top of page
Search
Writer's pictureMyat Tun Oo

ရခိုင္မွာဘယ္ေတာ့ၿငိမ္းခ်မ္းမလဲ?




ဒီေနရာမွာဓာတ္ခဲဘယ္ကစလဲကေနရွင္းရပါမယ္။ဓာတ္ခဲဟာဒီမိုအစိုးရမတက္ခင္ကထဲကလိုင္ဇာမွာစဖြဲ႕ခဲ့တာပါ။သူကNCA ထိုးခ်င္တာကိုဘစိန္လက္ထက္ကမအလကသူအပါအဝင္ေျမာက္ပိုင္းသံုးဖြဲ႕ကိုလက္မခံခဲ့ရာကယခုအေျခအေနျဖစ္လာတာပါ။သူ႔ရဲ႕ယခုလူစုႏိုင္မႈ၊လက္နက္စုႏိုင္မႈဟာဘဂၤါလီကိစၥအၿပီးမွာပိုအားေကာင္းခဲ့ပါတယ္။ဒါေတာင္ေဒသခံေတြကိုျပည္သူ႔စစ္ဖြဲ႕ေပးမယ့္အစီအစဥ္ကိုစစ္ေရးအျမင္ရွိတဲ့ျပည္သူ႔အစိုးရကတားခဲ့လို႔ယခုအခ်ိန္မွာမိမိသင္ေပးတဲ့စစ္ပညာနဲ႔မိမိတက္ကျပန္အတိုက္မခံခဲ့ရတာပါ။လက္နက္ကေတာ့ေရာင္းမိလို႔အခ်ိဳ႕လက္နက္ကမိမိလက္နက္ပါ။

လက္ရွိအေျခအေနမွာသူ႔တိုင္းရင္းသားကသူ႔ကိုေထာက္ခံေနပါတယ္။တပ္ကသူ႔ရြာနားကျဖတ္သြားရင္သတင္းပို႔ပါတယ္။ဒါေၾကာင့္သတင္းလက္ဦးမႈရပါတယ္။ျဖတ္တိုက္ခံရရင္က်ဆံုးမႈရွိပါတယ္။ဒါေပမယ့္သူတို႔စခန္းကိုေတြ႕ရင္ပုဇင္းေတြေလယဥ္ေတြနဲ႔တိုက္ရင္သူတို႔အေသအေပ်ာက္မ်ားပါတယ္။အျပန္အလွန္ပါဘဲ။ေရရွည္မွာလဲဒီလိုဘဲသြားပါမယ္။ယခုအဲ့ဒီနားမွာတပ္ရဲ႕အမိန္႔အရအင္တာနက္ျဖတ္လိုက္ပါၿပီ။ယခင္ကလိုလိုင္းေပၚကလြယ္ကူစြာေျပာလို႔မရပါ။မက္ေဆ့နဲ႔ဖုန္းေခၚတာကေထာက္လွမ္းေရးကလိုက္လို႔ရသြားပါမယ္။ဒါေၾကာင့္ဓာတ္ခဲအားသာခ်က္ဟာဘယ္လိုေျပာင္းမလဲေစာင့္ၾကည့္ရပါမယ္။ဓာတ္ခဲဟာေျပာက္ၾကားစနစ္နဲ႔တိုက္လို႔ရေနမွာျဖစ္ေပမယ့္စခန္းႀကီးေတာ့အေျခခ်ဖို႔မလြယ္ပါ။ဒါကအရွိတရားပါ။

ေလာေလာဆယ္မွာေတာ့ဓာတ္ခဲရဲ႕၂၀၂၀အိမ္မက္ေၾကာင့္တိုက္ပြဲဆက္ျဖစ္ေနပါမယ္။သူ႔လူမ်ိဳးကေထာက္ခံေနသေလာက္ဆက္ျဖစ္ေနပါမယ္။၂၀၂၀လြန္မွာစစ္ပြဲကဘာမွမထူးလာရင္ေတာ့သူတို႔အထဲမွာအေတြးအေခၚေျပာင္းလာႏိုင္ပါတယ္။

