top of page
Search

လက်ခုပ်မတီးခင် စဉ်းစားပါ

Writer's picture: Myat Tun OoMyat Tun Oo

လက်ခုပ်မတီးခင်စဉ်းစားပါ

လူတွေမှာ လက်ဝဲလက်ယာ အယူအဆ‌တွေမတူကြပါ။ ဒီအယူအဆတွေက လက်ချောင်းတွေလိုပဲ အမြင်မတူဘဲ မွေးသည်မှသည် သေသည်အထိ အယူဝါဒအမျိုးမျိုးပြောင်းလဲသွားနိုင်ကြပါတယ်။

ဒီနေရာမှာ မနေ့က အာဂျင်တီးနားကတရားစွဲတာ မအလကိုဖမ်ူဝရမ်းထုတ်လို့ဆိုပြီး ကြားချိန်မှာ ခေတ်သစ်မှာ like ပေးသူအများအပြားရှိမှာပါ။ မအလဟာအင်မတန်မှ မိုက်ရိုင်းလူ လူမဆန်သူမို့လို့ သူ့ကိုဘယ်သူက ဖမ်းဝရမ်းထုတ်ထုတ် ဝမ်းသာကြမှာက လူ့သဘာဝပါ။ ဒါပေမဲ့ နိုင်ငံကိုအုပ်ချုပ်ရာမှာ မိမိနိုင်ငံလွတ်လပ်ရေးအတွက် တည်ဆောက်ရမှာတော့ အဆိုပါကိစ္စတွေထက် အမြင်ပိုရမှာပါ။ ဒါကို AA က သူ့ကိုကြေညာချက်ဝိုင်းထုတ်ချိန် ထုတ်ပြန်လိုက်တဲ့စာက NUG ကအစ ပြည်သူအားလုံး အမှတ်ရမှာပါ။ နောက် AA က မအလတပ်က ခွေးတွေကို ဖမ်းမိချိန် သင်ဇာဉွှန်းလဲ့ရည်တို့ လူ့အခွင့်အရေးနဲ့ ရိုအဖွဲ့က ကုလကိုလွှဲဖို့ တောင်းဆိုတာကိုလဲ AA က သူ့တရားသူစီရင်မယ်ဆိုပြီး။အချုပ်အခြာအာဏာနဲ့ တုန့်ပြန်ခဲ့ပါတယ်။

ဒီနေရာမှာ မအလာယဟာ ပြည်သူတွေကိုသတ်ဖြတ်ညှဉ်းပန်းနှိပ်စက်ထောင်ချခဲ့မှုတွေအတွက် ပြန်လည်ပေးဆပ်ရပါမယ်။ သူနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ကတော့ မသေမချင်းသတ်တဲ့သေဒဏ်ပါပဲ။ သေဒဏ်ထက်နိမ့်တဲ့ပြစ်ဒဏ်လုံးဝပေးလို့မရပါ။ သူဟာလူပေါင်းများစွာရဲ့ဘဝတွေကိုဖျက်ဆီးခဲ့သူပါ။ သေဒဏ်ကလွဲပြီး ဘာမှမထိုက်တန်ပါ။

