မနေ့က သမ္မတရုံးက ပိုးစစ်တာကို ပိုလုပ်မည်ဟု အတည်ပြုပါသည်။ သဘောအရ ပိုစစ်ရင် ပိုတွေ့နိုင်သလို သူတို့ကိုလဲ သီးသန့်ခွဲထားရတာ ပိုလွယ်သွားပါမည်။
အနောက်နိုင်ငံကတော့ လေယဉ်ပျံပိတ်ထားလို့ ဝင်လာတာ မရှိပေမယ့် ယခင်ထိုင်းနဲ့ အခြားနယ်စပ်ကဝင်ထားသူများက ယခု ၂ ပတ်ကျော် ၃ ပတ်ထဲတွင် ရောဂါရှိသူက ပြနိုင်ပါသည်။
ဒါက နိုင်ငံတိုင်းမှာ ရောဂါဖြစ်သူအရေအတွက် တိုးလာတာ ပုံမှန်ပါ။ အစိုးရလဲ ထိုင်းက လကုန်ရင်ပြန်လာမည့်သူများအတွက် ဘယ်လို Q မလဲတော့ စဉ်းစားနေမှာပါ။
အားလုံးက မဟုတ်တာတွေ အငြင်းမပွါး မရှယ်ဘဲနဲ့
လူချင်းခွါ
လက်ကို ဆပ်ပြာနဲ့ဆေး
အိမ်ထဲမှာနေ
မိမိယုံကြည်ရာ ဘာသာကိုဆုတောင်းပြီး
ဒီပိတ်ရက်ကို ကျော်ဖြတ်ပေးကြပါ။
မြန်မာပြည်ရဲ့ အနေအထားအရ စျေးဝယ်ရင် နှာခေါင်းစည်းတတ်ပြီး ခပ်ခွါခွါလေး နေပေးကြပါ။ ဖြစ်နိုင်ရင်တော့ ခဏခဏစျေးထွက်မဝယ်ပါနဲ့။
ယခုအချိန်မှာတော့ ဝေးဝေးကသာ လွမ်းပါမည်ပေါ့။
Credit: Myanmar Now
Comments