ဒီေနရာမွာဓာတ္ခဲေထာက္ခံသူေတြအေနနဲ႔ဦးညီပုကိုျပစ္တင္ေျပာဆိုေနတာဟာမေကာင္းပါလို႔ေျပာလိုပါတယ္။သတၱိရွိရင္စစ္ပြဲကိုဖန္တီးတဲ့ဓာတ္ခဲထြန္းျမတ္ႏိုင္နဲ႔မအလကိုသာေျပာသင့္ပါတယ္။ဦးညီပုမွာတပ္ကိုအမိန္႔ေပးႏိုင္တဲ့အာဏာမရွိပါ။သူဟာမိမိအသက္ကိုမငဲ့ကြက္ဘဲတတ္ႏိုင္သမွ်လုပ္ေနသူပါ။ဦးညီပုဟာအၾကမ္းမဖက္ဘဲမိမိျပည္နယ္မွာဖယ္ဒရယ္ရေအာင္DASSK ဦးေဆာင္မႈေနာက္မွာႀကိဳးစားေနသူပါ။

ေနာက္ၿပီးဒါကိုလူမ်ိဳးေရးအေနနဲ႔လုပ္ေဆာင္တာဟာလဲမေကာင္းပါ။သမိုင္းကိုျပန္ၾကည့္ပါ။တပ္ဟာဗကပစစ္ဆင္ေရးကိုလဲယခုလိုလုပ္ခဲ့ပါတယ္။အဲ့ဒါဟာဗမာေတြေနခဲ့တဲ့ေနရာေတြမွာပါ။ေနာက္ပိုင္းသူပုန္မ်ားစစ္႐ႈံးၿပီးပဲခူး႐ိုးမကေနနယ္ျခားေဒသကိုေရာက္သြားလို႔ဒီျပႆနာေပၚတာပါ။

စာေရးသူတို႔ဟာဘာသာျခားမိုလို႔လက္ခုပ္တီးရင္ေနာက္ပိုင္းဘာသာတူကိုလဲလုပ္လာပါမယ္။လူမ်ိဳးုျခားဆိုၿပီးလက္ခုပ္တီးရင္လူမ်ိဳးတူကိုလဲလုပ္လာပါမယ္။အာဏာရွင္မွာလူမ်ိဳး၊ဘာသာမခြဲျခားပါ။အာဏာရွင္ဟာ၁၉၈၈မွာဗမာဆိုၿပီးရန္ကုန္နဲ႔မႏၲေလးကဆႏၵျပသူေတြကိုမပစ္ဘဲမထားပါ။ထို႔အတူဘဲေရႊဝါေရာင္ဘုန္းႀကီးေတြကိုလဲဘာသာတူဆိုၿပီးမပစ္ဘဲမထားပါ။

တိုင္းရင္းသားေတြစဥ္းစားရမွာကလူမ်ိဳးေရးဘာသာေရးအေနနဲ႔ျပႆနာကိုမေတြးဘဲမိမိတို႔လက္နက္ကိုင္မ်ားကိုမေျပာဘဲဖိအားမေပးဘဲဒီမိုအစိုးရသိကၡာက်ေအာင္အျပစ္ေျပာမယ္ဆိုရင္ၿငိမ္းခ်မ္းေရးဟာၾကာေနပါမယ္။

ဒါမွမဟုတ္ဘဲအာဏာရွင္ဟာလူမ်ိဳးဘာသာမေရြးဖိႏွိပ္တယ္အာဏာရွင္ကိုဒီမိုအစိုးရနဲ႔ေပါင္းၿပီးတြန္းလွန္ရမယ္ဆိုတဲ့စိတ္ဓာတ္နဲ႔လုပ္ရင္ေတာ့ျမန္ပါမယ္။အားလံုးစဥ္းစားၾကပါ။

Unicode version

ရခိုင်မှာဘယ်တော့ငြိမ်းချမ်းမလဲ?

