top of page
Search
Writer's pictureMyat Tun Oo

သာဝနှင့် ရွေးကော်


စာရေးသူတို့က ရွေးကောက်ပွဲပြီးလို့ ပွဲပြီးပြီမှတ်ပေမယ့် အဘက ပွဲပြီးပုံမရသေးပါ။ ညစ်တွန်းလေးလုပ်နေပုံပါ။ သူညစ်တွန်းတာက ရွေးကောက်ပွဲဟာ တရားမမျှတဘူး ပြည်သူတွေက အော်နေတယ်ဆန္ဒပြနေတယ် ပါတီတွေက အော်နေတယ်ပေါ့။ ဒါ့ကြောင့်သူက တပ်မဲကို ပြန်စစ်မယ်ပေါ့။


ဒီနေရာမှာ သာဝရဲ့ No Vote ဟာ မအောင်မြင်ခဲ့သလို အာဏာသိမ်းမလို ခြိမ်းခြောက်တာဟာလဲ မအောင်မြင်ခဲ့ပါဘူး။ ကိုဗစ်နဲ့ ဆယ်လီစာရေးဆရာတွေကို ရွေးကောက်ပွဲရွှေ့ဖို့ ပြောခိုင်းတာဟာလဲ မအောင်မြင်ခဲ့ပါဘူး။ ရွေးကောက်ပွဲကာလ လူစုလူဝေးနဲ့ ဆူပူရင် နှိမ်နင်းဖို့လဲ အဘက ပြင်ထားခဲ့ပါတယ်။ ဒါကိုလဲ ပြည်သူတွေက ထိန်းခဲ့ပါတယ်။ အဲ့ဒီတော့ ဘာကျန်ခဲ့လဲ?


ပထမက မဲစာရင်းပါ။ ရွေးကော်က မဲစာရင်းကို ထွေအုပ်နဲ့ လူဝင်မှုကြီးကြပ်ရေးကို အခြေခံအားကိုးလုပ်လို့ ပထမပိုင်းမှာ အဆင်မပြေတာ ရှိခဲ့ပါတယ်။ နောက်ပိုင်း DASSK က ထွေအုပ်ဌာနကို မုန့်ဟင်းခါးကျွေးအပြီးမှာ အဆင်ပြေသွားခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း ထွေအုပ်ဟာ ပြည်ထဲရေးပြီးရင် မိုးကျအများဆုံးနေရာပါ။ ထွေအုပ်ဝန်ကြီးကလဲ စီမံခန့်ခွဲမှုညံ့၊ တပည့်တွေကလဲ ဆရာသာဝအတွက် ဟပေးခဲ့တာပါ။


ဒုတိယက တံဆိပ်တုံးအတုတွေပါ။ တံဆိပ်တုံးဟာ တစ်ခုမဟုတ်ဘဲ အများကြီး ထုတ်ခဲ့ပုံပါ။ မမိတာတွေ ကျန်ခဲ့ပါသေးတယ်။ ဒါကိုဘယ်သူကလုပ်လဲဆိုတော့ ဖွတ်ပါ။ တံဆိပ်တုံးအများကြီးကို မမိဘဲလုပ်လို့ရတာဟာ ထောက်လှမ်းရေး စရဖနဲ့ သတင်းတပ်ဖွဲ့က မျက်စိမှိတ်ထားခဲ့လို့ပါ။ ယခုမြန်မာပြည်မှာ ဗိုလ်ချုပ်မှူးကြီးရဲ့ တံဆိပ်အတု သွားလုပ်ကြည့်ပါလား? နောက်နေ့အိမ်ကို လာဖမ်းသွားပါလိမ့်မယ်။

နောက်ရွေးကော်အိမ်တွေကို ဗုံးနဲ့ပစ်တာပါ။ ဒါကအဘရဲ့ မွေးစားသားတွေကလုပ်တာပါ။ ရှင်းပါတယ်။


တတိယ တပ်မဲပါ။ တပ်မဲအားလုံးဟာ ဒါဘာမှာ အဘအမိန့်ဖတ်ပြပြီး ဖွတ်ကိုမဲပေးဖို့ ပြောတာပါ။နောက်ရှေ့တန်းရောက်ကိုလဲ တပ်ရေးဗိုလ်ကြီးတွေက ကြိုတင်မဲပေးတာပါ။ ယခုဟာက တပ်ကိုစွပ်စွဲရင် စုံစမ်းရမယ့်အစား စွပ်စွဲသူကို ဖမ််းပြီး တုန့်ပြန်တာပါ။ ဘာလို့လဲဆိုတော့ သူမလို နောက်လူတွေ မစွပ်စွဲအောင်ပါ။ နိုင်ငံခြားမှာဆိုရင်တော့ သူမကို မဖမ်းဘဲ အဲ့ဒီတပ်ထဲက တပ်ရင်းမှူးသာ အရင်အစစ်ခံရမှာပါ။


ဒါဆို မဲခိုးတာရှိနိုင်လား? မဲခိုးတာဟာ တပ်ချုပ်မအလနဲ့ ဖွတ်အဖွဲ့ကသာ မဲခိုးဖို့ ကြိုးစားတာ လုပ်ခဲ့တာတွေ့ရပါတယ်။ ယခုအချိန်မှာ ရွေးကော်က သတ္တိရှိရှိ တုန့်ပြန်လိုက်လို့ မြန်မာပြည်က အဖွဲ့အစည်း(Institution) တွေထဲမှာ ရွေးကော်ဟာ ပထမဆုံး မအလကို အာခံရဲတဲ့ ပြည်သူ့ဘက်က ရပ်တည်တဲ့လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် မြင်လိုက်ရပါပြီ။


