မနေ့က DASSK ရဲ့ စာလေးကိုဖတ်အပြီးမှာ အတွေးများစွာ ဝင်ခဲ့ရပါတယ်။ ဖြစ်စဉ်က တရာ:ဟောဆရာက လူစုတရားဟောခဲ့တယ်။ တိုင်းအစိုးရက အရေးယူဖို့ အမိန့်ထုတ်တယ်။ ဒီအမိန့်စာက သမ္မတရုံးအမိန့်စာနည်းတူ လိုင်းပေါ်ရောက်တယ်။ ခရစ်ယန်အုပ်စုတွေထဲမှာ ဝေဖန်ကြတယ်။ ဒါကိုလဲတွေ့တယ်။ နောက်တရားဟောဆရာနဲ့ ဒုသမ္မတပုံတက်လာတာလဲတွေ့တယ်။ တရားဟောဆရာနဲ့ ဝန်ကြီးကိုမင်းသူမိန်းမပုံလဲတွေ့ပါတယ်။ ဒါကြောင့် ဒီတရားဟောဆရာက VIP ဆိုတာသိပြီး ကွီးကို စိတ်ပူခဲ့ပါတယ်။ ဒီစိတ်ပူမှုဟာ တကယ်ဖြစ်လာခဲ့ပါတယ်။
ည ၇ နာရီလောက်က DASSK စာမှာ “ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ထပ်ဆင့်လုပ်ဆောင်ချက်ကြောင့်လို့” ရေးထားလို့ သူမဟာ ရန်ကုန်အစိုးရက တရားဟောဆရာကို အရေးယူတာကို ထိုဘာသာဝင်အချို့က မကျေနပ်ကြောင်းရေးတာကို သူမချက်ချင်းသိတယ်ဆိုတာကို ပြပါတယ်။ ရန်ကုန်တိုင်းအစိုးရဟာ ရန်ကုန်မှာ ဖြစ်တာကိုသာ အရေးယူလို့ရပြီး သူ့တိုင်းပြင်ပကပွဲတွေကို အရေးယူလို့မရပါ။ ဒါပေမယ့် ညပိုင်းမှာ တနင်္သာရီတိုင်းက ဘုန်းကြီးပျံလဲ အရေးယူမယ်ဆိုတာ အမိန့်ထွက်လာပါပြီ။ အချို့ ဘာသာရေးအစွန်းရောက်များက ငါတို့ကျအရေးယူတယ် သူ့ဘာသာကြတော့ အရေးမယူဘူးဖြစ်မှာစိုးလို့ပါ။အမှန်က သူ့ဝန်ကြီးချုပ်က သူတိုင်းထဲမှာသာ အရေးယူလို့ရတာပါ။
ဒီနေရာမှာ သူမအနားနေသူများက ကွီးဖြိုးမကောင်းကြောင်းကို အမြဲတင်ပြလေ့ရှိပြီး တပ်အကြောင်းကို တင်ပြလေ့မရှိပါလို့ စာရေးသူပြောလေ့ ရေးလေ့ရှိပါတယ်။ စာရေးသူဟာ စာရေးရင် ဘာသာရေး၊လူမျိုးရေး ရှောင်ရေးပါတယ်။ ယခင်လဲရှောင်ပါတယ်။ ယခုလဲ ရှောင်ပါတယ်။ နောင်လဲ ရှောင်ပါမယ်။စာရေးသူတင်ထားသမျှဖတ်ကြည့်ပါ။
ဒါပေမယ့် ဖြစ်စဉ်ကိုတော့ အမှန်အတိုင်းသိသလောက်တင်ပြပါမယ်။ လက်ရှိထွေအုပ်ဝန်ကြီးနဲ့ အတိုင်ပင်ခံရုံးဝန်ကြီးတွေက ဘာသာတူပြီး အမျိုးတွေပါ။ ဒါကြောင့် သူတို့ဟာ ဒီအမိန့်စာကြောင့် သူတို့အသိုင်းအဝိုင်းက ရေးတာ ဝေဖန်တာကို စာရေးသူတို့ထက် ပိုသိနိုင်ပါတယ်။ ဒါကြောင့်သူတို့ကတင်ပြရင် DASSK သိနိုင်ပါတယ်။ တပ်ကလာတဲ့ ဝန်ကြီးကိုမင်းသူရဲ့ အမျိုးသမီးဟာ ဒုသမ္မတအမျိုးသမီးနဲ့အတူ ထိုတရားဟောဆရာပွဲ တက်ခဲ့ပါတယ်။ ပြီးတော့ ထမင်းအတူစားခဲ့ပါတယ်။ သူကဒီတရားဟောဆရာကို ကိုးကွယ်သူပါ။ သူမအမျိုးသားက DASSK နဲ့ အနီးဆုံးနေရတဲ့ ဝန်ကြီးပါ။DASSKက ဘရွှေသမက်နာရေးကို ဝမ်းနည်းကြောင်းရေးရာမှာ ဆရာမင်းသူထံကသိကြောင်း ထည့်ရေးထားပါတယ်။ သူမထံ သတင်းစီးဆင်းပုံဟာ ပုံမှန်မဟုတ်ကြောင်း အထောက်အထားများနဲ့ ရေးပြပါ့မယ်။
