၂၀၁၂မွာမသီတာေထြးမုဒိမ္းမႈျဖစ္ပါတယ္။ဒီေနရာမွာမုဒိမ္းမႈျဖစ္တာဟာႏိုင္ငံတိုင္းမွာျဖစ္ေလ့ရွိပါတယ္။သက္ငယ္မုဒိမ္း၊လူမ်ိဳးျခား၊ဘာသာျခားမုဒိမ္းေတြေပါ့။ဒါေပမယ့္မသီတာေထြးအမႈမွာပံုေတြနဲ႔သတင္းအမွားေတြကိုေရာၿပီးလူေတြလမ္းေပၚထြက္လာေအာင္ဆြေပးခဲ့ပါတယ္။ဆြေပးသူကအဲ့ဒီအခ်ိန္ကသတင္းစာနဲ႔ေကာလဟာလထုတ္သူမ်ားပါ။လူေတြရဲ႕တရားမွ်တမႈလိုလားခ်က္ဟာအဲ့ဒီအခ်ိန္၂၀၁၂နဲ႔၂၀၁၉ကအတူတူပါဘဲ။ထို႔အတူပါဘဲရဲေတြရဲ႕ကိုင္တြယ္မႈဟာထိုစဥ္ကျပႆနာျဖစ္ေစခဲ့သလိုယခုလဲျပႆနာျဖစ္ေစခဲ့ပါတယ္။
ဒီေနရာမွာရဲကဝီဝီ့ကိုဖမ္းရာမွာလြတ္သြားေပမယ့္အစိုးရဝန္ထမ္းသကၠကိုေတာ့မိခဲ့ပါတယ္။သူတို႔ရဲ႕ေျပာၾကားခ်က္အရမွာကိုမဖမ္းခင္မွာသကၠကိုေစာင့္ၾကည့္ေနခဲ့ပါတယ္။ဒါဟာပံုမွန္လုပ္ရမယ့္အလုပ္ပါ။ဒါဆိုသကၠကိုေစာင့္ၾကည့္သလိုဝီဝီ့ကိုဘာလို႔ေစာင့္မၾကည့္ေနခဲ့သလဲေမးစရာရွိပါတယ္။တာဝန္ပ်က္ခဲ့တာေပါ့။
ေနာက္ဘဏ့္အေကာင့္ပါ။သကၠအေကာင့္ကိုျပည္ထဲေရးေအာက္ကေငြမဲတိုက္ဖ်က္ေရးအဖြဲ႕ကဧရာဘဏ္ကိုအမိန္႔ေပးၿပီးခ်က္ျခင္းပိတ္ခိုင္းခဲ့ေပမယ့္မဘသအေကာင့္ေတြအျခားဘာသာေရးေရာင္ေရာင္ပရဟိတေရာင္ေရာင္အေကာင့္ေတြကိုဘာမွမလုပ္ခဲ့ပါ။သာသနာေရးဝန္ႀကီးေမးတာေတာင္အၾကာႀကီးေနမွအေၾကာင္းျပန္ခဲ့တာပါ။ဒါကလဲတရားဥပေဒႏွစ္မ်ိဳးရွိတာကိုျပတာပါ။
ဒီေနရာမွာျပည္ထဲေရးအေနနဲ႔တကယ္ေဒါသထြက္ရင္ဖမ္းစစ္ရမွာကပိုးျဖဴကိုပါ။သူ႔ဗီဒီယိုမွာပါတဲ့အရာအခ်ိဳ႕ဟာတကယ္မျဖစ္တာကိုပိုပိုသာသာေျပာထားတာပါ။ဒါမွလဲလူေတြကေဒါသျဖစ္မွာပါ။ဒါေပမယ့္ျပည္ထဲေရးဟာသကၠကိုသာဖမ္းခဲ့ပါတယ္။အျပင္မွာေတာ့ေကာလဟာလနဲ႔သူမလဲအဖမ္းခံရသေရာင္ဖြထားခဲ့ပါတယ္။
ျမန္မာျပည္မွာတရားဥပေဒစိုးမိုးလား။မသီတာေထြးအမႈ၊ကခ်င္ျပည္ကဆရာမႏွစ္ေယာက္၊တစ္ေအာင္းပေလာင္ကအမ်ိဳးသမီးသံုးေယာက္--- စံုလို႔ပါဘဲ။ဒီေနရာမွာစစ္သားမိန္းမမိုလို႔တရားမွ်တမႈအတြက္မလုပ္ရေတာ့ဘူးလားဆိုၿပီးေစာဒကတက္သူဖြတ္မ်ား၊ခ႐ိုနီမား၊ဒီမိုခြထိုင္မ်ား၊ဒီမိုစစ္စစ္မ်ားရွိပါတယ္။စာေရးသူအေနနဲ႔စစ္သားမိန္းမေတြကတရားမွ်တမႈရွိဖို႔၊ရဖို႔ႀကိဳးစားလာတယ္ဆိုရင္တပ္တြင္းဒီမိုကေရစီရလာတာျဖစ္လို႔ႀကိဳဆိုပါတယ္။
