လက်ရှိမှာ အစိုးရဟာ ကိုဗစ်အတွက် တတ်နိုင်သမျှ နေ့မအား ညမအား လုပ်ဆောင်ပေးနေတာအားလုံးသိကြမှာပါ။ ကိုဗစ်မဖြစ်ခင်က နှာခေါင်းစည်းတပ်ဖို့ လက်ဆေးဖို့လဲ DASSK ကမှာခဲ့ပါတယ်။ဒီနေရာမှာ ကျန်းမာရေးက ဆရာမကြီးနဲ့ ဖောင်ကြီးကလူနာ အောင်ဇင်ထွန်းတို့ရဲ့ အပြန်အလှန်ရေးတာကို ဖတ်လိုက်ရပါတယ်။
ပထမဆုံးလူနာက NGO မှာ လုပ်ပါတယ်။ NGO နဲ့ ယခုကူနေတဲ့ ပရဟိတလူတွေနဲ့ မတူပါ။ စာရေးသူက NGO ရဲ့ ပရိတ်သတ်မဟုတ်ပါ။ အထူးသဖြင့် နိုင်ငံခြားဩဇာခံဆို မကြိုက်ပါ။ နောက်သူကကျန်းမာရေးမှူးသင်တန်းတက်ခဲ့သူလို့ ဆိုပါတယ်။ ဆရာဝန်မဟုတ်၊ သူနာပြုလဲမဟုတ်ပါ။ အင်္ဂလိပ်မှာ“little knowledge is dangerous” တတ်ရောင်ကားက အန္တရာယ်များတယ် ဆိုတဲ့စကားရှိပါတယ်။ ယခုသူရေးတာတွေကို တစ်ခုချင်း ပြန်ရှင်းပါ့မယ်။
သူက သူနှာခေါင်းစည်းတပ်၊ လက်ဆေးတဲ့ကြားက ဖြစ်တယ်လို့ သူ့ကိုယ်သူခံပြောထားပါတယ်။ ပိုးကမျက်စေ့၊ နှာခေါင်း၊ ပါးစပ်ကသာ အဝင်များတာပါ။ NGO ဆိုတော့ သူဘယ်သွားလဲ သူသာသိမှာပါ။ ဒါကထားလိုက်ပါ။
ပထမက နေရေးထိုင်ရေး
သူက ရာမညဆောင်မှာနေရကြောင်း ကုတင် ၂၆ လုံးရှိကြောင်း နေရာကကျပ်ကြောင်း အဆင်မပြေကြောင်း ရေးထားတာပါ။ သူက စောင်၊ ခြင်ထောင်ကို အစိုးရက အကုန်ပေးပေမယ့် ဒါကိုအစိုးရစရိတ်နဲ့ပေးတာမို့ အဆင်မပြေနိုင်ကြောင်း နောက်ဆုံးသူ့ရဲ့စာအဆုံးမှာက ပိုးတွေ့လူနာတွေကို အိမ်မှာထားဖို့ပြောသွားတာပါ။
ပထမ မြန်မာပြည်ဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကျန်းမာရေးအတွက်သုံးစွဲရာမှာ တရုတ်၊ အိန္ဒိယတို့ထက် နည်းပါတယ်။ တရုတ်က ဝူဟန်နဲ့ အိန္ဒိယမှာ ကိုဗစ်ဖြစ်လို့ ဆောက်တဲ့ဆေးရုံတွေဟာ မြန်မာပြည်လိုပါဘဲ။ မြန်မာပြည်လိုနိုင်ငံက တရုတ်လောက် အိန္ဒိယလောက်ဆောက်နိုင်တယ်ဆိုတာ အစိုးရရဲ့စေတနာကြောင့်ပါ။ နောက်မြန်မာပြည်မှာ တစ်သက်လုံးဆေးရုံတက်ရင် အကုန်အိမ်ကနေ ယူသွားခဲ့ရတာပါ။ ယခုလို ကိုဗစ်လူနာတွေကို ရန်ကုန်အစိုးရနဲ့ ပြည်သူတွေက