top of page
Search
Writer's pictureMyat Tun Oo

သံေဝဂရစရာသတင္းမွရေသာသင္ခန္းစာ



အားလံုးသိတဲ့အတိုင္းဘေရႊရဲ႕သားမက္ေသတယ္။Facebook ေပၚသတင္းတက္လာတယ္။ပံုမွန္ဆိုျမန္မာလူမ်ိဳးကသူမ်ားမိသားစုဝမ္းနည္းေနခ်ိန္မွာဘာမွမေျပာဘူး။ဒါေပမယ့္ဘေရႊရဲ႕လုပ္ရပ္ေၾကာင့္အေျပာခံရတယ္။ဒီေနရာမွာသူ႔ဇာတိဟသၤာတေညာင္က်ိဳးေဒသကလူေတြကသူ႔သားမက္ကေဒသကိုဘယ္လိုအက်ိဳးျပဳေၾကာင္းဝင္ေရးၾကပါတယ္။ႀကိဳက္သူမႀကိဳက္သူေပါ့။ဒီေန႔သူ႔အသုဘကိုတပ္ကအထက္ကအကုန္နီးပါးတက္တယ္။ခ်ဳပ္ႀကီးေတြတက္သလိုကာကြယ္ေရးဝန္ႀကီးနဲ႔ျပည္ထဲေရးဝန္ႀကီးလဲတက္တယ္။

ဒီကေနသင္ခန္းစာသံုးခုရခဲ့ပါတယ္။

ဒါနဲ႔NLD ေရြးေကာက္ပြဲႏိုင္ၿပီးေဆြးေႏြးတဲ့ကာလကိုအမွတ္ရေစခဲ့ပါတယ္။အဲ့ဒီအခ်ိန္ကဘေရႊတို႔ကရန္ကုန္၊ရခိုင္၊ကခ်င္နဲ႔ရွမ္းကိုသူ႔လူကိုဝကခခန္႔ဖို႔ေတာင္းတယ္ဆိုၿပီးသတင္းထြက္ခဲ့ပါတယ္။ေပးရင္၅၉(စ) ဆိုင္းငန္႔ေပးမယ္ဒါဆိုရင္DASSK သမၼတလုပ္ခြင့္ရမယ္ေပါ့။ဒါဟာေကာလဟာလလားတကယ္လားဆိုတာDASSKနဲ႔ဘေရႊသာသိပါမယ္။ေသခ်ာတာကေတာ့ယခုဘေရႊရဲ႕သားမက္ကရန္ကုန္လႊတ္ေတာ္မွာ၂၀၁၆ကတပ္ကေနအမတ္ဝင္လုပ္ခဲ့တာပါ။အဲ့ဒါအၿပီးရန္ကုန္ဝကခကိုအေကာင့္တုမ်ားခ႐ိုနီမီဒီယာမ်ားကတိုက္ခိုက္တာပါ။ရခိုင္ကေတာ့အားလံုးသိၿပီးသားပါ။

တိုက္ဆိုင္တာလား? စဥ္းစားစရာပါ။အခ်ိဳ႕ကႏိုင္ငံေရးမွာတိုက္ဆိုင္မႈဆိုတာမရွိဘူးဆိုၿပီးသီအိုရီလဲရွိပါတယ္။

ဒီေန႔ပြဲကိုတက္သူေတြၾကည့္ရင္ဘေရႊရဲ႕ၾသဇာကိုျပည္သူမ်ားခန္႔မွန္းႏိုင္မယ္ထင္ပါတယ္။သူဟာစီးပြားေရးကိစၥေတြကိုေတာ့အစိုးရကိုဝင္ေျပာလို႔မရတာေသခ်ာပါတယ္။ဒါေပမယ့္ကာကြယ္ေရး၊ျပည္ထဲေရးကိစၥမွာေတာ့ၾသဇာရွိမွာပါ။ဒါေပမယ့္တိုင္းျပည္မွာစစ္ေရး၊ႏိုင္ငံေရးနဲ႔စီးပြားေရးဆိုတာဆက္စပ္ေနပါတယ္။

ေနာက္ဆံုးကေတာ့သူဟာသူ႔ေဒသအတြက္အက်ိဳးျပဳမျပဳ၊တိုင္းျပည္အတြက္အက်ိဳးျပဳမျပဳဆိုတာပါ။ ဒီေမးခြန္းကိုဘေရႊအတြက္ေမးၾကည့္ပါ။ဘေရႊကိုလဲသူ႔လူေတြကသူတို႔အတြက္အက်ိဳးျပဳတယ္လို႔ေျပာမွာျဖစ္ေပမယ့္ျပည္သူကေတာ့ဘာေျဖမလဲသိမွာပါ။ေဗဒင္ေမးစရာမလိုပါဘူး။ဒီေနရာမွာေဆးပညာေလာကနဲ႔ယခုလက္ရွိလူႀကီးေတြခံစားရတာကိုေျပာျပခ်င္ပါတယ္။

