္ကိုသူသြားေလရာေနရာတိုင္းေခၚသြားပါတယ္။

ဒီေနရာမွာစရဖရဲ႕ဖြဲ႕စည္းပံုဟာယခင္ခင္ၫြန္႔လက္ထက္ကလိုသီးျခားမဟုတ္ေတာ့ဘဲနယ္ေျမခံတပ္ရဲ႕အုပ္ခ်ဳပ္မႈေအာက္ေရာက္သြားပါတယ္။ဒါေၾကာင့္စရဖဟာယခင္ကေလာက္ၾသဇာမႀကီးေတာ့သလိုရန္သူ႔ထံထိုးေဖာက္ႏိုင္မႈကနည္းသြားခဲ့ပါတယ္။ယခင္ကေက်ာင္းသားေတြနယ္စပ္သြားခ်ိန္စစ္ေထာက္လွမ္းေရးကတန္ျပန္ေတြလြတ္ရာမွာဗမာခ်င္းမို႔လြယ္ေပမယ့္ယခုဟာကတိုင္းရင္းသားအေပၚအေျခခံလို႔ထင္သေလာက္မလြယ္ပါ။ဒါေၾကာင့္ရန္သူ႔ထံကစစ္ေရးသတင္းဟာရသင့္သေလာက္မရပါ။ေနာင္ခ်ိဳဂိတ္သတင္းမရတာကိုစာနာႏိုင္ေပမယ့္ျပင္ဦးလြင္ကိုပစ္ဖို႔ယူနီေဖာင္းအစစ္နဲ႔ရန္သူကလက္နက္သြင္းလာတာ၊လူစုတာရန္သူ႔နယ္မဟုတ္ဘဲမိမိနယ္ထဲမွာတပ္နယ္ေျမမွာမသိတာဟာအင္မတန္ညံ့ဖ်င္းၿပီးအသံုးမက်မႈပါ။

ဒါဆိုစရဖဘာလုပ္ေနလဲ။သူကအမတ္ေတြဘာလုပ္လဲလိုက္စံုစမ္းပါတယ္။ယခင္ကသတင္းတပ္ဖြဲ႕ကလုပ္ေပမယ့္ရဲသတင္းတပ္ဖြဲ႕ကျပည္ထဲေရးေအာက္မွာမိုလို႔ယခင္ကေလာက္စိတ္မခ်ရေတာ့ပါ။ေနာက္လုပ္တာကMRTV4 ကိုထိန္းေပးထားတာ၊ဝီဝီ့ေနစရာစီစဥ္ေပးတာတို႔ပါ။ဟိုဆႏၵျပတာေတြကိုေငြေၾကးအတြက္လဲတန္ျပန္ေထာက္လွမ္းေရးယူနစ္ကလုပ္ပါတယ္။ေနာက္အေရးႀကီးတာကFacebook ေပၚကအေကာင့္တုစစ္ဆင္ေရးပါ။ဒီအေကာင့္မ်ားကဒီမိုအစိုးရဝန္ႀကီးမ်ား၊ဝကခမ်ားကိုမေကာင္းတာအကုန္ေရးပါတယ္။အျခားလုပ္ငန္းကေတာ့ျပည္နယ္တိုင္းေတြမွာမဟုတ္တာလုပ္သူမ်ားဟာရဲကိုလိုင္းေၾကးအျပင္စရဖကိုလဲေပးရပါတယ္။ဖားကန္႔နဲ႔ရွမ္းျပည္ကအဆိုးဆံုးပါ။

မိမိလုပ္ရမယ့္အလုပ္ကိုပီပီသသမလုပ္ဘဲမဟုတ္တာလုပ္ေနလို႔ရန္သူ႔တပ္ဝင္လာတာကိုမသိတာပါ။ဘဂၤါလီတိုက္လဲခံရ၊ဓာတ္ခဲတိုက္လဲခံရ၊ေျမာက္ပိုင္းအဖြဲ႕တိုက္လဲခံရနဲ႔ခံမဆံုးျဖစ္ေနပါတယ္။တိုက္ပြဲျဖစ္ခ်ိန္နဲ႔တံတားကိုမိုင္းခြဲခ်ိန္ဟာၾကာခဲ့ပါတယ္။ၾကည္းတပ္ဟာလဲမိမိဖာသာမရွင္းႏိုင္ခဲ့ပါ။ေလေၾကာင္းကေနအကာအကြယ္ယူေပးခဲ့ရပါတယ္။

