top of page
Search
Writer's pictureMyat Tun Oo

ဝေဖန်သူတွေ ဘယ်မှာလဲ?




စာရေးသူတို့ NLD အစိုးရလက်ထက် ဝေဖန်သူတွေရှိပါတယ်။


ဝေဖန်ရာမှာ သုံးအုပ်စုရှိပါတယ်။


ပထမက မအလဘက်က ဝေဖန်တာက ဆန့်ကျင်ဘက်အနေနဲ့ ထင်ရှားပါတယ်။ ကျော်စွာတို့နဲ့ ဖွတ်ဘူးလက်၊ ကိုကိုလှိုင်တို့တွေပေါ့။ ကြံ့ဖွတ်တွေပေါ့။

ဒုတိယက NLD လိုလို ဒီမိုလိုလိုနဲ့ ဝေဖန်တာပါ။ သက်သက်ခိုင်၊ ကျော်ဇေယျ၊ ခင်မောင်ဆွေ၊ မင်းဇင်၊ဘိုဘိုကျော်ငြိမ်း၊ ဆလိုင်းဖင်ကျုံးခံ၊ စိုင်းအိုက်ပေါင်း၊ အေးမောင်၊ အေးနုစိန်၊ ညိုညိုသင်း၊ ကိုကိုကြီး၊နေယံဦး၊ ရင်ရင်နွယ်၊ အောင်သူငြိမ်းတို့ပါ။ ကျန်သူတွေရှိပါသေးတယ်။

တတိယအုပ်စုကတော့ တာဝန်အရ ဝေဖန်ရမယ်ဆိုပြီး ဝေဖန်သူပါ။ ဒါကသတင်းသမားပေါ့။


ယခုသူတို့တွေဘယ်မှာလဲ? ပထမနဲ့ ဒုတိယအုပ်စုက အကုန်လုံး မအလအစိုးရအဖွဲ့ထဲမှာပါ။ မပါသူများကလဲ မအလရဲ့ ထောက်ပံ့မှုအောက်မှာပါ။ DASSK လက်ထက်က တိုက်မယ်တကဲကဲနဲ့အမျိုးသားရေးပြောတဲ့ အေးမောင်၊ အေးနုစိန်၊ စိုင်းအိုက်ပေါင်းတို့ဟာ ယခုအချိန်မှာ ဆွေးနွေးမှုကသာအကောင်းဆုံးဆိုပြီး ငြိမ်းချမ်းရေးသမားတွေ ဖြစ်သွားကြပါပြီ။

အကျဉ်းချုပ်ရရင် NLD ကို ဝေဖန်ရင် ဒလန်လား NUG ကို ဝေဖန်ရင် ဒလန်လားဆိုတော့ ယခင်ကဥပမာကိုလေ့လာကြည့်ရင်တော့ NLD ကို ဝေဖန်ခဲ့သူတွေဟာ ယခုအချိန်မှာ လူသတ်သမားနဲ့ပေါင်းနေတာတွေ့ရပါတယ်။ ဒါကြောင့် ဝေဖန်သူတွေဟာ ဘာကြောင့်ဝေဖန်ဝေဖန် ဘာလုပ်ခဲ့လုပ်ခဲ့ မအလနဲ့ပြန်ပေါင်းထုတ်သွားတာ များပါတယ်လို့ ပြောပါရစေ။

အကယ်၍ စေတနာနဲ့ ဝေဖန်ခဲ့တာပါလို့ပြောရင် ယခုအချိန် မီးမလာတာ၊ စက်သုံးဆီစျေး နတ်ပြည်အထိတက်တာ၊ ဒေါ်လာစျေးတက်တာ၊ ကုန်စျေးနှုန်း လကမ္ဘာအထိရောက်နေတာ၊ YBS တွေဖြစ်ချင်တိုင်းဖြစ်နေတာ၊ လူတွေသေချင်တိုင်းသေနေတာကို ဒီလူတွေ မအလကို ဘာများဝေဖန်တာသင်ကြားဖူးသလဲမေးပါရစေ။ စာရေးသူကတော့ ဝေဖန်သူတွေဟာ သိန်းညွန့်တို့ ခင်မောင်ဆွေတို့သက်သက်ခိုင်တို့လို အဆုံးသတ်သွားပြီး ဒလန်များဖြစ်တယ်လို့သာ ပြောပါရစေ။