ပထမ ထွန်းမြတ်နိုင်မိန်းမကို ပြည်ထဲရေးက သူမနဲ့ကလေးတွေရဲ့ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ပြီး စဖမ်းဖို့ လုပ်ပါတယ်။ DASSK မသိခဲ့ပါဘူး။ ဒါနဲ့ ထိုင်းစစ်တပ်က ဖမ်းပြီးပြန်ပို့ဖို့လုပ်တယ်။ ဒါပေမယ့်ဟိုက နိုင်ငံရေးခိုလှုံခွင့်တောင်းပါတယ်။ အဲ့ဒီအချိန်မှာမ နိုင်ငံခြားရေးရုံးကသိတယ်။ DASSK က ထွန်းမြတ်နိုင်ကလေးတွေနဲ့ ထွန်းမြတ်နိုင် ဘာမှမဆိုင်ဘူးဆိုတာသိတယ်။ ဒါကြောင့် ထိုင်းအစိုးရကိုအကြီးအကျယ်မကန့်ကွက်ဘူး။ ပြဿနာမရှာခဲ့ပါ။ ဒါကြောင့် ထွန်းမြတ်နိုင်မိန်းမ နိုင်ငံရေးခိုလှုံခွင့်နဲ့ထွက်လို့ရခဲ့ပါတယ်။ ဒီလိုအကြောင်းမျိုးကို စဖမ်းကထဲက DASSK ကို သူမအနားက တပ်ကဝန်ကြီးဆရာမင်းသူတို့၊ ဇော်ဌေးတို့က မပြောပါဘူး။
ကွီးက သတင်းသမားကို တရားစွဲရင် DASSK ချက်ခြင်းသိပါတယ်။ တပ်က တရားစွဲရင် ကမ္ဘာ့သတင်းမှာ ပါလာမှသိတယ်။ အနားကလူက သူမကို မပြောဘူး။ သတင်းထိန်ချန်တယ်။
နောက်ရက်ပိုင်းအတွင်းက VOM၊ Narinjara၊ ခေတ်သစ်တို့ကို ဓာတ်ခဲနဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းဖို့လုပ်တယ်။ သတင်းသမားတွေ ဝိုင်းအော်တယ် သူမထံမရောက်ဘူး။ သူမ Facebook page မှာ ဘာမှ မတင်ဘူး။ သတင်းသမားအချို့ကို စာရေးသူလဲ မကြိုက်တာကို စာရေးသူရေးတာ ဖတ်သူတိုင်းသိမှာပါ။ ဒါပေမယ့် သတင်းသမားကိုဖမ်းတဲ့ ဥပဒေက မှားနေပါတယ်။ သူမကို တိုက်ရိုက်တင်ပြခဲ့တာ မရှိပါ။
ယခု ကွီးဖြိုးက တရားဟောဆရာနဲ့အဖွဲ့ကို အရေးယူလို့ ခရစ်ယန်ကိုးကွယ်သူအချို့ မကျေနပ်ဖြစ်တယ်။ ဒီတရားဟောဆရာက ဒုသမ္မတ ဇနီးနဲ့လဲသိသလို ဝန်ကြီးဆရာမင်းသူ အမျိုးသမီးနဲ့လဲ သိသူပါ။ VIP၊ သူတို့ဘာသာဝင်အချို့က လိုင်းပေါ်တက်ဖွတယ်။ ဆရာမင်းသူမိန်းမက DASSK အိမ်ထဲကိုတံခါးမရှိ ဝင်ထွက်ခွင့်ရသူ။ နေ့ချင်း DASSK Facebook မှာပါလာပါတယ်။ ကွီးဖြိုးက အရေးမယူရင်လဲ အခြားလူက လိုက်လုပ်ရင် ပိုဆိုးလာနိုင်ပါတယ်။ ဘူးလက်နဲ့ ဝီဝီ့ကို ကိုင်ခဲ့သူကွီးဟာ ဒီတရားဟောသမားကို အရေးမယူပြန်ရင်လဲ သူတို့ဟာ ဥပဒေအထက်ကို ရောက်သွားပါမယ်။ အိုကေ။ ဒါကဘာသာရေးမိုလို့ DASSK နားကလူတွေက စိုးရိမ်လို့ ရိုးသားစွာပြောတယ် တင်ပြတယ်ထားလိုက်ပါ။
