မြန်မာပြည်မှာ စစ်အစိုးရလက်ထက် နာဂစ်မုန်တိုင်းတိုက်တယ်။ လူတွေသေ အိမ်တွေပျက်တယ်။ ဘရွှေတို့ ဘစိန်တို့ ဘာမှပြည်သူကို မကူခဲ့ဘူး။ လာကူသူကိုတောင် အဝင်မခံဘူး။ ခြေဥဆန္ဒခံယူပွဲကိုအတင်းလုပ်ခဲ့တယ်။ ခေါင်းဆောင်မှု(leadership) မရှိခဲ့သလို စီမံခန့်ခွဲမှု(Management) လဲ ညံ့ဖျင်းခဲ့တယ်။ နောက်ပြည်သူကို သနားညှာတာဂရုဏာစိတ်(compassion) လဲ မရှိခဲ့ဘူး။
ယခု ဝူဟန်ကိစ္စဖြစ်တယ်။ မိမိနိုင်ငံသားတွေကို လေယဉ်ပျံနဲ့ ကယ်ထုတ်မယ်လို့အသံကြားတော့ မဖြစ်လောက်ပါဘူးလို့ ထင်လိုက်မိတယ်။ ဒါပေမယ့် မနက်မှာ လေယဉ်ဆိုက်လာတာ လူတွေကို စနစ်တကျနိုင်ငံခြားက အမေရိကန်၊ အင်္ဂလန်ကလို ကားတွေနဲ့ဆေးရုံကို စနစ်တကျ ပို့လိုက်တာတွေကို တွေ့လိုက်ရချိန်မှာ ငါတို့တိုင်းပြည်ဟာ ဆင်းရဲပေမယ့် သေးပေမယ့် မိမိပြည်သူတွေကို လူကိုလူလို သဘောထားတဲ့ မိဖသဖွယ်အစိုးရှိလို့ စီမံခန့်ခွဲမှု(Management)၊ခေါင်းဆောင်မှု(Leadership)ကောင်းတဲ့ အစိုးရရှိလို့ယခုလို စနစ်တကျ ကယ်ထုတ်နိုင်ခဲ့သလို ပြည်သူတွေကို အစိုးရက ဂရုနာနဲ့ စောင့်ရှောက်နေပါလလားလို့ သိလိုက်ရချိန်မှာ အလွန်ဝမ်းသာမိပါတယ်။
ဒီနေရာမှာ အစိုးရရဲ့ ကိုင်တွယ်ပုံကို ကြံဖန်အပြစ်ပြောလိုသူများရှိနိုင်ပါတယ်။ မိတ်ဆွေတို့ အမေရိကန်၊ အင်္ဂလန်နဲ့ စင်ကာပူတို့နဲ့နှိုင်းယှဉ်ရင် ပြောစရာရှိနိုင်ပေမယ့် ဘရွှေတို့ ဘစိန်တို့ သူခိုးအစိုးရတွေနဲ့ယှဉ်ရင် အဆ ၁၀၀၀ လောက်ပိုသာနေပြီး အိမ်နီးချင်းနိုင်ငံတွေထက်တောင် အများကြီးသာတာတွေ့ရမှာပါ။
၂၀၂၀မှာလဲ လူကိုလူလိုမြင်တဲ့အစိုးရကို ဆက်လက်မဲပေးနိုင်ကြပါစေ။
Comments