top of page
Search
Writer's pictureMyat Tun Oo

သာဝနှင့်တူသောမိုးကျ


သာဝရဲ့ အဓိကပြဿနာက မိမိအလုပ်မိမိမလုပ်ဘဲ နိုင်ငံရေးမှာ ဝင်ပါနေတာပါ။ သူကတော့အမျိုးသားနိုင်ငံရေးလို့ပြောတာပေါ့။ သူက ဝက်မွေး၊ ကြက်မွေးကနေ ကိုဗစ်အထိ သာဝဟာ အကုန်ဝင်ပါပါတယ်။ ဒါပေမယ့် ရခိုင်မှာ လွှတ်တော်အမတ်ကိုဖမ်းတာ ရှမ်းမှာ သေနတ်နဲ့ ဝင်ပစ်ရင်တော့ သာဝဟာမိမိတာဝန်မဟုတ်သလို နေတတ်ပါတယ်။ သာဝနဲ့အတူ ဒေါ်စိန်အေးက မွေးထုတ်ပြီး ဌာနဆိုင်ရာတိုင်းမှာ ရာထူးကြီးကြီးနဲ့ ရောက်သွားသူများဟာလဲ သာဝကဲ့သို့ အကုန်တတ်သရောင် လုပ်တတ်ပါတယ်။ ဒါကြောင့်လဲ ၁၉၆၂ ထဲက အုပ်ချုပ်လိုက်လို့ ၂၀၁၆ မှာ မွဲသွားခဲ့တာပါ။

မနေ့က သတင်းတစ်ခုကိုဖတ်အပြီးမှာ တိုင်းပြည်ရဲ့ ပြဿနာကို သိလိုက်ရပါတယ်။ စာရေးသူတို့ရက်ပိုင်းအတွင်းမှာဘဲ ထောက်ပံ့ကြေးမရလို့ ပြည်သူတွေ ဆူသလိုလုပ်တာ၊ တိုင်တာတွေ ဖြစ်ခဲ့ပါတယ်။ အားလုံးလိုင်းပေါ်မှာ တွေ့ကြမှာပါ။ ပုံမှန်ဆိုရင် ထွေအုပ်ဝန်ကြီးဟာ အခင်းဖြစ်မြို့နယ်တွေကိုသွား အောက်ခြေနဲ့ ထိတွေ့ပြီး တုန့်ပြန်ရမှာပါ။ ဒါမျိုးကိုမတွေ့ဘဲ အောက်က ရပ်ကျေးကိုသာ ထိုးကျွေးတာတွေ့ရပါတယ်။ ဒါကလဲ သာဝနဲ့ မိုးကျတို့ရဲ့ ဖျောက်ရခက်တဲ့ အကျင့်ဆိုးတစ်ခုပါ။ သူကနိုင်ငံရေးသမားမဟုတ်လို့ အခြားလူကို ထိုးကျွေးတာသာ တတ်ပါတယ်။

သူဟာ သူ့အလုပ်သာသူဖြစ်မြောက်အောက် မလုပ်ပေမယ့် မနေ့က သူ့စာမျက်နှာမှာ ထွေအုပ်ဝန်ကြီးကဩစတြီးယားနဲ့ ကနေဒါသွားတဲ့ သံအမတ်တွေနဲ့ တွေ့ဆုံပြီး အမှာစကားပြောတယ်ဆိုတဲ့သတင်းကြောင့် သာဝကို မျက်စိထဲမြင်ယောင်ပြီး ပြုံးမိပါတယ်။ သူဟာ နိုင်ငံခြားရေးဝန်ကြီးမဟုတ်သလို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလဲ မဟုတ်ပါ။ အမှန်မှာ သမ္မတနဲ့ DASSK က လမ်းညွှန်ချက်ပေးပြီးရင် လုံလောက်ပါပြီ။ သူ့အလုပ်မပါပါ။ ဒါကတော့ မိုးကျတို့ရဲ့ ထုံးစံအတိုင်း မိမိဌာနကလုပ်ရမယ့် အလုပ်တိုင်းမှာ မဲစာရင်းကအစ တလွဲလုပ်ခဲ့ပြီး မိမိအလုပ်မဟုတ်တဲ့ နေရာမှာ ဝင်ပါတာပါ။သာဝစတိုင်ပေါ့။

ဒီလိုလူမျိုးတွေကြောင့် မြန်မာပြည်ကြီးက တိုးတက်သင့်သလောက် မတိုးတက်တာပါ။ အလုပ်အားနေရင် မိမိထွေအုပ်ဌာနကို ပြည်သူတွေက ချစ်ခင်လာအောင် အစွမ်းပြပါလို့ ပြောပါရစေ။ မယောင်ရာကိုဆီမလူးပါနဲ့။ သိပ်အားနေရင် ရပ်ကျေးထွေအုပ်တွေနဲ့ သွားတွေ့ပြီး သူတို့ဘဝကို နားလည်အောင်လုပ်ပါ။


