အဘက ရုရှားမှာအင်တာဗျူးတယ်။ ဟိုက အကြမ်းဖက်သမားကို ဘယ်လိုတိုက်မလဲမေးတော့ သူကနောက်ကထောက်ခံတဲ့တိုင်းပြည်ရှိရင် တိုက်ရခက်တယ်လို့ဖြေတယ်။ ဒါက ဘင်္ဂါလီဆိုရင် ထောက်ခံတဲ့တိုင်းပြည်နဲ့ ဓာတ်ခဲ ထောက်ခံတဲ့တိုင်းပြည်က မတူဘူး။ တူရင်လဲတူမယ်။ ဒါပေမယ့် သတင်းသမားတွေက ဒါက တပ်ချုပ်ကြီးက တရုတ်ကိုပြောတာ ဘာညာဆိုပြီး အရောင်တင်ပေးကြတယ်။တပ်မတော်သတင်းမှန်ကိုမေးတော့လဲ ဟိုကောင်က လုံးချတယ်။
ဧရာဝတီကတော့ အယ်ဒီတာအာဘော်နဲ့ကို ဖားပြီး ပြည်သူကိုဂျင်းထည့်တာ။
တပ်ထဲမှာ နေဝင်းလက်ထက်ကထဲက တရုတ်နိုင်ငံက ကွန်မြူနစ်ထောက်ခံလို့ အစာမကျေခဲ့ဘူး။အားလုံးက တရုတ်နိုင်ငံကိုမုန်းတယ်။ နေဝင်းက တရုတ်-ဗမာအရေးအခင်းနဲ့ ရိုက်ပွဲလုပ်ခဲ့ဖူးတယ်။ ဒါတောင် အဲ့ဒီအချိန်က အမေရိကန်ကထောက်ခံလို့။ ယခုအချိန်မှာ တပ်ချုပ်ဟာ ICC ရော ICJ မှာပါအမှုရင်ဆိုင်နေရတယ်။ အမှုက ကုလလုံခြုံရေးကောင်စီမှာ ဆုံးမယ်။ ဒီမိုအစိုးရအနေနဲ့က သူ့ကိုဖမ်းဝရမ်းထုတ်လဲအေးဆေးဘဲ။ တရုတ်နိုင်ငံကို ဗီတိုသုံးပါလို့ ခရနေစရာမလိုဘူး။ ဘယ်သူခံရမလဲ ပုံမှန်လေးစဉ်းစားကြည့်ပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ဟိုကိုဗစ်ဖြစ်တော့ တပ်လေယဉ်နဲ့ တရုတ်ကိုသွားလှူတာ ဘယ်အဖွဲ့များပါလဲ။ သူက တရုတ်နိုင်ငံနဲ့ကင်းအောင် နေနိုင်မယ်လို့ထင်ပါသလား?
သတင်းသမားများအနေနဲ့ စားစရာရှိတာလဲစား ဖားစရာရှိတာလဲ ဖားပါ။ ပြည်သူကို ယုတ္တိရှိရှိလေးတော့ ဂျင်းထည့်ပါလို့ ပြောပါရစေ။ ရွေးကောက်ပွဲအတွက် တရုတ်မုန်း၊ မာမူမုန်း လူမျိုးရေးတွေကိုတင်မလာပါနဲ့။ တကယ်သတ္တိရှိရင် တပ်ချုပ်ကြီးက ဝ နေမြေကို ဝင်တိုက်ပြပြီး တရုတ်ကို စိန်ခေါ်လိုက်ပါ။ မဟုတ်ရင်တော့ အာမခြောင်ဘဲ မိမိအလုပ်မိမိလုပ်ပါလို့ ပြောပါရစေ။
News Source: RT, Irrawaddy, RFA, BBC Burmese
Comments