မနေ့က သတင်းစာရှင်းလင်းပွဲလုပ်တယ်။ အကျဉ်းချုပ်က ဆက်မိုက်မယ်။ ထိပ်တိုက်တွေ့မယ်။ အကုန်ဖမ်းမယ် သတ်မယ် ထောင်အရှည်ကြီးချမယ်။ ဒါပါဘဲ။ သူက DASSK ကို သိက္ခာချဖို့ ကွီးဖြိုးနာမည်သုံးတယ်။ သူတို့ပြောတာကို ပြန်မရှင်းနိုင်အောင် သူ့မိန်းမကို ညက ဖမ်းသွားတယ်လို့ ကြားပါတယ်။သတင်းအတည်ပြုချက်တော့ မရသေးပါ။ ဒါပေမယ့် ဒါက လိမ်တာကြီးမှန်း လူတိုင်းသိတယ်။ ယခင်က ရေးခဲ့သလိုဘဲ သူခိုးက လူပြန်ဟစ်နေတာပါ။
ဒါဆိုရင် ဘာဆက်လုပ်မလဲ? ဒါကတော့ ဒီမိုခေါင်းဆောင်တွေကသာ ဆုံးဖြတ်ရမှာပါ။ စာရေးသူတို့ကအကြမ်းဖက်သမားတွေကို ကားနဲ့ တိုက်သတ်ပါပြောပြော ဘာပြောပြော အချို့က သူတို့အကွက်ထဲဝင်မယ် မေမေက ဘာမှာထားတယ်ပြောနေရင် အဆင်မပြေပါဘူး။ ယခုကတော့ စာရေးသူအနေနဲ့ ဖြစ်သင့်တာကိုရေးပါ့မယ်။
ပြဿနာတိုင်းက ဆွေးနွေးအဖြေရှာရင်တော့ အကောင်းဆုံးပါ။ ဒါပေမယ့် အချို့တွေက လက်နက်နဲ့စကားပြောမှ နားလည်တာပါ။ ဥပမာ ခွေးကို တရားချနေရင် ကြာပါတယ်။ ဝ ဆိုရင် အင်အားတောင့်တော့ မထိရဲတာက သက်သေပါ။ အချို့ကလဲ လက်နက်ကိုင်ပြီး မအလအကြမ်းဖက်အဖွဲ့ကိုတိုက်ရင် မအောင်မြင်နိုင်ဘူးဆိုပြီး သွေးကြောင်တာရှိပါတယ်။ မတိုက်သေးလို့ပါလို့ ပြောပါရစေ။ ခေါင်းဆောင်ကြီးကြီး တစ်ယောက်ကသာလုပ်ဆိုရင် အောင်မြင်မှာ သေချာပါတယ်။ ရခိုင်မှာ AA နဲ့တောင် တိုက်ပတ်နေခဲ့တာပါ။
ဒါဆိုရင် R2P က မလာဘူးလားမေးစရာရှိပါတယ်။ သူတို့က လာနိုင်ပါတယ်။ ဒါပေမယ့်အသေအပျောက်များမှပါ။ စာရေးသူနဂိုကရေးတဲ့ မောင်းသူမဲ့လေယဉ် (drone)ဒရုံးက ဖြစ်နိုင်ချေများပါတယ်။ ဒါကို အမေရိကန်နိုင်ငံကသာ လုပ်ပေးနိုင်တာတော့ မဟုတ်ပါ။ တရုတ်ကလဲ လုပ်ပေးနိုင်ပါတယ်။ အရေးကြီးတာက လူထုကိုယ်စားပြု အနိုင်ရခေါင်းဆောင်တွေက အဆိုပါနိုင်ငံတွေနဲ့အပေးအယူ စကားပြောရမယ်လို့ထင်ပါတယ်။ ဘယ်နိုင်ငံကမှ မိမိအကျိုးမရှိရင် ဝင်မကယ်ပါ။လက်တွေ့ကျတဲ့ အပေးအယူလိုမှာပါ။ ဒါက ပြည်ပအားကိုးမိုလို့ မလုပ်ချင်ရင်လဲ ပြည်တွင်းအားတွေရှိပါတယ်။
