မမက NGO လုပ်တာကောင်းပါတယ်။ ဒါပေမယ့် NGO တွေရဲ့ သဘာဝအရ အစိုးရအသုံးမကျလေNGO တွေရဲ့ အခန်းကမြင့်လေပါ။ ဥပမာ ပြည်သူကို အစိုးရက ဆန်ဝေရင် NGO က ဝေရခက်သွားပါမယ်။ သူ့ကို လာလှူသူနည်းသွားပါမယ်။ ပြည်တွင်း NGO တွေကတော့ ကိုယ့်ထမင်းကိုယ်စားလုပ်ကြတာပါ။ ပြည်ပကထောက်ပံ့ခံ NGO တွေကတော့ ဝင်ငွေအလွန်ကောင်းပါတယ်။
ဒီနေရာမှာ ထိုမမက အစိုးရကိုဝေဖန်တာကို လက်ခံပါတယ်။ ဒါပေမယ့် အစိမ်းတွေ နှာခေါင်းစည်းတတ်စဉ်အစိုးရက ဘာလုပ်နေလဲ ဘာညာလုပ်လာချိန်မှာ သတိထားစောင့်ကြည့်ခဲ့ပါတယ်။ သူမရဲ့အစ်မက အင်္ဂလန်မှာ ဆရာဝန်ဖြစ်ပြီး သူမရဲ့ညီမယောင်္ကျားက တပ်စစ်ဆေးက အမေရိကန်ကို ထွက်သွားတာပါ။ ဒီနေရာမှာ သူမနဲ့ အခြား အစိုးရကို ဝေဖန်သူများရဲ့ စွတ်စွဲချက်များကို သူမရဲ့ သွေးချင်းတွေရှိတဲ့ မြန်မာပြည်ထက် ချမ်းသာတဲ့ အင်္ဂလန်၊ အမေရိကန်တို့နဲ့ ယှဉ်ရေးပြပါ့မယ်။
ပထမက ဒီရောဂါဖြစ်တာ ဒီဇင်ဘာထဲက ဘာလို့ အစိုးရက ဘာမှမလုပ်တာလဲ?
ဒါကဂျင်းအကြီးစားပါ။ တရုတ်မှာတောင် ဒီသတင်းကို အမှောင်ချထားလို့ သမ္မတရှီတောင် မြန်မာပြည်လာလည်ပြီး အပြန်မှ သိတာပါ။ တရုတ်ပြည်မှာ တရားဝင်စတာ ဇန်နဝါရီပါ။ ဘယ်နိုင်ငံမှ မထင်ထားပါဘူး။ အင်္ဂလန်၊ အမေရိကန်၊ ဥရောပလဲ ထင်မထားပါဘူး။
တရုတ်နယ်စပ်ကို အစကထဲက ပိတ်လိုက်ပါလား?
ဒါက ပြောရတာလွယ်ပါတယ်။ ကမ္ဘာပေါ်က ဥပဒေကို လိုက်နာရပါတယ်။ ဘယ်နိုင်ငံကမှ တရုတ်နဲ့လေကြောင်းလိုင်းကို မပိတ်ခဲ့ပါ။ မပိတ်ရပါ။ WHO က ကြေညာအပြီးမှာ လုပ်သင့်တာကို အစိုးရကလုပ်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်က ဝူဟန်နဲ့ တိုက်ရိုက်လေကြောင်းလိုင်းကိုပိတ်ရာမှာ မြန်မာကအခြားနိုင်ငံတွေထက် အင်္ဂလန်နဲ့ အမေရိကန်ထို့ထက် စောပါတယ်။
ရုရှားဟာ အဘသားများနဲ့ NGO မမပြောသလို တရုတ်နယ်စပ်ပိတ်ခဲ့ပါတယ်။ သူ မကာကွယ်နိုင်ခဲ့ပါ။ယခု တရုတ်ကတောင် သူနဲ့ရုရှားနယ်စပ်ကို ပြန်ပိတ်နေပါပြီ။
ကပ်ရောဂါအတွက်ပြင်ဆင်မှုရှိလား?
အစိုးရက ပြင်ဆင်ထားလို့ ယခုလို ဆန်တွေ၊ ဆီတွေ ဝေနိုင်တာပါ။ အစိုးရအနေနဲ့ WHO က ကပ်ရောဂါကြေညာချိန်ကစလို့ အရှိန်အဟုန် မြှင့်လုပ်ခဲ့ပါတယ်။
တပ်ကနှာခေါင်းစည်းတပ်စဉ်အစိုးရက ဘာလုပ်နေလဲ?
