၆ တန်းကျောင်းသား ၁၄ နှစ်အရွယ်ကျောင်းတက်နေပေမယ့် အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ယူနေမှာပါ။ သူဟာ စာရေးသူတို့ထက် သတ္တိရှိလို့ လေးစားပါတယ်။ မောင်အောင်မြင့်မြတ်တွေများလာရင် တိုင်းပြည်ဟာ စစ်ကျွန်ဘဝက လွတ်မှာပါ။ အာဆီယံထက် ပြည်သူတွေ လမ်းမှန်ပေါ် များများရောက်လာရင် အဆင်ပြေမှာပါ။ MIG မောင်းသူအိမ်ကို မီးရှို့တာကတော့ မအလတပ်ထဲမှာ အိမ်တွေကို နာမည်ပြောင်းဖို့ လုပ်လာပြီး ကြောက်လာတဲ့အထိပါ။ ယခုအချိန်မှာ မအလရဲ့ဖိနှိပ်မှုကို နည်းမျိုးစုံနဲ့ တွန်းလှန်လာကြတာဟာ အားရစရာပါ။ အချို့တပ်ရင်းမှူးဗျူဟာမှူးကတော်တွေဆို မုန့်ဟင်းခါးဆွမ်းကပ်ပြီး ယတြာချေနေကြပါပြီ။ တပ်ထဲမှာလဲ လုံခြုံရေးကျပ်လာပြီးဖုန်းစစ် ကွန်ပျူတာစစ်တာတွေကို ပိုလုပ်လာနေပါတယ်။ သူလဲမလုံခြုံဘူး။ အကြောက်ဆုံးက CDM လုပ်သူကိုမဟုတ်ဘဲ မောင်အောင်မြင့်မြတ်လို တပ်ထဲမှာ လက်နက်နဲ့ကင်းစောင့်ချိန် သူ့တပ်ကို ပြန်ပစ်မယ့်လူတွေကိုအကြောက်ဆုံးပါဘဲ။ လောလောဆယ်မှာ မဖြစ်သေးပေမယ့် စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်လာတဲ့တပ်မှာ ဒီမိုလိုချင်လို့မဟုတ်ရင်တောင် စိတ်ဖောက်ပြီး ဖြစ်လာနိုင်ပါတယ်။
top of page
bottom of page
Comments