top of page
Search
Writer's pictureMyat Tun Oo

အောက်ဆီဂျင်နှင့် မအလ

အောက်ဆီဂျင်နှင့် မအလ



ကိုဗစ် တတိယလှိုင်းဟာ အိန္ဒိယမှာ စဖြစ်ကထဲက မြန်မာပြည်ကို လာမယ်ဆိုတာ မှန်းနိုင်ပါတယ်။ ကိုဗစ်ဟာ ကာကွယ်ခြင်းကသာ အထိရောက်ဆုံးမိုလို့ ကြိုတင်ကာကွယ်ရမှာဖြစ်ပေမယ့်မအလဟာ ရောဂါကူးနှုန်းမြှင့်အောင်သာ လုပ်ခဲ့ပါတယ်။

တပ်ထဲမှာက အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ကာကွယ်ဆေးများကို ဗိုလ်မှူးကြီးအထက်နဲ့မိသားစုတွေ ဝိုင်းထိုးကြပါတယ်။ မအလဟာ ကိုဗစ်ကြောင့် သူ့အထက်ပိုင်း လွတ်မယ်လို့တွက်ပြီး သူအာဏာသိမ်းတာကို ဆန့်ကျင်သူတွေသာ ပိုးထိမယ်လို့ တွက်ခဲ့ပုံပါ။ ဒါပေမယ့် တပ်ရင်းမှူး၊ဗျူဟာမှူးနဲ့ တိုင်းမှူးတွေ ပိုးထိလာချိန်မှာ တပ်ထဲမှာ စပြင်လာပါတယ်။ ယခုတပ်ထဲမှာနဲ့ ၄င်းတို့နဲ့ဆက်စပ်သူ မိသားစုများမှာ ကိုဗစ်ဖြစ်သူများလာနေပြီး ဆေးရုံတက်ရသူလဲ များလာနေလို့ နေစရာနေရာ မလောက်တော့ပါ။ DASSK အစိုးရလက်ထက် မအလက တပ်ထဲမှာ ဟန်ပြဖွင့်ခဲ့တဲ့ Q နေရာတွေတောင် တပ်တွင်းဆေးရုံ ဖြစ်လာနေပါပြီ။ ပြဿနာက ဒီမှာစပါတယ်။ မြန်မာပြည်ကဆေးရုံတွေက နဂိုထဲက အောက်ဆီဂျင်ပေးပိုက် ထည့်မဆောက်ထားခဲ့ပါ။ တပ်ဆေးရုံတွေကလဲအများစုက ထိုအတိုင်းပါဘဲ။ ဒါ့ကြောင့် တပ်တွင်း အောက်ဆီဂျင်လိုအပ်မှုဟာ သူထုတ်နိုင်တာထက် ပိုများပြီး အောက်ဆီဂျင်လိုလာပါတယ်။ အပြင်ကလဲ လူအများကြီး ဖြစ်လို့ အောက်ဆီဂျင်လိုပါတယ်။ ဘယ်သူမှ အောက်ဆီဂျင်ကို ဓာတ်ဆီလို လှောင်မထားပါ။ ဇော်မဲလုံးက အရူးစကားပြောသွားတာပါ။

ဒီလိုအချိန်မှာ မအလတပ်က အရပ်သားပိုင် အောက်ဆီဂျင်စက်ရုံတွေကို ဝင်စီးပြီး သူတို့အတွက်အောက်ဆီဂျင်ရအောင် ထိန်းချုပ်လိုက်ပါတယ်။ ဒီလို လုပ်ရင် နာဂစ်ကလို ပြည်သူတွေ အသေများအောင် တမင်လုပ်တာပါ။ ယခုဆို လူအများစုက ကိုဗစ်ဖြစ် အချို့က အောက်ဆီဂျင်ရှာပြီးလူတွေက သူ့ကို အာရုံမစိုက်အောင် လုပ်လိုက်တာပါ။ တချိန်ထဲမှာ မအလနဲ့ အပေါင်းအပါ မဘသဘုန်းကြီးနဲ့ အဖွဲ့တွေက အောက်ဆီဂျင်လှူသလို အသံထွက်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့လဲကြိုးစားလာပြန်ပါတယ်။