ထောက်ပံ့လို့သာ ယခုလို ပြည့်ပြည့်စုံစုံ နေနိုင်တာပါ။ အိမ်ကပြန်ယူရင် ပိုးအပြန်အလှန်ကူးမယ့်ပြဿနာကရှိပါတယ်။ ဒါကြောင့် ယခုစနစ်က အကောင်းဆုံးပါ။ အဆိုပါလူနာမသိတာက ဒီအဝတ်အထည်တွေ အခန်းတွေကို ပိုးသတ်လို့ရတယ်ဆိုတာပါ။ နည်းပညာမျိုးစုံရှိပါတယ်။
ဒုတိယက စားရေးသောက်ရေးပါ
သူ့ကို အစိုးရက ထမင်းသုံးခါကျွေးတယ်။ ဒါပေမယ့် ဟင်းကမကောင်းဘူး၊ ထမင်းမကောင်းဘူးအရည်အသွေးညံ့တယ်။ ဒါကြောင့် မကောင်းဘူး အပြစ်ပြောပါတယ်။ မြန်မာပြည်မှာ ၂၀၁၆ အထိဆေးရုံတွေမှာ လူနာတွေက အိမ်ကလာပို့တာစား၊ ဒါမှမဟုတ် ဝယ်စားရတာပါ။ ယခုဟာက ကိုဗစ်မိုလို့ရောဂါမကူးအောင် အစိုးရက ပိုက်ဆံအကုန်ခံ စီစဉ်ပေးတာပါ။ ကိုဗစ်ဖြစ်လို့ ဆေးရုံလာတက်တာဟာပျော်ပွဲစားထွက်လာတာမဟုတ်ပါ။ မြန်မာပြည်က စစ်ဘေးရှောင်တွေမှာ ထမင်းတစ်နပ်တောင် မနည်းစားနေရချိန်မှာ သူကထမင်းသုံးနပ်ကျွေးတာတောင် ထမင်းမကောင်းဘူးဆိုပြီး ဖောင်းထုတာဟာ သူ့ရဲ့အတ္တကြီးမှုကို ပြနေတာပါ။
ကျန်းမာရေးစောင့်ရှောက်မှု
ဒီကိစ္စကိုတော့ မတုန့်ပြန်တော့ပါ။ သူ့အဆင့်က သာမန်လူဗြိန်းမိုလို့ သူ့ကိုပြောပြလဲ နားလည်မှာမဟုတ်လို့ပါ။ သူလိုလူတွေကို အိမ်မှာထားလို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှာ ယနေ့အထိ ကူးနေဆဲပါ။ ဒါတောင် အမေရိကန်က အိမ်တွေက ကျယ်ပါတယ်။ တရုတ်သာ အားလုံးကိုဆေးရုံမှာခေါ်ထားလို့ ထိန်းနိုင်ခဲ့တာပါ။ နောက်မှ အကျယ်ရေးပါမယ်။ လူတိုင်းချောင်းဆိုးပျောက်ဆေးမလိုသလို ပိုးသတ်ဆေးမလိုပါ။ ရောဂါဆိုးသူမှသာ သောက်ရတာပါ။ ဒီရောဂါက တုတ်ကွေးလိုဖြစ်ပြီး လူငယ်တွေ၊ ရောဂါအခံမရှိသူတွေက ကောင်းသွားမှာပါ။
နောက်အောက်ဆီဂျင်ကိစ္စ။ အဆောင်တိုင်းမှာ မလိုပါ။ အဆောင်တွေမှာ အဆင့်ဆင့်ရှိပါတယ်။ စောင့်ကြည့်အဆောင်ကစလို့ ကုသဆောင်နဲ့ အထူးကြပ်မတ်ကုသဆောင်ပေါ့။ ဆရာဝန်မက ရေးတင်တယ်ဆိုရင်လဲ သူမစာဖတ်ဖို့လိုနေတယ်ဆိုတာကို ပြသွားခဲ့တာပါ။ ကိုဗစ်လူနာရဲ့ ၈၀% က သာမန်တုတ်ကွေးပါဘဲ။ ၁၅% လောက်သာ အောက်ဆီဂျင်လိုနိင်ပြီး ၅% သာ အထူးကြတ်မတ်ကုသဆောင်ကို သွားရတာပါ။ ဒါကြောင့် အဆောင်တိုင်းမလိုပါ။ ဒါက စာဖတ်တဲ့ ဆရာဝန်တိုင်းသိပါတယ်။
