top of page
Search
Writer's pictureMyat Tun Oo

လက်တွေ့ဘာတွေ NUG နဲ့ ပြည်သူက လုပ်နိုင်နေလဲ?


CDM ကို အဓိကလုပ်တာ ပြည်သူတွေပါ။ NUG က သူထောက်ပံ့နိုင်သလောက် ထောက်ပံ့ပါတယ်။ သူ့ထောက်ပံ့ငွေကလဲ ပြည်သူ့ထံကလာပါတယ်။ ၁၉၈၈ မှာ အာဏာသိမ်းပြီး မကြာခင် အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်သွားခဲ့ပါတယ်။ ယခု ဇွန်လကုန်အထိ CDM တွေ သောင်းချီရှိနေဆဲပါ။ ဒါက NUG နဲ့ ပြည်သူရဲ့ အောင်ပွဲပါ။


ပြည်သူတွေရဲ့ ဆန္ဒပြပွဲကို ကြည့်ရင်လဲ ၁၉၈၈ မှာလို မရပ်သွားဘဲ အာဏာသိမ်းပြီး ၅ လကျော်အထိ အားကောင်းဆဲပါ။ ဒါကိုလဲ ပြည်သူတွေကသာ ဦးဆောင်နေတာပါ။


နောက် လက်နက်ကိုင်တိုက်ပွဲ။ ဒီနေရာမှာ NUG က ဘာမှ မလုပ်ရသေးပါဘူး။ ပြည်သူတွေကသာ ကိုယ်ထူကိုယ်ထ လုပ်နေတာပါ။ ယခုအချိန်မှာ ဘယ်ဖက်ဆစ်တပ်က ဗိုလ်မှူးကြီးမပြောနဲ့ ဗိုလ်ကြီးအဆင့်ကတောင် အစောင့်ပါမဘဲ လမ်းမလျှောက်ရဲတော့ပါ။ သူတို့အတွက်အဖြူရောင်နယ်မြေဟာ နေပြည်တော်က တပ်ဝင်းထဲမှာသာ ရှိပါတော့တယ်။ နေပြည်တော်အပြင် တစ်တိုင်းပြည်လုံးဟာ မြောက်ဦးဖြစ်နေပါပြီ။ အချို့နယ်တွေမှာ ရဲတွေမသွားရဲဘဲတပ်သာယဉ်တန်းနဲ့ သွားနေရတဲ့အဆင့် ရောက်နေပါပြီ။ ဒီလိုဖြစ်လာလိမ့်မယ်လို့ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင်က ဘယ်သူထင်ခဲ့မှာလဲ။ ဒါက သာမန်ပြည်သူတွေရဲ့ အောင်မြင်မှုပါ။ ဖက်ဆစ်လက်ပါးစေ ထွေအုပ်တွေ မုန့်ဟင်းခါးကျွေးနိုင်တာလဲ ပြည်သူတွေရဲ့အောင်မြင်မှုပါ။ စာသင်ကျောင်းမီးရှို့တာ၊ စျေးမီးရှို့တာက ဖက်ဆစ်တပ်၊ စရဖနဲ့ ပျူစောထီးပေါင်းလုပ်တာပါ။ ယခုအချိန်မှာ ဧပြီလကမှ စဖွဲ့ခဲ့တဲ့ NUG အတွက် ပြစရာ ပြည်သူ့တပ်ရှိလာနေပါပြီ။ သုံးလအတွင်းမှာပါ။ ဒါဟာ မြန်မာ့သမိုင်းမှာ ပြည်ပအားမကိုးဘဲ ဖြစ်တည်လာတာပါ။ နောက် ထောင်ပေါင်းများစွာသော ပြည်သူတွေဟာလဲ စစ်ပညာတွေသင်နေကြသလိုရှေးဦးသူနာပြုလဲ သင်နေကြတာပါ။ ယခုအချိန်မှာ ပြည်သူတွေရဲ့တော်လှန်ရေးအောင်မြင်လားသိချင်ရင် ဇော်မဲလုံးအဆင့်လောက်ကို ရန်ကုန်မြို့ထဲ ယူနီဖောင်းနဲ့ အစောင့်မပါဘဲ သွားရဲလား မေးကြည့်စိန်ခေါ်လိုက်ပါ။ ဒါက ပြည်သူတွေရဲ့ အောင်ပွဲပါ။ ဒါတောင် NUG က D Day လို့ခေါ်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို မကြေငြာရသေးပါဘူး။


