စာရေးသူ မိုင်တဲတာဝါတိုင်အကြောင်း ဖေဖော်ဝါရီ ၁၇ မှာ စရေးခဲ့ပါတယ်။“https://www.myattunoo.com/post/cdm-က-သ-ထ-ရ-က-သ-က-န-သ-ယ-ရ-လမ-က-င-ပ-တ-ဆ-မ” ။အဲ့ဒီအချိန်ကတော့ ဆန္ဒပြပွဲတွေသာ ရှိနေချိန်ပါ။ စာရေးသူကို ဆဲသူများတောင်ရှိခဲ့ပါတယ်။ ယခုအချိန်မှာ မိုင်တဲတာဝါတိုင်တွေဟာ ပစ်မှတ်ဖြစ်နေပါပြီ။ စက်တင်ဘာလလယ်မှ စဖြစ်ခဲ့လို့ စာရေးသူရေးတာနဲ့ ခုနှစ်လလောက်ကွာပါတယ်။
ယခုဖက်ဆစ်တပ်ဟာ ချင်းပြည်နယ်ထန်တလန်မှာ ပြည်သူတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ပစ်တာအားလုံး ဝမ်းနည်းစွာ တွေ့မြင်ရမှာပါ။ ဒါဟာ စစ်ရာဇဝတ်မှုပါ။ ဒါကို ဘယ်လိုတုန့်ပြန်ကြမလဲ? ICC နဲ့ ICJ က နောက်ဘုရားပွင့်တာတောင် မသေချာသေးပါ။ ကြာပါတယ်။ ခွေးစိတ်ဝင်နေသူများကိုလက်တုန့်ပြန်ရမှာက ယခုအချိန်ပါ။ ဒါပေမယ့် အဆိုပါပစ်သူများနဲ့ ၎င်းတို့ရဲ့မိသားစုများဟာ တပ်ထဲမှာသာ နေနေလို့ လုပ်ရခက်နေတာတွေ့ရပါတယ်။ သူတို့ဟာ အပြင်မထွက်လို့တော့ မရပါ။ ဥပမာ အဲ့ဒီမြို့က တပ်ထဲကလူတွေ သူတို့မိသားစုတွေဟာ အကြောင်းတစ်ခုခုနဲ့ အပြင်ကို ထွက်ရမှာပါ။ အချိန်ပါဘဲ။ သွေးမအေးနေဘဲ စောင့်ကြည့်ပြီး လက်စားချေဖို့သာလိုတာပါ။
ဒီလိုမှ မလုပ်ချင်ရင် ဘယ်လိုလုပ်မလဲ? စစ်တပ်ထဲမှာ တပ်သားတိုင်း၊ တပ်ကြပ်ကြီးတိုင်းကိုလက်စားချေဖို့မလွယ်ပါ။ တာဝန်ယူမှု တာဝန်ခံမှုအရ ဒုဗိုလ်မှူးကြီးအဆင့်ဟာ တပ်ရင်းမှူးဖြစ်ပြီးဗိုလ်မှူးကြီးအဆင့်ဟာ ဗျူဟာမှူးပါ။ ဗိုလ်မှူးချုပ်ဟာ တပ်မမှူးနဲ့ တိုင်းမှူးအဆင့်ပါ။ ဒါဆိုရင် ဘယ်လိုတုန့်ပြန်မလဲ? အဆိုပါအဆင့်တွေမှာ ပိုင်ဆိုင်မှုတွေ တိုက်ခန်းတွေ၊ မြေကွက်တွေ၊ အိမ်တွေရှိပါတယ်။သူတို့ရဲ့မိဘတွေမှာ အိမ်တွေရှိပါတယ်။ သူတို့ရဲ့ ယောက္ခမတွေမှာ အိမ်တွေရှိပါတယ်။ သူတို့ကို ယခုလို မဆိုင်တဲ့ပြည်သူတွေကို သတ်ဖြတ်နေတာရပ်ဖို့ တရားဝင်ကြေညာသင့်ပါတယ်။ မရပ်ခဲ့ရင် မိမိတို့ရပ်ကွက်ထဲက သူတို့မိဘတွေရဲ့အိမ်၊ ယောက္ခမတွေရဲ့အိမ်တွေ၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူတွေက မိုင်တဲတာဝါတိုင်လို လုပ်မလား၊ အုပ်ကြီးတွေလိုလုပ်မလား ဆုံးဖြတ်ပြီးသာ လုပ်ကြရမှာပါ။ ဒါကိုမအလစစ်ကောင်စီ လူကြီးပိုင်းအစည်းအဝေးမှာ သူတို့မဆိုင်သူကိုဖမ်းလို့ သတ်လို့ တပ်ထဲကလူအလယ်အလတ် ဒုဗိုလ်မှူးကြီးအထက်တွေ ပိုင်ဆိုင်တဲ့ အရာတွေကို တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ ဆိုတာကြိုတွေးပြီး ကြောက်ခဲ့ကြပါတယ်။ သူတို့ရဲ့ ယူဆချက်က သူတို့တပ်ကလုပ်ပေမယ့် မြန်မာလူမျိုးက မလုပ်ပါဘူးဆိုတဲ့ ယူဆချက်ပါ။ သူတို့ဟာ တပ်ချုပ်ကြီး ရန်ကုန်အိမ်ကို လုံခြုံရေးပေးနိုင်ပေမယ့်နိုင်ငံအနှံ့မှာ ရှိနေတဲ့ သူတို့အငယ်တွေရဲ့ပိုင်ဆိုင်မှုတွေကို လုံခြုံရေးမပေးနိုင်ပါ။ ဥပမာ မဲလုံးက သူ့အမေကို အာဏာမသိမ်းခင်ကထဲက ကြိုပြီး တပ်ထဲခေါ်ထားနိုင်ပေမယ့် သူ့အမေအိမ်ကတော့ ရောင်းခဲ့တာမဟုတ်ပါ။ ဒါကိုရပ်ကွက်ထဲက ပြည်သူတွေက သိပါတယ်။ ရပ်ကွက်ထဲမှာ ဘယ်အိမ်က ရဲမှူးကြီးပိုင်တာ၊ ဘယ်အိမ်က ဗိုလ်မှူးပိုင်တာ သိကြပါတယ်။ ဘယ်အိမ်က သူ့သားက စစ်တပ်ထဲမှာ ဘာအဆင့်ဆိုတာ သိကြပါတယ်။ ဒါတွေကို NUG ကနေ လုပ်မရသလို PDF ကလဲ လုပ်မရပါ။ ဒါပေမယ့် ပြည်သူက ဒဏ်ခတ်လို့ရပါတယ်။ ဥပမာ ဇော်မဲလုံးအမေ့အိမ်ကို သွားမီးမရှို့ပါနဲ့။ ဇော်မဲလုံး စိတ်ဆင်းရဲမှာ စိုးလို့ပါ။ သူက မအလအစ်ကိုအိမ် လုံခြုံရေးပေးနိုင်ပေမယ့် တပ်ထဲက ဗိုလ်မှူးမိဘအိမ်တိုင်းဒုဗိုလ်မှူးကြီးမိဘအိမ်တိုင်းကို လုံခြုံရေးမပေးနိုင်ပါ။ တပ်ထဲမှာလဲ သိပါတယ်။ ဒါဟာ သူတို့ရဲ့အားနည်းချက်ဆိုတာ။ ဒါပေမယ့် အာဏာမသိမ်းခင်မှာ လူတိုင်းတပ်ထဲခေါ်ထားဖို့ မဖြစ်နိုင်ခဲ့ပါ။ သူတို့ပိုင်ဆိုင်မှုတွေ ရောင်းချဖို့ဟာလဲ မဖြစ်နိုင်ခဲ့ပါ။ ယခုလို တပ်ကတွေးထားတဲ့ အားနည်းချက်ကိုရေးပြရတာက ပြည်သူတွေမြင်နိုင်အောင်ပါ။
ပြည်သူတွေကို စစ်ရာဇဝတ်မှုတွေကျူးလွန်နေခဲ့တာက များနေပါပြီ။ အချိူ့ကိစ္စတွေက ပြန်မဆုံးမရင် ယခုထက်ပိုဆိုးလာပါမယ်။ ပြည်သူတွေမှာ ဘယ်သူကဘာပိုင်လဲသိပါတယ်။ သတင်းကိုမျှဝေကြပါ။ ဒဏ်ပေးချိန်တန်ပါပြီ။ ခွေးကို တရားသွားဟောလို့မရပါ။ ခွေးဟာ ရိုက်မှငြိမ်တာပါ။ တပ်ရင်းတွေထဲကို ဝင်တိုက်လို့မရပေမယ့် သူတို့မိဘတွေက အပြင်မှာ ရှိနေပါတယ်။ ဘာလုပ်မလဲဆိုတာက ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ ရန်ငါပြတ်ချိန်တန်ပါပြီ။ လူနေအိမ်ကိုပစ်တဲ့ မဆိုင်သူကိုဖမ်းတဲ့ စစ်ခွေးတွေကို သူတို့မိဘတွေ ယောက္ခမတွေကိုလဲ သူတို့လုပ်ခဲ့သလို ပြည်သူက ဆုံးမရမှာပါ။ ရင်ကြားစေ့ရေးကပြီးသွားခဲ့ပါပြီ။
ဦးမြတ်!!!သူတို့တတွေ ကိုယ်ကျင့်ယုတ်လေ အများကမုန်း ၊ ပစ္စုပ္ပန်ဘဝမှာလည်း ဆုံးရှုံးနေရပါသည်။ တပ်အားနည်းရခြင်းအကြောင်းအချက်က ကိုယ်ရံတော်အင်အား အပေးများနေရသောကြောင့်ပါ။
အရေးပါသော ဒလန် သူမြို့သူပြန်တာကို
လေဆိပ်မှ အိမ်အထိ လုံခြုံရေး ယူပေးရသော သာဓက၊ ကယားပြည်နယ်မှာ ဖြစ်ခဲ့ပါသည်။ မှူးနှင့်အထက်က ပြည်သူကြားနေကြသော်လည်း မြန်မာအများစုက စာနာထောက်ထား အားနာမှုတွေရှိတော့ မလုပ်ရက်ကြပါ။ A မြို့မှာ ရှိတဲ့ အကျိုးစီးပွားကို B မြို့ကလူ လာလုပ်လျှင်တော့ဖြစ်ပါလိမ့်မည်။ရန်ကုန် မန်းလို မြို့ပြကြီးမျာမှာတော့ ဖြစ်နိုင်ပါသည်။
ပြည်ခိုင်ဖြိုး ပါတီဝင်တွေ ဒုက္ခတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာချိန်မှာတော့ တပ်ရင်းတပ်မတွေထဲ ပါတီဝင်များနေထိုင်ကြပါရန်အထိ လူသိရှင်ကြား
ထ အော်ပါတော့သည်။
ထိကရုန်းပင်!!!မထိလျှင် ပြန့်ကားနေသော်လည်း ထိလိုက်လျှင် ကျုံ့ရုံ့ ဝပ်သွားပါသည်။