top of page
Search

အာဆီယံနှင့်တွေ့တာ ကောင်းလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • 1 day ago
  • 2 min read

အာဆီယံက မအလနှင့်တွေ့လို့ ဘောမအချို့က ဂုဏ်ယူနိုင်သလို၊ NUG ကို ဘာလုပ်လုပ် ဖောင်းထုလိုသူ ခွေးများကလည်း အပြစ်တင်တာတွေ့ရပါတယ်။ ဒီနေရာမှာ အာဆီယံက မအလနှင့် တွေ့ပြီး ဘာဖြစ်လာနိုင်လဲဆိုတာကို လေ့လာကြည့်ရအောင်။

ယခုမအလနှင့်တွေ့သူ အန်နဝါဟာ သူကိုယ်တိုင် အထိုက်အခံဘဝက မတရားမှုတွေနှင့် ထောင်ချခံခဲ့ရသူပါ။ ဒါပေမဲ့ သူ့ကို အကြံပေးသူ သပ်ဆင်ကတော့ မအလကို အာဆီယံက အသိအမှတ်ပြုစေခြင်းလို့သော်လည်းကောင်း သူ၏ အကျိုးစီးပွားကြောင့်သော်လည်းကောင်း၊ မြန်မာပြည်ကို တကယ်ကောင်းစားစေချင်လို့ သော်လည်းကောင်း အကြံပေးနေတာတွေ့ရပါတယ်။

မြန်မာပြည်ပြဿနာကို လက်ရှိအချိန်မှာ ဖြေရှင်းချင်ရင် အာဆီယံအနေနှင့် နှစ်ဖက်စလုံးကို တွေ့ရမှာပါ။ အမေရိကန်လည်း ပူတင်ကြီးနှင့် တွေ့နေတာအားလုံး အသိဖြစ်မှာပါ။ ဒါကြောင့်ပြဿနာအတွက် စကားပြောရာမှာပြဿနာဖြစ်နေသူအဖွဲ့တွေအားလုံးနှင့် တွေ့ရမယ်ဆိုတဲ့ သီအိုရီအရ၊ သူတွေ့တာကို ဘာမှ ဝေဖန်စရာမရှိပါ။

ဒီနေရာမှာ သူ့ကိုတွေ့ပြီး အာဆီယံက ပြန်လက်ခံရင်တောင်မှ၊ စာရေးသူတို့ရဲ့ တော်လှန်ရေးအတွက်ဘာမှမဖြစ်ဘူးဆိုတာကို အထောက်အထားတွေနှင့် ရှင်းပြလိုပါတယ်။ ပထမဆုံးက စာရေးသူတို့ရဲ့တော်လှန်ရေးက ကိုဉ်ထူကိုယ်ထ တော်လှန်ရေးပါ။ ယူကရိန်းလို အမေရိကန်က လက်နက်မရသလို၊အာဆီယံထံကလည်း ဘာလက်နက်မှ မရပါ။ ဒါကြောင့် အာဆီယံက ရပ်ခိုင်းလည်း ရပ်မှာမဟုတ်သလို၊ တရုတ်ထံကလည်း လက်နက်တိုက်ရိုက်မရလို့ တရုတ်ရပ်ခိုင်းလည်း ရပ်မှာမဟုတ်ပါ။ ဘယ်အချိန်ရပ်မယ်၊ ဘယ်အချိန်တိုက်မယ်ဆိုတာ ပြည်သူကသာ ဆုံးဖြတ်မှာပါ။

