top of page
Search
Writer's pictureMyat Tun Oo

လစ်ဗျားမှာ နေတိုးက ဘယ်လိုဝင်တိုက်ခဲ့လဲ?


စာရေးသူ ဒီစာရေးတာက လက်နက်ကိုင်တိုက်ပွဲတွေကို ကြိုက်လို့မဟုတ်ပါ။ စာရေးသူတို့ တိုင်းပြည်ကို လစ်ဗျားလို ဆီးရီးယားလို မဖြစ်စေလိုပါ။ ဒါပေမယ့် သာဝဟာ သေချင်ရင် တားမရတာရှိပါတယ်။ပျက်ချိန်တန်ရင် ပျက်တတ်ပါတယ်။ ဒါ့ကြောင့် သမိုင်းကို သင်ခန်းစာယူနိုင်အောင် ရေးပြတာပါ။အချို့ကလဲ ဟောင်လွန်းတဲ့ခွေး မကိုက်တတ်လို့ ပြောကြပါတယ်။ ဒါလဲ မှန်နိုင်ပါတယ်။ ယခုလိုအာဏာသိမ်းဘာညာဆိုပြီး သာဝထောက်ခံသူ ငပိန်းအုပ်စုထဲမှာ ပြောနေတာက ကြာခဲ့ပါပြီ။ တစ်ပတ်တစ်ခါနီးနီးကို အာဏာသိမ်းနေတာပါ။ ဒါပေမယ့် သတိဆိုတာ ပိုတယ်မရှိဆိုတဲ့စကားနဲ့ ရေးလိုက်ပါတယ်။

၂၀၁၁ မှာပါ။ လစ်ဗျားမှာ ပြည်သူတွေက ကဒါဖီအစိုးရကို ဆန္ဒပြကြပါတယ်။ ကဒါဖီက နင်တို့ကိုနှိမ်နင်းမယ် ဘာညာနဲ့ ကြိမ်းဝါးပါတယ်။ သူ့ရဲ့ ကုလအမြဲတမ်း ဒုကိုယ်စားလှယ်က အစိုးရက ခွဲထွက်ပြီး လေယဉ်မပျံရနယ်သတ်မှတ်ဖို့ ကုလလုံခြုံရေးကောင်စီမှာ တောင်းဆိုခဲ့ပါတယ်။ သူက သူ့အစိုးရကို ဆန့်ကျင်ပြီးပါ။ မြန်မာပြည်မှာက လက်ရှိအစိုးရဟာ DASSK အစိုးရမိုလို့ သူမနဲ့ သူမရဲ့ ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေက တောင်းဆိုရင် နိုင်ငံခြားတပ်ဟာ ကုလလုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်မလိုဘဲ ဝင်စွက်လို့ရပါတယ်။ နိုင်ငံတကာ ဥပမာအနေနဲ့ ဘာရိန်းက ဆော်ဒီတပ်ခေါ်တာနဲ့ ဆီးရီးယားကရုရှားတပ်ခေါ်တာပါ။ တရားဝင်လုံခြုံရေးကောင်စီမလိုဘဲ ရပါတယ်။ ဒါ့ကြောင့် DASSK အစိုးရဟာနိုင်ငံခြားက ဘယ်တပ်ကိုမဆို တရားဝင်ခေါ်လို့ရပါတယ်။ သူမ မခေါ်လဲ ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်တွေက နိုင်ငံခြားတပ်ကို တရားဝင်ခေါ်လို့ရပါတယ်။


ဒါဆိုရင် လာတဲ့ နိုင်ငံခြားတပ်ကို ငါတို့ရဲ့အဘတပ်က ပြန်တိုက်လိုက်မှာပေါ့လို့ ပြောသူငတုံး မျိုးချစ်များ ရှိမှာပါ။ ရခိုင်မှာ ဓာတ်ခဲကိုမနိုင်လို့ အသေထွက်ပြေးပြီး လေတပ်ကူပါ ရေတပ်ကူပါ အော်ခဲ့ရတာအတိပ်မမေ့လောက်သေးဘူးထင်ပါတယ်။ လစ်ဗျားက ကဒါဖီမှာ အကြီးစား မြေပြင်က ဝေဟင်ပစ်ဒုံးပျံ ၃၀၊ အလယ်အလတ် ၁၇ ခု၊ အပေါ့စား ၅၅ ခု၊ အခြား လေယဉ်ပစ်အမြောက်တွေ လောင်ချာတွေရှိခဲ့ပါတယ်။ လစ်ဗျားကို အသားထားပြီး သူ့ဆရာ ဆီးရီးယားမှာ မြန်မာပြည်က ယခုမှ ဝယ်ဖို့လုပ်နေတဲ့ Pantsir S1နဲ့ S300 လေကြောင်းရန် ကာကွယ်ရေးစနစ်ရှိတာတောင် ဘာမှမလုပ်နိုင်ပါ။ ယခုလက်ရှိရုရှားကဝယ်ထားတဲ့ လေယဉ်ခြောက်စီးဟာလဲ အကုန်မရောက်လာသေးပါ။ ရှိလဲ ဘာမှလုပ်မရပါ။ လစ်ဗျားဟာ အဆိုပါလေကြောင်းရန် ကာကွယ်ရေးစနစ်ရှိတဲ့ကြားက နေတိုးလေယဉ်တွေကို မပစ်ချနိုင်ခဲ့ပါ။