ယခုမအလလုပ်နေတာက မိမိအာဏာတည်မြဲရေးအတွက် အောက်ဆီဂျင်ကို လက်နက်အဖြစ်အသုံးပြုနေတာပါ။ ပြည်သူတွေ စဉ်းစားရမှာက မိမိသူငယ်ချင်းတွေ ဆွေမျိုးအရင်းတွေ ကိုဗစ်ကြောင့် သေဆုံးခဲ့ရင် မအလအဖွဲ့ကို ဘယ်လိုလက်စားပြန်ချေမလဲဆိုတာပါ။

513 views1 comment

1 Comment


Myint Soe Oo
Myint Soe Oo
Jul 14, 2021

ဦးမြတ်!!! အောက်ဆီဂျင်စစ်ဆင်ရေးတွင် အမုန်းပွားကာ အရှုံးသမားဖြစ်သွားသော စကစ။ တနည်း သီတာရဲ့အမုန်းကို အဆုံးတိုင် ခံယူသွားသည့် ခေါင်း၁၀လုံးပါ ဒဿဂီရိ ဟူ၍

အမြင်ကို တင်ပြအပ်ပါသည်။

~အောက်ဆီဂျင်သည် သက်ရှိသတ္တဝါအတွက် မရှိမဖြစ်လိုအပ်သော အရာ။ ယင်းကို မရအောင် ဖြတ်တောက်မှုသည် လူသတ်မှုကို ကျုးလွန်ရာရောက်ပါသည်။ ယင်းသို့ O2မရအောင်ဆောင်ကျဥ်းရာတွင် လက်နက်အားကိုးဖြင့် အမျိုးမျိုးနှိပ်စက်နေသည်က ပင်မဘီလူးကြီး၏ အစွယ်အပွါး ခေါင်းငယ်များ။

ဘီလူးကြီးတွင်မက အစွယ်အပွါး ခေါင်းငယ်အလား အစေခံ လူမဆန်သည့် ဘီလူးငယ်များကိုလည်း ရေသီတာလို အေးချမ်းလိုသည့် ပြည်သူတို့က အဆုံးထိမုန်း သွားကြပါပြီ။

~ရည်ရွယ်ရာ ပြည်သူ ထိသလို ၊ မရည်ရွယ်ထားသော ဘီလူးခေါင်းငယ်ငယ် အဆွယ်အပွါးတွေလည်း ထိကြပါသည်။ ကွန်ယက်ပေါ်က သတင်း။ လေဆိပ် တာဝန်ကျ ရဲတကက အသက်ရူကြပ်၍ စစ်ဆေးရုံပြေး၊ ဆေးရုံက လက်မခံသောကြောင့် အိမ်မှာ မရှုမလှသေရ။ တောင်ဒဂုံ အောက်ဆီဂျင်စက်ရုံ အဖြတ်ခံရချိန်မှာ တန်းစီလူအုပ်ထဲတွင် တာဝန်ထမ်းဆဲ အရာခံအပါဝင် မိသားစု ပါသလို၊ အပွင့်တို့၏ ဆွေမျိုးများလည်း ပါကြောင်း သတင်းများအရ သိ ရပါသည်။ အရာခံကြီးရဲ့သား ပေါက်ကွဲပုံကို စာမျက်နှာမှာ အထင်ရှား တွေ့မြင်နေရပါသည်။

~ငရဲ!!!လူ့ပြည်နှင့်တစပ်တည်းဆိုတာ စကစ က ဖွင်ပြလိုက်ပါသည်။

~ပြိတ္တာ!!!ဟိုနေရာ ဟိုဟာ မလုပ်ရ၊ သည်နေရာ သည်လိုမလုပ်ရ ။ နေရာတကာ တငါငါနဲ့ လိုက် ပိတ်နေသော ငါစွဲ အားကြီးလွန်းလှသည့် ပြိတ္တာများ။

~တိရိစ္ဆာန်!!!လောလောဆယ် ကနီနယ်။ တောင်သူတွေ ချွေးနဲ့ရင်း၍ စိုက်ပျိုးထားသော မြေပဲဆံများကို အသုံးပြုမရ အောင် ဖျက်ဆီးမှု။ လူမှန်လျှင် သည်အမူအကျင့်မပြုမူပါ။

တပါးသူလည်း အကျိုး မရှိ ၊ ဖျက်ဆီးသူလည်း အကျိုး မရှိ။

ဗုဒ္ဓဘာသာ နိုင်ငံမှာ ဆုတောင်းမပြည့်ခဲ့ပါ။

ငရဲ တိရိစ္ဆာန် ပြိတ္တာတို့နှင့်…


Like
bottom of page