စာရေးသူတို့ရဲ့ တပ်မတော်ကြီးက ရုရှားမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစစ်တပ်ပြိုင်ပွဲ ၂၀၂၀International War Games 2020 ကို ဝင်ပြိုင်ခဲ့ပါတယ်။ အုပ်စုအဆင့်မှာ ဗီယက်နမ်၊ ကာတာနဲ့ မြန်မာတို့ပြိုင်ရပါတယ်။
တင့်ကားတွေကို အခက်အခဲကြားကမောင်းပြီး ပစ်မှတ်ငါးခုကို ပစ်ရတာပါ။ စာရေးသူတို့ မြန်မာက တင့်ကားကို ၃၁ မိနစ် ၁၀ စက္ကန့်နဲ့ ပထမဆုံး ပန်းဝင်ခဲ့ပါတယ်။ ဗီယက်နမ်က ၃၈ မိနစ် နဲ့ ဒုတိယ၊ ကာတာက ၄၂ မိနစ်နဲ့ ၈ စက္ကန့်နဲ့ နောက်ဆုံးပါ။ ဒါဆို မောင်းတာ ဒီလောက်မြန်ရင် နိုင်ပြီလား?
ပစ်မှတ် ငါးခုမှာ ဗီယက်နမ်က လေးခုထိပြီး၊ ကာတာက နှစ်ခုထိအောင် ပစ်နိုင်ခဲ့ပါတယ်။ စာရေးသူတို့တင့်ကားက တစ်ခုမှ မထိခဲ့ပါ။ သူက တိုက်ရိုက်ထိတာကိုသာ ထိတယ်လို့ ယူပါတယ်။ အဲ့ဒီပြိုင်ပွဲမှာပစ်မှတ်ရှေ့မှာ အမြောက်ဆန်ကျတာ၊ ပစ်မှတ်ကျော်သွားတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကပြိုင်ပွဲဆိုတော့နိုင်ချင်ပါတယ်။ ဘယ်သူမှ ပေါ့ပေါ့တန်တန်မလုပ်ပါဘူး။ ယခုလိုပြိုင်ပွဲမှာ ပစ်မှတ်လွဲခဲ့တာပါ။ ဒါကဘာကိုပြလဲဆိုရင် ပြည်တွင်းက သူပုန်တွေနဲ့ တိုက်ပွဲဖြစ်ရာမှာ သူပုန်က ရွာနားပြေးရင် ရွာထဲလက်နက်ကြီးကျတာတွေ ကြားမိမှာပါ။ ယခုလိုပြိုင်ပွဲမှာတောင် မှန်အောင်မပစ်နိုင်လို့ တိုက်ပွဲချိန်မှာမှားပစ်တာဟာ တမင်လုပ်တာမဟုတ်ဘဲ ပစ်မှတ်ကို မှန်အောင်မပစ်နိုင်လို့ ရိုးသားစွာ အသုံးမကျလို့ဖြစ်တာပါ။ ဒီဗီဒီယိုဖိုင်ဟာ နောက်ပိုင်း ICJ မှာ ခုခံရင်လဲ အသုံးဝင်ပါမယ်။
ဒီလိုဘာလို့ဖြစ်ရလဲ? ပြိုက်ဘက်တွေထဲမှာ စာရေးသူတို့တိုင်းပြည်သာ စစ်ဖြစ်နေတာပါ။ ဗီယက်နမ်ကတော့ အမေရိကန်ကို စစ်နိုင်ခဲ့လို့ အစဉ်အလာကြီးပါတယ်။ စာရေးသူတို့က ပုံမှန်ဆို ကာတာကိုတော့နိုင်သင့်ပါတယ်။ ယခုလိုဖြစ်ရတာက စာရေးသူတို့ တပ်ထဲမှာက စိုက်ပျိုးရေးလုပ်၊ မွေးမြူရေးလုပ်၊မိုင်တဲလုပ်၊ ဘုရားတည်၊ လွှတ်တော်တက် လုပ်နေရလို့ လေ့ကျင့်မှုမရှိလို့ ယခုလို ရှုံးရတာပါ။
တပ်မတော်သားများကို စစ်သားအလုပ်သာပေးလုပ်ရင် စာရေးသူတို့ နိုင်မှာပါလို့ ပြောပါရစေ။
ကောင်း