top of page
Search
Writer's pictureMyat Tun Oo

လေးစားပါတယ်ဆရာမငြိမ်း


ဒီမိုတွေကို ကူညီတဲ့ ဆရာဝန်မလေးအငြိမ်းဆိုတာရှိတယ်။ သူက ချင်းဒေသဘက်မှာ လူနာတွေကိုကုပေးတယ်။ ပြည်သူတွေကို ကူညီတယ်။ ပြည်သူထဲက PDF ကိုလဲ ကူညီရတာပေါ့။ သူမကို လူတွေကလှူကြတယ်။ သူမက အောင်မြင်လာတော့ စရဖက သူမကို သိက္ခာချဖို့ စစ်ဆင်ရေးစတယ်။ဒါမျိုးလုပ်ရင် မအလက သူ့ဘောမအကေကာင့်တွေကိုမသုံးဘူး။ နိုင်ငံခြားက ဒီမိုယောင်ယောင်အကောင့်တွေ ဘောမဆရာဝန်တွေ အချို့က ဒီမိုဆိုပြီး profile ပြောင်းတာကလွဲပြီး ဘာမှမလုပ်တဲ့သူများကတဆင့် ကောလဟာလကိုဖြန့်တယ်။ စစ်ဆင်ရေးစတာက ပန်ဆယ်လို၊ မျိုးရန်နောင်သိမ်းနဲ့ ဆရာမငြိမ်းတို့ သုံးယောက်ကို။ စာရေးသူတို့ လူမျိုးကလဲ ဝေဖန်ရတာ ဝါသနာပါတယ်။အချို့ဆို ကိုယ်ကပြည်ပမှာထွက်ပြေးပေမယ့် ကွီးဖြိုးကို အသေခံထွက် ဘာညာပြောတာမျိုး။DASSK ဆိုလဲ ဝေဖန်တာဘဲ။

အဲ့ဒီလူတွေရဲ့ profile ကိုလေ့လာရာမှာ Lock ချထားတာ၊ နာမည်အတုလုပ်ထားတာတွေသာအများဆုံးတွေ့ရသလို အချို့က မဘသ၊ အချို့က မြန်မာပြည်ငြိမ်းချမ်းပါစေဆိုတဲ့ ခရိုနီအုပ်စု။ထားလိုက်ပါ။ စရဖက ဘယ်လိုလုပ်လုပ် မအောင်မြင်ခဲ့ပါဘူး။ သူ့ရည်ရွယ်ချက်က သူတို့နောက်လိုက် ဒီမိုငကြောင်များ ဘောမများကတဆင့် ကောလဟာလထုတ်ရင် ဆရာမငြိမ်းကို လှူတာရပ်သွားမယ်လို့ ထင်ခဲ့ပုံပါ။ ဒါပေမယ့် ပြည်သူတွေက ဆက်လှူခဲ့ပါတယ်။ ဒါနဲ့နောက်ဆုံးမှာနာမည်ဖျက်မရလို့ ဆရာမငြိမ်းကို ဖမ်းဝရမ်းထုတ် သူမအမေနဲ့အဖေကိုဖမ်းပြီး သူမရဲ့ ၂ နှစ်ကလေးတောင် ဘယ်ရောက်မှန်းမသိ ဖြစ်သွားရပါပြီ။

ဒီနေရာကနေ ဆရာမငြိမ်းကို ဦးခိုက်အလေးပြုပါတယ်။ ခွေးဟောင်တိုင်း ထမကြည့်ပါနဲ့ဆရာမ။ခွေးဆိုတာက အမေရီကန်ကခွေး၊ မလေးရှားခွေး၊ ထိုင်းခွေး၊ စင်္ကာပူခွေးနဲ့ စစ်ခွေးက အတူတူပါ။ခွေးကတော့ ဟောင်နေမှာပါဆရာမ။ ဒီခွေးတွေကိုမမှုဘဲ လုပ်စရာရှိတာကို ဆက်လုပ်ပေးပါ။ပြည်သူတွေလိုနေတာက ဆရာမလိုလူတွေပါ။ အဝေးက ဝေဖန်နေတဲ့ခွေးတွေမဟုတ်ပါဆရာမ။

