စာရေးသူတို့ဟာ ယခုလိုအချိန်မှာ ပြည်သူတွေ အထိန့်တလန့်မဖြစ်အောင်လုပ်ဖို့က အရေးကြီးပါတယ်။ အတိုက်အခံ အမတ်အနေနဲ့ အစိုးရကို ထောက်ပြတာ ဝေဖန်တာဟာ စာရေးသူတို့လို အစိုးရကိုထောက်ခံသူက မကြိုက်ပေမယ့် ကြံဖန် လက်ခံပေးလို့ရပါတယ်။ ဒါပေမယ့် ပုံအတုတွေနဲ့ အစိုးရကိုအပုတ်ချရင်တော့ အကြည်ညိုပျက်စေမှုနဲ့ အစိုးရရဲ့ အရေးယူမှုကို ခံရနိုင်ပါတယ်။
လွှတ်တော်အမတ်အနေနဲ့ အကြောင်းအရာတစ်ခုကို တင်မယ်ဆိုရင် ပုံဟာအမှန်လား ဒီဟာက မိမိပြောတဲ့ အကြောင်းအရာနဲ့ဆိုင်လားဆိုတာ စစ်ဆေးရပါမယ်။ အစိုးရမကောင်းပြောရပြီးရော လူတွေ အထိတ်တလန့်ဖြစ်ရင်ပြီးရောဆိုရင်တော့ အရေးယူမှုကို ခံရပါမယ်။
သူတင်ထားတာက ရန်ကုန်တောင်ဥက္ကလာ စီမံကိန်း ၁၄ သရဖီလမ်းဆိုပြီး ရေးထားပါတယ်။ သူက လူတွေစုပြီး ရိက္ခာလုနေတယ် ကိုဗစ်ရမယ် စီမံခန့်ခွဲမှုအလွဲတွေဆိုပြီး အစိုးရကို ဖောင်းထုတာပါ။ ဒါပေမယ့် အဲ့ဒီရပ်ကွက်ထဲနေသူက စာရင်းကောက်တုန်းသာရှိသေးပြီး မဝေရသေးပါလို့ ပြောပါတယ်။ အဲ့ဒီအဖြစ်အပျက် မရှိခဲ့ရင် ဘမောင်မြင့်ကို နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုနဲ့ စွဲသင့်ပါတယ်။ အချို့ကိစ္စတွေက ငါးကြီးကြီးကို ကျော်လိုက်မှ အဆင်ပြေသွားမှာ အာခြောင်တာတွေ ရပ်သွားမှာပါ။
Photo credit: Mg Myint Facebook page
Comments