နှာခေါင်းစည်းက မိမိချောင်းဆိုးရင် အဝေးမရောက်အောင်သာ ကာကွယ်နိုင်ပါတယ်။ ထိုနှာခေါင်းစည်းက သူ့ရောဂါပိုးမဝင်အောင် မကာကွယ်နိုင်ပါ။ ဒါက မမထက်တော်တဲ့ တတ်တဲ့ WHO နဲ့ အမေရိကန်က surgeon general တို့ကပြောတာပါ။
PPE kit တွေ မလုံလောက်ဘူး?
PPE kit တွေဟာ နေရာတိုင်းမှာ ပြဿနာရှိပါတယ်။ အင်္ဂလန်မှာလုပ်နေတဲ့ လင်းဆိုတဲ့ ဆရာဝန်မလေးရေးထားတာ ဖတ်ကြည့်ပါ။ သူတို့ထံမှာ PPE kit မလုံလောက်လို့ ပြဿနာတက်တာတွေပါ။ အမေရိကန်မှာလဲ ထို့အတူပါဘဲ။ ဒါက ပိုက်ဆံရှိသူတွေမှာတောင် ဝယ်မရတဲ့ ပြဿနာရှိပါတယ်။ မိမိလိုတာကိုတင်ပြလို့ရပေမယ့် ပြည်သူနဲ့ အစိုးရ၊ အစိုးရနဲ့ ဆရာဝန်တွေကို ရန်တိုက်ပေးတာမျိုး မဖြစ်ဖို့လိုပါတယ်။
ဝန်ကြီးချုပ်တွေထဲမှာ PPE kit ကို ဇန်နဝါရီထဲက ကြိုပြင်ခဲ့တာက ပဲခူးတိုင်းဝန်ကြီးချုပ်ပါလို့ သူ့ဆေးရုံအုပ်ကြီးက ချီးကျူးပြောကြားပါတယ်။ သူက လင်မယားချင်းတောင် ခွါအိပ်ဖို့ ပြောခဲ့သူပါ။
နှာခေါင်းစည်းပြဿနာ
ဒါကတပ်ရ မတပ်ရ WHO နဲ့ ထရမ့်တောင် မသေချာပါ။ ဘာအထောက်အထားမှ အတိအကျမရှိပါ။ယခုက တတ်ရင်တော့ ရောဂါဖြစ်သူထံက အခြားသူ ကူးဖို့နည်းလောက်တယ်ဆိုတာနဲ့ တတ်ဖို့အကြံပေးလိုက်တာပါ။ ထရမ့်က မတတ်ပါ။ သူကဒါဟာ အကြံပေးအဆင့်သာရှိပြီး မလုပ်မနေ လုပ်ရမှာမဟုတ်လို့ ပြောပါတယ်။ ရောဂါရှိသူနဲ့ ထိတွေ့တဲ့ ဆရာဝန်တွေတတ်ရတဲ့ နှာခေါင်းစည်းက အထူးလုပ်ထားတာပါ။ စစ်သားတွေတတ်တဲ့ နှာခေါင်းစည်းမျိုး မဟုတ်ပါ။
နောက်ရောဂါရှိသူကို ကုတဲ့ဆရာဝန်တွေကို Q မလား၊ ပိုးစစ်မလားဆိုတာပါ
ဒါက တစ်နိုင်ငံချင်းဆီ သူ့မူဝါဒနဲ့ လာပါတယ်။ ပိုက်ဆံပေါများတဲ့ အင်္ဂလန်နဲ့ အမေရိကန်မှာတောင်ရောဂါရှိသူကို ကုတဲ့ဆရာဝန်တွေကို Q မလုပ်ပါ။ မြန်မာပြည်က သာပါတယ်။ နောက် ပိုးစစ်တာလဲအင်္ဂလန်က လင်းဆိုတဲ့ ဆရာဝန်မလေးရယ် စာရေးသူရဲ့ အသိနဲ့ Facebook မှာ စကားပြောတဲ့ အင်္ဂလန်က သမားတော်ကြီးတွေက သူတို့မှာ ယခုအချိန်အထိ ဆေးဝန်ထမ်းတိုင်းကို မစစ်နိုင်ကြောင်း ယခုမှ စစစ်ဖို့ လုပ်နေကြောင်း သူတို့ရဲ့ အင်္ဂလန်မှာ ဆေးရုံကို ရောဂါနဲ့ ရောက်သူကိုသာ စစ်နိုင်ကြောင်း အိမ်ကလူ၊ နိုင်ငံခြားက ပြန်လာသူကို ရောဂါလက္ခဏာမပြရင် မစစ်နိုင်ကြောင်း ရေးပြသွားပါတယ်။ အမေရိကန်က နယူးယောက်မှာတော့ တိုင်ပတ်နေပါတယ်။
ဒါကလဲ ဒီစစ်တဲ့ပစ္စည်းက အားလုံးလိုချင်တော့ ရှားတာရယ် ငွေကြေးရယ်ကြောင့်ပါ။ မြန်မာပြည်မှာက ယခုဓာတ်ခွဲခန်းကို ဖွင့်နိုင်ခဲ့ပါပြီ။
စစ်တဲ့နေရာမှာ ရှေ့ပြေးနေတာက တောင်ကိုရီးယားနဲ့ ဂျာမနီပါ။ သူတို့ဟာ စက်မှုလုပ်ငန်းဖွံ့ဖြိုးပြီးငွေကြေးတတ်နိုင်တဲ့ တိုင်းပြည်တွေပါ။
နောက် Q လုပ်ခံရသူတိုင်းကို ဘာကြောင့် မစစ်လဲ?