News Credit: Ministry of Union Government Office

717 views2 comments

2 Comments


Myint Soe Oo
Myint Soe Oo
Nov 24, 2020

ဦးမြတ်! ကွယ်လွန်ရှာခဲ့ပြီဖြစ်သော ဆရာဖြစ်သူ ဒေါက်တာ(ဦး)မြင့်သိန်း (ရူပဗေဒ)

၏ အဆုံးအမကို ပူဇော်ကန်တော့သောအားဖြင့် တင်ပြအပ်ပါသည်။

**မင်းတို့ အသက်ကြီးလာရင် နယ်ပယ်တခုမှာ ဝင်ပြီး လျှောက်ရတော့မယ်။ လျှောက်တဲ့ နယ်ပယ်မှာ သိစရာမှန်သမျှ သိအောင်လုပ်၊ သင်ယူစရာမှန်သမျှ ရအောင် သင်ယူ၊ အိယောင်ဝါးတော့ မလုပ်နဲ့**

***မင်းတို့ကို ငါ အပြည့် သင်ပေးထားတယ်နော်။ မင်းတို့ တကျပ်ဖိုးတတ်မှ မင်းတပည့်တွေက ငါးမူး၊ တမတ်လောက်ရမှာ။ မင်းကိုယ်တိုင် တမတ်လောက် တတ်တာကို သာယာနေလို့ကတော့ကွာ။

သံဃာစင်ကို ကျိုးမှာ။****


@@@@@@@@@@@@@@@@@


သိတတ်ခါစအရွယ်က ကြားခဲ့ရသောစကား နှင့် အသိ အမြင်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ်ထဲက ဒေသတစ်ခုမှာ သာရေးနာရေးကိစ္စများတွင် ခွန်အားပြည့်ဖြင့်ကူညီဆောင်ရွက်ပေးသော**မြို့မအသင်း**ရှိခဲ့(ယခုတိုင် ရှိဆဲ)ပါသည်။ထိုအသင်းတွင် ဦး××

ပါဝင်၏(နာမည်မဖော်ပြတာ၊ နောက်ထပ်နာမည်အသစ်တွေ ထပ်ထပ်တိုးမှာ စိုး၍သာ)။

ဦး××သည် အလှုအတွက် ချက်ဖိုဝင်ဆံ့သော ထင်းခုတ်ရေး အလုပ်အလှည့်ကျစဥ်မှာ။ထင်းခုတ်ဒါးကို ကိုင်လိုက်(ဟေ့ မောင်ဖြူ ထင်းအခြောက် ဦးစားပေးခုတ်)ပြောအပြီး ဒါးရိုးကို့ ဆောင့်လိုက်၏။ ထို့နောက် (ဟေ့ မောင်နီ ၊ အခြောက်လွယ်အောင် ပုံမှန်ခွဲနော်)ပြောအပြီး ခါးဝတ် ပုဆိုးလေးကိုလိုက်ပါသည်။ ထို့နောက် ထင်းချောင်းကို ကိုင်လိုက်ပြီး(ဟေ့ မောင်ညို အခေါက်ထူတာကို ခွာပြီးခုတ်၊ အခြောက်မြန်အောင်ကွာ)ပြောအပြီး ဒါးရိုးကို ဆောင့် ပြန်ပါသည်။ ခုတ်မယ်လုပ် ဟန်ရွယ်ပြီးကာမှ(မောင်ဖြူ ထင်းက ဒါအကုန်ပဲလား)ပြောအပြီး ခါးဝတ်ပုဆိုးကို မ. တင် ပြန်ပါသည်။

မောင်ဖြူ မောင်နီ မောင်ညိုတို့ ရှေ့မှာ ဖိုဝင်ဖိုဆံ့ ထင်းများ အစုအပုံဖြစ်လာငြားလည်း ဦး××ရေှ့မှာတော့!!!!!!!!!!!!!


ပြောစကား သမိုင်း တွင်၊ ကျန်ရစ်ခဲ့ပါသည်။

**ဒါးရိုး ဆောင့် လိုက်၊ ပုဆိုး မ လိုက်**

ခုခါ ထိုဒေသတွင် အခြားနာမည်အသီးသီးဖြင့် ရပ်ကွက်အလိုက် သာ/နာ ကူ အသင်းးများအသီးသီးပေါ်ထွက်လာခဲ့ချိန်မှာ။ မြို့မ အသင်းကတော့ အသင်းဝင်အသင်းသားနည်းပါး…


Like

Albert Wint
Albert Wint
Nov 24, 2020

ကြောက်ခမန်းလိလိ စိုးထိတ်ရင်ဖို ရပါပေါ့မြန်ပြည်ရယ် လွယ်မှာကိုခက်အောင်လုပ်တတ်ကြပါပေ့ ပြဿနာပုစ္ဆာကိုမကြောက်ပေမဲ့ ရှင်းကြရမဲ့လူတွေရဲ့တိုင်းပြည်အပေါ်ထားတဲ့စေတနာ မေတ္တာကသာမိခင်အရင်းနဲ့စိတ်လား ဘီလူးမစိတ်လားမေးစရာပါ ခြင်ကိုက်တဲ့နဖူးခြင်ကို တူနဲ့ထုသတ်တဲ့နည်းလား ဆိုတာ

Like
bottom of page