
လားရှိုးမှသည် ကေကျု့ဆီသို့
ယခုရက်ပိုင်းအတွင်းမှာ ခေတ်စားလာတာကတော့ ကိုးကန့်နဲ့ မအလတပ်တို့အပစ်ရပ်တဲ့သတင်းနဲ့ ထိုသတင်းနဲ့အတူပါလာတယ့် ကိုးကန့်က လားရှိုးကနေပြန်ဆုတ်ပေးရမယ်ဆိုတဲ့သတင်းပါ။ နောက်ဆုံးကတော့ ကေကျူကနေပြီးတော့ စစ်သားတွေကို များများစုပါဆိုပြီး တောင်းဆိုတယ်ဆိုတဲ့သတင်းပါဘဲ။ ဒီကြားထဲမှာပါလာတဲ့ AA ကို စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုပြီး fortify right က စွတ်စွဲတဲ့ကိစ္စကတော့ နောက်မှသပ်သပ်ရေးပါ့မယ်။
စာရေးသူတို့သတင်းတွေကိုလေ့လာရာမှာ အချို့ကိစ္စတွေက တင်ပြတဲ့သတင်းတွေကသိနိုင်သလိုအချို့ကိစ္စတွေကလည်း ခန့်မှန်းလို့ရတာလေးတွေရှိပါတယ်။
ကိုးကန့်ကိစ္စနဲ့ ကိုကိုကြီးကိစ္စကစပါမယ်။ ကိုးကန့်ကိစ္စမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောခွင့်ရကကိုးကန့်နဲ့ မအလတပ်တို့ အပစ်ရပ်သဘောတူညီချက်ရတယ်ဆိုပြီးကြေညာချက်ထွက်လာပါတယ်။။နှစ်ဖက်စလုံးကဘာမှ မထုတ်ပြောသေးတာ အားလုံးသတိထားမိမှာပါ။ ယခုအချိန်ထိလဲ ဘာမှမထုတ်ပြန်သေးပါ။ ဒါပေမယ့်သတင်းဌာနတွေထဲက အချို့က ကိုးကန့်က လားရှိုးကနေ ဆုတ်ခွာပေးရမယ်လို့ပါတယ်ဆိုပြီး သတင်းထဲမှာထုတ်ပြန်တာတွေ့ရပါတယ်။ အချို့ကလည်း ငြိမ်းချမ်းရေးသဘောတူညီချက်ရတဲ့အပစ်ရပ် သဘောတူညီချက်ရတယ်ဆိုပြီးသာထုတ်ပြန်ပြီး လားရှိုးက ပြန်ဆုတ်ရမယ်ဆိုတဲ့ကိစ္စကို မထုတ်ပြန်တာတွေ့ရပါတယ်။
စာရေးသူရဲ့ သဘောထားကဘာလဲ။ ကိုးကန့်ကနေပြည်တော်အထိလာတိုက်ပေးရင်တော့ အကောင်းဆုံးပါ။ ဒါပေမယ့် နဂိုထဲက ကိုးကန့်စတိုက်ကတည်းက ဘာကြေညာချက်ထုတ်ထုတ် နေပြည်တော်အထိလာတိုက်ပေးမယ်လို့ မယုံကြည်ခဲ့ပါ။ သူတိုက်ပေးလိုတာ မတိုက်ပေးလိုတာထက် သူ့မှာ လူအခက်အခဲအကန့်အသတ်ရှိလို့ပါ။ နောက်သူကမြန်မာပြည်တိုင်းရင်းသားထဲ သူတို့ပါတာ မပါတာ စာရေးသူ အငြင်းမပွါးလိုပေမယ့် အခြားတိုင်းရင်းသားတွေလောက် အထဲမှာရင်းနှီးမှုမရှိပါ။ NUG နဲ့လည်းသိပ်ရင်းရင်းနှီးနှီး ဆက်ဆံရေးအစကတည်းကမရှိပါ။ သူ့ကို ဝင်ကူတိုက်ပေးခဲ့တာက BPLa နဲ့ PLA ပါ။ ဒါပေမယ့် ကိုးကန့်က သူ့နယ်ကို သူတိုက်သိမ်းတာနဲ့ကို စာရေးသူက ကျေးဇူးတင်နေပါပြီ။ ဒါကလက်တွေ့ကျတဲ့လုပ်ဆောင်မှုတွေကို သူလုပ်ပြလိုက်တာနဲ့တင် ဒီမိုကရေစီတော်လှန်ရေးအတွက်အများကြီးအထောက်အကူရပါတယ်။