ထိုနည်းတူစွာ ချင်းပြည်နယ် ပလက်ဝမှာ ဘာသာတူ လူမျိုးတူသူ ခရစ်ယန်တွေ ရခိုင်တွေ ပိတ်မိနေပါတယ်။ ဒါမတိုင်ခင် ပုဏ္ဏားကျွန်းမှာ လက်နက်ကြီးကျလို့ ၈ ဦးသေပြီး ၈ ဦးထက်မနည်း ဒဏ်ရာရတာတွေဟာ ဒီနေ့မတိုင်ခင် ၄၈ နာရီကျော်က ဖြစ်ခဲ့တာပါ။ နောက်ပလက်ဝနားမှာ ဧပြီ ၈ ရက်က တိုက်ပွဲဖြစ်လို့ ဒေသခံ ၇ ဦးသေ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကွီးကိစ္စကို နေ့ချင်းသိတဲ့ DASSK ဟာ ဒီလို ပလက်ဝမှာ လူတွေ ရိက္ခာပြတ်နေတာ လူတွေသေတာကို ပုဏ္ဏားကျွန်းကိစ္စက ၄၈ နာရီကျော် ကြာ၊ ပလက်ဝကိစ္စက တစ်ပတ်ကြာတာတောင် မသိတာဟာ သူမနားက မိုးကျများက ကွီးနဲ့သာ ရန်တိုက်ပေးပြီး တပ်ကလုပ်နေတာတွေကို မထောက်ပြတာ ထင်ရှားပါတယ်။ သူတို့ရဲ့ စိုးရိမ်မှုဟာ ဘာသာတရားနဲ့ လူမျိုးအတွက်အခြေမခံပါ။ သူတို့အကျိုးစီးပွါးအတွက် သူမနဲ့ ကွီးကို ရန်တိုက်ပေးဖို့သာ အဓိကဆိုတာထင်ရှားပါတယ်။ အဘလုပ်တာကြောင့် လူသေတာတောင် သူတို့မပြောရဲပါ။ စဉ်းစားကြည့်ပါ။
ယခုကိစ္စမှာ ခရစ်ယန်နဲ့ဖြစ်မှာစိုးလို့ဆိုရင်လဲ ပလက်ဝမှာ ပိတ်မိနေတာတွေကလဲ ခရစ်ယန်တွေပါ။လူမျိုးတောင် တူပါတယ်။ ဘာသာလူမျိုးချင်းတူတဲ့ အင်းစိန်အသံကြားပြီး ပလက်ဝအသံယခုထက်ထိမကြားတာဟာ သူမအနားနေသူများရဲ့ ပေးလိုတဲ့သတင်းကိုသာ selective information ပေးတယ်ဆိုတာ ထင်ရှားပါတယ်။ သူမကို ထိုကိစ္စသိစေချင်လို့ အခြားဝန်ကြီးတွေကနေ ပြောရတဲ့အဆင့်ပါ။ ဘာလို့လဲဆိုတော့ ကွီးတရားဟောဆရာဖမ်းတာက ဘာမှမဖြစ်ဘဲ ပလက်ဝမှာဖြစ်နေတာ လူသေနေတာကICJ ရောက်နိုင်လို့ပါ။ အဲ့ဒီလောက်အထိ အရေးကြီးတာပါ။
NLD က လူကြီးများလဲ သူမအနားမှာ သူမအိမ်ဝင်းအတွင်းမှာ NLD ကလူများ ဝင်ထွက်သွားလာနိုင်အောင် လုပ်ပေးကြပါ။ မဟုတ်ရင်တော့ 😭😭😭😭။ ဒါဟာတိုင်းပြည်အတွက် အင်မတန်မှအရေးကြီးလို့ပါ။ အာဏာသိမ်းတယ်ဆိုတာ တပ်နဲ့သိမ်းမှ မဟုတ်ပါ။ DASSK နားမှာ သက်တော်စောင့်ဦးစိုးဝင်းမရှိရင် တပ်က ဘာမှအထွေအထူးလုပ်စရာ မလိုတော့ပါ။ ကျန်တာက တပ်ထွက်တွေမိုလို့ပါ။
စာရေးသူရေးတဲ့စာ DASSK ထံရောက်ပါ့မလား? မထင်ပါ။ ဒါပေမယ့် သမ္မတများ သူ့သမက်ကတဆင့်ဖတ်မိခဲ့ရင် NLD က အခြားလူကြီးများ ဖတ်မိခဲ့ရင်ဆိုပြီး ရေးလိုက်တာပါ။
ကွီးဖြိုးလုပ်ရာမှာ အခြားကိစ္စမှားတာတွေရှိနိုင်ပါတယ်။ ဒီနေရာမှာတော့ သူ မမှားပါ။ ဘာသာရေးအမြင်ကျဉ်းမြောင်းမှုမှ လွတ်ကင်းပြီး တိုင်းရင်းသားများကို ကယ်တင်နိုင်ပါစေ။
ဒီအကောင့်ကျသွားလဲ ဆက်မရေးရုံပါ။
Credit: DVB, RFA, Eleven, Min Thu
Comments