815 views4 comments

Recent Posts

See All

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

4 commentaires


virathu
06 mars 2022

Regardless of their socioeconomic background, those people are in it for themselves. Promise of better life, money and perhaps self-importance is what drew them to the evil Myanmar military. Some of those Western-educated people like Nyo Ohn Myint, Aung Thu Nyein sure know how to set up NGOs as a front to make money from the phony projects they promote to their funding organizations. The name of their NGOs change over time (to reinvent themselves to continue to receive funding) but the people behind those NGOs are the same. For example, some of those used to be part of Vahu (VDI) and now they are part of Myanmar Peace Institute. They are also known among their circles of friends and…

J'aime

delvenu7
delvenu7
05 mars 2022

ဘုန်းကြီးရဟန်းတွေကို လုံးဝဝေဖန်ခွင့်မရှိဘူးလား.. ဝေဖန်ရင်အပြစ်ဖြစ်သလား။ ==================== ဘုန်းကြီးရဟန်းတွေကိုဝေဖန်ရင်ငရဲကြီးတယ်။ အပြစ်ဖြစ်တယ်ဆိုတာဟုတ်ပါသလားဘုရား။ လူပုဂ္ဂိုလ်တွေကဘုန်းကြီးရဟန်းတွေကို လုံးဝေ၀ဖန်ပိုင်ခွင့်မရှိဘူးဆိုတာဟုတ်ပါသလား။ """""""""""""""""""" မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပြီး အဖြေကို လည်းကျယ်ကျယ်ပြန့်ပြန့်ပြန်လည်ဆွေးနွေး နွေးဖြေကြားပေးမှ ကောင်းမယ်လို့ထင်မြင်မိ ပါတယ်။ ဘာကြောင့်လဲဆိုတော့ဘာသာရေးနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုရမှာကို ဗုဒ္ဓဘာသာ၀င်အများစုဟာ ကြောက်ရွံ့ထိတ်လန့်တတ်ကြသလို ဝေဖန်သူရှိ ရင်တောင် မိစ္ဆာဒိဋ္ဌိတစ်ဦးသဖွယ် ရှု့မြင်တတ်ကြ လို့ပါ။ ဗုဒ္ဓဘာသာ၀င်မှန်ရင် ကလေးဘ၀ထဲက ငရဲကြီးလိမ့်မယ်ဆိုတဲ့ စကားနဲ့ကြီးပျင်းလာခဲ့ရ တာမို့ ဗုဒ္ဓဘာသာ၀င်မှန်ရင် အားလုံးနီးပါးက ငရဲကြီးမှာ ကြောက်ကြတာ ဆန်းတော့လဲ မဆန်းပါဘူး။ မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာ၀င်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသလိုအဝေဖန်ခံ လိုက်ရပြီဆိုရင်လည်း ငါ့ကို ကောင်းစေချင်လို့ အပြုသဘောဝေဖန်တာလား ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လို့ အပျက်သဘောကဲ့ရဲ့အတင်းဆို ရှုတ်ချပြီးပြောတာလားဆိုတာကို မဝေခွဲတော့ပဲ `မင်းကတော့ ဘယ်လောက်ကောင်းနေလို့လဲ!