သူ့ရဲ့အချုပ်ကတော့ သူ့ကိုအိမ်မှာထားဖို့ပါ။ နောက်လူတွေက ဖောင်ကြီးကိုကြောက်ပြီးမလာဘဲ အိမ်မှာနေပြီး ရောဂါပိုး ပိုကူးအောင်ပါ။ သူတောင် ပိုးမတွေ့ခင် NGO အလုပ်နဲ့ ဘယ်နှစ်ယောက်ကို ပိုးဖြန့်ပြီးပြီလဲ မပြောနိုင်ပါ။
သူ့ကိုအိမ်ပြန်ပို့မှ သူကနေသက်ကြီးရွယ်အိုတွေ ရောဂါအခံရှိသူတွေကို ကူးမှာပါ။ သူ့ရည်ရွယ်ချက်ကဒါပါဘဲ။
အကျဉ်းချုပ်ပြောရရင် ကိုဗစ်ဆိုတဲ့ စစ်မြေပြင်ဟာ အပျော်ခရီးထွက်လာတာမဟုတ်လို့ လိုအပ်ချက်အချို့ ရှိနိုင်ပါတယ်။ မြန်မာပြည်ဟာ ကမ္ဘာပေါ်က အဆင်းရဲဆုံးနိုင်ငံတစ်ခုပါ။ အဆိုပါနိုင်ငံက တရုတ်လိုဆေးရုံ၊ အိန္ဒိယလိုဆေးရုံနဲ့ဆောက်ပြီး ထားနိုင်တာ၊ လူနာတွေကို သွားတိုက်တေးကအစ စောင်၊ခေါင်းအုံးအဆုံး ထောက်ပံ့နိုင်တာ၊ တစ်နေ့ထမင်းသုံးခါ ကျွေးနိုင်တာကိုက ဒီမိုအစိုးရလက်ထက်မိုလို့ပါ။ ရေးတင်သူ အောင်ဇင်ထွန်းက အဘတို့ခေတ် နာဂစ်ကလို သူ့ကိုအိမ်မှာ ထားထားမှ သူကလဲ လူများကို ပိုးဖြန့်လို့ရပြီး သူ့ NGO အလုပ်ဖြစ်အောင် ဂွင်ဖန်ချင်ပုံပါ။ အချို့လူတွေက အင်မတန်မှ အတ္တကြီးပါတယ်။ စည်းကမ်းလဲ မလိုက်နာဘဲ မိမိရဲ့ လိုအင်ကိုသာ တင်တတ်သူပါ။ အဆိုပါလူများကို အဘထံပို့ပေးလိုက်ပါလို့ အစိုးရကို ပြောပါရစေ။ ဆန်ကုန်မြေလေးတွေပေါ့။
(စာကြွင်း၊ ဤဆောင်းပါးအတွက် ဆေးပညာဆိုင်ရာ အချက်အလက်များကို အမေရိကန်၊ ယူကေနှင့်စင်ကာပူမှ ကူးစက်ရောဂါဆရာဝန်များမှ ရရှိသည်)
ဦးမြတ် ! ဖေ့စ်ဘုတ်ပေါ်တင်ထားတဲ့ ဆောင်းပါးအောက်က ကွန်မန့်တခုက. ဒီပုဂ္ဂိုလ်အကြောင်း ပုံနှင့်တကွ ကောင်းကောင်းကြီး ဖေါ်ပြထားတာကို တွေ့လိုက်ရလို့ သူရဲ့
##လာရာနှင့်လားရာကို## သိလိုက်ရပါပြီ။သူနဲ့ပတ်သက်လို့ပြောရရင် တချိန်ကတွင်တွင်သုံးခဲ့တဲ့စကားလေးပဲ ပြန်ပြောပါရစေ။
##အဆိုးမြင်ဝါဒီများအားဆန့်ကျင်ကြ##ဟူ၍သာ။