ထိုအချိန်က အိုဘားမားဟာ စစ်တိုက်ဖို့ သိပ်စိတ်မဝင်စားပါ။ သူ့ကို တိုက်ဖို့ပြောတာက သူ့ရဲ့အမျိုးသားလုံခြုံရေးအကြံပေးရယ် အဲ့ဒီအချိန်က နိုင်ငံခြားရေးအကြံပေး ယခုဘိုင်ဒင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken ပါ။ အဆိုပါအကြောင်းကို အိုဘားမားက သူ့ရဲ့ Promised Land စာအုပ်ထဲမှာရေးထားခဲ့ပါတယ်။ စစချင်း အင်္ဂလိပ်ဝန်ကြီးချုပ် ကင်မရွန်းနဲ့ ပြင်သစ်သမ္မတတို့က လေယဉ်မပျံရနယ်လောက်သာ လုပ်ချင်ပေမယ့် အိုဘားမားက သူဝင်ရရင် မြေပြင်က ပြည်သူကို ဒုက္ခပေးမယ့် ကဒါဖီရဲ့ တင့်ကားတွေကိုပါ ဖျက်မှရမယ်ဆိုလို့ နောက်ဆုံးသဘောတူပြီး ဝင်ဝုန်းကြတာပါ။ အဆိုပါစစ်ပွဲဟာ မတ်လမှာစပြီး အောက်တိုဘာမှာ ကဒါဖီသေတာနဲ့ အဆုံးသတ်ပါတယ်။

ဒါဆိုရင် နိုင်ငံခြားတပ်ဝင်အောင် ဘာတွေလုပ်ရလဲ။ ပုံမှန်မှာက ပြည်သူတွေက အာဏာရှင်အစိုးရကိုဆန္ဒပြ၊ ဒါကို နိုင်ငံခြားက ဝင်ကူပေါ့။ မြန်မာပြည်မှာက တရားဝင်အစိုးရကို သာဝက သူပုန်ထပြီးအာဏာသိမ်းမှ ဆန္ဒပြရမှာပါ။ တရားဝင်အစိုးရကို အာဏာသိမ်းလို့ သာဝဟာ အကြမ်းဖက်သမားသူပုန်ဖြစ်သွားမှာပါ။ သူဟာ ICC မှာ တရားစွဲခံရနိုင်တဲ့ တရားခံဖြစ်နေလို့ သူကပြည်သူတွေကို ဒုက္ခပေးမယ်ဆိုတဲ့ အကြောင်းပြချက်ကို ကမ္ဘာက လက်ခံဖို့ မခက်ခဲပါ။

နောက်ပြီးတော့ ပြည်သူတွေမှာကလဲ လစ်ဗျားတော်လှန်ရေးလို ဆီးရီးယားတော်လှန်ရေးလိုခေါင်းဆောင်မရှိတာမဟုတ်ဘဲ မြန်မာပြည်မှာက ခေါင်းဆောင်နဲ့ တရားဝင်အစိုးရက ရှိနေပြီးသားပါ။သူက သူပုန်ထတာသာဖြစ်ပြီး သူပုန်ခေါင်းဆောင်ကို ဖမ်းဖို့ နှိမ်နင်းဖို့သာ လိုတာပါ။

ပြည်သူတွေက သူအာဏာသိမ်းရင် အသက်အသေခံပြီး ဆန္ဒပြမလားဆိုတဲ့ မေးခွန်းပါ။ မြန်မာပြည်ရဲ့ပြည်မအားလုံးဟာ နီပြီးသားပါ။ ဒါ့ကြောင့် သူသာအာဏာသိမ်းခဲ့ရင် ထိုင်းလိုလွယ်လွယ်ရမှာ မဟုတ်ဘဲ အသေအပျောက်များမှာပါ။ ထိုင်းဟာ အမေရိကန်နဲ့ စစ်ရေးစာချုပ်ရှိလို့ ဝင်မစွက်တာပါ။ မြန်မာနဲ့က ဘာမှမရှိလို့ ဝင်စွက်ရလွယ်ပါတယ်။ နောက်မြန်မာပြည်မှာက ထိုင်းလိုမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေက ရှိပြီးသားမိုလို့ ဒီအချိန်မှာ သူတို့နဲ့ ပေါင်းစပ်ပြီး သာဝကို အပြီးကိုင်ဖို့က ပိုလွယ်နိုင်ပါတယ်။

