ဖွတ်ပြောခွင့်ရ နန္ဒာလှမြင့်က သူ့အိမ်ရာအကြောင်း ရှင်းလင်းသွားတာကို နားထောင်မိပါတယ်။ ယခင်ရှမ်းပြည်အစိုးရက သူ့ကို ဧက ၅၀ မှာ ဝန်ထမ်းစီမံကိန်းချပေးခဲ့တာမှာ ပြိုင်သူမရှိလို့ သူ့ကုမ္ပဏီကသာ ရရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါဆိုဘယ်လိုပွင့်လင်းမြင်သာမှုနဲ့ တင်ဒါခေါ်ခဲ့လဲဆိုတာမေးစရာရှိပါတယ်။ ဒါကထားလိုက်ပါ။
နောက်သူ့အိမ်ကို ဝယ်မယ်ပြောပြီး ဝန်ထမ်းတွေကမဝယ်လို့ ယခင်အစိုးရက ကျပ် ၄ ဘီလီယံစိုက်ပေးတယ်လို့ သူကပြောပါတယ်။ လက်ရှိအစိုးရကတော့ ချေးတယ်ပြောပါတယ်။ ကျပ်သန်းပေါင်း ၄၀၀၀ ပါ။ ဒါဟာ အခြေခံအဆောက်အအုံတွေကို အစိုးရက ပိုက်ဆံအကုန်ခံဆောက်ပေးထားတာ မပါသေးပါ။ သူကချေးငွေလို့မသုံးဘဲ ယခုအစိုးရက ချေးငွေလို့သုံးပြီး ဘဏ်တိုးတောင်းပါတယ်။
ဒီနေရာမှာ သူကအနစ်နာခံပြီးဆောက်ပေးတဲ့ပုံစံပြောသွားပါတယ်။
ကျန်တာတွေကထားလိုက်ပါ။ စာဖတ်သူများစဉ်းစားပါ။ သင်တို့အစိုးရထံက သာမန်ပြည်သူတွေအနေနဲ့ အဲ့ဒီလောက်ပိုက်ဆံကို ချေးလို့ရနိုင်ပါ့မလား။ အဲ့ဒီလိုအတိုးမဲ့ ရနိုင်မလား? ဒါဟာ ဇီးသီးပန်းမှောက်သလိုဖြစ်နေပါတယ်။
ယခုဒီမိုအစိုးရမိုလို့ အတိုးရတော့မှာဖြစ်သလို ဒီ သန်း၄၀၀၀လဲ မပျောက်သွားတော့ပါဘူး။ ဒါကြောင့်လဲ ဖွတ်တွေ ခရိုနီတွေက အဘတို့ပြန်လာမှာ မျှော်လင့်နေတာပါ။ သူတို့အတွက် ယခင်ကလောက်စီးပွားရေးမကောင်းတာ အမှန်ဖြစ်သလို သူတို့ကို မှီခိုနေသူများလဲ စီးပွားရေးမကောင်းဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆိုက်ကားသမား သာအေးတို့က အေးဆေးဖြစ်သလို ထိုင်း၊ မလေး၊ ဂျပန်ကမြန်မာတွေအတွက်ကတော့ မဆိုးသွားပါ
မှန်ပါတယ်။
အဲီခိုးထားတဲ့ငွေတွေနဲ့လ်ရှိအစိုးရပြုကျဘို့နေ့စားတွေခေါ်သုံးနေတျာလ။ဒ