သကၠသို႔အိပ္ဖြင့္ေပးစာ
ညီေလးသကၠကိုျပည္သူ႔ရဲေတြကဖမ္းတယ္ဆိုတာၾကားရလို႔စိတ္မေကာင္းပါ။ညီေလးနဲ႔အစ္ကိုအျမင္မတူေပမယ့္ညီေလးအဖမ္းခံရတာေတာ့တကယ့္ကိုစိတ္မေကာင္းျဖစ္မိပါတယ္။
ညီေလးဟာဆရာဝန္ေတြဖဲႀကိဳးနက္လုပ္ေတာ့မထြက္ဘဲေနခဲ့တာကိုသိသူမ်ားကေျပာျပလို႔ၾကားဖူးပါတယ္။ညီေလးကေနတတ္စားတတ္ပါတယ္။ျပႆနာမတက္ေအာင္ေနတတ္သူပါ။ဒါဟာလဲဝန္ထမ္းေကာင္းတစ္ေယာက္ရဲ႕အရည္အခ်င္းထဲမွာပါပါတယ္။
ဒီေနရာမွာညီေလးဟာလက္ရွိဒီမိုအစိုးရကိုတက္လာကထဲကေဝဖန္ခဲ့တာအစ္ကိုသတိထားမိပါတယ္။ညီေလးကိုေထာက္ခံသူမ်ားကခ႐ိုနီႏြယ္၊တပ္ႏြယ္၊ဖြတ္နဲ႔တပ္အေကာင့္တုမ်ားပါသလိုဒီမိုစစ္စစ္အခ်ိဳ႕လဲပါတယ္အစ္ကိုသတိထားမိပါတယ္။ညီေလးကတပ္ကိုဒီမိုအစိုးရမေကာင္းေၾကာင္းအခါတစ္ရာေရးရင္တစ္ခါေလာက္ေတာ့ေရးေလ့ရွိပါတယ္။ဒါေတာင္တိုက္႐ိုက္မဟုတ္ပါ။
ညီေလးဟာျပည္သူ႔က်န္းမာေရးပညာနဲ႔မဟာဘြဲ႕ရထားသူပီပီအခ်က္အလက္ေတြdata ေတြအေပၚအေျခခံေရးေလ့ရွိတယ္လို႔ေျပာၾကပါတယ္။ညီေလးအဲ့ဒီလိုDASSK နဲ႔သူမအစိုးရကိုမ်ိဳးစံုေဝဖန္ေပမယ့္ညီေလးရဲ႕လြတ္လပ္စြာေျပာဆိုခြင့္ကိုဟိုကအသိအမွတ္ျပဳၿပီးညီေလးကိုဘာမွတရားမစြဲခဲ့ပါ။အစ္ကိုတို႔လိုမေနႏိုင္သူကသာသကၠဖြတ္ညိဳလို႔နာမည္ေပးခဲ့တာပါ။ဒါေတြကေတာ့ထားလိုက္ပါငါ့ညီ။
ငါ့ညီကတိုင္းျပည္ကိုဒုကၡေပးေနတဲ့ၫႊန္ခ်ဳပ္ကိုၫႊန္ခ်ဳပ္လို႔ေခၚတာကိုမွားတယ္ေျပာခ်ိန္လြန္ခဲ့တဲ့၂ႏွစ္ေလာက္ကတိုင္းျပည္မွာတရားဝင္အစိုးရနဲ႔တရားမဝင္လက္နက္အားကိုးေနတဲ့လူမိုက္အစိုးရရွိေၾကာင္းအစ္ကိုေထာက္ျပေျပာဆိုခဲ့ပါေသးတယ္။ငါ့ညီကအဲ့ဒီအခ်ိန္မွာအဘအဘနဲ႔ေပ်ာ္ေနခဲ့တာေပါ့။အဘကိုႀကိဳက္သူမ်ားကလဲငါ့ညီကိုႀကိဳက္မွၾကဳိက္Like မွLike ေပါ့။ငါ့ညီကအစိုးရႏွစ္ရပ္ရွိတယ္ဆိုတာကိုအဲ့ဒီအခ်ိန္ကမယံုခဲ့ဘူးေလ။မယံုတာလားမယံုခ်င္ေရာင္ေဆာင္တာလားေတာ့အစ္ကိုမသိပါ။