ဒါဆိုမအလကို သေဒဏ်ပေးနိုင်တာက ဘယ်သူလဲ။ ICCလား၊ ဥရောပသမဂ္ဂလား အမေရိကန်လား အင်္ဂလိပ်လား? ဘယ်နိုင်ငံကမှ သေဒဏ်မပေးနိုင်ပါ။ လစ်ဗျားအာဏာရှင် ဂဒါဖီရဲ့သားကို မေးကြည့်ပါ။ လစ်ဗျားမှဖမ်းပြီးတရားစီရင်ခံချင်လား။ icc မှာတရားစီရင်ခံချင်လားဆိုရင် သူရှုံးချိန်မှာတော့ ICC သာ သွားချင်ပါတယ်။ ဘာလို့လဲလို့မေးရင် ဘယ်ကုလသမဂ္ဂက တရားစွဲစွဲ ဥရောပသမဂ္ဂကတရားစွဲစွဲ icc ကတရားစွဲစွဲ သေဒဏ်ပေးမခံရပါ။ နောက်ပြီးတော့ ထောင်ထဲထည့်ထားရင်လည်းအခန်းကြီးကြီးနဲ့နေရပါတယ်။ အင်းစိန်ထောင်လို့ကျဥ်းကျဥ်းလေးမဟုတ်ပါ။ ပူတဲ့အချိန် လေအေးပေးစက်နဲ့ထားပြီးတော့ အေးတဲ့အချိန်မှာလည်း အပူပေးစက်လေးနဲ့ထားပါတယ်။ စားစရာကလည်း စနစ်တကျကျွေးထားလို့ သူတို့တွေကနယ်သာလန်ထောင်လေးတောင်မှ သွားချင်ကြမှာပါ။

မင်းအောင်လှိုင်ကို AA ထောင်ထဲမှာနေချင်လား။အင်းစိန်ထောင်ထဲမှာနေချင်လား သာယာဝတီထောင်ထဲမှာနေချင်တာမေးကြည့်ပါ။ နိုးပါပဲ။

ဒါကပထမပြဿနာပါ။ ဒုတိယပြဿနာက စာရေးသူတို့ဟာ တရားမျှတမှုရဖို့အတွက် မိမိဖာသာမိမိမလုပ်ဘဲ သူများအားကိုးရတယ် အနောက်အားကိုးရတယ် အာဂျင်တီးနားအားကိုးရတယ်ဆိုတဲ့ သီအိုရီကစတည်းကမှားနေပါတယ်။ ငါတို့အာဏာကိုငါတို့ပြန်ပေးဆိုတဲ့အတွက်ကြောင့်မို့လို့ငါတို့ကသာတရားစီရင်ရမှာပါ။ ယခုတိုက်နေတဲ့တော်လှန်ရေးကိုပြန်ကြည့်ပါ။ အာဂျင်နီနားကလဲ လာမကူပါ။ အမေရိကန် ဘိုင်ဒင်ကလဲ လေပါပဲ။ အင်္ဂလိပ်ကလည်းလေပါပဲ။ အားလုံးကလေပါပဲ။

ယခု NUGကို လှူနေတဲ့ပိုက်ဆံအများစုက နိုင်ငံခြားရောက်မြန်မာတွေရဲ့ပိုက်ဆံတွေတာပါ။ ပြီးတော့ ပြည်တွင်းက ပြည်သူတွေရဲ့ အနစ်နာခံမှု ပေးဆပ်မှုတွေပါပဲ။ ယခုအချိန်မှာ ဘယ်တိုင်းရင်းသားက NUG နဲ့ ပေါင်းတိုက်တာ၊ ဘယ်တိုင်းရင်းသားက မအလနဲ့ပေါင်းတိုက်တာ၊ ဘယ်တိုင်းရင်းသားက ခြံစည်းရိုးခွထိုင်တာ၊ ဘယ်တိုင်းရင်းသားက ပြည်ပဩဇာခံတာ ထိုနိုင်ငံသားဆိုတာတွေကလဲ ပေါ်လွင်လာနေပါပြီ။

ဒီနေရာမှာသတင်းမီဒီယာတွေကမြှောက်ပေးတိုင်း ဂွေးတက်အောင် မကမိဖို့က အရေးကြီးပါတယ်။ ယူကရိန်းဖြစ်စဉ်ကိုကြည့်ပါ။