ျမန္မာျပည္မွာဘေရႊလက္ထက္ေဆးပညာေလာကကိုရင္းႏွီးျမဳပ္ႏွံမႈမလုပ္ခဲ့ပါ။ဒါေၾကာင့္ျမန္မာျပည္မွာကအေရးေပၚေဆးပညာအားနည္းၿပီးအေရးေပၚဆိုေသပါတယ္။ဘေရႊရဲ႕ဒုလက္ေထာက္ဘေအးဟာေဂါက္႐ိုက္ေနရင္းသတိေမ့သလိုလဲပါတယ္။ေလျဖတ္ပါတယ္။စစ္ေဆး႐ံုကိုေရာက္ေပမယ့္စစ္ေဆး႐ံုကဆရာဝန္မ်ားကၾကည့္႐ံုကလြဲၿပီးေလျဖတ္ေဆးမေပးႏိုင္ခဲ့ပါ။ႏိုင္ငံျခားကသူ႔တူဆရာဝန္ကိုေမးခ်ိန္မွာေဆးေပးလို႔ရခ်ိန္လြန္သြားခဲ့ပါၿပီ။သူဟာစင္ကာပူသြားၿပီးျပန္လည္ထူေထာင္ေရးလုပ္ခဲ့ေပမယ့္ကိုယ္တစ္ျခမ္းေသခဲ့ပါၿပီ။

ထို႔အတူပါဘဲယခုလဲေသြးအန္ခ်ိန္မွာေနျပည္ေတာ္ကစစ္ဆရာဝန္မ်ားဟာဘာမွေသခ်ာမလုပ္ႏိုင္လိုက္ပါ။သူတို႔လဲသူတို႔တတ္သေလာက္သာလုပ္ႏိုင္မွာပါ။သူတို႔ျမန္မာျပည္ထဲမွာသင္ထားသေလာက္ေပါ့။

ဒါဟာမိမိတို႔က်န္းမာေရးမွာရင္းႏွီးျမဳပ္ႏွံမႈနည္းခဲ့လို႔ျပန္ရလိုက္တာပါ။

အခ်ိဳ႕ကိစၥေတြဟာမိမိကိုယ္ႀကိဳက္သူမႀကိဳက္သူရွိႏိုင္ပါတယ္။မိမိလုပ္ခဲ့တာကေတာ့မိမိထံျပန္လာတတ္ပါတယ္။ဘုရားကေတာ့ကံကံ၏အက်ိဳးလို႔ေဟာခဲ့ပါတယ္။

ဒီစာဟာႏိုင္ငံေရးကိုတရားသေဘာနဲ႔ၾကည့္ၿပီးေရးတာပါ။သာေစနာေစလိုစိတ္မရွိပါ။

Unicode version

သံဝေဂရစရာသတင်းမှရသောသင်ခန်းစာ

အားလုံးသိတဲ့အတိုင်းဘရွှေရဲ့သားမက်သေတယ်။Facebook ပေါ်သတင်းတက်လာတယ်။ပုံမှန်ဆိုမြန်မာလူမျိုးကသူများမိသားစုဝမ်းနည်းနေချိန်မှာဘာမှမပြောဘူး။ဒါပေမယ့်ဘရွှေရဲ့လုပ်ရပ်ကြောင့်အပြောခံရတယ်။ဒီနေရာမှာသူ့ဇာတိဟင်္သာတညောင်ကျိုးဒေသကလူတွေကသူ့သားမက်ကဒေသကိုဘယ်လိုအကျိုးပြုကြောင်းဝင်ရေးကြပါတယ်။ကြိုက်သူမကြိုက်သူပေါ့။ဒီနေ့သူ့အသုဘကိုတပ်ကအထက်ကအကုန်နီးပါးတက်တယ်။ချုပ်ကြီးတွေတက်သလိုကာကွယ်ရေးဝန်ကြီးနဲ့ပြည်ထဲရေးဝန်ကြီးလဲတက်တယ်။

ဒီကနေသင်ခန်းစာသုံးခုရခဲ့ပါတယ်။

ဒါနဲ့NLD ရွေးကောက်ပွဲနိုင်ပြီးဆွေးနွေးတဲ့ကာလကိုအမှတ်ရစေခဲ့ပါတယ်။အဲ့ဒီအချိန်ကဘရွှေတို့ကရန်ကုန်၊ရခိုင်၊ကချင်နဲ့ရှမ်းကိုသူ့လူကိုဝကခခန့်ဖို့တောင်းတယ်ဆိုပြီးသတင်းထွက်ခဲ့ပါတယ်။ပေးရင်၅၉(စ) ဆိုင်းငန့်ပေးမယ်ဒါဆိုရင်DASSK သမ္မတလုပ်ခွင့်ရမယ်ပေါ့။ဒါဟာကောလဟာလလားတကယ်လားဆိုတာDASSKနဲ့ဘရွှေသာသိပါမယ်။သေချာတာကတော့ယခုဘရွှေရဲ့သားမက်ကရန်ကုန်လွှတ်တော်မှာ၂၀၁၆ကတပ်ကနေအမတ်ဝင်လုပ်ခဲ့တာပါ။အဲ့ဒါအပြီးရန်ကုန်ဝကခကိုအကောင့်တုများခရိုနီမီဒီယာများကတိုက်ခိုက်တာပါ။ရခိုင်ကတော့အားလုံးသိပြီးသားပါ။