ဒီေနရာမွာငါ့ညီကျပည္သူ႔က်န္းမာေရးနဲ႔ၿပီးတဲ့ဆရာဝန္မိုလို႔အေထာက္အထားနဲ႔အစ္ကိုကေျပာျပရင္ေတာ့ယံုမယ္လို႔ထင္ပါတယ္။ငါ့ညီကိုDASSK အစိုးရကသံုးႏွစ္လံုးအဖက္မလုပ္ခဲ့လို႔ယခုအခ်ိန္မွဒီမိုအစိုးရကဖမ္းသလိုေတာ့မျပာပါနဲ႔မေရးပါနဲ႔ငါ့ညီ။မရမ္းပါနဲ႔။ပထမဆံုးျပည္ထဲေရးဟာဦးကိုနီကိုသတ္သူေအာင္ဝင္းခိုင္ကိုမမိတာၾကာခဲ့ပါၿပီ။အစိုးရေအာက္မွာရွိရင္အဲ့ဒီလူျပဳတ္သြားတာၾကာပါၿပီ။ဒါေပမယ့္အဲ့ဒီအမႈကိုဦးေဆာင္စစ္ခဲ့တဲ့ဒုဝန္ႀကီးဗိုလ္ခ်ဳပ္ေအာင္စိုးကရာထူးေတာင္တက္သြားပါေသးတယ္ငါ့ညီ။
ဒါတင္လားဆိုေတာ့႐ိုက္တာသတင္းေထာက္ႏွစ္ေယာက္ကိုေထာင္ဖမ္းခဲ့တာလဲျပည္ထဲေရးပါဘဲ။ရဲမႉးခ်ဳပ္တင္ကိုကိုဟာမျပဳတ္ခဲ့ပါ။႐ိုက္တာႏွစ္ေယာက္လဲေထာင္ထဲေရာက္ခဲ့ပါတယ္။အစိုးရေအာက္မွာျပည္ထဲေရးသာရွိခဲ့ရင္အဲ့ဒီလိုအစကထဲကျဖစ္လာခဲ့မွာမဟုတ္ပါငါ့ညီ။
ေနာက္ဆံုးဝီဝီ့ကိုဖမ္းရာမွာညီေလးကိုဖမ္းသလိုမဖမ္းခင္ၾကဳိၿပီးေစာင့္မၾကည့္ခဲ့လို႔ယခုဘယ္မွာမွန္းမသိပါ။စင္ကာပူကျပန္လာတဲ့ဓာတ္ခဲေထာက္ခံတဲ့အဖြဲ႕ကိုအျမန္လမ္းမွာရဲတပ္ဖြဲ႕ကျဖတ္ဖမ္းႏိုင္ခဲ့ေပမယ့္ဝီဝီကမႏၲေလးကေနရန္ကုန္အသြားမွာေပ်ာက္သြားခဲ့ပါတယ္။အစိုးရေအာက္မွာျပည္ထဲေရးသာရွိခဲ့ရင္ဘာေျပာေကာင္းမလဲ။
ငါ့ညီကဒီအေထာက္အထားနည္းလု႔ိမေက်နပ္ရင္အင္းစိန္မွာသိန္း၃၀၀သြားလႉတာကအစိုးရေအာက္မွာတပ္မရွိဘူးဆိုတာျပေနပါတယ္ငါ့ညီ။မရွိတာမဟုတ္ဘဲကန္႔လန္႔သေဘာမ်ိဳးေပါ့။
အိမ္မိုးခ်ိန္မွာထမင္းမခ်က္ရဘူးလို႔မဆိုလိုပါ။ဒါေပမယ့္ထမင္းကထမင္းစားခ်ိန္မွာသာခ်က္ၿပီးက်န္အခ်ိန္မွာကအိမ္မိုးသူအေမကိုဝိုင္းကူရမွာပါ။အိမ္မိုးသူအေမနဲ႔သူ႔ကိုကူညီတဲ့အစ္ကိုေတြကိုတစ္ခ်ိန္လံုးမေကာင္းေျပာၿပီး အၿမဲတမ္းထမင္းခ်က္သေရာင္နဲ႔မကူဘဲကန္႔လန္႔တိုက္ေနရင္အဆင္မေျပပါ။အလုပ္မျဖစ္ပါငါ့ညီ။
ငါ့ညီတရားမွ်တမႈအတြက္တိုက္ပြဲဝင္တာကိုအစ္ကိုေလးစားပါတယ္။ငါ့ညီကသံုးႏွစ္ေနၿပီးငါ့ညီအဖမ္းခံရမွအစိုးရႏွစ္ရပ္ရွိလားေမးခြန္းထုတ္တာဟာငါ့ညီအသိေနာက္က်ေနတာပါ။အစ္ကိုတို႔သိတာၾကာခဲ့ပါၿပီ။ငါ့ညီကဆရာဝန္ဆိုေတာ့ကိုယ္ေျပာတဲ့အေထာက္အထားေတြဟာငါ့ညီအတြက္လံုေလာက္မယ္လို႔ထင္ပါတယ္။ဥပေဒပညာနဲ႔ေျပာရင္ယခုအေထာက္အထားေတြကျဖစ္ႏိုင္ေခ်probabilityထက္လြန္ၿပီးသံသယျဖစ္စရာမလိုတဲ့beyond reasonable doubt ပါ။
ငါ့ညီႀကိဳက္သလိုျပည္ထဲေရးကိုေဝဖန္ပါ။ျပည္ထဲေရးကတာဝန္ခံရတယ့္ၫႊန္ခ်ဳပ္ကိုၾကဳိက္သလိုေဝဖန္ပါ။ဒီမိုအစိုးရေတာ့လာမေဝဖန္ပါနဲ႔။ဘာလို႔လဲဆိုေတာ့ညီေလးကၽြမ္းက်င္တဲ့အခ်က္အလက္data ေတြ၊အေထာက္အထားevidence ေတြအရညီေလးကိုဖမ္းတာဟာျပည္ထဲေရးဝန္ႀကီးဌာနျဖစ္ၿပီးသူဟာဒီမိုအစိုးရထက္သူ႔ၫႊန္ခ်ဳပ္ေအာက္မွာသူ႔ၫႊန္ခ်ဳပ္ေျပာတာလုပ္ေနလို႔ပါ။
ညီေလးသကၠကိုဖမ္းသြားတာကိုေတာ့ျပစ္တင္႐ႈ့ံခ်ပါတယ္။ဒါေပမယ့္မပူပါနဲ႔ငါ့ညီ။အဘကေရြးေကာက္ပြဲနားနီးရင္ညီေလးကိုလႊတ္ေပးမွာပါ။ညီေလးအဆင္ေျပၿပီးအစိုးရႏွစ္ရပ္စလံုးနဲ႔ေျပလည္ႏိုင္ပါေစ။အေမအိုအိမ္ေခါင္မိုးျပင္ခ်ိန္မွာလဲဝိုင္းကူႏိုင္ပါေစ။
ခ်စ္ျခင္းမ်ားစြာျဖင့္
ျမတ္ထြန္းဦး
Unicode version
သက္ကသို့အိပ်ဖွင့်ပေးစာ
ညီလေးသက္ကကိုပြည်သူ့ရဲတွေကဖမ်းတယ်ဆိုတာကြားရလို့စိတ်မကောင်းပါ။ညီလေးနဲ့အစ်ကိုအမြင်မတူပေမယ့်ညီလေးအဖမ်းခံရတာတော့တကယ့်ကိုစိတ်မကောင်းဖြစ်မိပါတယ်။
ညီလေးဟာဆရာဝန်တွေဖဲကြိုးနက်လုပ်တော့မထွက်ဘဲနေခဲ့တာကိုသိသူများကပြောပြလို့ကြားဖူးပါတယ်။ညီလေးကနေတတ်စားတတ်ပါတယ်။ပြဿနာမတက်အောင်နေတတ်သူပါ။ဒါဟာလဲဝန်ထမ်းကောင်းတစ်ယောက်ရဲ့အရည်အချင်းထဲမှာပါပါတယ်။
ဒီနေရာမှာညီလေးဟာလက်ရှိဒီမိုအစိုးရကိုတက်လာကထဲကဝေဖန်ခဲ့တာအစ်ကိုသတိထားမိပါတယ်။ညီလေးကိုထောက်ခံသူများကခရိုနီနွယ်၊တပ်နွယ်၊ဖွတ်နဲ့တပ်အကောင့်တုများပါသလိုဒီမိုစစ်စစ်အချို့လဲပါတယ်အစ်ကိုသတိထားမိပါတယ်။ညီလေးကတပ်ကိုဒီမိုအစိုးရမကောင်းကြောင်းအခါတစ်ရာရေးရင်တစ်ခါလောက်တော့ရေးလေ့ရှိပါတယ်။ဒါတောင်တိုက်ရိုက်မဟုတ်ပါ။