ဒါဆိုလားရှိုးကိစ္စပြန်ဆက်ရအောင်။ ဒီကိစ္စကိုအတည်ပြုဖို့ကရက်အနည်းငယ်ကြာခဲ့ပါတယ်။ တရုပ်ကြေညာချက်ထုတ်သည်အထိတောင်မှနေပြည်တော်ကလူများစုမသိသေးပါ။ ဒါပေမယ့် အထက်ကိုတင်ပြတဲ့သတင်းတွေအရ လားရှိုးကပြန်ဆုတ်ပေးရမယ်ဆိုတဲ့အချက်က အပစ်ရပ်ထဲမှာပါတယ်ဆိုပြီး အဘကိုတင်ပြထားပါတယ်။ ဒါကြောင့် လားရှိူးရမခထဲ တပ်ဝင်ရုံးထိုင်ဖို့ကိစ္စတွေ၊ လားရှိုးပြန်ရရင် ကိုးကန့်နဲ့ ပူးပေါင်းအလုပ်လုပ်ခဲ့တဲ့သူ တွေကို သူပုန်သတင်းပေးအနေနဲ့ ဖမ်းဖို့စာရင်းတွေ၊ ကိုးကန့်ခန့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့နဲ့ ပတ်သက်သူတွေကိုဖမ်းဖို့ စာရင်းတွေကို စရဖကလုပ်နေပါပြီ။ ဒီကိစ္စက မအလအနေနဲ့ သူလိုချင်တာတစ်ခုတော့ ရသွားမယ်ဆိုတဲ့သဘောပါ။ ဒါပေမဲ့အချိန်ကာလက ၆လလောက်ပေးထားတဲ့အတွက်ကြောင့်မို့လို့ လားရှိုးရရုံနဲ့တင် မအလကဘာမှလုပ်လို့မရပါ။ လားရှိုးကိုဝိုင်းထားတဲ့အခြားဒေသတွေလည်းသူ့လက်အောက်ပြန်ရောက်မှသာ ကုန်စည်စီးဆင်းမှုက ပြန်ပြီးတော့လုပ်လို့ရမှာပါ။ ဒါကြောင့်မို့လို့ TNLAနဲ့ ဘာအပစ်ရပ်မလဲဆိုတာ နောက်စောင့်ကြည့်ရမယ့်အချက်ဖြစ်လာနေပါပြီ။
လားရှိုးတစ်ခုတည်းပြန်ပေးပြီး နောင်ချိုပြန်မပေးလို့လဲမရပါ။ ယခု ပြောနေတာတွေက မအလထံသတင်းပို့တဲ့အချက်ပေါ် အခြေခံပြီး ရေးထားတာပါ။ အချို့ကိစ္စတွေက ဂျင်းသတင်းပို့တာတွေလည်းများလို့ ဘာကအမှန်လဲဆိုတာကတော့ ပြောဖို့ကအင်မတန်ခက်ပါတယ်။။ ဥပမာအမ်းကိစ္စကိုကြည့်ရအောင်။ အခုအကြိမ်မှာအမ်း ကိုရေရေလည်လည် တန်ပြန်ထိုးစစ်ဆင်နေပြီဆိုပြီး အထက်ကိုတင်ပြထားပါတယ်။။ ထိုးစစ်ဆင်လားဆိုတော့သူကတော့ တပ်လွှတ်ပြီးတော့တိုက်ခိုက်လိုက်တာတော့အမှန်ပါ။ ဒါပေမယ့် အောက်ခြေမှာ အတုန်းအရုံး စစ် ကြောင်းလိုက်ခံရတာကလည်း ငြင်းမရတဲ့အချက်ပါ။ မအလအပေါ်ကနေကြည့်ရင်တော့ ထိုးစစ်တွေလုပ်နေတယ်ပေါ့။ သူ့ရဲ့ ဘောမမီဒီယာနဲ့ဘောမတွေကတော့ ထိုးစစ်တွေနဲ့ပြန်တိုက်ယူတော့မယ်ပေါ့။ ဒါကသူတို့ဘက်ကအမြင်ပါ။ သူတို့ပြောတဲ့ထိုးစစ်နဲ့ပြန်ထိုက်တယ်ဆိုတာကမှန်ပေမယ့် သေပြီး ထိုးစစ်မနိုင်တာက လက်တွေ့ပါ။ ထိုအတူပါဘဲဧရာဝတီမှာဆိုလည်း ဘောမိကိုမတိုက်ခင်က မအလ ဘောမတွေက AA ထိုးစစ်ကို ဘယ်လိုခုခံ ချေမှုန်းလိုက်တယ် ဘာညာဆိုပြီး ဘောမမီဒီယာတွေမှာ တက်လာတာအားလုံးသတိထားမိပါ။။ အဘကလဲ ထိုအတိုင်းသိတာပါ။ AAက တကယ်ပြန်တိုက်ချိန်မှာ ဘောမိကျပါပြီ။ ဧရာဝတီထဲကို အတော်ကျွန်ဝင်လာတာက ငြင်းမရတဲ့ အမှန်တရားပါ။ ဒါကြောင့်မြေပြင်မှာဖြစ်နေတာတွေက မအလကလေကြီးမိုးကြီးနဲ့ ထိုးစစ်ဆင်တဲ့လို့ ပြောနေပေမယ့် လူအင်အားအရ အတင်းအဓမ္မစုဆောင်းထားတဲ့စစ်တပ်အားတွေနဲ့ထိုးစစ်စင်ပေမယ့် အတုန်းအရုံးသေပြီးစစ်ကြောင်းလိုက် ချေမှုန်းခံရတာတွေကလက်ရှိဖြစ်ပေါ်နေတဲ့အမှန်တရားပါ။
ကိုကိုကြီးကိစ္စကိုပြန်ပြောရရင်လည်း ကိုကိုကြီးဟာ တော်လှန်ရေးသမားတွေကိုမကောင်းမြင်ပြီးစစ်တပ်ကို အကောင်းကြံဖန်ထင်နေသူပါ။ သူ့လေသံတွေက ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်တဲ့လေသံတွေက အင်မတန်သိတာပါတယ်။ သူက ဘောမပေါ့။ သူဘောမတာကသိပ်အငြင်းပွားဖွယ်ရာမရှိပါ။ ဦးသိန်းညွန့်တို့လိုလူပါ။ မအလဟာ တရုတ်ကပြင်ခိုင်းတဲ့ ၂၀၀၈ခုရဲ့အချို့အခန်းတွေကိုပြင်ဆင်ဖို့အတွက် ကိုကိုကြီးတို့ အေးမောင်တို့ကိုအသုံးချပြီး သူ့ထွက်ပေါက်အတွက်ပြင်နေပါတယ်။။ ဘယ်ပြည်သူကမှတော့ ၂၀၀၈ကို မကြိုက်ပါ။ အဆိုပါအစည်းအဝေးမှာ ကိုကိုကြီးကစစ်သားအသစ်တွေများများစုဆောင်းဖို့ပြောလားဆိုတော့ မအလ မီဒီယာထဲမှာ ကြေညာသလိုမပြောခဲ့ပါ။ ဒါဆိုမအလ မီဒီယာကဘာလို့ကြေညာလဲဆိုတော့ ကိုကိုကြီးတို့ကို သတ်တာပါ။ နာမည်သတ်တာပေါ့။။ အမှန်တကယ်က သူမသတ်လည်းကိုကိုကြီးတို့နာမည်ကသေပြီးသားပါ။ ဒါပေမဲ့ကျန်နေတဲ့နာမည်လေးကို ထပ်သတ်လိုက်တာပါ။ ဒါဆိုဘာလို့ကိုကိုကြီးကသူမပြောပါဘူးလို့မရှင်းလဲဆိုတော့ဘောမနေရလို့ပါ။
အချို့သတင်းတွေကအမှန်တွေဖြစ်ပြီး အချို့သတင်းတွေကအမှန်တစ်ဝက်ပါ။ အားလုံးအာရုံစိုက်ရမှာက လက်ရှိတော်လှန်ရေးကို ရန်သူမများစေဘဲ အစွန်းရောက်တွေလို့မမြင်စေဘဲ ညီညီညွတ်ညွတ် စုစုစည်းစည်းနဲ့ ရှေ့သို့ချီတက်ဖို့ပါ။ လားရှိုးတကယ်ပြန်ပေးရလား မပေးရလား အချိန်တန်ရင်သိလာမှာပါ။ မအလကိုတင်ပြတဲ့ထဲမှာတော့ ပြန်ရမယ်ဆိုပြီးပျော်နေကြပါတယ်။ ဘာပဲပြောပြောအားလုံးကမိမိလုပ်စရာရှိတာကို တစ်စိုက်မတ်မတ်လုပ်ပြီး တော်လှန်ရေးအတွက် ရှေ့သို့ချီတတ်ကြပါစို့။ ကိုယ့်အားကိုယ်ကိုးရင် ဒီတော်လှန်ရေးက အောင်မြင်မှာ မုချမလွဲပါ။
Comments