၂၀၁၅ မှာ နေရာအများစုရခဲ့တာက ရှမ်းပြည်မှာ NLD မဟုတ်ခဲ့ပါ။ လွှတ်တော်ရဲ့ ၁၃၇ နေရာမှာရွေးကောက်ခံက ၉၆၊ တပ်က ၃၄ နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက ၇ နေရာပါ။ သူ့မှာက လူမျိုးပေါင်းစုံပါတယ်။ အချို့ ကိုးကန့်လိုနေရာမှာ NLD က ဝင်မပြိုင်နိုင်ပါ။ USDP က အများဆုံး ၃၄ နေရာ၊SNLD က ဒုတိယနဲ့ ၂၄ နေရာ၊ NLD က တတိယနဲ့ ၂၃ နေရာ၊ TNP က ၇ နေရာ ပအို့က ၆ နေရာ ရခဲ့ပါတယ်။ အခြားပါတီလေးတွေလဲ ရှိပါတယ်။
၂၀၁၅ မှာ USDP ကအစိုးရဖြစ်နေသလို တပ်ထဲမှာ မဲပေးခဲ့ရတာပါ။ ၂၀၂၀ မှာတော့ ဒါတွေဟာပြောင်းလဲလာခဲ့ပါပြီ။ အချို့ပါတီတွေက လက်နက်ကိုင်တွေရဲ့ ထောက်ခံမှုရပေမယ့် မိမိတပ်ရောသူပုန်ရောက NLD ကို မဲပေးပါလို့ ဖိအားမပေးမှာ သေချာပါတယ်။
NLD က လွှတ်တော်ကိုယ်စားလှယ်များဟာ ပင်လောင်း ဟိုပုံး မိုင်းဖြတ်နေရာစုံသွားပြီး အခက်အခဲများကြားက မဲဆွယ်နေကြပါတယ်။
ပြည်သူများအနေနဲ့ တိုင်းပြည် တိုးတက်တာတွေကို မြင်ပြီး NLD ကို မဲပေးနိုင်ကြပါစေ။ NLD ဆိုတာဖယ်ဒရယ်ကို ဖော်ဆောင်မယ့်ပါတီပါ။ ဒီနှစ်မှာ ရှမ်းပြည်မှာတော့ အခက်အခဲများကြားက NLD ဟာယခင်ကထက် ပိုနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အောင်လံခိုင်ဖို့ မဲပေးစို့ပါ။
Photo credit: Nang Mya Swair
ဦးမြတ်! ကလေးဘဝ အောက်အကြေအရပ်မှာ နေစဥ်ကာလက တွင်းရေကို ခပ်ငင်ယူ၍ သောက်သုံးခဲ့ရပါသည်။ ခုတော့ အကြောင်းတရားတွေဖန်တီးပေးလိုက်လို့ အညာမြေရောက်လာတဲ့အခါ မြို့ရေပေးဝေရေးမှဖြန့်ဝေသော ပိုက်ရေကိုသာသောက်ခဲ့ရပါသည်။ စနစ်ခေတ်ပြောင်းလာတော့ ပိုက်ရေမသောက်တော့။ အိမ်တိုင်ယာရောက် ဖြန့်လာတဲ့ **သောက်ရေသန့်ကိုပဲ သောက်ပါတော့သည်**။ လူ့သဘာဝ ကောင်းတာမှန်သမျှ ရယူသုံးဆောင်ကြတာ ဓမ္မတာ။
ရေသန့်တောင်မှ ရွေးချယ်ပြီးသောက်လာကြပါသည်။ ရေသန့်ကလည်း အေ တူ ဇက် (A to Z)။
အကြိုက်ပေါ်မူတည်၍ ဒီ(D)ရေသန့်မှ ဒီရေသန့်၊ အရည်အချင်းပြည့်မီ၍ စွဲသောက်သူများလည်း အများအပြားပါ။ခုကာလက အဆုံးအဖြတ်ပေးသွားပါသည်။
ယခင်ကတည်းက စနစ်ကျခဲ့သော ဒီ ရေသန့်သည်၊ ဝန်ဆောင်ရာတွင်
ဝန်ထမ်းများသည် လက်အိတ် ၊ မက်စ်ခေါ် နှာအုပ်။ ဆေးလိပ် မသောက်၊ ကွမ်းမစားသူများဖြင့်ဖြန့်ဝေမှုကြောင့် ကိုဗစ်ရန်ကြောက်သော ကျန်းမာရေးအသိအမြင်ရှိသူအပေါင်းကတော့ ယခုကာလမှ ဒီ ရေသန့်ကို စိတ်ချယုံကြည်စွာဖြင့်သောက်သုံးနိုင်ပါသည်။ ခုခါ မြို့ပေါ်မှာ သောက်နေကျ ဟို ရေသန့်ကို မသောက်တော့ပဲ ဒီ ရေသန့်သို့ ပြောင်းလဲ သုံးဆောင်ကြပါသည်။
**************************
ရှမ်းပြည်နယ်မှာလည်း ပါတီတွေက. စု ံံ ပါသည်။ ရွေးချယ်ရုံပါ။ မိမိသောက်နေကျတံဆိပ် အဆင့်မီ မမီ၊၊ကောင်းကျိုးတွေ ပေးနိုင်စွမ်း ရှိ မရှိ (နိုင်ငံ နှင့် ပြည်သူ အကျိုးစီးပွား တိုးတက်မှု)အမြင်တော့လိုပါသည်။ မကောင်းလျှင် တံဆိပ် ပြောင်းသောက်ရုံပါ။
ရွာကလူ မြို့ကရေသန့်(ညနေအလုပ်ကအပြန် ရေဗူးယူ)သောက်သူကို ရွာခံလူကြီးက **ရေသန့်လည်းရေ၊ တို့သောက်နေကျ ရွာက ရေလည်း ရေပါပဲကွာ ၊ မထူးပါဘူး။ ရေများ အရသာခံ နေသေးတယ်**ရွာအမြင်ဖြင့်ပြောရှာပါသည်။ အညစ်အကြေးကင်း သန့်စင်မှုကြောင့် ဝမ်းနှင့် ပတ်သက်သော ရောဂါမဖြစ်နိုင်ဟူသော အမြင်ကျဥ်းရှီနေ၍ ပြောထွက် ပြောရက်ခြင်းဖြစ်ပါသည်။
ခု ချင်းနှင့် ကယားကတော့ သိသွားပါပြီ။ ချင်း ကယား ရှမ်း ခွဲခြားထားလို့ ကွဲ ပြ…
လွတ်လပ်ရေးရပြီးထဲကတိုင်းရင်းသားကိုယ့်လူမျိုးအတွင်းနိုင်ငံရေး စစ်ရေးနည်းတွေနဲ့တဖွဲ့ချင်းတိုက်လာတာဘယ်တော့မှမအောင်မြင်ခဲ့တာအခု သိရှိသွားကြပြီစစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီကိုဖော်ဆောင်တည်ဆောက်နိုင်တာNLDအစိုးရထပ်ဖြစ်မှလုပ်နိုင်မှာပါ