@@@@@@@@@@@@@@@@@@
ခုနောက်ပိုင်း Q ဝင်ကြတဲ့သူတွေအနေနဲ့ ဖြူဖြူစင်စင်စိတ်ထားအမြင်နဲ့ အိုးအိမ်ကိုပြစ် နိုင်ငံချစ်စိတ်နဲ့ လုပ်အားအလှုကြည်ဖြူစွာ ပေးလှုနေကြသော ပရဟိတအကျိုးဆောင်သူများအပေါ် အမြင်ကြည်ကြည် စိတ်ကြည်ကြည်နဲ့ ကြည့်ရှုဆက်ဆံပေးဖို့ ဆောင်းပါးတပုဒ် ရွေးထုတ် ဖေ့စ်ဘုတ်က တင်ပြပေးပါဦး။
အဝေးပြေးယာဥ်များ၏ တခါးပေါက်အဝင် လူအမြင်ထင်ရှားရာ
နေရာမှ ရေးထားတာကို ဖော်ပြအပ်ပါသည်။
**ဓန နဲ့ မာန အိမ်မှာ ထားခဲ့ **
**ဆန္ဒ ကို သိက္ခာဖြင့် ထိန်းနိုင်ပါစေ**
%%%%%%%%%%%%%%%%%%%%
ပရဟိတ လုပ်အားရှင်များကို စားသောက်ဆိုင်က စားပွဲထိုး အမြင်မျိုး အမြင်ဆိုးနဲ့ မဆက်ဆံကြစေလိုပါ။
တည်းခိုခန်း အလုပ်သမားလည်းမဟုတ်ကြပါ။
စည်ပင်သာဝန်ထမ်း တာဝန်ထမ်းပဲ
တန်းညှိအသိလည်း မရှိစေလိုပါ။
သူတို့သိက္ခာကို မထိပါးဖို့ ကိုယ့်သိက္ခာ အဆင့်မြင့်အောင်မြှင့်တင်ပေးကြဖို့ ရေးထုတ်ပြီး ဖေ့စ်က ပြောကြာပေးပါဦး။
ကျွန်တော့်အနေအားဖြင့်ကတော့
ဖွားစုဦးဆောင်သော ကျန်းဝန် ၊ ပါချုပ်ကြီး၊ ရောဂါရသော်လည်း မမှုငြား ပြည့်အတွက် စု အားဖြင့်ဆောင်ရွက်နေကြသည့် ဦးဖြိုး(ရန်ကုန်) ဆရာသမား ဒေါက်ဇော် (မန်း) နှင့်တကွ Drဒေါ်ခင်ခင်ကြီး အမှုးပြုသော ဆရာဝန်များ ၊ သူနာပြုများ ၊ ဓာတ်ခွဲခန်း အရာထမ်းအမှုထမ်းများ၊ ဆိုင်ရာဆေးရုံအုပ်ကြီးများ ၊အစပြုကာ စေတနာဖြူဖြူဖြင့် ဝန်ကို ယူ ၊ ပြည်ကို ပြန်ထူနေကြသည့် ပရဟိတအကျိုးဆောင်များအလယ် ၊ မက်စ် ကမ္ဘောဇ. အေအေ ပရောဒတ် စသည့် အလှူရှင်အသီးသီးတို့အပေါ်
အကြင်နာသနား မေတ္တာပွား သီခံခြင်းတရားဖြင့် Q(ကြူ)ဝင်ပြီး ဖြူစင်သည့်လူနေမှုအသိုက်အမြုံကို ထူထောင်ကြပါရန် တိုက်တွန်ရင်းQ ဝင်သူအပေါင်းကို အောက်ပါစာကဗျဖြင့် အသိပေးနှုတ်ဆက်လိုက်ရပါသည်။
**စဥ်းစားပါဦး**
လူလတ်ပိုင်းအရွယ်တုံးက#Our man Flant#ဆိုတဲ့ရုပ်ရှင်ကားပပဝင်း(ပလေဒီယံ)ရုံမှာကြည့်ဘူးခဲ့တယ်. ဒီကောင်ကတော့ အဘမင်း ဖိနပ်ယက်လေ