တိုက်ဆိုင်တာလား? စဉ်းစားစရာပါ။အချို့ကနိုင်ငံရေးမှာတိုက်ဆိုင်မှုဆိုတာမရှိဘူးဆိုပြီးသီအိုရီလဲရှိပါတယ်။

ဒီနေ့ပွဲကိုတက်သူတွေကြည့်ရင်ဘရွှေရဲ့သြဇာကိုပြည်သူများခန့်မှန်းနိုင်မယ်ထင်ပါတယ်။သူဟာစီးပွားရေးကိစ္စတွေကိုတော့အစိုးရကိုဝင်ပြောလို့မရတာသေချာပါတယ်။ဒါပေမယ့်ကာကွယ်ရေး၊ပြည်ထဲရေးကိစ္စမှာတော့သြဇာရှိမှာပါ။ဒါပေမယ့်တိုင်းပြည်မှာစစ်ရေး၊နိုင်ငံရေးနဲ့စီးပွားရေးဆိုတာဆက်စပ်နေပါတယ်။

နောက်ဆုံးကတော့သူဟာသူ့ဒေသအတွက်အကျိုးပြုမပြု၊တိုင်းပြည်အတွက်အကျိုးပြုမပြုဆိုတာပါ။ ဒီမေးခွန်းကိုဘရွှေအတွက်မေးကြည့်ပါ။ဘရွှေကိုလဲသူ့လူတွေကသူတို့အတွက်အကျိုးပြုတယ်လို့ပြောမှာဖြစ်ပေမယ့်ပြည်သူကတော့ဘာဖြေမလဲသိမှာပါ။ဗေဒင်မေးစရာမလိုပါဘူး။ဒီနေရာမှာဆေးပညာလောကနဲ့ယခုလက်ရှိလူကြီးတွေခံစားရတာကိုပြောပြချင်ပါတယ်။

မြန်မာပြည်မှာဘရွှေလက်ထက်ဆေးပညာလောကကိုရင်းနှီးမြုပ်နှံမှုမလုပ်ခဲ့ပါ။ဒါကြောင့်မြန်မာပြည်မှာကအရေးပေါ်ဆေးပညာအားနည်းပြီးအရေးပေါ်ဆိုသေပါတယ်။ဘရွှေရဲ့ဒုလက်ထောက်ဘအေးဟာဂေါက်ရိုက်နေရင်းသတိမေ့သလိုလဲပါတယ်။လေဖြတ်ပါတယ်။စစ်ဆေးရုံကိုရောက်ပေမယ့်စစ်ဆေးရုံကဆရာဝန်များကကြည့်ရုံကလွဲပြီးလေဖြတ်ဆေးမပေးနိုင်ခဲ့ပါ။နိုင်ငံခြားကသူ့တူဆရာဝန်ကိုမေးချိန်မှာဆေးပေးလို့ရချိန်လွန်သွားခဲ့ပါပြီ။သူဟာစင်ကာပူသွားပြီးပြန်လည်ထူထောင်ရေးလုပ်ခဲ့ပေမယ့်ကိုယ်တစ်ခြမ်းသေခဲ့ပါပြီ။

ထို့အတူပါဘဲယခုလဲသွေးအန်ချိန်မှာနေပြည်တော်ကစစ်ဆရာဝန်များဟာဘာမှသေချာမလုပ်နိုင်လိုက်ပါ။သူတို့လဲသူတို့တတ်သလောက်သာလုပ်နိုင်မှာပါ။သူတို့မြန်မာပြည်ထဲမှာသင်ထားသလောက်ပေါ့။

ဒါဟာမိမိတို့ကျန်းမာရေးမှာရင်းနှီးမြုပ်နှံမှုနည်းခဲ့လို့ပြန်ရလိုက်တာပါ။

အချို့ကိစ္စတွေဟာမိမိကိုယ်ကြိုက်သူမကြိုက်သူရှိနိုင်ပါတယ်။မိမိလုပ်ခဲ့တာကတော့မိမိထံပြန်လာတတ်ပါတယ်။ဘုရားကတော့ကံကံ၏အကျိုးလို့ဟောခဲ့ပါတယ်။

ဒီစာဟာနိုင်ငံရေးကိုတရားသဘောနဲ့ကြည့်ပြီးရေးတာပါ။သာစေနာစေလိုစိတ်မရှိပါ။

1,675 views0 comments

Comentarios


bottom of page