မနေ့က စာရေးသူက “ကိုဗစ်အတွက်ဘယ်လိုဆေးရုံဆောက်ခဲ့ရလဲ” ဆိုပြီး ဆောင်းပါးလေးရေးပါတယ်။ ရည်ရွယ်ချက်က စင်ကာပူက ၁၅ နှစ်လောက်ပြင်တာကို ဒီက ၁၅ ရက်လောက်နဲ့ လုပ်ရတာ၊ဟိုမှာ ဒေါ်လာသန်း ၉၀၀ အကုန်ခံတာကို ဒီမှာက ပြည်သူ့ထံက အလှူခံလုပ်တာတွေ အဓိကရေးပါတယ်။
ဒီနေရာမှာ အထက်ကညွှန်ကြားလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်လုပ်တာ ဆေးတက္ကသိုလ်ကဆရာကြီးတွေရဲ့အကြံကိုယူတာ ဆောက်လုပ်ရေးသမားတွေ၊ ဆေးရုံတွေကလှူတာ အကုန်ထည့်ရေးထားပါတယ်။ ဒီနေရာမှာ အစိုးရနဲ့ ရန်ကုန်တိုင်းဝကခရဲ့ အခန်းကဏ္ဍက ဦးဆောင်မှု leadership ပေးတာပေါ့။ နောက်သူက လူလိုတော့ တပ်ကိုစာထုတ်ခေါ်တယ်။ တပ်က ပူးပေါင်းဆောင်ရွက်တယ်။ဒီနေရာမှာ သူနဲ့တပ်က ညွှန်ချုပ်ကိစ္စပြဿနာတက်ထားတာပါ။ သူကလဲ တိုင်းပြည်အတွက်လိုအပ်လို့ခေါ်ပြီး တပ်ကလဲ စစ်ဆေးတွေလွှတ်ပြီး ပူးပေါင်းဆောင်ရွက်တာဟာ တိုင်းပြည်အတွက် မင်္ဂလာရှိလို့ရေးလိုက်တာပါ။ တရုတ်ကလဲ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေလွှတ်ပြီးကူတာကိုလဲ ထည့်ရေးလိုက်ပါတယ်။ မင်္ဂလာရှိတဲ့အကြောင်း အဆိုးထဲက အကောင်းပေါ့။
ဒါပေမယ့် အဆိုးမြင်ဝါဒီတွေက လာပါပြီ။ ပထမက ကွီးဆန့်ကျင်သူ အကောင့်က ဒါကလူတစ်ယောက်ထဲလုပ်တာမဟုတ်ဘူး ဘယ်သူတွေလုပ်တာဆိုပြီး ရေးပါတယ်။ စာရေးသူရေးထားရာမှာလဲ အားလုံးက အတူလက်တွဲဆောင်ရွက်တယ်လို့ ရေးထားပြီးသားပါ။ ဒါပေမယ့် လုပ်ငန်းတိုင်းမှာ ခေါင်းဆောင်သူတော့ ရှိရပါတယ်။ ဒီကိစ္စမှာ ရန်ကုန်တိုင်းအစိုးရက ခေါင်းဆောင်ရတာပါ။ အဆိုပါအမျိုးသမီးကဘဲ လှူသူတွေကို ရေမတိုက်လို့ ရန်ကုန်တိုင်းအစိုးရကို အပြစ်ပြောရာမှာလဲ ပါခဲ့သူပါ။ သူ့ရည်ရွယ်ချက်က ကွီးဖြိုးဆန့်ကျင်ရေးအဓိကသဘောပါ။ အဆိုးမြင် ဘေးထိုင်ကန့်လန့်တိုက်ပေါ့။ DASSK ပုံတော့သူ့ဝေါပေါ်တင်ထားပါတယ်။ NLD ထဲက ကွီးဆန့်ကျင်သူဖြစ်နိုင်ပါတယ်။
နောက်က တပ်ဆန့်ကျင်ရေး။ ဘာမှမဆိုင်ဘဲ တပ်ကို လာဆဲသွားပါတယ်။ စာရေးသူရေးထားတဲ့အထဲတပ်ကိုဆဲစရာမပါပါ။ ဒါပေမယ့် သူကသူပုန် ဒါမှမဟုတ် ဘာပြောပြော ဆဲမှာဆိုတဲ့ ပုံစံပါ။