ဒီေနရာမွာတပ္ထဲကေပၚလစီသမားေတြစဥ္းစားရမွာကတိုင္းျပည္မွာေရႀကီးတာနဲ႔ျပည္တြင္းစစ္ကိုတိုက္ရာမွာေရငုပ္သေဘၤာနဲ႔တိုက္လို႔မရဘူးဆိုတာပါ။အားလံုးဟာေရႀကီးလို႔ကရင္ျပည္မွာပစၥည္းပို႔လဲေလတပ္ကိုသံုးရသလိုရွမ္းျပည္မွာျဖစ္လဲေလတပ္မပါရင္ဘယ္မွသြားမရဘူးဆိုတာပါ။ဓာတ္ခဲနဲ႔လဲေလတပ္ပါေနရပါတယ္။ဆီးရီးယားျပည္တြင္းစစ္ကိုအစိုးရကႏိုင္လာတာဟာ႐ုရွားရဲ႕ေလေၾကာင္းပံ့ပိုးမႈေၾကာင့္ပါ။သူကရဟတ္ယဥ္၁၆စင္းသံုးခဲ့ပါတယ္။အျခားဗံုးႀကဲေလယဥ္ေတြကထားလိုက္ပါ။

ဒီေနရာမွာစိတ္ဝင္စားစရာကအပစ္အခတ္ရပ္စဲေရးကိုဆက္သက္တမ္းတိုးဖို႔မအလအေပၚဖိအားမ်ားေနခ်ိန္မွာယခုလိုလာတိုက္လို႔အပစ္ရပ္ထားတာကေတာ့ပ်က္သြားပါၿပီ။ထိုးစစ္ဆင္လို႔သူပုန္ေတြပိတ္မိရင္စစ္ပြဲရပ္ဆႏၵျပပြဲေတြထပ္ေပၚလာပါမယ္။

ယခုျပႆနာဘာေၾကာင့္ျဖစ္ရသလဲ? သူပုန္ကတပ္ကထိုးစစ္ဆင္လို႔ေနစရာမရွိလို႔တိုက္ရပါတယ္လို႔ေျပာပါတယ္။ဒါဟာအပစ္မရပ္ခင္ကဆိုမွန္ႏိုင္ပါတယ္။ဒါေပမယ့္ယခုအပစ္ရပ္ထားတာဟာ၂၀၁၈ဒီဇင္ဘာလကထဲကပါ။ဒါေၾကာင့္စစ္ဆင္ေရးေၾကာင့္သူပုန္ေတြအေနက်ပ္တယ္ဆိုတာဟာအမွန္မဟုတ္ပါ။သူတို႔အေနက်ပ္လာတာကေတာ့မွန္ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့သမၼတႀကီးရဲ႕မူးယစ္ေဆးဝါးနွိမ္နင္းေရးမွာစက္သစ္ႀကီးေၾကာင့္ဘိန္းေတြ၊ေဆးျပားေတြမိလာေနပါတယ္။သူပုန္ရဲ႕အဓိကေထာက္ပံ့ေရးလမ္းေၾကာင္းဟာေဆးျပားပါ။ဘိန္းကိုေတာ့သူပုန္ေတြကလဲေနာက္ပိုင္းဟန္ျပဖမ္းျပေနပါတယ္။ယခင္ကဆိုသူပုန္ရဲ႕လုပ္ငန္းဟာအလုပ္ျဖစ္ေပမယ့္ရခိုင္မွာတပ္ေတြတိုးခ်တာနဲ႔ယခုဘိန္းစစ္တဲ့စက္ေၾကာင့္ေဆးျပားလမ္းေၾကာင္းကယခင္ကေလာက္အလုပ္မျဖစ္ေတာ့ပါ။ဒါကသူပုန္တိုက္တဲ့အခ်င္ေတြထဲကအဓိကအခ်က္တစ္ခုပါ။စစ္ဗ်ဴဟာအရရခိုင္မွာသူတို႔မဟာမိတ္ေတြပိတ္မိေနလို႔သက္သာရာရေအာင္ကူတာလဲပါႏိုင္ပါတယ္။သူပုန္ေျပာတာကိုယံုလိုတဲ့စာဖတ္သူမ်ားလဲရွိႏိုင္ပါတယ္။အျငင္းမပြားလိုပါ။