ဒီနေရာမှာ ဆီးရီးယားတော်လှန်ရေးနှင့် တိုက်ဆိုင်လို့ ပြောပြလိုတာရှိပါတယ်။ ဆီးရီးယားတော်လှန်ရေးဟာ ၂၀၁၁ မှာစခဲ့တာပါ။ အာဆတ်က သူ့ပြည်သူတွေကို ပစ်သတ်နေလို့ အာရပ်အဖွဲ့ချုပ်ကြီးက အာဆတ်ကို သူတို့အဖွဲ့ထဲက ၁၂ နှစ်ကြာ ထုတ်ပယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၃ မေလ ၇ရက်နေ့မှာ အာရပ်အဖွဲ့ချုပ်ကြီးက ဆီးရီးယားရဲ့ အာဆတ်အစိုးရကို အာရပ်အဖွဲ့ချုပ်ထဲ ပြန်ပေးဝင်ခဲ့ပြီး၊ ၂၀၂၃ မေလ ၁၉ ရက်မှာ အစည်းအဝေးတစ်ခုကို စတက်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှစ်အကြာ၂၀၂၄ ဒီဇင်ဘာမှာ တော်လှန်ရေးအဖွဲ့တွေက ရုတ်တရက် အကြီးအကျယ် ပြန်တိုက်ခဲ့ပြီး၊ ဇန်နဝါရီ၂၀၂၅ မှာ အာဆတ် ထွက်ပြေးသွားခဲ့ရပါတယ်။ သူပြုတ်မကျခင် နိုဝင်ဘာ ၂၀၂၄ မှာ အာဆတ်ကမော်စကိုကို သွားပြီး ပူတင်နှင့် သွားတွေ့ခဲ့ပါသေးတယ်။ ဒါကြောင့် ဆီးရီးယားဥပမာက ဘယ်အဖွဲ့ချုပ်က ပေးဝင်ဝင်၊ ဘယ်သူတွေက အသိအမှတ်ပြုပြု၊ ဘယ်အင်အားကြီးနိုင်ငံက လက်ခံတွေ့ဆုံတွေ့ဆုံ၊ ဘယ်အင်အားကြီးနိုင်ငံက လေတပ်၊ ရေတပ်တွေနှင့် ထောက်ပံ့ထောက်ပံ့၊ ပြည်သူမပါရင်ဘယ်အာဏာရှင်မဆို ဖြုတ်ချခံရနိုင်တယ်ဆိုတာကို ပြသွားခဲ့ပါတယ်။


ယခု အာဆီယံကတော့ မအလကို ထုတ်တာမဟုတ်သလို၊ လက်ခံတာလည်းမဟုတ်ဘဲ မမဆောင်လုပ်နေခဲ့တာပါ။

ယခု အာဆီယံက NUG ရဲ့ ဝန်ကြီးချုပ်နှင့်တွေ့လို့၊ ဝန်ကြီးချုပ်အချင်းချင်း စကားပြောလို့၊ NUG ကိုဝေဖန်သူတွေနှင့် ဘောမတွေရဲ့ ပါးစပ်တော့ ပိတ်သွားခဲ့ပါတယ်။ ဒါက ဘာပဲပြောပြော NUG အတွက်နိုင်ငံရေးအမြတ်ထွက်လာခဲ့တာပါ။ မအလအနေနဲ့က အာဆီယံကို သူ့ရွေးကောက်ပွဲအတွက်အသိအမှတ်ပြုဖို့ လိုအပ်နေသလို၊ သူတို့စစ်တပ် ထိခိုက်ပျက်စီးတာတွေ ပြန်ဖာဖို့အတွက်လည်း အာဆီယံရဲ့ အကူအညီတွေကို ခိုးယူသုံးစွဲဖို့၊ အာဆီယံရဲ့ အကူအညီတွေကို အင်မတန်လိုအပ်နေပါတယ်။နောက်တစ်ခုက တော်လှန်ရေးတပ်တွေက သူ့ကို ထိုးစစ်မတိုက်နိုင်အောင် အပစ်ရပ်ထားဖို့ကလဲ လိုအပ်နေပါတယ်။ ဒီအကြောင်း နောက်မှ အသေးစိတ် ထပ်ရေးပါမယ်။

အာဆီယံက NUG နှင့်တွေ့တာက NUG က နေရာတစ်ခုကို အတိုင်းအတာတစ်ခုအထိ စိုးမိုးထားနိုင်လို့ပါ။ မစိုးမိုးထားနိုင်ဘဲ စာထုတ်တဲ့အဖွဲ့ဆိုလျှင် လာပြီးတွေ့နေမှာ မဟုတ်ပါ။