ဒီကိစ္စမှာလက်ဝဲရဲ့ hypocrisy လို့ခေါ်တဲ့အပြောတစ်မျိုး အလုပ်တစ်မျိုးကသိပ်သိသာပါတယ်။ လက်ဝဲအစိုးရတွေဥပမာဥရောပမှာပဲဖြစ်ဖြစ်အမေရိကန်ကဘိုင်ဒင်ဖြစ်ဖြစ် သဘာဝပတ်ဝန်းကျင်သမားကိုပဲကြည့်ကြည့်။ သူတို့က အသံအင်မတန်ကျယ်ပါတယ်။ လူ့အခွင့်အရေးဆိုတာကလုံးဝပါးစပ်ဖျားကမချပါ။ ဒါဆိုရင်လူ့အခွင့်အရေးကြောင့် တိုက်ပွဲဝင်ပြီးစာရေးသူတို့တိုင်းပြည်မှာလို လက်နက်ဆွဲကိုင်တော်လှန်တယ်ဆိုပါစို့။ ဒီတော်လှန်ရေးအမြန်အောင်မြင်ဖို့အတွက်နည်းလမ်းက အမေရိကန်/ဥရောပကလက်နက်ထောက်ပံ့တာ၊ စစ်တပ်နဲ့ဝင်ပြီးကူညီတာပါ။ ဒါမျိုးကိုကူညီမှာလားလို့ဒီလက်ဝဲ အစိုးရတွေကိုပဲမေးကြည့်ပါ။ သူတို့ရဲ့အောက်ခြေထောက်ခံသူတွေဖြစ်တဲ့လက်ဝဲသမားတွေက စစ်ဖြစ်မှာကိုလည်း ကြောက်ကျပြန်ပါတယ် စစ်ဆန့်ကျင်ရေးဆန္ဒပြသူတွေကလည်း သူတို့ပါပဲ။ ဒါကြောင့်မို့လို့သူတို့ဟာအပြောနဲ့အလုပ်နဲ့သိပ်မညီတဲ့လူက အများစုဖြစ်ပါတယ်။

ဥပမာ သဘာဝပတ်ဝန်းကျင်အတွက်လုပ်တဲ့ ဆန္ဒပြ ကောင်မလေး Greta Thumberg ကိုကြည့်ရင် သူကလေပဲဖြစ်ပြီး ဘာမှ Elon Musk လို လျှပ်စစ်ကားမထုတ်နိုင် ပတ်ဝန်းကျင်လျှော့ချဖို့အတွက်နည်းလမ်းတွေလည်းရှာဖွေနိုင်သူမဟုတ်ပါ။ သူကလူတွေသဘာဝပတ်ဝန်းကျင်အကြောင်းကိုအသိတိုးလာအောင်တော့ လုပ်နိုင်တာပေါ့။

ဒါဆိုအာဂျင်တီးနားအကြောင်းပြန်ဆက်ရအောင်။ အာဂျင်နီနာမှာဖမ်းဝရမ်းထုတ်တဲ့တရားရုံးက The Federal Criminal and Correctional Court No. 1 of Argentina လို့ခေါ်ပြီး တရားသူကြီးက Judge María Servini ပါ။ သူမက ဖမ်းဝရမ်းကို မအလသာမက အမေစုတို့ကိုပါ ထုတ်ခဲ့ပါတယ်။ သူ့တိုင်းပြည်က သမ္မတကို ဖမ်းဝရမ်းထုတ်ရင် သူမကို ပြန်ဖမ်းဝရမ်းထုတ်ရင် အာဂျင်တီးနားက ဖမ်းပေးမှာမဟုတ်ပါ။ သူမက အစ္စရေးကို ဖမ်းဝရမ်း မထုတ်ရဲပါ။ သူမတိုင်းပြည်အဆင့်ကို သူမသိပါတယ်။ ထို့အတူ ဘရာဇီးကတရားသူကြီးလဲ ထရမ့်တက်အပြီး X ကို တရားမစွဲရဲတော့ပါ။ အချို့က အမေစုလည်းသွားပြီး တရားရင်ဆိုင် မအလလဲတရားရင်ဆိုင်ဆိုပြီး ရူးကြောင်ကြောင် ပြောတဲ့လူတွေရှိပါတယ်။ အမေစုက အားဂျင်တီးနားကိုသွားပြီး တရားရင်ဆိုင်ရအောင် အာဂျင်တီးနားက ခွေးလောက်တောင်အဆင်ရှိတဲ့တိုင်းပြည်မဟုတ်ပါ။ အာဂျင်တီးနားဟာ ဂျူးတွေကိုအစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ နာဇီတွေကို ခိုလှုံခွင့်ပေးခဲ့တဲ့ ခိုလှုံခွင့်ပေးနေဆဲတိုင်းပြည်ပါ။ သူက ဂျူးဆန့်ကျင်ပြီး ဂျူးမုန်းတီးသူ‌ တွေနဲ့ ရင်းနှီးပါတယ်။ ဒါကြောင့် အာဂျင်တီးနားဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ဘာမှ ပိုမြင့်မြတ်တဲ့ moral high ground မရှိပါ။ အမေစုပြီးရင် ရိုက ရခိုင်ခေါင်းဆောင်တွေကို ဆက်တရားစွဲဖို့ ကြိုးစားမှာပါ။ ယခုရေးတာကို သမိုင်းအနေနဲ့ မှတ်ထားပါ။