မြန်မာပြည်က ရောဂါကူးစက်သူတွေကို နောက်ယောင်ခံလိုက်နိုင်တဲ့အဆင့်ရှိသေးပြီး အီတလီ၊ စပိန်၊အင်္ဂလန်နဲ့ အမေရိကန်က ဒါမျိုးတောင် မလုပ်နိုင်တော့ပါ။ Q သမားတိုင်းကို စစ်ဖို့မလွယ်ပါ။ သတ်မှတ်ချက်ပြည့်မှီရင်တော့ စစ်ရမှာပါ။ စစ်ဖို့ကလဲ ငွေလို ပစ္စည်းလိုပါတယ်။ အစိုးရက တတ်နိုင်သလောက်ဖြည့်ဆည်းနေပါတယ်။
Q ကို ဘာလို့ ၁၄ ရက်ဘဲလုပ်လဲ?
အစိုးရက WHO ရဲ့ ထုတ်ထားတဲ့ လမ်းညွှန်ချက်ကို လိုက်နာပါတယ်။ ဒီနေရာမှာ မနေ့ကရေးခဲ့သလိုဘဲရောဂါစဖြစ်တာက တရုတ်မိုလို့ သူ့အထောက်အထားမှာ လိုအပ်တာတွေ ရှိနိုင်ပါတယ်။ နောက် လူတွေကို ၁၄ ရက်ကြွေးစရိတ်နဲ့ ၂၈ ရက်ကလဲ ကွာပါတယ်။ စင်ကာပူက သူတို့ရဲ့ သုတေသနပြုချက်အရရောဂါပိုးကွာကြချင်း viral shedding period ကို ကြာသာပတေးနေ့(၉/၄/၂၀၂၀)မှာ မြန်မာပြည်အချိန်သောကြာနေ့(၁၀/၄/၂၀၂၀)မှာ အင်္ဂလန်က ဆေးပညာညီလာခံကို အဝေးကနေတင်ပြပါတယ်။ DASSK က စနေနေ့(၁၁/၄/၂၀၂၀)မှာ Q ကာလကို ၁၄;ရက်ကနေ ၂၁ ရက်ပြောင်းပါတယ်။ သူမရဲ့ ဝန်ကြီးနဲ့အကြီးတန်း အကြံပေးဆရာဝန်ကြီးတွေရဲ့ ကမ္ဘာပေါ်က အထောက်အထားတွေကို အချိန်နဲ့ တပြေးညီလေ့လာပြီး ပြင်ဆင်တာကို ပြနေပါတယ်။ အရပ်သားကတော့ မိမိထင်ရာ လျှောက်ပြောလို့ရပါတယ်။
Lockdown အောင်မြင်လား?