ဒါအပြီးမှာတော့ တရုတ်ဆန့်ကျင်ရေးနဲ့ ဖွတ်လာပါတယ်။ ဖွတ်ကလဲ တစ်ဆယ်ထဲက ငါးနုတ်နဲ့ ဖွပါတယ်။ အချို့ကလဲ အဘထားခဲ့တဲ့ပိုက်ဆံတွေဘယ်မှာလဲဆိုပြီး မရှိတဲ့ပိုက်ဆံကို ဘစိန်ကဘဲ ကုဋေလောက်ထားခဲ့တဲ့ပုံစံ လုပ်ရေးကြပါတယ်။ မပေးပေးပေး ငါ့ရွှေခွက်ပေးပေါ့။ ပြီးရင် အမေရိကန်က၁၇၆ သန်းပေးတယ်။ ဘယ်ရောက်သွားလဲဆိုပြီး စလုပ်ပါတယ်။ သူက အင်္ဂလိပ်စာမတတ်လို့အထင်လွဲတာ ဒါမှမဟုတ် သက်သက်ဖွပုံပါ။ အမေရိကန်ကလဲ ၁၇၆ သန်းကို ကိုဗစ်အတွက်ပေးတာမဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ မှာ ပေးခဲ့တာကို ရေးထားတာပါ။ ဒါက ဘစိန်မဆင်းခင် ဝုန်းသွားခဲ့ပြီးပါပြီ။ ကိုဗစ်အတွက်က ဒေါ်လာ ၃.၈ သန်းပါ။ ဒါကလဲ မတ် ၃၁ က ကြေညာလို့ ချက်ခြင်းမရောက်သေးပါ။ နောက် အမေရိကန်နဲ့ ဥရောပက လှူငွေအချို့ဟာ ဘင်္ဂါလီဒုက္ခသည်စခန်းကိုပေးပြီး မြန်မာပြည်နာမည်အောက် တတ်ထားတာလဲရှိပါတယ်။ အီးယူကကူမယ့် ယူရိုငါးသန်းက NGO တွေကနေတဆင့် အလုပ်မရှိတဲ့ အထည်ချုပ်အလုပ်သမတွေကို ပေးမယ်လို့ပြောပါတယ်။ သူတို့ရတာ မရတာဟာအစိုးရနဲ့မဆိုင်ဘဲ NGO နဲ့ သူတို့ မြန်ကူဆိုတဲ့ စနစ်ကနေပေးမှာပါ။
ဒီနေရာမှာ ပိုက်ဆံပေးရင်တောင် လိုနေတာက မေ့ဆေးဆရာဝန်တွေ၊ အသက်ရူစက်တွေ၊ PPE kit တွေပါ။ ပိုက်ဆံရှိတဲ့ အမေရိကန်နဲ့ အင်္ဂလန်တောင် အလုအယက်ဝယ်နေကြပါတယ်။ သူတို့ဆီက ဆေးပညာဆိုင်ရာ ဆရာဝန်တွေ လာကူဖို့ကတော့အိပ်မက်ထဲမှာတောင် မဖြစ်နိုင်သေးပါ။ သူတို့တိုင်းပြည်တွေမှာတောင် ဆရာဝန်တွေ သူနာပြုတွေ မလုံလောက်လို့ ခေါ်နေရပါတယ်။ ဒီအချိန်မှာ တရုတ်ကပစ္စည်းနဲ့ လူ လာကူတာဟာ ကောင်းပါတယ်။ အရာအားလုံးမှာ တရုတ်မုန်း၊ ကုလားမုန်း၊ အမေရိကန်မုန်းလို့မရပါ။ လိုအပ်ချိန်မှာ ကူညီလာသူကို ကျေးဇူးတင်ပြီး လိုတာကို ယူရမှာပါ။ လက်တွေ့မှာတရုတ်က ပိုးစစ်ရာမှာနဲ့ ဆေးနဲ့ဆိုင်ရာမှာ ကူညီနေပါတယ်။ ကောင်းတာကို ရေးတာပါ။ တရုတ်မကောင်းတာကို ရေးပြလို့လဲရပါတယ်။ ယခုအချိန်မှာ အကျိုးမရှိပါ။ ဒါက လက်တွေ့ကျတဲ့ အစိုးရရဲ့ မူဝါဒပါ။
လိုင်းပေါ်မှာ ဘာတွေ့ရလဲဆိုတော့ အဆိုးမြင်ဝါဒီများဟာလဲ ဆက်ပြီး အဆိုးမြင်နေကြတယ်ဆိုတာပါ။ဒီလိုလူတွေနဲ့ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေအုံးမှာပါ။
Credit: Phyo Min Thein, US State department, Al-Jazeera, Vox, တပ်ချုပ်ရုံး
Comentarios