ညီလေးဟာပြည်သူ့ကျန်းမာရေးပညာနဲ့မဟာဘွဲ့ရထားသူပီပီအချက်အလက်တွေdata တွေအပေါ်အခြေခံရေးလေ့ရှိတယ်လို့ပြောကြပါတယ်။ညီလေးအဲ့ဒီလိုDASSK နဲ့သူမအစိုးရကိုမျိုးစုံဝေဖန်ပေမယ့်ညီလေးရဲ့လွတ်လပ်စွာပြောဆိုခွင့်ကိုဟိုကအသိအမှတ်ပြုပြီးညီလေးကိုဘာမှတရားမစွဲခဲ့ပါ။အစ်ကိုတို့လိုမနေနိုင်သူကသာသက္ကဖွတ်ညိုလို့နာမည်ပေးခဲ့တာပါ။ဒါတွေကတော့ထားလိုက်ပါငါ့ညီ။
ငါ့ညီကတိုင်းပြည်ကိုဒုက္ခပေးနေတဲ့ညွှန်ချုပ်ကိုညွှန်ချုပ်လို့ခေါ်တာကိုမှားတယ်ပြောချိန်လွန်ခဲ့တဲ့၂နှစ်လောက်ကတိုင်းပြည်မှာတရားဝင်အစိုးရနဲ့တရားမဝင်လက်နက်အားကိုးနေတဲ့လူမိုက်အစိုးရရှိကြောင်းအစ်ကိုထောက်ပြပြောဆိုခဲ့ပါသေးတယ်။ငါ့ညီကအဲ့ဒီအချိန်မှာအဘအဘနဲ့ပျော်နေခဲ့တာပေါ့။အဘကိုကြိုက်သူများကလဲငါ့ညီကိုကြိုက်မှကြိုက်Like မှLike ပေါ့။ငါ့ညီကအစိုးရနှစ်ရပ်ရှိတယ်ဆိုတာကိုအဲ့ဒီအချိန်ကမယုံခဲ့ဘူးလေ။မယုံတာလားမယုံချင်ရောင်ဆောင်တာလားတော့အစ်ကိုမသိပါ။
ဒီနေရာမှာငါ့ညီကပြည်သူ့ကျန်းမာရေးနဲ့ပြီးတဲ့ဆရာဝန်မိုလို့အထောက်အထားနဲ့အစ်ကိုကပြောပြရင်တော့ယုံမယ်လို့ထင်ပါတယ်။ငါ့ညီကိုDASSK အစိုးရကသုံးနှစ်လုံးအဖက်မလုပ်ခဲ့လို့ယခုအချိန်မှဒီမိုအစိုးရကဖမ်းသလိုတော့မပြာပါနဲ့မရေးပါနဲ့ငါ့ညီ။မရမ်းပါနဲ့။ပထမဆုံးပြည်ထဲရေးဟာဦးကိုနီကိုသတ်သူအောင်ဝင်းခိုင်ကိုမမိတာကြာခဲ့ပါပြီ။အစိုးရအောက်မှာရှိရင်အဲ့ဒီလူပြုတ်သွားတာကြာပါပြီ။ဒါပေမယ့်အဲ့ဒီအမှုကိုဦးဆောင်စစ်ခဲ့တဲ့ဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးကရာထူးတောင်တက်သွားပါသေးတယ်ငါ့ညီ။
ဒါတင်လားဆိုတော့ရိုက်တာသတင်းထောက်နှစ်ယောက်ကိုထောင်ဖမ်းခဲ့တာလဲပြည်ထဲရေးပါဘဲ။ရဲမှူးချုပ်တင်ကိုကိုဟာမပြုတ်ခဲ့ပါ။ရိုက်တာနှစ်ယောက်လဲထောင်ထဲရောက်ခဲ့ပါတယ်။အစိုးရအောက်မှာပြည်ထဲရေးသာရှိခဲ့ရင်အဲ့ဒီလိုအစကထဲကဖြစ်လာခဲ့မှာမဟုတ်ပါငါ့ညီ။
နောက်ဆုံးဝီဝီ့ကိုဖမ်းရာမှာညီလေးကိုဖမ်းသလိုမဖမ်းခင်ကြိုပြီးစောင့်မကြည့်ခဲ့လို့ယခုဘယ်မှာမှန်းမသိပါ။စင်ကာပူကပြန်လာတဲ့ဓာတ်ခဲထောက်ခံတဲ့အဖွဲ့ကိုအမြန်လမ်းမှာရဲတပ်ဖွဲ့ကဖြတ်ဖမ်းနိုင်ခဲ့ပေမယ့်ဝီဝီကမန္တလေးကနေရန်ကုန်အသွားမှာပျောက်သွားခဲ့ပါတယ်။အစိုးရအောက်မှာပြည်ထဲရေးသာရှိခဲ့ရင်ဘာပြောကောင်းမလဲ။