ဒါေပမယ့္စစ္သားမိန္းမပိုးျဖဴဟာအျခားမုဒိမ္းမႈေတြမွာမပါဘဲဒီအမႈမွာမပါလာတာဟာစိတ္ဝင္စားစရာပါ။ယခုအေကာင့္နာမည္အသစ္နဲ႔ျပန္တက္လာတယ္လို႔သိရပါတယ္။ဒါေပမယ့္ယခင္အေကာင့္မွာပါဝင္ေနတဲ့စစ္ေထာက္လွမ္းေရးမွဗိုလ္မႉးတစ္ေယာက္နဲ႔အျခားဗိုလ္မ်ားကသူတို႔ဘယ္သူပါ။ဘာအလုပ္လုပ္ပါတယ္။သူမနဲ႔ဘယ္လိုပတ္သက္တယ္ဆိုတာရွင္းျပရပါမယ္။ဒီစစ္ဗိုလ္ထဲကအနည္းဆံုးတစ္ေယာက္ဟာအစိုးရကိုေဝဖန္တဲ့အေကာင့္တုမ်ားကိုကိုင္တြယ္ရသူပါ။အားလံုးတိုက္ဆိုင္တာလား။
ယခင္ကေျပာခဲ့သလိုပါဘဲ။ပိုင္သူဖြတ္ႏြယ္၊ဖြသူတပ္ႏြယ္၊ေရးသူခြထိုင္နဲ႔အၿမဲသမၼတေအာက္မွာမရွိတဲ့ျပည္ထဲေရးေၾကာင့္ျဖစ္တဲ့တရားဥပေဒစိုးမိုးမႈမရွိတဲ့ျပႆနာပါ။အျမန္ဆံုး၂၀၀၈ေျခဥျပင္ႏိုင္ခဲ့ရင္ယခုလိုမ်ိဳးျပႆနာေတြကေနရွင္းသြားမွာပါ။တပ္တြင္းမွာတကယ့္ကိုဒီမိုကေရစီရၿပီဆိုရင္ေတာ့ရခိုင္ကစလို႔တစ္တိုင္းျပည္လံုးၿငိမ္းခ်မ္းပါၿပီ။Victoria မွသည္ကခ်င္ကဆရာမေလးမ်ားအဆံုးတရားမွ်တမႈရရွိပါေစ။
Unicode version
သီတာထွေး၊Victoria နဲ့ပြည်ထဲရေး
၂၀၁၂မှာမသီတာထွေးမုဒိမ်းမှုဖြစ်ပါတယ်။ဒီနေရာမှာမုဒိမ်းမှုဖြစ်တာဟာနိုင်ငံတိုင်းမှာဖြစ်လေ့ရှိပါတယ်။သက်ငယ်မုဒိမ်း၊လူမျိုးခြား၊ဘာသာခြားမုဒိမ်းတွေပေါ့။ဒါပေမယ့်မသီတာထွေးအမှုမှာပုံတွေနဲ့သတင်းအမှားတွေကိုရောပြီးလူတွေလမ်းပေါ်ထွက်လာအောင်ဆွပေးခဲ့ပါတယ်။ဆွပေးသူကအဲ့ဒီအချိန်ကသတင်းစာနဲ့ကောလဟာလထုတ်သူများပါ။လူတွေရဲ့တရားမျှတမှုလိုလားချက်ဟာအဲ့ဒီအချိန်၂၀၁၂နဲ့၂၀၁၉ကအတူတူပါဘဲ။ထို့အတူပါဘဲရဲတွေရဲ့ကိုင်တွယ်မှုဟာထိုစဉ်ကပြဿနာဖြစ်စေခဲ့သလိုယခုလဲပြဿနာဖြစ်စေခဲ့ပါတယ်။
ဒီနေရာမှာရဲကဝီဝီ့ကိုဖမ်းရာမှာလွတ်သွားပေမယ့်အစိုးရဝန်ထမ်းသက္ကကိုတော့မိခဲ့ပါတယ်။သူတို့ရဲ့ပြောကြားချက်အရမှာကိုမဖမ်းခင်မှာသက္ကကိုစောင့်ကြည့်နေခဲ့ပါတယ်။ဒါဟာပုံမှန်လုပ်ရမယ့်အလုပ်ပါ။ဒါဆိုသက္ကကိုစောင့်ကြည့်သလိုဝီဝီ့ကိုဘာလို့စောင့်မကြည့်နေခဲ့သလဲမေးစရာရှိပါတယ်။တာဝန်ပျက်ခဲ့တာပေါ့။