ဆိုတဲ့ စကားလုံးကြမ်းကြမ်းတွေနဲ့ပြန်လည်တုန့်ပြန် တတ်ကြပါတယ်။ မညှာမတာဝေဖန်ရရင် ဒါဟာ ပညာမဲ့ခြင်းရဲ့ အစဖြစ်ပြီး လူမိုက်တွေရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါဟာ ထေရဝါဒဗုဒ္ဓသာသနာတော်မှာ နေလိုလလို ထင်ရှားကျော်ကြားပါတယ်။ဝိသာခါကျောင်း အမကြီးဟာ lရဟန်းတော်တွေကိုအကိုလိုမောင်လို သားလိုလေးစားကြည်ညိုချစ်ခင်မြတ်နိုးတတ်သူ တစ်ဦးဖြစ်ပြီး ရဟန်းတော်တွေ သာသနာ့၀န်ကို အားသွန်ကြိုးပမ်းထမ်းရွက်နိုင်အောင် အဘက် ဘက်ကလိုလေသေးမရှိထောက်ပံ့လှုဒါန်းသူ တစ်ဦးလည်းဖြစ်ပါတယ်။ ဝိသာခါကျောင်းအမကြီးဟာလှုဒါန်းစရာရှိရင်လည်း လိုသေးမရှိလှုဒါန်းတတ်ပြီး ရဟန်းတော်တွေကို ဆုံးမစရာရှိရင် ဆုံးမတတ်သလို ဝေဖန်စရာရှိ ရင်လည်းဗွင်းဗွင်းကြီးအားမနာတမ်းဝေဖန် တတ်သူဖြစ်ပါတယ်။ ၀ိသာခါဟာ သားသမီးမြေးမြစ်ပေါများပြီး အသက်လည်းရှည်တာကြောင့် ' အလွန်မင်္ဂလာ ရှိသော သူ´´လို့ မြို့သူမြို့သားများက အသိ အမှတ်ပြုပြီး ဘာသာခြားတို့ကအစ လက်ထပ်မင်္ဂလာစသောကိစ္စတို့၌ ပင့်ဖိတ်ပြီး ဦးစွာကျွေးမွေးဧည့်ခံကာ ``ဤသတို့သားနဲ့ သတိုးသမီးသည် အရှင်မကဲ့သို့ အသက်ရှည်စွာ အနားကင်း၍ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ´´လို့ ဆုတောင်းကြပါတယ်။ တစ်နေ့မှာတော့ ဖိတ်ကြားထားတဲ့ မင်္ဂလာဆောင်အိမ်အရောက်မှာ ဥဒါယီဆိုတဲ့ရဟန်းတစ်ပါးဟာ သတိုးသမီးနဲ့အတူ အခန်းတစ်ခန်းထဲ မှာ နှစ်ယောက်ထဲ စကားပြော နေတာကို မြင်လိုက်ရပါတယ်။ မြင်လျှင်မြင်ချင်းပဲ အခန်းထဲ၀င်သွားကာ '`အရှင်ဘုရား မာတုဂါမနဲ့ နှစ်ယောက်ထဲ မဖွယ်ရာပြုနိုင်တဲ့နေရာမှာ စကားပြောနေတာဟာ မသင့်တော်ပါဘူး။ အရှင်ဘုရားက ရိုးရိုးသားသားပြောဆိုနေတာ ဆိုရင်တောင် လူအများက အရှင်ဘုရားတို့ ရိုးရိုးသားသား ပြောဆိုနေတယ်ဆိုတာ ယုံကြည်ကြမှာ မဟုတ်ပါဘူး´´လို့ ပြောဆို ဆုံးမပါတယ်။ ဥဒါယီရဟန်းဟာ ပြောစကားနားမထောင်တာ ကြောင့် ဝိသာခါဟာလမ်းပေါ်ထွက်ပြီး ``ဥဒါယီကိုယ်တော်ဟာမိန်းကလေးနဲ့အတူ ဆိတ်ကွယ်ရာအရပ်မှာ နှစ်ယောက်ထဲ ထိုင်စကားပြောနေပါတယ်´´ဆိုပြီး လမ်းပေါ်သွား နေတဲ့ဘုန်းကြီးရဟန်းမှန်သမျှကို လျှောက်ထား ပါတယ်။ ရဟန်းတွေကလည်း ဘုရားကို ပြန်လျှောက်ကြပါတယ်။ ဒီအခါမှာ ဘုရားရှင်က…