ဒီနေရာမှာဓာတ်ခဲဘယ်ကစလဲကနေရှင်းရပါမယ်။ဓာတ်ခဲဟာဒီမိုအစိုးရမတက်ခင်ကထဲကလိုင်ဇာမှာစဖွဲ့ခဲ့တာပါ။သူကNCA ထိုးချင်တာကိုဘစိန်လက်ထက်ကမအလကသူအပါအဝင်မြောက်ပိုင်းသုံးဖွဲ့ကိုလက်မခံခဲ့ရာကယခုအခြေအနေဖြစ်လာတာပါ။သူ့ရဲ့ယခုလူစုနိုင်မှု၊လက်နက်စုနိုင်မှုဟာဘင်္ဂါလီကိစ္စအပြီးမှာပိုအားကောင်းခဲ့ပါတယ်။ဒါတောင်ဒေသခံတွေကိုပြည်သူ့စစ်ဖွဲ့ပေးမယ့်အစီအစဉ်ကိုစစ်ရေးအမြင်ရှိတဲ့ပြည်သူ့အစိုးရကတားခဲ့လို့ယခုအချိန်မှာမိမိသင်ပေးတဲ့စစ်ပညာနဲ့မိမိတက်ကပြန်အတိုက်မခံခဲ့ရတာပါ။လက်နက်ကတော့ရောင်းမိလို့အချို့လက်နက်ကမိမိလက်နက်ပါ။

လက်ရှိအခြေအနေမှာသူ့တိုင်းရင်းသားကသူ့ကိုထောက်ခံနေပါတယ်။တပ်ကသူ့ရွာနားကဖြတ်သွားရင်သတင်းပို့ပါတယ်။ဒါကြောင့်သတင်းလက်ဦးမှုရပါတယ်။ဖြတ်တိုက်ခံရရင်ကျဆုံးမှုရှိပါတယ်။ဒါပေမယ့်သူတို့စခန်းကိုတွေ့ရင်ပုဇင်းတွေလေယဉ်တွေနဲ့တိုက်ရင်သူတို့အသေအပျောက်များပါတယ်။အပြန်အလှန်ပါဘဲ။ရေရှည်မှာလဲဒီလိုဘဲသွားပါမယ်။ယခုအဲ့ဒီနားမှာတပ်ရဲ့အမိန့်အရအင်တာနက်ဖြတ်လိုက်ပါပြီ။ယခင်ကလိုလိုင်းပေါ်ကလွယ်ကူစွာပြောလို့မရပါ။မက်ဆေ့နဲ့ဖုန်းခေါ်တာကထောက်လှမ်းရေးကလိုက်လို့ရသွားပါမယ်။ဒါကြောင့်ဓာတ်ခဲအားသာချက်ဟာဘယ်လိုပြောင်းမလဲစောင့်ကြည့်ရပါမယ်။ဓာတ်ခဲဟာပြောက်ကြားစနစ်နဲ့တိုက်လို့ရနေမှာဖြစ်ပေမယ့်စခန်းကြီးတော့အခြေချဖို့မလွယ်ပါ။ဒါကအရှိတရားပါ။

လောလောဆယ်မှာတော့ဓာတ်ခဲရဲ့၂၀၂၀အိမ်မက်ကြောင့်တိုက်ပွဲဆက်ဖြစ်နေပါမယ်။သူ့လူမျိုးကထောက်ခံနေသလောက်ဆက်ဖြစ်နေပါမယ်။၂၀၂၀လွန်မှာစစ်ပွဲကဘာမှမထူးလာရင်တော့သူတို့အထဲမှာအတွေးအခေါ်ပြောင်းလာနိုင်ပါတယ်။