ဒါဆိုဘာဆက္ျဖစ္မလဲ။တ႐ုတ္ကေတာ့၁၃/၈အထိမအလကိုအပစ္ရပ္ခိုင္းေနခဲ့ပါတယ္။ဒီအခ်ိန္မွာဒီကိစၥျဖစ္လာတာပါ။တ႐ုတ္ေျပာတာလိုက္မလုပ္လို႔ကုလမွာျပႆနာေပၚရင္႐ုရွားကဘယ္ေလာက္ကာကြယ္ေပးႏိုင္မလဲသိခ်င္လို႔ရယ္အကူအညီေတာင္းစရာေလးေတြရွိလို႔႐ုရွားကိုအျမန္ထြက္သြားပါၿပီ။ပံုမွန္ဆိုဒုတပ္ခ်ဳပ္ကအစလိုက္ပို႔ရေပမယ့္ယခုဟာကအျမန္သြားရပံုပါ။

ေရတိုမွာဘာဆက္ျဖစ္မလဲဆိုေတာ့႐ုရွားကသာကုလမွာကာေပးရင္စစ္ဆင္ေရးေတြျပန္စမွာပါ။ယခုလိုေျမာက္ပိုင္းကလာတိုက္လို႔ျပန္တိုက္ရမွာျဖစ္လို႔တ႐ုတ္လဲေျပာရခက္ႏိုင္ပါတယ္။ဒါေပမယ့္ေနာက္ဒီလိုမျဖစ္ေအာင္ကာကြယ္ဖို႔ကစရဖကိုမိမိအလုပ္မိမိလုပ္တတ္ေအာင္ေျပာင္းလဲဖြဲ႕စည္းဖို႔လိုပါမယ္။စရဖအေနနဲ႔ဒီမိုေနာက္လိုက္မဲ့အစားသူပုန္ေနာက္လိုက္ဖို႔ပါ။

ေရရွည္မွာေတာ့တပ္အေနနဲ႔ျပည္သူကၾကည္ျဖဴေအာင္ျပည္သူ႔အစိုးေအာက္ေရာက္မွရန္သူကိုႏိုင္မွာပါ။

ရွက္တတ္ရင္ဒီမိုႏိုင္ငံေတြမွာေတာ့တပ္ခ်ဳပ္တို႔ေထာက္လွမ္းေရးၫႊန္ခ်ဳပ္တို႔ကရာထူးကေနႏုတ္ထြက္ရပါတယ္။ဘယ္ခရီးမွမထြက္ရဲပါ။ေခါင္းေဆာင္ဟူသည္ေခါင္းေဆာင္မႈကိုျပရပါတယ္။ယခုကေတာ့..........

Unicode version

ရှက်တတ်ရင်နုတ်ထွက်လိုက်ပါ

မနေ့ကမေမြို့အထိတက်အပစ်ခံရတယ်။ကျဆုံးသွားတဲ့ရဲဘော်လေးတွေအတွက်ဝမ်းနည်းကြောင်းပြောလိုပါတယ်။အချို့ကအာဏာသိမ်းဖို့အကွက်လို့ထင်သလိုအချို့ကလဲညံ့တယ်လို့ပြောကြတယ်။သင်ယုံချင်တာကိုသာယုံပါ။စာရေးသူအနေနဲ့စစ်အကြောင်းသိပ်မပြောသိပ်မရေးပါဘူး။ဒီမိုတွေနဲ့အမြင်မတူမှာစိုးလို့ပါ။နောက်ဒီအကြောင်းကထိပ်တန်းလျှို့ဝှက်လိုမျိုးပါသွားရင်မအလကိုရေးတာထက်ထောင်ကျရင်နာမည်မကောင်းလို့။ယခုတော့စာရေးသူရဲ့အမြင်လေးကိုပြောပါမယ်။