ကိုယ်ထူကိုယ်ထ အကြမ်းဖက်သမားကို ဘယ်လိုတိုက်မလဲ? ဒါကပြည်သူသာ အဓိကပါ။ ပြည်သူကတကယ်တိုက်ချင်ရင် လမ်းဘေးက အကြမ်းဖက်သမားကို ကားနဲ့ တိုက်သတ်လဲရပါတယ်။ ထို့အတူဓားနဲ့ခုတ်လဲရပါတယ်။ အကြမ်းဖက်အဖွဲ့ထံက သိမ်းလို့ရတဲ့ လက်နက်နဲ့ သူတို့ကို ပြန်ပစ်တာ၊အကြမ်းဖက်အဖွဲ့ ခြေကုတ်ယူထားတဲ့နေရာတွေကို မီးရှို့တာ၊ အကြမ်းဖက်အဖွဲ့ရဲ့ စီးပွါးရေးလုပ်ငန်းတွေကို မီးရှို့တာဟာ အင်မတန် ထိရောက်ပါတယ်။ ဥပမာ အကြမ်းဖက်သမား ပိုင်ဆိုင်ထားတဲ့ မိုင်တဲတာဝါတိုင်တွေ ရုံးခန်းတွေကို နေရာတိုင်း လုံခြုံရေးချဖို့ မဖြစ်နိုင်ပါ။ အကြမ်းဖက်သမားရဲ့ စက်ရုံတွေ၊သူတို့နဲ့ ဆက်စပ်တဲ့ ဘဏ်တွေ မိမိတို့လမ်းထဲက သတင်းပေးရဲ့ အိမ်တွေကို SP(social punishment) လောက်မဟုတ်ဘဲ မီးရှို့တာပေါ့။ ဒါတွေဟာ အကြမ်းဖက်သမားတွေ ခိုအောင်းရာနေရာမိုလို့အကြမ်းဖက်သမားတွေကို တိုက်ခိုက်ရာမှာ အသုံးဝင်ပါတယ်။ ဥပမာ ရန်သူ့ထံက လက်နက်မိတယ်။Facebook ပေါ်တင်တယ်။ ရန်သူကလာပြီး သူ့လူတင်မဟုတ်ဘဲ မိမိလူကိုပါဖမ်းသွားတယ်။ နှိပ်စက်တယ်။ မိမိတို့က မှန်တာကိုပြပေမယ့် အကြမ်းဖက်သမားက အကြမ်းဖက်သွားပါတယ်။ ဒါမှမဟုတ်ဘဲအကြမ်းဖက်သမားတွေကို အကြမ်းဖက်ဥပဒေနဲ့ အပြစ်ပေးပြီး လက်နက်သိမ်း ရှောင်ထွက်သွားရင်မိမိက အားသာလာမှာပါ။ သူတို့လူသေရင် သူတို့ တုန်လှုပ်လာမှာပါ။ သူတို့အကွက်ထဲဝင်မယ်လို့ထင်နေရင် သူတို့က အာဏာသိမ်းပြီးသားမိုလို့ ဒီ့ထက်စိုးစရာ မရှိတော့ပါ။
ထို့အတူပါဘဲ တပ်ထဲက ရဲဘော်များလဲ CDM ဆိုပြီး ထွက်မပြေးဘဲ မအလနား ကပ်လို့ရချိန်မှာအကြမ်းဖက်သမား မအလကို ဘင်လာဒင်လို ကျွေးလိုက်နိုင်ရင် အဆင်ပိုပြေပါတယ်။ သူနဲ့တွေ့ဖို့အချိန်စောင့်ရနိုင်ပေမယ့် အကြမ်းဖက်သမားဆိုတာ ဒီလိုဘဲ ဖြေရှင်းရတာပါ။
ယခုဟာက မိမိပြန်ခံမချလဲ အကြမ်းဖက်အုပ်စုကဖမ်းသွားရင် သတ်လို့သေသွားရင် ဘာမှအဆင်မပြေပါ။ အကြမ်းဖက်သမားတွေဟာ တကယ်ပြန်ချရင် AA ကိုတောင်မနိုင်တာ တွေ့ရမှာပါ။
ဒါတွေအားလုံးရဲ့ သော့ချက်က ပြည်သူပါဘဲ။ မိမိတို့ဘယ်လောက်အထိ မအလကို တိုက်ထုတ်ချင်လဲဆိုတဲ့ စိတ်ဆန္ဒအပေါ်မှာ မူတည်ပါတယ်။ အရာအားလုံးဟာ ပြည်တွင်းကစရမှာဖြစ်ပြီး ပြည်ပကလဲကူညီလာမှာပါ။