J'aime

Myint Soe Oo
Myint Soe Oo
05 mars 2022

ဦးမြတ်!!! ​ဝေဖန်သူ​တွေ ၊ ​ဂေါတမဗုဒ္ဓဘုရားရှင် လက်ထက်ကပင် ရိှခဲ့ပါသည်။

ဘုရားရှင်သည်ပင် ​ဝေဖန်ခံရမှုကြုံခဲ့ရပါသည်။

***​ဂေါတမ ဗုဒ္ဓရဲ့ တပည့်ရဟန်း​တွေက

​နေပူ မိုးရွာ မ​ရှောင် ၊ ​နေ့ ည မ​ရွေး ၊ သွားချင်သလို သွား ၊ လာချင်သလို လာ ၊ ဖြတ်​ကျော်နင်းကြတဲ့အတွက် ငါတို့ စပါးသီးနှံ စိုက်ခင်းများ ပျက်ယွင်းရပြီ***

ထို​ခေတ်ခါက အိန္ဒိယ နိုင်ငံမှ ​တောင်သူလယ်လုပ်များ၏ ​ဝေဖန်မှု ခံခဲ့ရပါသည်။

စပါးသီးနှံ စိုက်ပျိုးဖြစ်ထွန်​အောင်မြင်ချိန်သည် မိုးတွင်းကာလ။

အမှား အမှန် ချင့်ချိန်တတ်ပြီး အနာဂါတ်အကျိုးပါ ထည့် မြင်တတ်​သောမူ​သော ဥာဏ်နှင့်ပြည့်စုံ​တော်မူ​သော ဗုဒ္ဓဘုရားရှင်သည် ***ဝါတွင်းကာလ မိုးသမယမှာ ခရီး မထွက်ရ၊ သီတင်းသုံးရာ ​ကျောင်းမှာသာ ညအိပ် ညဥ့်​နေ ​နေရမည်***ဟု သတ်မှတ်ပညတ် ဆုံးမ တားဆီး​တော်မူခဲ့ပါသည်။

~♤☆အ​ပေါင်းလက္ခဏာ ​ဆောင်​သော ​ဝေဖန်​ရေးကို ဘုရားရှင် မပစ်ပယ်ပဲ၊ ​​ဝေဖန်​ရေးကိုအ​ကြောင်းပြု ​လောက​ကောင်းကျိုးအတွက် ပြုစု​တော်မူခဲ့ပါသည်။♤

သို့ပါ၍ ဝါတွင်းကာလတွင်း ရဟန်း​တော်များ ဟိုဟိုဒီဒီ ​ခြေမများ ခရီးမသွားပဲ စာသင် စာချအလုပ် ကျိုးကုတ်အားထုတ်ခဲ့မှု​ကြောင့် ​ထေရဝါဒသာသနာ ယ​နေ့တိုင် တည်နိုင်ခဲ့ပါသည်။


*******************************


​ဂေါတမ ဗုဒ္ဓဟာ ကရုဏာ အကြင်နာတရား လက်ကိုင်ထား သွက်သွက်​ဟောကြား​နေပါ​​သော​ကြောင့်

***ဗုဒ္ဓ နှင့် သာဝက တပည့် ရဟန်းများဟာ သတ္တဝါတို့ရဲ့ အသား စားသုံးမှု မပြုသင့်၊ သက်သတ်လွတ်သာ စားသုံးသင့်သည်***ဟု ​ဒေဝဒတ်မှ (ကိုးကွယ်သူများ ထင်​ယောင်ထင်မှားဖြစ်​အောင် အမြင်မှား ပေး၊ ရန်​ဘေးနှင့် ယှဥ်​သော)​ဝေဖန်မှု ပြုခဲ့ပါသည်။

သို့​သော် ဗုဒ္ဓ ကိုယ်​တော်တိုင် **အဆိုးမြင် ၊အကျိုး​ကောင်း မ​ပေး​သော ​ဝေဖန်​ရေးကို*** ပယ်မြစ်၍ အမှန်​ရောက်​အောင် ​ဆောင်​တော်မူခဲ့ပါသည်။

ရဟန်းများသည် တပါးသူအ​ပေါ်(ဒါယကာ၊ ဒါယိကာမများ)မီှခို၍ ဝမ်း​ကျောင်း အသက်​မွေးရသူများဖြစ်ကြပါသည်…


J'aime

Maung Chit Khaing
Maung Chit Khaing
05 mars 2022

right spot on

J'aime
bottom of page