စာရေးသူတို့ ငယ်စဉ်က သင်ကြားခဲ့တာ သိခဲ့တာက ဆိုဗီယက်သမ္မတ ဂိုဘာချက်ကြောင့် ဆိုဗီယက်ပြိုကွဲခဲ့ရတယ်ဆိုပြီးပါ။ ဒါကိုလေ့လာကြည့်ရအောင်။
၁၉၈၅ မှာ ဂိုဘာချက်ဟာ ပါတီအတွင်းရေးမှူးနဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။ သူက စီးပွါးရေးပြုပြင်ပြောင်းလဲမှုနဲ့ အရက်ပြဿနာကို ဖြေရှင်းဖို့ စတင်ကြိုးစားလာခဲ့ပါတယ်။ နောက်ပိုင်း ဒီမိုကရေစီပြောင်းဖို့ ရွေးကောက်ပွဲတွေမှာ ကွန်မြူနစ်ကိုယ်စားလှယ်နဲ့ နောက်တစ်ယောက်ကို ယှဉ်ပြိုင်စေတာတွေလုပ်လာခဲ့ပါတယ်။ သူပြုပြင်ပြောင်းလဲရေးလုပ်ချိန်မှာ ဒုတိယကမ္ဘာစစ်အချိန်က စတာလင်သိမ်းခဲ့တဲ့နိုင်ငံများကလဲ လွတ်လပ်ရေးအတွက် စကားပြောလာကြပါတယ်။
၁၉၉၁ ဩဂုတ်လ ၂၀ ရက်နေ့မှာ ပြည်ထောင်စုစာချုပ် ချုပ်ဖို့ပြင်ထားခဲ့ပါတယ်။ ရည်ရွယ်ချက်ကဆိုဗီယက်ပြည်ထောင်စုကို အမေရိကန်လို ပြောင်းလဲဖို့ပါ။ ဒီအချိန်မှာ ပြည်ထောင်စုပြိုကွဲမှာကို မကြိုက်သူများ၊ အမျိုးဘာသာ သာသနာကိုစောင့်ရှောက်လိုသူများ၊ မျိုးချစ် ဆိုဗီယက်ဗိုလ်ချုပ်ကြီးများက အာဏာသိမ်းဖို့ ဩဂုတ်လ (၁၉) ရက်မှာ ကြိုးစားပါတယ်။ သူတို့အဓိက ရည်ရွယ်ချက်ကအာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ပါ။ ဆိုဗီယက် ဒုသမ္မတ Gennady Yanayev၊ ဝန်ကြီးချုပ် Valentin Pavlov၊ ကာကွယ်ရေးဝန်ကြီး၊ စပိုင်ညွှန်ချုပ်တို့က အရေးပေါ် ကော်မတီကိုဖွဲ့ပြီး အာဏာသိမ်းပါတယ်။ ဂိုဘာချက်ကို ကရိုင်းမီးယားမှာ ခွင့်နဲ့ပေးနားတဉ်လို့ ကြေညာပါတယ်။
ထိုအာဏာသိမ်းတာကို ဆန့်ကျင်ခဲ့တာကတော့ ရုရှားနိုင်ငံရဲ့သမ္မတ (လက်ရှိ ရန်ကုန်ဝန်ကြီးချုပ်လို) နေရာမှာ ရှိခဲ့တဲ့ Boris Yeltsin ဘဲ ဖြစ်ပါတယ်။ ထိုအချိန်မှာ မော်စကိုမြို့သူ မြို့သားတွေရဲ့ ထောက်ခံမှုဟာလဲ အဓိက ကျခဲ့ပါတယ်။ မော်စကိုမြို့ဟာ ရန်ကုန်လို ပြည်ထောင်စုရဲ့ အဓိကမြို့ပါ။ မော်စကိုမြို့သူမြို့သားတွေဟာ သူတို့တိုင်းရဲ့ သမ္မတ Yeltsin ယယ်လဆင်ကို ထောက်ခံကြောင်း ပြတဲ့အနေနဲ့သူတို့ရဲ့ ပြည်သူ့လွှတ်တော်နဲ့ Yeltsin ရဲ့ အိမ်ရှေ့ကို စစ်တပ်မလာနိုင်အောင်ပိတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်လွှတ်တော်နဲ့ ဝန်ကြီးချုပ်အိမ်လိုနေရာပါ။
ဒီဆန္ဒပြပွဲကို နှိမ်နင်းဖို့ တင့်ကားတပ်နဲ့ အထူးတပ်ကို စေလွတ်လိုက်ပါတယ်။ ပြည်သူတွေက တင့်ကားတွေကို ပိတ်ပါတယ်။ Yeltsin က တင့်ကားပေါ်တက်ပြီး မိန့်ခွန်းပြောပါတယ်။ နောက်ပိုင်း အာဏာသိမ်းမှု မအောင်မြင်ခဲ့ပါ။ ဆိုဗီယက်ယူနီယမ်ဟာ အာဏာသိမ်းသူတွေကြောင့် ပြည်ထောင်စုစာချုပ်ကိုလက်မှတ်မထိုးဖြစ်တော့ဘဲ ပြိုလဲသွားခဲ့ပါတယ်။ ရုရှားဟာ အစပိုင်းမှာ စီးပွါးရေးပြဿနာတွေရင်ဆိုင်ခဲ့ရပေမယ့် နောက်ပိုင်းမှာ အမေရိကန်ကို ယှဉ်နိုင်လာခဲ့ပါတယ်။
ရုရှားမှာ အာဏာသိမ်းမှု မအောင်မြင်ခဲ့တာက မော်စကိုက ပြည်သူတွေက အာဏာရှင်တွေကိုအပြီးတိုင် တိုက်မယ်လို့ဆုံးဖြတ်လို့ရယ် ရုရှားစစ်တပ်ရဲ့ မိမိပြည်သူကို ပစ်ချင်စိတ်မရှိတာရယ်နိုင်ငံရေးခေါင်းဆောင် မော်စကိုရဲ့ သမ္မတ Yeltsin ရဲ့ သတ္တိရှိမှုကြောင့်ပါ။
စာရေးသူတို့ ဒီမိုကရေစီလှုပ်ရှားသူတွေအနေနဲ့ အချင်းချင်း အချိန်မကုန်နေဘဲ ရန်သူက ဘာလုပ်ရင်ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာကို ရုရှားကိုလေ့လာပြီး ပြင်ဆင်ထားသင့်ပါတယ်။ အာဏာသိမ်းရန်ကိုကာကွယ်တာ တုန့်ပြန်တာဟာ ပြစ်မှုမဟုတ်ဘဲ အာဏာသိမ်းသူဟာသာ ပြစ်မှုကျူးလွန်သူဆိုတာပါ။
Commenti