ပထမဆုံးပြောချင်တာကဒီအခေါက်မှာပြင်ဦးလွင်အထိပါလို့ဒါဟာထူးခြားပါတယ်။တပ်မတော်သားတွေပါသေလို့လုပ်ပွဲတော့မဟုတ်ပါ။

မနေ့က၁၅/၈ဝင်မတိုက်ခင်၁၃/၈မှာမအလကတရုတ်ကိုယ်စားလှယ်နဲ့တွေ့ပါတယ်။တရုတ်ကိုယ်စားလှယ်ကDASSK နဲ့လဲတွေ့ပါတယ်။သူမနဲ့တွေ့ချိန်မှာအေးဆေးပါ။မအလနဲ့တွေ့ချိန်မှာစရဖညွှန်ချုပ်ပါပါတယ်။မအလဟာစရဖညွှန်ချုပ်ဒုဗိုလ်ချုပ်ကြီးစိုးထွဋ့်ကိုသူသွားလေရာနေရာတိုင်းခေါ်သွားပါတယ်။

ဒီနေရာမှာစရဖရဲ့ဖွဲ့စည်းပုံဟာယခင်ခင်ညွန့်လက်ထက်ကလိုသီးခြားမဟုတ်တော့ဘဲနယ်မြေခံတပ်ရဲ့အုပ်ချုပ်မှုအောက်ရောက်သွားပါတယ်။ဒါကြောင့်စရဖဟာယခင်ကလောက်သြဇာမကြီးတော့သလိုရန်သူ့ထံထိုးဖောက်နိုင်မှုကနည်းသွားခဲ့ပါတယ်။ယခင်ကကျောင်းသားတွေနယ်စပ်သွားချိန်စစ်ထောက်လှမ်းရေးကတန်ပြန်တွေလွတ်ရာမှာဗမာချင်းမို့လွယ်ပေမယ့်ယခုဟာကတိုင်းရင်းသားအပေါ်အခြေခံလို့ထင်သလောက်မလွယ်ပါ။ဒါကြောင့်ရန်သူ့ထံကစစ်ရေးသတင်းဟာရသင့်သလောက်မရပါ။နောင်ချိုဂိတ်သတင်းမရတာကိုစာနာနိုင်ပေမယ့်ပြင်ဦးလွင်ကိုပစ်ဖို့ယူနီဖောင်းအစစ်နဲ့ရန်သူကလက်နက်သွင်းလာတာ၊လူစုတာရန်သူ့နယ်မဟုတ်ဘဲမိမိနယ်ထဲမှာတပ်နယ်မြေမှာမသိတာဟာအင်မတန်ညံ့ဖျင်းပြီးအသုံးမကျမှုပါ။

ဒါဆိုစရဖဘာလုပ်နေလဲ။သူကအမတ်တွေဘာလုပ်လဲလိုက်စုံစမ်းပါတယ်။ယခင်ကသတင်းတပ်ဖွဲ့ကလုပ်ပေမယ့်ရဲသတင်းတပ်ဖွဲ့ကပြည်ထဲရေးအောက်မှာမိုလို့ယခင်ကလောက်စိတ်မချရတော့ပါ။နောက်လုပ်တာကMRTV4 ကိုထိန်းပေးထားတာ၊ဝီဝီ့နေစရာစီစဉ်ပေးတာတို့ပါ။ဟိုဆန္ဒပြတာတွေကိုငွေကြေးအတွက်လဲတန်ပြန်ထောက်လှမ်းရေးယူနစ်ကလုပ်ပါတယ်။နောက်အရေးကြီးတာကFacebook ပေါ်ကအကောင့်တုစစ်ဆင်ရေးပါ။ဒီအကောင့်များကဒီမိုအစိုးရဝန်ကြီးများ၊ဝကခများကိုမကောင်းတာအကုန်ရေးပါတယ်။အခြားလုပ်ငန်းကတော့ပြည်နယ်တိုင်းတွေမှာမဟုတ်တာလုပ်သူများဟာရဲကိုလိုင်းကြေးအပြင်စရဖကိုလဲပေးရပါတယ်။ဖားကန့်နဲ့ရှမ်းပြည်ကအဆိုးဆုံးပါ။