လစ်ဗျားမှာဆိုရင် ပြည်သူတွေက ၂၀၁၁ ဖေဖော်ဝါရီ ၁၇ ဆန္ဒပြပွဲ စခဲ့ပြီး နောက်ပိုင်း ပြည်သူတွေကကြားဖြတ်အစိုးရဖွဲ့ကာ လက်နက်ကိုင်တိုက်ခဲ့ပါတယ်။ လစ်ဗျားပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေတာ မဟုတ်ပါ။ ကဒါဖီကပစ် မတ်လကနေစပြီး ထိုးစစ်ဆင်ခဲ့တာကို ပြည်သူတွေက လက်နက်နဲ့ ခုခံ၊ဒါကို ကဒါဖီက တင့်ကား၊ လေယဉ်နဲ့ပစ်ပြီး မြို့များစွာကို ပြန်သိမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်း ဒီမိုဆန္ဒပြသူနဲ့ ဒီမိုလက်နက်ကိုင်များ ဘင်ဂါဇီမြို့မှာ ပိတ်မိရာကနေ ဩဂုတ်လမှာ နေတိုးနဲ့ ဒီမိုတွေက ဝင်ကူပြန်တိုက်ခဲ့ပြီး နေတိုးက R2P စဖြစ်ခဲ့တာပါ။ နေတိုးဟာ ဆန္ဒပြသူကို ပစ်နေ ဖမ်းနေရုံနဲ့ ငြိမ်းချမ်းစွာဆန္ဒပြလို့ဆိုပြီး R2P ဝင်လုပ်တာမဟုတ်ပါ။
အစပိုင်းမှာ အိုဘားမားက သိပ်ဝင်မပါချင်ပေမယ့် ပြင်သစ်နဲ့ အင်္ဂလိပ်က တိုက်တွန်းလို့ ဝင်ပါရကြောင့်သူ့စာအုပ်ထဲမှာ ရေးထားပါတယ်။ အမေရိကန်က ဩဂုတ်မှာ ပစ်ပေးပြီး အောက်တိုဘာ ၂၃ မှာမ ပွဲပြီးသွားခဲ့ပါတယ်။ ကိုးလ ကြာခဲ့ပါတယ်။ ကလေးမွေးတာတောင် ကိုးလလွယ် ဆယ်လဖွားရတာမိုလို့အချိန်တော့ ယူရပါတယ်။ အနာခံမှ အသသာစံရမှာပါ။
အကျဉ်းချုပ်ရရင် ယခုပွဲဟာ ပြည်တွင်းဆန္ဒပြမှု၊ CDM နဲ့ ပြည်ပက ဟန်ချက်ညီနေတာ တွေ့ရပါတယ်။ လိုနေတာက ပြည်သူ့ဘက်ကရပ်မယ့် ဖယ်ဒရယ် ပြည်သု့တပ်မတော်ပါ။ လက်ရှိပြည်ထောင်စုတပ်အတွက် အကြမ်းဖက်သမားကိုတိုက်ဖို့ လက်နက်ကို ပြည်ပကထောက်ပံ့ပေးနိုင်မယ်ဆိုတာယုံကြည်ပါတယ်။ အရေးကြီးတာက ဘယ်လောက်အထိ အကြမ်းဖက်သမားကိုခံချမလဲဆိုတာ ဒီမိုအစိုးရနဲ့ ခေါင်းဆောင်တွေမှာ မူဝါဒရှိဖို့သာ လိုမှာပါ။ ဒါက စာရေးသူတို့လိုလူတွေကတစ်ယောက်တစ်ပေါက်ပြောနေလို့မရဘဲ ကိုမင်းကိုနိုင်တို့လို ဩဇာရှိသူတွေကသာ ပြောရ ဆုံးဖြတ်ရမှာပါ။ ဒါဆိုရင် ရန်ကုန်တပ်၊ ပဲခူးတပ်၊ မကွေးတပ်၊ မန္တလေးတပ်၊ စစ်ကိုင်းတပ်တွေနဲ့ အခြေခံစစ်ပညာသင်ထားပြီး လက်နက်လာတာနဲ့ တိုက်နိုင်မှာဖြစ်သလို လက်နက်မရှိခင်မှာလဲ အကြမ်းဖက်သမားတွေကို ရရ လက်နက်နဲ့ တိုက်နိုင်မှာပါ။ သူတို့ရဲ့ အကျိုးစီးပွါးကို တိုက်ခိုက်မှ သူတို့ပြန်ကာကွယ်ဖို့ တပ်သုံးရမှာပါ။
ဘာမှလက်နက်မကိုင်ရင်တော့ မအလကလဲ ဒီပုံအတိုင်း မိုက်ကြေးခွဲနေမှာပါ။ လက်နက်ရှိရင်တော့အပြုတ်တိုက်မယ်ဆိုပြီး ဒီမိုတပ်ထံမှာ စွပ်ပြုတ်လာတိုက်မှာပါလို့ ပြောပါရစေ။ ကိုယ်ထူကိုယ်ထပြီးအကြမ်းဖက်သမားကို တိုက်နိုင်ပါစေ။ ပြည်သူသာ အဓိကပါ။ ဒီပွဲဟာ ရှုံးလို့မဖြစ်ပါ။ ဒီပွဲရှုံးရင်အနာဂတ်ရှုံးမှာပါ။ အရေးတော်ပုံ အောင်ရမည်။
Comments