နောက်ဘဏ့်အကောင့်ပါ။သက္ကအကောင့်ကိုပြည်ထဲရေးအောက်ကငွေမဲတိုက်ဖျက်ရေးအဖွဲ့ကဧရာဘဏ်ကိုအမိန့်ပေးပြီးချက်ခြင်းပိတ်ခိုင်းခဲ့ပေမယ့်မဘသအကောင့်တွေအခြားဘာသာရေးရောင်ရောင်ပရဟိတရောင်ရောင်အကောင့်တွေကိုဘာမှမလုပ်ခဲ့ပါ။သာသနာရေးဝန်ကြီးမေးတာတောင်အကြာကြီးနေမှအကြောင်းပြန်ခဲ့တာပါ။ဒါကလဲတရားဥပဒေနှစ်မျိုးရှိတာကိုပြတာပါ။
ဒီနေရာမှာပြည်ထဲရေးအနေနဲ့တကယ်ဒေါသထွက်ရင်ဖမ်းစစ်ရမှာကပိုးဖြူကိုပါ။သူ့ဗီဒီယိုမှာပါတဲ့အရာအချို့ဟာတကယ်မဖြစ်တာကိုပိုပိုသာသာပြောထားတာပါ။ဒါမှလဲလူတွေကဒေါသဖြစ်မှာပါ။ဒါပေမယ့်ပြည်ထဲရေးဟာသက္ကကိုသာဖမ်းခဲ့ပါတယ်။အပြင်မှာတော့ကောလဟာလနဲ့သူမလဲအဖမ်းခံရသရောင်ဖွထားခဲ့ပါတယ်။
မြန်မာပြည်မှာတရားဥပဒေစိုးမိုးလား။မသီတာထွေးအမှု၊ကချင်ပြည်ကဆရာမနှစ်ယောက်၊တစ်အောင်းပလောင်ကအမျိုးသမီးသုံးယောက်--- စုံလို့ပါဘဲ။ဒီနေရာမှာစစ်သားမိန်းမမိုလို့တရားမျှတမှုအတွက်မလုပ်ရတော့ဘူးလားဆိုပြီးစောဒကတက်သူဖွတ်များ၊ခရိုနီမား၊ဒီမိုခွထိုင်များ၊ဒီမိုစစ်စစ်များရှိပါတယ်။စာရေးသူအနေနဲ့စစ်သားမိန်းမတွေကတရားမျှတမှုရှိဖို့၊ရဖို့ကြိုးစားလာတယ်ဆိုရင်တပ်တွင်းဒီမိုကရေစီရလာတာဖြစ်လို့ကြိုဆိုပါတယ်။
ဒါပေမယ့်စစ်သားမိန်းမပိုးဖြူဟာအခြားမုဒိမ်းမှုတွေမှာမပါဘဲဒီအမှုမှာမပါလာတာဟာစိတ်ဝင်စားစရာပါ။ယခုအကောင့်နာမည်အသစ်နဲ့ပြန်တက်လာတယ်လို့သိရပါတယ်။ဒါပေမယ့်ယခင်အကောင့်မှာပါဝင်နေတဲ့စစ်ထောက်လှမ်းရေးမှဗိုလ်မှူးတစ်ယောက်နဲ့အခြားဗိုလ်များကသူတို့ဘယ်သူပါ။ဘာအလုပ်လုပ်ပါတယ်။သူမနဲ့ဘယ်လိုပတ်သက်တယ်ဆိုတာရှင်းပြရပါမယ်။ဒီစစ်ဗိုလ်ထဲကအနည်းဆုံးတစ်ယောက်ဟာအစိုးရကိုဝေဖန်တဲ့အကောင့်တုများကိုကိုင်တွယ်ရသူပါ။အားလုံးတိုက်ဆိုင်တာလား။
ယခင်ကပြောခဲ့သလိုပါဘဲ။ပိုင်သူဖွတ်နွယ်၊ဖွသူတပ်နွယ်၊ရေးသူခွထိုင်နဲ့အမြဲသမ္မတအောက်မှာမရှိတဲ့ပြည်ထဲရေးကြောင့်ဖြစ်တဲ့တရားဥပဒေစိုးမိုးမှုမရှိတဲ့ပြဿနာပါ။အမြန်ဆုံး၂၀၀၈ခြေဥပြင်နိုင်ခဲ့ရင်ယခုလိုမျိုးပြဿနာတွေကနေရှင်းသွားမှာပါ။တပ်တွင်းမှာတကယ့်ကိုဒီမိုကရေစီရပြီဆိုရင်တော့ရခိုင်ကစလို့တစ်တိုင်းပြည်လုံးငြိမ်းချမ်းပါပြီ။Victoria မှသည်ကချင်ကဆရာမလေးများအဆုံးတရားမျှတမှုရရှိပါစေ။
Comentarios