စာရေးသူဘာယုံကြည်လဲဆိုလို့ရှိရင် ပြည်တွင်းအားဟာ ပြည်တွင်းမှာပဲရှိတယ်ဆိုတာယုံကြည်ပါတယ်။ မအလကိုဖြုတ်နိုင်ဖို့ဟာ ပြည်တွင်းကသာလုပ်ဆောင်ရမယ်ဆိုတာကိုယုံကြည်ပါတယ်။ ပြည်တွင်းကနေသာ တပ်တွင်းသတင်းတွေပေးနိုင်သလို မအလကို လုပ်ကြံနိုင်မှာပါ။ မိမိလဲ သေသွားနိုင်ပါတယ်။ ဒါပေမယ့် ထွက်မပြေးပါ။ ဘာလို့လဲ ပြည်ပအားကို မယုံကြည်လို့ပါ။ အာဂျင်တီးနားဟာ စာရေးသူတို့တော်လှန်ရေးကို အပ်တိုတစ်ချောင်းတောင် မကူညီတဲ့တိုင်းပြည်ပါ။ ယခုအချိန်မှာ အမေရိကန်ကိုအလွန်အကျွန်အားကိုးခဲ့တဲ့ ယူကရိန်းဟာ အမေရိကန်က စစ်ရပ်ဆိုရင်ရပ်ပေးရမယ့်အခြေအနေဖြစ်သွားခဲ့ပါပြီ။ ထိုအချိန်က ယူကရိန်းသမ္မတ ဇဲလင်းစကီးက ဘယ်လိုတော်တယ် ဘာညာဆိုပြီး NUG ကိုနှိမ်ခဲ့တဲ့လူတွေ သတင်းဌာနတွေကို စာဖတ်သူတို့မှတ်မိ ကြအုံးမှာပါ။ ယခုအချိန်မှာဇဲလင်းစကီးက အမေရိကန်ကရပ်ဆိုလည်း ဒီအတိုင်းရပ်ပေးရတော့မှာပါ။ ဥရောပဟာ လေသာရှိပြီးအဆန်မရှိပါ။ အမေရိကန် ဒုသမ္မတ JD Vance က မြူးနစ်မှာ သူတို့မကောင်းကြောင်း မိန့်ခွန်းပြောတာကို မနေ့ကအောင့်သက်သက် နားထောင်ခဲ့ကြရပါတယ်။ ယူကရိန်းကိုအမေရိကန်ကဒေါ်လာဘီလီယံသုံးရာငါးဆယ်ထောက်ပံ့ချိန်မှာ သိပ်ပြီးအသံကျယ်တဲ့ဥရောပက ဒေါ်လာဘီလီယံ တစ်ရာသာထောက်ပံ့ခဲ့ပါတယ်။ ထိုထောက်ပံ့မှုကလည်းချေးငွေအနေနဲ့ ယူကရန်းကို ချေးခဲ့တာပါ။ ဘိုင်ဒင်ကချေးငွေပုံစံမလုပ်ခဲ့လို့ ထရမ့်က ကျွေးတောင်းတဲ့သဘောမျိုး ယူကရန်းက သယံဇာတတွေကို သူတို့ကိုရောင်းဖို့လက်မှတ်ထိုးဖို့အတွက် သူ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးအသစ်ကိုယူကရိန်းကို လွှတ်ထားပါတယ်။