တပ်မတော်အနေနဲ့ ရွေးကောက်ပွဲဟာ တရားမျှတလား မမျှတလား စစ်ချင်တယ်ဆိုရင် ကုလတပ်နဲ့ရဲကိုခေါ်ပြီး စစ်ခိုင်းလိုက်ပါ။ သာဝက ရွေးကော်ကို မယုံသလို ပြည်သူတွေကလဲ သာဝကို မယုံပါဘူး။ဒါ့ကြောင့် သတ္တိရှိရင် လိပ်ပြာသန့်ရင် ကုလက သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ကို ကုလတပ်နဲ့ လာစစ်ခိုင်းလိုက်ပါလို့ ပြောပါရစေ။


ပြည်သူတွေကလဲ တပ်ထဲက မဲစားရင်းတွေကို မိတ္တူကူးချင်ရင် ရမလားလို့ မေးပါရစေ။ ရှမ်းပြည်မှာ မဲပေးခဲ့တဲ့ တပ်တွေက နေပြည်တော်မှာလဲ မဲပေးခဲ့တာ ပေါ်သွားရင် ဦးသန်းဌေးသာ မဲရှုံးသွားမှာပါအဘ။ စိန်ခေါ်ရင် ကုလကိုသာ လာစစ်ခိုင်းလိုက်ပါ။

1,115 views1 comment

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

1 комментарий


Myint Soe Oo
Myint Soe Oo
08 дек. 2020 г.

ဦးမြတ်! ဆိုရှယ်လစ်ခေတ် ငယ်

စဥ်ကလေးဘဝမှာ စူဇကာစစ်ဆင်ရေးကို သတိရမိပါသည်။

ဝိသမလောဘသမား သူဌေးကြီးများကို အရေးယူခြင်းလို့ နဲနဲ ကြီး​လာမှသိရပါသည်။ငယ်တုန်းကတော့ ပိုက်ဆံ မတရားချမ်းသာရင် အဖမ်းခံရတယ်ဆိုသော အသိ ဝင်ခဲ့ပါသည်။

~စူဇကာ ပုဏ္ဏား လှုတာ အကုန်စားလို့ စားပိုးနင့်ခဲ့ရသော ဖြစ်ရပ်

~ပသေနဒီကောသလ္လမင်းကြီး ဆန်ပြည်ခြင် ချက် ကုန်အောင်စားလို့ ဗိုက်ရွဲ စူ ပူ မြစ်ပြင်လိုဖြစ်နေသော မှတ်တမ်း

***အစာအာဟာရသည် မရှိမဖြစ်လိုအပ်သော်လည်း##တန်ဆေးလွန်ဘေး#ဟူသော အသိတခုရရှိခဲ့ပါသည်။

သို့ပါ၍ ဗုဒ္ဓဘုရားရှင်ကလည်း အစာအာဟာရကို ဝမ်းနှင့်ချင့်ချိန်၍ မျှတရုံ စားသောက်ရန် ဆုံးမဟောကြားတော်မူခဲ့ပါသည်။

~အစားကြူး အစွယ်ပြူးပြူး ဘီလူး

~တန်ရုံကောက် ၊ ဇလုတ် ပေါက်တတ်တယ်

စသည့်စာစကားများရှိသလို

အဆုံးအမ သြဝါဒတစ်ရပ်ကိုလည်း မှတ်မိနေပါသေးသည်။

~ဝမ်းမီးအတွက်

~ဖမ်းဆီးမစားနဲ့ ။

တဏှာလောဘ မြင်မြင်ရာ သိမ်းပိုက် ရလေ လိုလေ အိုတစ္ဆေ

အဖြစ်သို့။

အစာပြည့် လွန်းလျှင် အရာရာ လေးလံ၍ အတွေးအမြင်ကအစ

မမှန်တော့ပါ။ထိန လေးလံထိုင်းမှိုင်းမှု ၊ မိဒ္ဓ အမှန်မသိအောင် ငိုက်မြည်းမှု။

ထိန မိဒ္ဓ = ငိုက်မြည်းသူသည် သူ့ကို သွားနိုးလျှင် စိတ်ဆို့ ဒေါသ ထကြွပါသည်။

စည်းစိမ်အပေါင်းကြောင့် စည်းစိမ် ထိနမိဒ္ဓ စွဲနေသူတို့သည်လည်း *နှပ်*နေချင်ကြပါသည်။

အဘယ်ကြောင့်နည်း???

စူဇကာ ပုဏ္ဏားက အစပြုခဲ့သောကြောင့်။ ချမ်းသာမှုစည်းစိမ် အစုစုတို့သည်တောင်သို့ **ပုံ**ခါ

**နား**သွားကြသော **ပုံနား**

ကြီးများ နည်းတူ နားချင်၍ အကာအကွယ်ပေးမယ့် #အားကိုးစရာကြီး#ကို မှီပြီးဖက်တွယ်ထားရပါသည်။ အလားတူ ရှေး ပုံနားကြီးများနည်းတူ နောက်ပေါက် ပုံပုံပုံနားလေးများကလည်း အလားတူ

အားကိုးစရာကြီးကို မထိနဲ့။ မီးပွင့်သွားမယ်။

အားကိုးစရာ စာအုပ်ကြီးတည်းဟူသော သစ်ငုတ်အို အတိုကြီးကို

ပျောက်ကွယ်မှာကြောက်၍ သစ်ငုတ်အို အတိုကြီးပေါ်နှင့် အနားတဝိုက် ဝဲပျံလည့်ပတ်နေသော…


Лайк
bottom of page