ငါ့ညီကဒီအထောက်အထားနည်းလို့မကျေနပ်ရင်အင်းစိန်မှာသိန်း၃၀၀သွားလှူတာကအစိုးရအောက်မှာတပ်မရှိဘူးဆိုတာပြနေပါတယ်ငါ့ညီ။မရှိတာမဟုတ်ဘဲကန့်လန့်သဘောမျိုးပေါ့။
အိမ်မိုးချိန်မှာထမင်းမချက်ရဘူးလို့မဆိုလိုပါ။ဒါပေမယ့်ထမင်းကထမင်းစားချိန်မှာသာချက်ပြီးကျန်အချိန်မှာကအိမ်မိုးသူအမေကိုဝိုင်းကူရမှာပါ။အိမ်မိုးသူအမေနဲ့သူ့ကိုကူညီတဲ့အစ်ကိုတွေကိုတစ်ချိန်လုံးမကောင်းပြောဘူးအမြဲတမ်းထမင်းချက်သရောင်နဲ့မကူဘဲကန့်လန့်တိုက်နေရင်အဆင်မပြေပါ။အလုပ်မဖြစ်ပါငါ့ညီ။
ငါ့ညီတရားမျှတမှုအတွက်တိုက်ပွဲဝင်တာကိုအစ်ကိုလေးစားပါတယ်။ငါ့ညီကသုံးနှစ်နေပြီးငါ့ညီအဖမ်းခံရမှအစိုးရနှစ်ရပ်ရှိလားမေးခွန်းထုတ်တာဟာငါ့ညီအသိနောက်ကျနေတာပါ။အစ်ကိုတို့သိတာကြာခဲ့ပါပြီ။ငါ့ညီကဆရာဝန်ဆိုတော့ကိုယ်ပြောတဲ့အထောက်အထားတွေဟာငါ့ညီအတွက်လုံလောက်မယ်လို့ထင်ပါတယ်။ဥပဒေပညာနဲ့ပြောရင်ယခုအထောက်အထားတွေကဖြစ်နိုင်ချေprobabilityထက်လွန်ပြီးသံသယဖြစ်စရာမလိုတဲ့beyond reasonable doubt ပါ။
ငါ့ညီကြိုက်သလိုပြည်ထဲရေးကိုဝေဖန်ပါ။ပြည်ထဲရေးကတာဝန်ခံရတယ့်ညွှန်ချုပ်ကိုကြိုက်သလိုဝေဖန်ပါ။ဒီမိုအစိုးရတော့လာမဝေဖန်ပါနဲ့။ဘာလို့လဲဆိုတော့ညီလေးကျွမ်းကျင်တဲ့အချက်အလက်data တွေ၊အထောက်အထားevidence တွေအရညီလေးကိုဖမ်းတာဟာပြည်ထဲရေးဝန်ကြီးဌာနဖြစ်ပြီးသူဟာဒီမိုအစိုးရထက်သူ့ညွှန်ချုပ်အောက်မှာသူ့ညွှန်ချုပ်ပြောတာလုပ်နေလို့ပါ။
ညီလေးသက္ကကိုဖမ်းသွားတာကိုတော့ပြစ်တင်ရှု့ံချပါတယ်။ဒါပေမယ့်မပူပါနဲ့ငါ့ညီ။အဘကရွေးကောက်ပွဲနားနီးရင်ညီလေးကိုလွှတ်ပေးမှာပါ။ညီလေးအဆင်ပြေပြီးအစိုးရနှစ်ရပ်စလုံးနဲ့ပြေလည်နိုင်ပါစေ။အမေအိုအိမ်ခေါင်မိုးပြင်ချိန်မှာလဲဝိုင်းကူနိုင်ပါစေ။
ချစ်ခြင်းများစွာဖြင့်
မြတ်ထွန်းဦး
Commentaires