မနေ့က Myanmar Now က ပုဇွန်တောင်မှာ ပြည်တော်သစ်အငှါးအိမ်ရာစီမံကိန်းမှာ မူလအိမ်ငှါးတွေကိုအခန်းစအပ်တာကို တင်ဆက်သွားပါတယ်။ ဒီကနေ တွေးစရာလေးတွေ အများကြီးရှိလာခဲ့ပါတယ်။ပထမဒီအိမ်ရာကို စဆောက်ခဲ့တာက လွန်ခဲ့တဲ့ နှစ် ၆၀ ဒီမိုအစိုးရ ဦးနုလက်ထက် ပြည်တော်သာစီမံကိန်းကပါ။ အဲ့ဒီနောက်ပိုင်း ပျက်စီးယိုယွင်းလာပေမယ့် အဘတို့လက်ထက် ဥပက္ခာပြုခဲ့ပါတယ်။ အဘတို့နဲ့ အဘတခရိုနီတွေက သူတို့အတွက် အကြီးအကျယ်မမြတ်ရင် ပြည်သူအတွက် လုပ်လေ့မရှိပါဘူး။ ဒီနေရာကို ပြန်ပြင်ဖို့ ရန်ကုန်က ကွီးဖြိုးဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ စတင်ခဲ့ပါတယ်။ ဒါဆိုရင် ဘာလို့ ဒီလောက်တောင်ကြာတာလဲ? ငါ့အဘတို့ဆို ချက်ခြင်းပြီးတယ်။ ဒီမိုအစိုးရဆိုတာက အာဏာရှင်မဟုတ်ပါ။ ဒါကြောင့် အဲ့ဒီမှာနေသူတွေ အများစုကျေနပ်အောင် ညှိနှိုင်းရပါတယ်။consultation phase ပေါ့။ ဒီမိုနိုင်ငံတွေမှာ အဲ့ဒီလို လုပ်ရပါတယ်။ အဘတို့လိုသေနတ်ထောက်ပြီး မင်းတို့ဆင်းဆိုလို့မရပါ။ ပြည်သူကို မျက်နှာမူရပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါ။ မြန်မာပြည်ကဖယ်ဒရယ်စနစ်မဟုတ်ဆိုတာ အားလုံးသိမှာပါ။ ကွီးဖြိုးက သူ့သဘောနဲ့ ဘာမှလုပ်လို့မရပါ။ ပြည်သူကသဘောတူမှ အထက်ကိုတင်ပြ၊ ပြီးရင် တိုင်းလွှတ်တော်၊ ပြီးရင်ပြည်ထောင်စု အဆင့်ဆင့်ဖြတ်ရပါတယ်။ အားလုံးအပြီးမှာ အဟောင်းကိုဖြိုဖျက်ဖို့ တင်ဒါခေါ်တာက ဇူလိုင် ၃၁ ၂၀၁၈ ပါ။ ပြီးတော့အသစ်ဆောက်ဖို့တင်ဒါခေါ်ပြီး အုတ်မြစ်ကို ဒီဇင်ဘာ ၃၁ ၂၀၁၈ မှာ ကွီးဖြိုးနဲ့ အစိုးရအဖွဲ့က ချခဲ့ပါတယ်။ ဒီနှစ်ဩဂုတ်လမှာ ပြည်သူ့ထံကို ပြန်အပ်နိုင်ခဲ့ပါပြီ။ အခန်းတွေက ငှါးခ ၂ သောင်းခွဲနဲ့ဓာတ်လှေခါးတွေပါပြီး ပုဇွန်တောင်မှာပါ။ အချို့အခန်းတွေက ပြည်သူတွေကို ဝန်ဆောင်မှုတွေပေးသွားဖို့လဲပါပါတယ်။ ဒါက ကွီးဖြိုးရဲ့ တိုင်းပြည်အပေါ်ထားတဲ့စေတနာ တနည်းပြောရရင် NLD အစိုးရရဲ့ ပြည်သူ့အပေါ်ထားတဲ့ စေတနာပါ။