ဒီနေရာမှာဓာတ်ခဲထောက်ခံသူတွေအနေနဲ့ဦးညီပုကိုပြစ်တင်ပြောဆိုနေတာဟာမကောင်းပါလို့ပြောလိုပါတယ်။သတ္တိရှိရင်စစ်ပွဲကိုဖန်တီးတဲ့ဓာတ်ခဲထွန်းမြတ်နိုင်နဲ့မအလကိုသာပြောသင့်ပါတယ်။ဦးညီပုမှာတပ်ကိုအမိန့်ပေးနိုင်တဲ့အာဏာမရှိပါ။သူဟာမိမိအသက်ကိုမငဲ့ကွက်ဘဲတတ်နိုင်သမျှလုပ်နေသူပါ။ဦးညီပုဟာအကြမ်းမဖက်ဘဲမိမိပြည်နယ်မှာဖယ်ဒရယ်ရအောင်DASSK ဦးဆောင်မှုနောက်မှာကြိုးစားနေသူပါ။

နောက်ပြီးဒါကိုလူမျိုးရေးအနေနဲ့လုပ်ဆောင်တာဟာလဲမကောင်းပါ။သမိုင်းကိုပြန်ကြည့်ပါ။တပ်ဟာဗကပစစ်ဆင်ရေးကိုလဲယခုလိုလုပ်ခဲ့ပါတယ်။အဲ့ဒါဟာဗမာတွေနေခဲ့တဲ့နေရာတွေမှာပါ။နောက်ပိုင်းသူပုန်များစစ်ရှုံးပြီးပဲခူးရိုးမကနေနယ်ခြားဒေသကိုရောက်သွားလို့ဒီပြဿနာပေါ်တာပါ။

စာရေးသူတို့ဟာဘာသာခြားမိုလို့လက်ခုပ်တီးရင်နောက်ပိုင်းဘာသာတူကိုလဲလုပ်လာပါမယ်။လူမျိုးုခြားဆိုပြီးလက်ခုပ်တီးရင်လူမျိုးတူကိုလဲလုပ်လာပါမယ်။အာဏာရှင်မှာလူမျိုး၊ဘာသာမခွဲခြားပါ။အာဏာရှင်ဟာ၁၉၈၈မှာဗမာဆိုပြီးရန်ကုန်နဲ့မန္တလေးကဆန္ဒပြသူတွေကိုမပစ်ဘဲမထားပါ။ထို့အတူဘဲရွှေဝါရောင်ဘုန်းကြီးတွေကိုလဲဘာသာတူဆိုပြီးမပစ်ဘဲမထားပါ။

တိုင်းရင်းသားတွေစဉ်းစားရမှာကလူမျိုးရေးဘာသာရေးအနေနဲ့ပြဿနာကိုမတွေးဘဲမိမိတို့လက်နက်ကိုင်များကိုမပြောဘဲဖိအားမပေးဘဲဒီမိုအစိုးရသိက္ခာကျအောင်အပြစ်ပြောမယ်ဆိုရင်ငြိမ်းချမ်းရေးဟာကြာနေပါမယ်။

ဒါမှမဟုတ်ဘဲအာဏာရှင်ဟာလူမျိုးဘာသာမရွေးဖိနှိပ်တယ်အာဏာရှင်ကိုဒီမိုအစိုးရနဲ့ပေါင်းပြီးတွန်းလှန်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့လုပ်ရင်တော့မြန်ပါမယ်။အားလုံးစဉ်းစားကြပါ။

665 views2 comments

2 Comments


Myat Tun Oo
Myat Tun Oo
Jun 24, 2019

မွန္ပါတယ္။

Like

Hlakyaw Moe
Hlakyaw Moe
Jun 24, 2019

မူးယစ္ေဆးလမ္းေၾကာင္းလက္ဝါးၾကီးအုပ္နိုင္မွဳကအင္အားေကာင္းေစပါတယ္

Like
bottom of page