ကမ္ဘာ့စာမျက်မှာကိုကြည့်လိုက်ရင် ကုလမှာက NUG ရဲ့ ကိုယ်စားလှယ်ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO)၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO)၊ လူ့အခွင့်အရေးညီလာခံတွေမှာ ဖက်ဆစ်ကိုယ်စားလှယ် တက်မရတာဟာ NUG ရဲ့ အောင်မြင်မှုပါ။ ချက်ကNUG ကိုအသိအမှတ်စပြုနေပြီး အခြားနိုင်ငံတွေကလဲ ဆက်သွယ်နေပါပြီ။ မလေးရှားက မအလကို ပြစ်တင်တဲ့စာကို ထောက်ခံကြောင်း ဗြောင်ပြောလာနေပြီး နောက်ပိုင်းယခုထက်ပိုထောက်ခံလာမှာပါ။


ဒါတင်လားဆိုတော့ မဟုတ်ပါ။ NUG ရဲ့ ကျန်းမာရေးက လိုင်းပေါ်က ခေတ်မှီနည်းပညာနဲ့စာသင်ပေးနေသလို လူကယ်ပြန်ကလဲ အဝေးကနေ သက်သက်ခိုင်မရောက်နိုင်တဲ့ နေရာတွေကို အခက်အခဲကြားက တတ်နိုင်သမျှ လှူဒန်းပေးခဲ့ပါတယ်။ ထို့အပြင် NUG ရဲ့ စီမံဘဏ္ဍာရဲ့အမိန့်တွေဟာ ဖက်ဆစ်တပ်ကို အထိနာစေသလို အချောင်နှိုက်ချင်တဲ့ နိုင်ငံများကိုလဲ တားနိုင်ခဲ့ပါတယ်။ ဥပမာ ဖက်ဆစ်ရဲ့ ကန်ထရိုက်ဟာ တရားမဝင်ကြောင်း NUG က ကြေညာလို့တရုတ်နိုင်ငံဟာ နှစ်ခါပြန်တွေးနေရပါပြီ။ NUG တားတဲ့ကြားက အခွန်မပေးဘဲ တရားမဝင်မအလနဲ့ လက်ဝါးရိုက် ရင်းနှီးမြုပ်နှံရင် ဒန်ပေါက်ကျွေးတာ ခံရမှာပါ။ ဒါကိုလဲ နိုင်ငံတကာမှာ စောဒကတက်လို့ မရပါ။