ဒါတင်လားဆိုတော့ မဟုတ်ပါ။ သူ မထသကိုဖျက်ပြီး YBS ပြောင်းခဲ့ချိန်ကလဲ ရိုက်တာသတင်းမှာအဓိကကျတဲ့ ရန်ကုန်မြို့ရဲ့ ပြောင်းလဲမှုအနေနဲ့ကို သတင်းပါခဲ့တာပါ။ ဒါဘဲလားဆိုတော့ မဟုတ်သေးပါ။ ရန်ကုန်မှာ ဘတ်စကားစီးရင် ပိုက်ဆံအကြွေပေးစရာမလိုဘဲ ကဒ်နဲ့ပေးလို့ရတဲ့စနစ်ကို ဇူလိုင်၂၂ မှာ စတင်ခဲ့ပါတယ်။ ဒီစနစ်ဟာ စင်ကာပူ၊ အင်္ဂလန်နဲ့ အမေရိကန်နေသူတွေအတွက် ရယ်စရာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်လို အကြွေးဝယ်ကဒ်မသုံးဘဲ ပိုက်ဆံသာသုံးတဲ့ နိုင်ငံမှာတော့ မဟာခြေလှမ်းပါ။ သူက YBS ၂၀၁၇ စအပြီး ဒီကဒ်စနစ်ကို ၂၀၂၀ မှာမ စလိုက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တင်ဒါဥပဒေပြောင်းတာရယ် နောက်ပြီး ဒီကဒ်ကို အနောက်နိုင်ငံတွေမှာလို ဘတ်စကားတင်မဟုတ်ဘဲ ရထား၊ သင်္ဘောတွေမှာပါ သုံးနိုင်အောင်လို့ ကွီးဖြိုးက ရှေ့အနာဂတ်ကိုမျှော်ပြီး လုပ်လိုက်လို့ပါ။ သူ့ရဲ့ team အဖွဲ့မှာ ဒေါ်နီလာကျော်နဲ့ နော်ပန်းသင်ဇာမျိုးလဲ ပါဝင်အားဖြည့်လုပ်ကိုင်ခဲ့ပါတယ်။ teamwork လို့ပြောလဲရပါတယ်။ ဒါကဘာအရေးကြီးလဲဆိုတော့ ယခုလိုကိုဗစ်ဖြစ်ချိန်မှာနိုင်ငံခြားမှာတောင် ပိုက်ဆံကိုင်ပြီး အပေးအယူလုပ်ရင် ကိုဗစ်ကူးနိုင်လို့ ပိုက်ဆံတွေ လက်မခံလို့ ကြားနေရချိန်မှာ ကွီးရဲ့ YPS ရန်ကုန်ငွေပေးတဲ့စနစ်ကဒ်က ကိုဗစ်ရောဂါကူးစက်တာကို လျှော့ချရာမှာလဲအသုံးဝင်သွားခဲ့ပါတယ်။
ဒီလောက်ကတော့ ငါတို့အဘလဲ ခေါင်းဆောင်တတ်တယ် စီမံခန့်ခွဲတတ်တယ်ဆိုရင် ၁၉၆၂ ထဲက ဘာလို့ မလုပ်သွားခဲ့တာပါလဲ? မတတ်တာလား စေတနာမရှိတာလားဆိုတာ မေးစရာပါ။ အဘတများပြောတာက ဒီမိုတွေက ထောင်ထွက် စီမံမှုမတတ်ဘူးဆိုပြီး ဒီမိုက ယခု ငါးနှစ်မပြည့်ခင်မှာ လုပ်သွားတာက၁၉၆၂ ထဲက အဘတို့ တစ်ခုမှ မလုပ်တတ်ခဲ့တဲ့ အရာတွေပါ။
ပြည်သူတွေစဉ်းစားရမှာက ပြည်တော်သစ်အိမ်ရာလို အစိုးရကောင်းကို မတင်မိရင် အိမ်သစ်နဲ့နေရဖို့နောက်နှစ် ၆၀ ထပ်စောင့်ရမယ်ဆိုတာပါ။
Source: Myanmar Now, Yangon Region government, Global new lights of Myanmar, Myanmar times, Reuters
ဖတ်ရလို့ ကျေးဇူး
ကျွန်ုပ် ကြိုက်သော Myat Tun Oo ကျမ်းမာပါစေဗျား