အိႏိၵယကသင္ေပးလိုက္ေသာအဘအတြက္ပ႐ိုတိုေကာ
အဘကအိႏိၵယသြားတယ္။ေလတပ္ကိစၥေရာ၊ေရတပ္ကိစၥပါသြားေလ့လာတယ္။ပစၥည္းေတြဝယ္ဖို႔ရယ္လူေတြေလ့က်င့္ဖို႔ရယ္။ယခင္ကပါကၠစတန္ကေလယဥ္ဝယ္တယ္။အခ်ိဳ႕ဆရာေတာ္ႀကီးေတြပုဂံကိုယူနက္စကိုအသိအမွတ္ျပဳတာကိုအဇာဘာဂ်န္နဲ႔စြဲစိၿပီးဂ်င္းထည့္ေနေပမယ့္တပ္အတြက္ေလယဥ္ေတြမာမူ႔ထံကဝယ္ေတာ့ပါးစပ္ပိတ္ေနခဲ့တယ္။
ယခုအဘကဟိုကတပ္ခ်ဳပ္ကဖိတ္လို႔သြားလည္တယ္။ဟိုကတကယ့္တပ္ခ်ဳပ္ကတစ္ခါသာလက္ခံေတြ႕ဆံုပါတယ္။အိႏိၵယကအဂၤလိပ္စနစ္ကိုအတုယူလို႔တပ္ခ်ဳပ္ရဲ႕အထက္မွာအတြငးဝန္ရွိပါေသးတယ္။ၿပီးမွဒုဝန္ႀကီး၊ဝန္ႀကီးပါ။ဒါေပမယ့္အျပန္အလွန္ပူးေပါင္းေဆာင္ရြက္ဖို႔စာခ်ဳပ္ခ်ဳပ္ရာမွာေတာ့အိႏၵိယကဒုဝန္ႀကီးအဂၤလိပ္လိုMinister of State for Defence Mr Shripad Yesso Naik သာတက္ပါတယ္။သူ႔ရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးကMr Rajnath Singh ပါ။ဒါကဘာကိုျပလဲဆိုေတာ့မိမိႏိုင္ငံမွာပ႐ိုတိုေကာနဲ႔ဘယ္လိုပင္လုပ္လုပ္ကမ႓ာေပၚကဒီမိုႏိုင္ငံေတြမွာကၫႊန္ခ်ဳပ္ကၫႊန္ခ်ဳပ္ပါ။
ဘာလို႔ဒါကိုေျပာရသလဲ။ကမ႓ာ့ႏိုင္ငံကတပ္ကေခါင္းေဆာင္ေတြ၊ယခုေနာက္ပိုင္းတ႐ုတ္ျပည္ကကာကြယ္ေရးဝန္ႀကီးေတြဘာေတြလာရင္ေတာင္DASSK ကိုဂါရဝလာျပဳရပါတယ္။အိႏၵိယကလဲဂါရဝျပဳလာေရာက္ေတြ႕ဆံုတယ္လို႔သာသံုးၾကပါတယ္။အေနာက္အုပ္စုကေတာ့မေျပာပါနဲ႔။သူတို႔ကDASSK ကိုေလးစားပါတယ္။ယခုလိုအျဖစ္မ်ိဳးလက္ရွိတပ္ခ်ဳပ္ဂ်ာမနီသြားစဥ္ကလဲၾကံဳခဲ့ပါတယ္။
ျဖစ္သင့္တာကမိမိကိုကမ႓ာကဘယ္အဆင့္သတ္မွတ္ထားလဲဆိုတာကိုနားလည္ပါ။ေရအိုင္ထဲမွာေပ်ာ္မေနပါနဲ႔။ရာထူးႀကီးလိုရင္ေသနတ္နဲ႔ပ႐ိုတိုေကာကိုမယူဘဲေရြးေကာက္ပြဲနဲ႔ယူပါလို႔ေျပာပါရေစ။
Unicode version
အိန္ဒိယကသင်ပေးလိုက်သောအဘအတွက်ပရိုတိုကော
အဘကအိန္ဒိယသွားတယ်။လေတပ်ကိစ္စရော၊ရေတပ်ကိစ္စပါသွားလေ့လာတယ်။ပစ္စည်းတွေဝယ်ဖို့ရယ်လူတွေလေ့ကျင့်ဖို့ရယ်။ယခင်ကပါက္ကစတန်ကလေယဉ်ဝယ်တယ်။အချို့ဆရာတော်ကြီးတွေပုဂံကိုယူနက်စကိုအသိအမှတ်ပြုတာကိုအဇာဘာဂျန်နဲ့စွဲစိပြီးဂျင်းထည့်နေပေမယ့်တပ်အတွက်လေယဉ်တွေမာမူ့ထံကဝယ်တော့ပါးစပ်ပိတ်နေခဲ့တယ်။
ယခုအဘကဟိုကတပ်ချုပ်ကဖိတ်လို့သွားလည်တယ်။ဟိုကတကယ့်တပ်ချုပ်ကတစ်ခါသာလက်ခံတွေ့ဆုံပါတယ်။အိန္ဒိယကအင်္ဂလိပ်စနစ်ကိုအတုယူလို့တပ်ချုပ်ရဲ့အထက်မှာအတွငးဝန်ရှိပါသေးတယ်။ပြီးမှဒုဝန်ကြီး၊ဝန်ကြီးပါ။ဒါပေမယ့်အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့စာချုပ်ချုပ်ရာမှာတော့အိန္ဒိယကဒုဝန်ကြီးအင်္ဂလိပ်လိုMinister of State for Defence Mr Shripad Yesso Naik သာတက်ပါတယ်။သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးကMr Rajnath Singh ပါ။ဒါကဘာကိုပြလဲဆိုတော့မိမိနိုင်ငံမှာပရိုတိုကောနဲ့ဘယ်လိုပင်လုပ်လုပ်ကမ႓ာပေါ်ကဒီမိုနိုင်ငံတွေမှာကညွှန်ချုပ်ကညွှန်ချုပ်ပါ။
ဘာလို့ဒါကိုပြောရသလဲ။ကမ႓ာ့နိုင်ငံကတပ်ကခေါင်းဆောင်တွေ၊ယခုနောက်ပိုင်းတရုတ်ပြည်ကကာကွယ်ရေးဝန်ကြီးတွေဘာတွေလာရင်တောင်DASSK ကိုဂါရဝလာပြုရပါတယ်။အိန္ဒိယကလဲဂါရဝပြုလာရောက်တွေ့ဆုံတယ်လို့သာသုံးကြပါတယ်။အနောက်အုပ်စုကတော့မပြောပါနဲ့။သူတို့ကDASSK ကိုလေးစားပါတယ်။ယခုလိုအဖြစ်မျိုးလက်ရှိတပ်ချုပ်ဂျာမနီသွားစဉ်ကလဲကြုံခဲ့ပါတယ်။
ဖြစ်သင့်တာကမိမိကိုကမ႓ာကဘယ်အဆင့်သတ်မှတ်ထားလဲဆိုတာကိုနားလည်ပါ။ရေအိုင်ထဲမှာပျော်မနေပါနဲ့။ရာထူးကြီးလိုရင်သေနတ်နဲ့ပရိုတိုကောကိုမယူဘဲရွေးကောက်ပွဲနဲ့ယူပါလို့ပြောပါရစေ။
Comments