In Burma, there is a doctor called “Dr Nyein” by locals. She treats patients in Chin State and helps displaced people and indirectly helps locals who rise up against the junta where they need medical help. She becomes famous and people donate to her. The army know that she is good at fundraising and helping locals who are cut off with the outside world by the military. So the military intelligent unit started the operation to discredit her, Pencillo (Burmese Blogger) and Myo Yan Naung Thein who is Burmese pro democracy expert. The military intelligent unit don’t use their normal Facebook account. The military used the diaspora who lived in US, UK, Singapore, Thailand and Malaysia. They pretend to be pro democracy activists but they are actually connected to the military one way or another. If you look at the profile of those critics and their supporters, their accounts are either locked or show nothing. They tried really hard to discredit Doctor Nyein and failed. Finally, the military issued an arrest warrant for her and arrested her elderly parents. There is no news for whereabout of her two year old child. What ASEAN is doing to help people of Myanmar? What US and UK are doing? Can you protect her and support her child at least? This is the gross violation of Human Rights. I would like to salute Dr Nyein for her sacrifice. Dr Nyein, please continue the noble job of looking after wounded and displaced people. People need you and your country needs you Dr Nyein. Please ignore those critics who are like dogs. They will bark forever and this is the duty of the dog.

372 views2 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

2 Comments


ayeyarr
ayeyarr
Oct 09, 2021

WALK ON LADY NYEIN!

Like

Myint Soe Oo
Myint Soe Oo
Oct 09, 2021

ဦးမြတ်!! အကြင်နာ( ကရုဏာ )နှင့် အမှားအမှန်ကို ဆုံးဖြတ်နိုင်စွမ်း (ပညာ)

တွဲဖက်လျက် အများကောင်းကျိုးဆောင်ရွက်သူ{ ဖွံ့ထွားသန်မာသော အပင်မှ စိုစိုထွားထွား အညွန့်အတက်များ တလူလူ ထွက်သကဲ့သို့၊ကောင်းမြတ်သော အရည်အသွေးများ ပြည့်စုံသူကို}

*လူ*ဟူ၍ခေါ်ကြောင်း ကိုးကွယ်ခံ ဆရာတော်၏ အဆုံးအမကို နာကြားခံယူခဲ့ဖူးပါသည်။

လူကို ပါဠိဘာသာဖြင့် မနုဿဟု ဖွင့်ဆိုပါသည်။

အထက်ဖော်ပြပါ အရည်အချင်းမရှိသူများကို **အမနုဿ**ဟုခေါ်ဆိုပါသည်။ သို့ပါ၍ ပရိတ်ကြီး အမွန်းတွင်

အမနုဿတောဝါ ၊ အသပ္ပုရိသတောဝါ( လူရမ်းကားတို့၏ ဘေး }တွင်ပါရှိပါသည်။

ယခုအခါ ဘေးအပေါင်းသင့်နေသည်မှာ

မည်သူများကြောင့်ဖြစ်ရသည်ကို တွေ့မြင်နိုင်ပါသည်။

ခေတ်အတန်းသင် ပညာမည်သို့တတ်စေကာမူ အကြင်နာ မေတ္တာ မခြံရံပါက ဖော်ပြပါ အဆုံးအမအရ လူဟူ၍ ခေါ်ရန်

ခဲယဉ်းပါလိမ့်မည်။

ဆရာဝန်မလေး အငြိမ်းကို ဆရာကြီးတင်မိုး၏ စာစကားဖြင့် ဂုဏ်ပြုအပ်ပါသည်။

**အနာ စင်တဲ့ ပန်းကို ရွေးကောက်ပြီး နှစ်သက်သလို ပန်ဆင်ကြပါ။

***ပန်း အလှကို ဈေးခင်းသူထက် ၊ ပန်ဆင်သူက ပိုမြင်ပါတယ်။


မေတ္တာဖြင့်


Like
bottom of page