အရေးကြီးတာကတော့မအလကိုနိုင်ဖို့ပါပဲ။ ဒီနေရာတွေမှာပြည်ပကိုအားမကိုးဘဲ ဘယ်တိုင်းရင်းသားလက်နက်ကိုင်က မိမိကိုလာတိုက်မယ်လို့ မျှော်မနေဘဲ NUG ကို ဝန်းရန်ထောက်ပံ့ပြီး ရှေ့သို့ချီတက်ရင် ပန်းတိုင်ကတော့လှမ်းမြင်နေရပါပြီ။ NUG ကလည်း NGO လိုလို လူအခွင့်အရေးအဖွဲ့လိုလို လုပ်မနေဘဲ သဘောမတူနိုင်သေးတဲ့ ဖယ်ဒရယ်ကိုခဏမေ့ထားပြီး ဗမာဒေသတွေမှာ မိမိရဲ့အရင်းအမြစ်တွေကို မိမိဩဇာရှိတဲ့အဖွဲ့တွေထံ ပိုင်ပိုင်နိုင်နိုင်ပုံ‌အော်အသုံးချပြီး တော်လှန်ရေးကို ပြီးဆုံးအောင်ရှေ့ဆက်ဆောင်ရွက်နိုင်ပါစေ။

ပြည်တွင်းအားက ပြည်တွင်းမှာပဲရှိပါတယ်။ ပြည်သူသာအဓိကပါ။ မအလကို ဘယ်သူကမှ လာမဖမ်းပေးပါဘူး။ နေတိုးတပ်လဲ လာမဖမ်းပေးသလို အာဂျင်တီးနားက ဘာအဆင့်မှမရှိတဲ့တပ်လဲ လာမဖမ်းပေးပါဘူး။ NUG အနေနဲ့သတိထားရမှာက AA ကယခင်ကကြေညာချက်ထုတ်ခဲ့သလို မအလအတွက်တင်ပွဲမကြည့်ဘဲ မိမိအချုပ်အခြာအာဏာအတွက် ရှေ့ဆက်တိုက်ပွဲဝင်နိုင်ပါစေ။ တရားမျှတမှုအားလုံးအတွက် မအလနဲ့ သူ့ရဲ့စစ်ကောင်စီအဖွဲ့ဝင်တွေအားလုံးကို သေဒဏ်ပေးနိုင်ဖို့အတွက် ပြည်သူကသာအဓိကပါ။

(Disclosure - စာရေးသူအား ဘယ်အနောက်တိုင်း၊ အရှေ့တိုင်းမှ မထောက်ပံ့သလို USAIDs, OIC ကလဲ မထောက်ပံ့ပါ။ နိုင်ငံခြားတိုင်းပြည်က အထောက်အပံ့နဲ့လဲ scholarships မရဘူးပါ။ NUG ကလဲ မထောက်ပံ့ပါ။ စာရေးသူက အမေစုထောက်ခံခဲ့သူ ထောက်ခံနေသူပါ။ သူမကို ပြည်သူက ရွေးထားလို့ပါ။)

(ပုံ အမေစုကို ဖမ်းဝရမ်းထုတ်တဲ့ ဦးနှောက်မရှိတဲ့ အာဂျင်ဒီနားတရားသူကြီးရဲ့ပုံပါ)

2,099 views0 comments

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page