top of page
Search
Writer's pictureMyat Tun Oo

ရခိုင္မွာအင္တာနက္ပိတ္တာဘယ္သူလဲ



မေရးေတာ့ဘူးလို႔ေနေပမယ့္မခံႏိုင္လို႔ေရးပါမယ္။မနက္ကတင္ထားတဲ့ရခိုင္မွာဘယ္ေတာ့ၿငိမ္းခ်မ္းမလဲေဆာင္းပါးမွာလဲပါပါတယ္။

ရခိုင္မွာရခိုင္လူမ်ိဳးေတြကတပ္အေရႊ႕အေျပာင္းကိုဓာတ္ခဲကိုအင္တာနက္ကသတင္းေပးတယ္။ဓာတ္ခဲကေစာင့္တိုက္တယ္။အေသအေပ်ာက္ရွိတယ္။ဓာတ္ခဲစခန္းကိုေတြ႕ရင္ေတာ့တပ္ကလက္နက္ႀကီးေတြ၊ရဟတ္ယဥ္ေတြ၊ေလယဥ္ေတြနဲ႔ပစ္ရင္ဓာတ္ခဲအေသအေပ်ာက္ရွိတယ္။စခန္းက်တယ္။ဒါကပကတိအေျခအေနပါ။မည္သူ႔ဘက္မွလိုက္မေရးပါ။

ဒီေနရာမွာလိုင္းျဖတ္လိုက္ရင္သူကဖုန္းေခၚဒါမွမဟုတ္မတ္ေဆ့ပို႔မွရမယ္။ဒါဆိုစရဖကလိုက္လို႔ရမယ္။ဘယ္ေဒသခံသတင္းေပးလဲသိပါမယ္။သူတို႔ရဲ႕တည္ေနရာကိုသိပါမယ္။

ဒါေၾကာင့္တပ္ကအစိုးရကိုအင္တာနက္ျဖတ္ေပးဖို႔ျပည္ထဲေရးနဲ႔ေပါင္းၿပီးတင္ျပတယ္။ဒါေၾကာင့္အစိုးရကလုပ္ေပးရတယ္။ဒါကိုဖြတ္နဲ႔တပ္ကအစိုးရကဘဲလုပ္သေရာင္ေျပာေနတာဟာမွားေနပါတယ္။မိမိလုပ္ခိုင္းတာကိုဝန္ခံပါ။ဖြတ္ကေသာင္းေအးကလဲရခိုင္ပါတီဘက္ကေရာင္ေရာင္နဲ႔အက္တာနက္ျဖတ္တာမေကာင္းဘူးဘာညာနဲ႔ႏိုင္ငံေရးအျမတ္ထုတ္တာဟာအ႐ူးကြက္နင္းတာပါ။

ရခိုင္ပါတီကျပန္ဖြင့္ေပးဖို႔ေတာင္းဆိုတာကနားလည္ႏိုင္ပါတယ္။ဒါေပမယ့္အမည္မသိတပ္ကဆိုၿပီးသူတို႔ပိတ္တာမဟုတ္ဘူးဆိုၿပီးဝိနည္းလြတ္ေျပာေနတာဟာႏိုင္ငံေရးအျမတ္ထုတ္ေနသလိုျဖစ္ေနပါတယ္။

လူေတြေရွ႕မွာေပၚတင္ထြက္ၿပီးမအလကရခိုင္မွာအင္တာနက္ျပန္ဖြင့္ေပးလိုက္ပါလို႔အစိုးရကိုေျပာလိုက္ပါ။ဒီေန႔ေျပာမနက္ျဖန္ပြင့္သြားပါမယ္။ရခိုင္မွာအင္တာနက္ပိတ္လို႔အစိုးရမွာအက်ိဳးအျမတ္မရွိပါ။

Unicode version

ရခိုင်မှာအင်တာနက်ပိတ်တာဘယ်သူလဲ

မရေးတော့ဘူးလို့နေပေမယ့်မခံနိုင်လို့ရေးပါမယ်။မနက်ကတင်ထားတဲ့ရခိုင်မှာဘယ်တော့ငြိမ်းချမ်းမလဲဆောင်းပါးမှာလဲပါပါတယ်။

ရခိုင်မှာရခိုင်လူမျိုးတွေကတပ်အရွှေ့အပြောင်းကိုဓာတ်ခဲကိုအင်တာနက်ကသတင်းပေးတယ်။ဓာတ်ခဲကစောင့်တိုက်တယ်။အသေအပျောက်ရှိတယ်။ဓာတ်ခဲစခန်းကိုတွေ့ရင်တော့တပ်ကလက်နက်ကြီးတွေ၊ရဟတ်ယဉ်တွေ၊လေယဉ်တွေနဲ့ပစ်ရင်ဓာတ်ခဲအသေအပျောက်ရှိတယ်။စခန်းကျတယ်။ဒါကပကတိအခြေအနေပါ။မည်သူ့ဘက်မှလိုက်မရေးပါ။

ဒီနေရာမှာလိုင်းဖြတ်လိုက်ရင်သူကဖုန်းခေါ်ဒါမှမဟုတ်မတ်ဆေ့ပို့မှရမယ်။ဒါဆိုစရဖကလိုက်လို့ရမယ်။ဘယ်ဒေသခံသတင်းပေးလဲသိပါမယ်။သူတို့ရဲ့တည်နေရာကိုသိပါမယ်။

ဒါကြောင့်တပ်ကအစိုးရကိုအင်တာနက်ဖြတ်ပေးဖို့ပြည်ထဲရေးနဲ့ပေါင်းပြီးတင်ပြတယ်။ဒါကြောင့်အစိုးရကလုပ်ပေးရတယ်။ဒါကိုဖွတ်နဲ့တပ်ကအစိုးရကဘဲလုပ်သရောင်ပြောနေတာဟာမှားနေပါတယ်။မိမိလုပ်ခိုင်းတာကိုဝန်ခံပါ။ဖွတ်ကသောင်းအေးကလဲရခိုင်ပါတီဘက်ကရောင်ရောင်နဲ့အက်တာနက်ဖြတ်တာမကောင်းဘူးဘာညာနဲ့နိုင်ငံရေးအမြတ်ထုတ်တာဟာအရူးကွက်နင်းတာပါ။

ရခိုင်ပါတီကပြန်ဖွင့်ပေးဖို့တောင်းဆိုတာကနားလည်နိုင်ပါတယ်။ဒါပေမယ့်အမည်မသိတပ်ကဆိုပြီးသူတို့ပိတ်တာမဟုတ်ဘူးဆိုပြီးဝိနည်းလွတ်ပြောနေတာဟာနိုင်ငံရေးအမြတ်ထုတ်နေသလိုဖြစ်နေပါတယ်။

လူတွေရှေ့မှာပေါ်တင်ထွက်ပြီးမအလကရခိုင်မှာအင်တာနက်ပြန်ဖွင့်ပေးလိုက်ပါလို့အစိုးရကိုပြောလိုက်ပါ။ဒီနေ့ပြောမနက်ဖြန်ပွင့်သွားပါမယ်။ရခိုင်မှာအင်တာနက်ပိတ်လို့အစိုးရမှာအကျိုးအမြတ်မရှိပါ။

713 views0 comments

Opmerkingen


bottom of page