မိမိလုပ်ရမယ့်အလုပ်ကိုပီပီသသမလုပ်ဘဲမဟုတ်တာလုပ်နေလို့ရန်သူ့တပ်ဝင်လာတာကိုမသိတာပါ။ဘင်္ဂါလီတိုက်လဲခံရ၊ဓာတ်ခဲတိုက်လဲခံရ၊မြောက်ပိုင်းအဖွဲ့တိုက်လဲခံရနဲ့ခံမဆုံးဖြစ်နေပါတယ်။တိုက်ပွဲဖြစ်ချိန်နဲ့တံတားကိုမိုင်းခွဲချိန်ဟာကြာခဲ့ပါတယ်။ကြည်းတပ်ဟာလဲမိမိဖာသာမရှင်းနိုင်ခဲ့ပါ။လေကြောင်းကနေအကာအကွယ်ယူပေးခဲ့ရပါတယ်။

ဒီနေရာမှာတပ်ထဲကပေါ်လစီသမားတွေစဉ်းစားရမှာကတိုင်းပြည်မှာရေကြီးတာနဲ့ပြည်တွင်းစစ်ကိုတိုက်ရာမှာရေငုပ်သင်္ဘောနဲ့တိုက်လို့မရဘူးဆိုတာပါ။အားလုံးဟာရေကြီးလို့ကရင်ပြည်မှာပစ္စည်းပို့လဲလေတပ်ကိုသုံးရသလိုရှမ်းပြည်မှာဖြစ်လဲလေတပ်မပါရင်ဘယ်မှသွားမရဘူးဆိုတာပါ။ဓာတ်ခဲနဲ့လဲလေတပ်ပါနေရပါတယ်။ဆီးရီးယားပြည်တွင်းစစ်ကိုအစိုးရကနိုင်လာတာဟာရုရှားရဲ့လေကြောင်းပံ့ပိုးမှုကြောင့်ပါ။သူကရဟတ်ယဉ်၁၆စင်းသုံးခဲ့ပါတယ်။အခြားဗုံးကြဲလေယဉ်တွေကထားလိုက်ပါ။

ဒီနေရာမှာစိတ်ဝင်စားစရာကအပစ်အခတ်ရပ်စဲရေးကိုဆက်သက်တမ်းတိုးဖို့မအလအပေါ်ဖိအားများနေချိန်မှာယခုလိုလာတိုက်လို့အပစ်ရပ်ထားတာကတော့ပျက်သွားပါပြီ။ထိုးစစ်ဆင်လို့သူပုန်တွေပိတ်မိရင်စစ်ပွဲရပ်ဆန္ဒပြပွဲတွေထပ်ပေါ်လာပါမယ်။

ယခုပြဿနာဘာကြောင့်ဖြစ်ရသလဲ? သူပုန်ကတပ်ကထိုးစစ်ဆင်လို့နေစရာမရှိလို့တိုက်ရပါတယ်လို့ပြောပါတယ်။ဒါဟာအပစ်မရပ်ခင်ကဆိုမှန်နိုင်ပါတယ်။ဒါပေမယ့်ယခုအပစ်ရပ်ထားတာဟာ၂၀၁၈ဒီဇင်ဘာလကထဲကပါ။ဒါကြောင့်စစ်ဆင်ရေးကြောင့်သူပုန်တွေအနေကျပ်တယ်ဆိုတာဟာအမှန်မဟုတ်ပါ။သူတို့အနေကျပ်လာတာကတော့မှန်ပါတယ်။

