ရိုင်းစိုင်းတဲ့ တပ်ကိုယ်စားလှယ်အချို့ကို ဘယ်လိုလွှတ်တော်မှာ အရေးယူမလဲ
လွှတ်တော်မှာ ဆွေးနွေးကြရာမှာ အချို့ဗိုလ်ချုပ်များ ဗိုလ်ကြီးမမများဟာ အင်မတန် ရိုင်းစိုင်းတာတွေ့ရပါတယ်။ NLD လွှတ်တော်ကိုယ်စားလှယ်များ ပြောတာကတော့ ရိုင်းတာမဟုတ်ဘဲ စစ်အစိုးရအတွက်အနာပေါ်တုတ်ကျရာက ထကန့်ကွက်လို့ဖြစ်တဲ့ ပြဿနာတွေပါ။
အပြန်အလှန်ကန့်ကွက်ကြရင် နာယကကြီးက လုံးကောက်ကို ပြန်ကြည့်ပြီး စည်းကမ်းနဲ့မညီရင် ဖြုတ်မယ်လို့ ပြောလေ့ရှိပါတယ်။
စည်းကမ်းနဲ့မညီရင် ဘယ်လိုအရေးယူမလဲ။ လုံးကောက်ဖြုတ်တာလောက်ကို တပ်ကမမှုပါ။ နောက်အရေးယူလို့ရတာက တရားစွဲတဲ့နည်းပါ။ ဒီနည်းဟာလဲ ရွေးကောက်ခံကိုယ်စားလှယ်များသာ ထိမှာဖြစ်ပြီး တပ်ကိုယ်စားလှယ်ကို အရပ်ဘက် ဥပဒေနဲ့ စွဲမရလို့ သူတို့ဟာ တရားစွဲခံရဖို့ မရှိပါ။
ဒါဆို ရိုင်းပြနေတဲ့ တပ်ကိုယ်စားလှယ်အချို့ကို ဘယ်လိုအရေးယူမလဲ? သူတို့ကို လွှတ်တော်ကထုတ်လိုက်ရင် တပ်ချုပ်က အသစ်ခန့်လိုက်ရုံပါ။ မိနစ်ပိုင်းသာ ကြာပါမယ်။ အကောင်းဆုံးနည်းကတော့ သူတို့ရဲ့ လွှတ်တော်တက်ခွင့်ကို ရက်အကန့်အသတ်နဲ့ ဆိုင်းငံ့တာပါ။ ဒါဆိုရင် သူတို့ရဲ့ မဲပေးခွင့် ဆုံးရှုံးပါမယ်။ ဥပမာ ရိုင်းစိုင်းစွာအော်ဟစ်တဲ့ ဗိုလ်ချုပ်တင်ဆွေဝင်းကို လွှတ်တော်တက်ခွင့် ၅ ရက်ပိတ်တယ်ဆိုပါစို့။ မတ်လ ၁၀ ရက်နေ့ကနေ စပိတ်ရင် သူဟာ ခြေဥပြင်ရာမှာ မဲပေးလို့ မရတော့ပါ။ အဲ့ဒီလိုမျိုးတပ်ကိုယ်စားလှယ် အယောက် ၅၀ လောက်ကို လွှတ်တော်မတက်အောင် ပိတ်နိုင်ရင်တော့ ခြေဥမဲခွဲရာမှာ နိုင်နိုင်သလို ကိုယ်စားလှယ်အချို့ရဲ့ ရိုင်းစိုင်းတာကိုလဲ ထိန်းနိုင်လာပါမယ်။
မေးခွန်းက နာယကကြီးက လုပ်ရဲလားဆိုတာပါ။ သူတို့က ဒါမျိုးကို အဓမ္မနည်းနဲ့ တုံ့ပြန်ရင် လူထုကတိုက်ပွဲဝင်မလားဆိုတာပါ။ ယခုရေးပြတာက ရိုင်းစိုင်းသူကို လက်ရှိခြေဥအရ အရေးယူနိုင်တဲ့နည်းနဲ့ခြေဥပြင်ရာမှာ အထောက်အကူပြုနိုင်တဲ့ နည်းလမ်းပါ။
Photo credit : Pyidaungsu Hluttaw
Kommentarer