နောက်မေးခွန်းတစ်ခုက တပ်ထဲကနေ ပြည်သူ့စစ်သားတွေဟာ ဆီးရီးယားနဲ့ လစ်ဗျားမှာလို ပြည်သူနဲ့လာပေါင်းမလားဆိုတာပါ။ သာဝအမိန့်ကို နာခံတဲ့ ရာထူးကြီးတွေရှိနိုင်ပေမယ့် အောက်ခြေကတပ်မတော်သားတွေဟာ သူတို့တပ်ချုပ်ဟာ အာဏာသိမ်းရင် သူပုန်မိုလို့ သူပုန်ရဲ့အမိန့်ကို မနာခံဘဲအစိုးရနဲ့ ပြည်သူကို ပေါင်းရတာ လွယ်မှာပါ။ ရခိုင်စစ်မြေပြင်မှာတောင် သူတို့လူမျိုးတွေက ဘက်ပြောင်းသွားကြပါတယ်။

စာရေးသူတို့ ပြည်သူအများစုက အမေရိကန် (သို့) အနောက်တိုင်းကသာ ဝင်စွက်နိုင်တယ်လို့ ထင်ထားပေမယ့် တရုတ်ဟာလဲ DASSK ကို ထောက်ခံသူအနေနဲ့ ပါလာနိုင်ပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ဥရောပက စာရေးသူတို့နဲ့ စနစ်တူပါတယ်။ အဆုံးမှာတော့ သာဝသူပုန်ကို ဖမ်းထိန်းဖို့က ရတဲ့အကူအညီယူရမှာပါ။

အကျဉ်းချုပ်ပြောလိုတာက သူပုန်ထခဲ့ရင်တော့ မနိုင်ရင် ကြိုးမိန့်ပါလို့ ကြိုပြောထားပါရစေ။ နယ်သာလန်ကလဲ သာဝကို စောင့်ကြိုနေပါတယ်။ မဖြစ်ခဲ့ရင် အကောင်းဆုံးပါ။ ဒေဝဒတ်ဟာ မြေမြိုတဲ့အထိမိုက်သွားလို့ အမှားမလုပ်မိအောင် ရေးပြတာပါ။

(Note to Facebook: This is the article about Senior General Min Aung Hlaing who is banned by Facebook and accused by ICJ for ethnic cleansing. He threatened to stage coup against democratically elected government led by Aung San Suu Kyi. This article asked people to provide the list of address where his thuggish military bases are.This will pass to UN and US, so that they can use for targeted bombing if needed to stop another ethnic cleansing in Burma by Senior General Min Aung Hlaing against his own population. Pls don’t remove based on the information from Myanmar Facebook team as this team is also controlled by ex military personnel as well.)

1,520 views1 comment

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

1 ความคิดเห็น


naynanmyint629395
naynanmyint629395
28 ม.ค. 2564

ပြည်သူဘက်ကစတင်လာ

အောင် တမင်ရန်စ စကား

ပြောနေသလားလို့ပါ။

ပြည်သူများက စတင်ရန်မူလာလို့

သူတို့က အာဏာသိမ်းရပါတယ်

လို့ လုပ်လို့ရဖို့အတွက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားနားထောင်ငြိမ်နေတဲ့ပြည်သူများ

ကိုဒေါသထွက်အောင် လုပ်နေတယ်ထင်မိပါတယ်။

ဒါကြောင့်​ပြည်သူများ သတိကြ

ဖို့လိုပီးွေကောက်ပွဲမတိုင်မီကာလ

လိုဒေါ်စု က "ဘာရမလဲသာဝရယ်"

လို့ ဆိုလိုက်ထာနဲ့ပြည်သူက

အထာပေါက်ပီးသားအခြေအနေ

ကို သာဝတို့ဘက်ကဖျက်​ဆီးဖို့ကြိုးစာနေတာမို့ပြည်သူများဘက်

ကလဲဒေါ်စု ရဲ့ အရိပ်အကဲ သာ

စောင့်ကြ​ ည့် ကြရတော့မယ်

လို့ ယူဆမိပါတယ်။

ถูกใจ
bottom of page