ဘာကြောင့်လဲဆိုတော့သမ္မတကြီးရဲ့မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာစက်သစ်ကြီးကြောင့်ဘိန်းတွေ၊ဆေးပြားတွေမိလာနေပါတယ်။သူပုန်ရဲ့အဓိကထောက်ပံ့ရေးလမ်းကြောင်းဟာဆေးပြားပါ။ဘိန်းကိုတော့သူပုန်တွေကလဲနောက်ပိုင်းဟန်ပြဖမ်းပြနေပါတယ်။ယခင်ကဆိုသူပုန်ရဲ့လုပ်ငန်းဟာအလုပ်ဖြစ်ပေမယ့်ရခိုင်မှာတပ်တွေတိုးချတာနဲ့ယခုဘိန်းစစ်တဲ့စက်ကြောင့်ဆေးပြားလမ်းကြောင်းကယခင်ကလောက်အလုပ်မဖြစ်တော့ပါ။ဒါကသူပုန်တိုက်တဲ့အချင်တွေထဲကအဓိကအချက်တစ်ခုပါ။စစ်ဗျူဟာအရရခိုင်မှာသူတို့မဟာမိတ်တွေပိတ်မိနေလို့သက်သာရာရအောင်ကူတာလဲပါနိုင်ပါတယ်။သူပုန်ပြောတာကိုယုံလိုတဲ့စာဖတ်သူများလဲရှိနိုင်ပါတယ်။အငြင်းမပွားလိုပါ။

ဒါဆိုဘာဆက်ဖြစ်မလဲ။တရုတ်ကတော့၁၃/၈အထိမအလကိုအပစ်ရပ်ခိုင်းနေခဲ့ပါတယ်။ဒီအချိန်မှာဒီကိစ္စဖြစ်လာတာပါ။တရုတ်ပြောတာလိုက်မလုပ်လို့ကုလမှာပြဿနာပေါ်ရင်ရုရှားကဘယ်လောက်ကာကွယ်ပေးနိုင်မလဲသိချင်လို့ရယ်အကူအညီတောင်းစရာလေးတွေရှိလို့ရုရှားကိုအမြန်ထွက်သွားပါပြီ။ပုံမှန်ဆိုဒုတပ်ချုပ်ကအစလိုက်ပို့ရပေမယ့်ယခုဟာကအမြန်သွားရပုံပါ။

ရေတိုမှာဘာဆက်ဖြစ်မလဲဆိုတော့ရုရှားကသာကုလမှာကာပေးရင်စစ်ဆင်ရေးတွေပြန်စမှာပါ။ယခုလိုမြောက်ပိုင်းကလာတိုက်လို့ပြန်တိုက်ရမှာဖြစ်လို့တရုတ်လဲပြောရခက်နိုင်ပါတယ်။ဒါပေမယ့်နောက်ဒီလိုမဖြစ်အောင်ကာကွယ်ဖို့ကစရဖကိုမိမိအလုပ်မိမိလုပ်တတ်အောင်ပြောင်းလဲဖွဲ့စည်းဖို့လိုပါမယ်။စရဖအနေနဲ့ဒီမိုနောက်လိုက်မဲ့အစားသူပုန်နောက်လိုက်ဖို့ပါ။

ရေရှည်မှာတော့တပ်အနေနဲ့ပြည်သူကကြည်ဖြူအောင်ပြည်သူ့အစိုးအောက်ရောက်မှရန်သူကိုနိုင်မှာပါ။

ရှက်တတ်ရင်ဒီမိုနိုင်ငံတွေမှာတော့တပ်ချုပ်တို့ထောက်လှမ်းရေးညွှန်ချုပ်တို့ကရာထူးကနေနုတ်ထွက်ရပါတယ်။ဘယ်ခရီးမှမထွက်ရဲပါ။ခေါင်းဆောင်ဟူသည်ခေါင်းဆောင်မှုကိုပြရပါတယ်။ယခုကတော့..........

3,219 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page