ဒါဆို ဘယ်တော့ တော်လှန်ရေးပြီးမှာလဲ? ဒီမေးခွန်းကိုမေးသူဟာ CDM လုပ်နေလား၊ ဆန္ဒပြနေလား၊ စစ်ပညာသင်နေလား၊ ရှေးဦးသူနာပြုသင်နေလား၊ တော်လှန်ရေးအတွက် ငွေလှူနေလား ပြန်စဉ်းစားပါ။ ဘေးထိုင် ဘုပြောနေရင်တော့ သင်ဟာဖက်ဆစ်ဖွတ် အဓမ္မသမားပါ။ ဒီတော်လှန်ရေး အောင်မြင်မှာလားမေးရင် ပြည်သူတွေက တိုက်ဖို့ဆုံးဖြတ်ထားလို့ အောင်မြင်မှာပါလို့ ပြောပါရစေ။ ဒါဆိုရင် ၅ သိန်းသော စစ်သည်တွေက ဖက်ဆစ်မအလဘက်က ပြန်ခံချမလားဆိုရင် သူတို့အထက်က ဗိုလ်ချုပ်အများစုက ခံချစေချင်ပေမယ့် အချိန်တန်ရင် သူတို့ကလဲ ပြည်သူမိုလို့ တော်လှန်ရေးလုပ်ကြမှာပါ။ ပြည်သူကပါနေလို့ ဘယ်သူပါပါ မပါပါ ဒီတော်လှန်ရေးက နိုင်မှာပါလို့ ပြောပါရစေ။ ယခုဖြစ်နေတာတွေက ဖေဖော်ဝါရီ (၁) ရက်နေ့ကဖြစ်လာလိမ့်မယ်လို့ သင်ထင်ခဲ့ပါသလား?

98 views1 comment

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

1 commentaire


Myint Soe Oo
Myint Soe Oo
22 juin 2021

ဦးမြတ်!!ပြည်သူတွေ တတ်နိုင်တဲ့ဖက်က ဉာဏ်စွမ်းရည်(လက်နက်)နဲ့ တိုက်တာ အလူးအလဲ ခံ နေရကြောင်း ၇၆ နှစ်မြောက်မွေးနေ့ ပန်းပွဲတော်သပိတ်က သက်သေပြနေပါသည်။ ပဥလ က 99 cafe ကို ဖမ်း၊ ရကမှာ ပန်း ပန်သူများကို ဖမ်း ၊ မတလ မဟာမုနိဘုရားကြီးမှာ ပန်းကပ်လှူ၍ ဂေါပက ကို ဖမ်း၊

ဒါတွေကိုကြည့်ခြင်းအားဖြင့် အလယ်အလတ်အဆင့် ရှိသူတွေပါ တုန်လှုပ်နေကြောင်း မြင်လွယ်ပါသည်။

နောက် ပန်ဆယ်လို။ သူမ၏ ကွန်ယက်မှ ဖြန့်ချီမှုကိုလည်း နာလို ခံခက်ဖြစ်နေရပါသည်။ မွှင်းငါး ၊ အကြော်စုံ ၊ အိုးဘဲဥနဲ့ ။ နောက်တစ်ခုက

ပရီ မုဆိုးမ ပို့စ်မုဆိုးမ အသုံးတွေကလည်း တပ်တော်တွင်းမှာ အတော်လှုပ်ခပ်မှုရှိကြောင်း

ကွန်ယက်သတင်းများမှတဆင့် သိရပါသည်။

သူတို့တတွေရဲ့ .စိတ် တွေကို ထိုး ဆိတ်တတ်သော ဆိတ်ပညာတစ်ရပ် တတ်ကျွမ်းကြောင်း

ပန်ဆယ်လိုက ပြခဲ့ပါသည်။

အရင်ဖေဖော်ဝါရီမတိုင်ခင်ကဆိုလျှင် ဗကတို့

ဗမတို့ရဲ့ ကတော်တွေ စတိုးဆိုင်ကြီးတွေ ၊နာမည်ကျော်စားသောက်ဆိုင်ကြီးတွေမှာ လက်ပွေ့အိတ်တကားကားနဲ့ မော်ကြွား နေနိုင်သော်လည်း ယခုခါမှာတော့? ???

အရင်က အကြပ်စစ်သည်မိသားစုတို့ မြို့စျေးကိုလာ၍ လိုအပ်သမျှ ဝယ်ယူကြသော်လည်း

ယခုအခါမှာတော့???

စိတ်ဓါတ်ပိုင်းဆိုင်ရာ အရာမှာတော့ ပြည်သူ့ဖက်က အောင်ဓါတ် အောင်အမှတ်ရနေပါပြီ။


J'aime
bottom of page