အကျဉ်းချုပ်ရရင် မအလက သူတို့ကို မတိုက်အောင် ဟန်ပြငြိမ်းချမ်းရေးလုပ်ပြီး၊ သူက ဆက်ပြီးဗုံးကြဲနေမှာပါ။ ဘယ်နိုင်ငံက လာပေးပေး၊ အဲဒါတွေကို ခိုးယူပြီး သူတို့ပြန်လည်တည်ဆောက်ရေးအတွက် သုံးမှာပါ။ အားလုံးကတော့ ပြည်သူတွေအပေါ်မှာ မူတည်နေပါတယ်။ ကိုးကန့်လို နယ်မြေပိုင်ဆိုင်မှုရှိရင် မအလကလည်း ကြောက်ပြီတရုတ်ကလည်း အပစ်ရပ်ဖို့ သူ့ကိုယ်စား ဝင်ရောက်ဆောင်ရွက်ပေးပါလိမ့်မယ်။ အဓိကကတော့ အင်အားပါ။ အင်အားနှင့် နယ်မြေစိုးမိုးမှုရှိရင်အသိအမှတ်ပြုမှုက လာပါလိမ့်မယ်။ အားလုံးမမေ့ထားဖို့က သိပ်ပြီး လူ့အခွင့်အရေးနောက်လိုက်ရင်ဘာမှအလုပ်မဖြစ်ဘဲ၊ စာထုတ်တဲ့အဖွဲ့လေးအဖြစ် နှစ်ပေါင်း ၇၀ လောက် ရပ်တည်သွားရနိုင်တယ်ဆိုတာပါစစ်ကို စနစ်တကျ စစ်နဲ့တူအောင်တိုက်ရင် ၁၀ နှစ်နှင့်လည်း ရခိုင်ပြည်ကို သိမ်းနိုင်သလို၊ ၄နှစ်နှင့်လည်း ချင်းပြည်ကြီးတစ်ခုလုံးကို သိမ်းနိုင်တော့မယ်ဆိုတာ အားလုံး အားကျအတုယူကြပါ။အဝေးကို အားကျချင်ရင်တော့ ဆီးရီးယားမှာ ယခုသမ္မတလုပ်နေသူ သူပုန်ခေါင်းဆောင်က အမေရိကန်က အကြမ်းဖက်အဖွဲ့ခေါင်းဆောင်အဖြစ် ကြော်ငြာခံထားရသူဖြစ်ပြီး၊ သူ့ကို လူ့အခွင့် အရေးသမားများ စံထားတဲ့ ICC ရှေ့နေချုပ်က သွားတွေ့ ဆွေးနွေးရတယ်ဆိုတာပါ။ အခြားအစိုးရတွေ၊ အမေရိကန်အရာရှိတွေကလည်း သွားတွေ့ခဲ့ရတယ်ဆိုတာပါ။ ဒါကြောင့် NUG အနေနှင့် ယခုထက်ပိုပြီးနယ်မြေပိုင်ဆိုင်အောင်လုပ်ပါ။ သံတမန်ရေးအရ ပါးစပ်က ငြိမ်းချမ်းရေးပြောစရာရှိတာကို ပြောပါ။လက်က လုပ်စရာရှိတာကို လုပ်ပါ။ ပြည်သူက NUG အောက်က PDF ကို PRF ကတဆင့် ထောက်ပံ့ပါ။ဗမာဒေသကို အာရုံစိုက်ပါ။ ပြည်သူမှာ PDF ရှိပြီး PDF အငိအားရှိမှ NUG အင်အားရှိမှာပါ။ NUG အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာပါ။ ဒါမှ တရုတ်ကအစ အာဆီယံအဆုံး လေးစားကြမှာပါ။ ရှေ့လတွေက တိုင်းပြည်အတွက် အဆုံးအဖြတ်ပေးသွားမှာပါ။ ပါးစပ်က ငြိမ်းချမ်းရေးအော်ပြီး လုပ်စရာရှိတာတွေ စီမံထားတာတွေကို ဆက်လုပ်နိုင်ပါစေ။ မအလအခက် ပြည်သူ့အချက်ပါ။

 
 
 

Recent Posts

See All
ဆက်တိုက်ပါ

ခဏခဏ ထပ်ခါထပ်ခါပြောပါ့မယ်။ မအလက ဗုံးကြဲတာရပ်မှာမဟုတ်ပါ။ အာဆီယံ့အဖေလာပြောလဲမရပ်ပါ။ စာရေးသူတို့ လက်နက်ကိုင်တော်လှန်ရေးစချိန်က...

 
 
 

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page