တိုင်း ပြည်နယ်အစိုးရတွေအနေနဲ့ ပြင်ဆင်ထားတာ အားရမှုရှိပါတယ်။ လိုအပ်ချက်တွေတော့ ရှိမှာပါ။ဥပမာ ကွီးဖြိုးကို ဝေဖန်မှုများခဲ့တဲ့ လှိုင်သာယာက ဝေငှမှုပါ။ သူအဲ့ဒီကနေ သိလိုက်တာက လူတွေဟာအိမ်မှာနေရင်တောင် လူနေထူထပ်လို့ ရောဂါပိုးကူးနိုင်တယ်ဆိုတာပါ။ ယခုစင်ကာပူမှာ ရွှေ့ပြောင်းလုပ်သားတွေ စုနေတဲ့နေရာက ရောဂါအကူးများလို့ သူတို့လဲ ထိုလူများကို လူစုခွဲပြီး ယာယီအိမ်ခန်းတွေနဲ့ နေရာချထားပေးဖို့ လုပ်နေရပါတယ်။ မင်းကွီးဖြိုးက မသွားရင်ရော မသိဘူးလားဆိုရင် စင်ကာပူလို data အပြည့်အစုံရှိတဲ့ တိုင်းပြည်မှာတောင် ယခုမှ ရွှေ့ပြောင်းလုပ်သားတွေ စုပြုံနေရတာကို သိတာပါ။
နောက်အသက်ရူစက်နဲ့ ဆေးရုံ
အသက်ရူစက်ဟာ အစိုးရဝယ်ချင်တိုင်း ဝယ်မရပါ။ ပြင်ဆင်သင့်သလောက်ပြင်ထားပါတယ်။ တရုတ်ကလဲ လာပြီးသင်ပေးနေပါတယ်။ ဆေးရုံအသစ်ကတော့ အဆင်သင့်ဖြစ်တော့မှာပါ။ ဒီအချိန်မှာ အမေရိကန်နဲ့ အင်္ဂလန်တို့ ဥရောပတို့က ပိုက်ဆံပေးတောင် လာမသင်ပေးနိုင်ပါ။ သူတို့တိုင်းပြည်တွေမှာ တိုင်ပတ်နေလို့ပါ။ သူတို့ကအလုပ်သမားတွေအလုပ်လက်မဲ့တွေအတွက် ငွေကြေးထောက်ပံ့မယ်လို့ ပြောပါတယ်။ ဒါက လက်ရှိအစိုးရက နိုင်ငံတိုင်းနဲ့ အဆင်ပြေအောင် နေထားလို့ပါ။
ဒီလိုရေးပြတာဟာ အစိုးရက လိုအပ်ချက်မရှိ အားလုံးကောင်းပါသည်မဟုတ်ပါ။ ထောက်ပြသင့်တာကို ထောက်ပြပါ။ ဒါပေမယ့် မိမိအစိုးရက လုပ်နေတာကို အမှန်မြင်နိုင်အောင်ပါ။ ချစ်ရင် အပြစ်မပြင်ပါဘူး။
အားလုံးသတိထားရမယ့်အချက်
စာရေးသူတို့တိုင်းပြည်က ဘာသာမတူရန်သူ၊ လူမျိုးမတူရန်သူဆိုတဲ့ အစွဲလေးတွေရှိတတ်ပါတယ်။ဒါက အဘသင်ပေးထားတဲ့ ပညာကြောင့် ချက်ခြင်းပြင်ဖို့ ခက်နိုင်ပါတယ်။ ရောဂါပိုးရှိသူဟာ ရန်သူမဟုတ်ဘဲ ရောဂါကသာ ရန်သူပါ။ သူ့ကို Q ထားရင် သူစည်းကမ်းမဖောက်အောင် စောင့်ရှောက်ပါ။ မသိတာရှိရင် သက်ဆိုင်ရာကို မေးပါ။ ဒါပေမယ့် လူကိုလူလိုဆက်ဆံမိဖို့ အရေးကြီးပါတယ်။ အားလုံးဟာ လူသားတွေပါ။
နောက်ဆုံးမှာတော့ အသက်ကို ဉာဏ်စောင့်ပါတယ်။
Credit: Lin Sanda Hlaing & Le Le Win Facebook page
ကိုမြတ်ထွန်း! ပြောကြပါသည်။ မသိ ဆိုးရွား။ အမှန်မမြင်နိုင်သူ မှန့်သမျှ အစွန်းရောက်ကြပါသည်။ ကိုယ်လိုရာကိုဆွဲရေးရင် တဖက်သတ်ဆန်ပါသည်။ ငါအတ္တစွဲကြီးလွန်းလို့သာ ငတေမာရင်ပြီးတာပဲ တစ်ဘို့ထဲသမားအဖြစ်ရပ်တည်နေကြပါသည်။ခုချိနတချို့လဲ တက်တက်ပြီး အစွမ်းပြနေကြတာတွေ့တွေ့နေရပါတယ်။နာမည်ကြီးကို တက်ဖိုက်မှ ကိုယ်နာမယ်ကြီးမယ်ဆိုတဲ့ ဆိုးရွားတဲ့အမြင်နဲ့လုပ်နေကြတယ်လို့မြင်ပါသည်။လူ=အကြောင်းအကျိုးအကောင်းအဆိုးကို ခွဲခြမ်းစိတ်ဖြာ သိနိုင်စွမ်းသော ဥာဏ်ရှိသူ။သက်ဆိုင်သူသို့ပြောပါရစေ။ $လူ ပီသပါစေ$%%%