top of page
Search

အတုယူအားကျသင့်သော မန္တလေး PDF

Writer's picture: Myat Tun OoMyat Tun Oo

အတုယူအားကျသင့်သော မန္တလေး PDF

စာရေးသူတို့ ဘယ်တပ်ဖွဲ့ကို တော်လှန်ရေးမှာ စံထားရမလဲဆိုပြီး လေ့လာချင်သူတွေရှိကြမှာပါ။ စာရေးသူရဲ့စံက PDF ဖြစ်ရမယ် NUG ရဲ့အမိန့်ကိုနာခံရမယ် NUG  ဆိုတာထက် ရွေးကောက်ခံ အရပ်သားအစိုးရအမိန့်ကိုနာခံရမယ်ဆိုတဲ့ စံနှုန်းတွေကနေစပြီး လေ့လာပါတယ်။

အချို့သိသူတွေကလည်း ဘယ်အဖွဲ့ကိုဝင်ရမလဲ အကြံဉာဏ်တောင်းသူတွေလည်းရှိကြပါတယ်။ ယခုဟာက စံနှုန်းပေါ်မှာမူတည်ပြီး ပြောဆိုသွားမှာပါ။ ဘယ်အဖွဲ့ကိုမှ မုန်းခြင်းချစ်ခြင်းမရှိပါ။

စာရေးသူတို့တော်လှန်ရေးဘာကြောင့်ဖြစ်လာလဲဆိုတာကိုလေ့လာရာမှာ ဒီတော်လှန်ရေးဟာပြည်သူ့လက်နက်နဲ့ တပ်ဆင်ပေးထားတဲ့ တပ်မတော်တစ်ခုက ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရအမိန့်ကိုမနာခံဘဲ ရူးကြောင်ကြောင်နဲ့ လူတစ်ယောက်ကောင်းစားဖို့အတွက် အာဏာသိမ်းခဲ့လို့ ဒီတော်လှန်ရေးဖြစ်လာခဲ့တယ်ဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့။ မအလတပ်ကို တော်လှန်ဖို့အရေးကြီးသလို မအားလလို စစ်ခွေးမျိုးစစ်ခွေးစစ်တပ်မျိုးထပ်မမွေးမိဖို့ကလည်းအင်မတန်အရေးကြီးခဲ့ပါတယ်။

အဆိုပါ စံတွေနဲ့ စပြီးလေ့လာကြည့်ရအောင်။ မန္တလေး pdf မှာယခင်ကသပိတ်အဖွဲ့များစွာထဲက လူငယ်များစွာပါဝင်တာကိုတွေ့ရပါတယ်။ ဒါက ငြိမ်းချမ်းစွာဆန္ဒပြတာကိုလက်နက်နဲ့ဖြိုခွဲခဲ့တဲ့အကျိုးကျေးဇူးပါ။ ဒါပေမဲ့ဒီလူငယ်တွေဟာမိမိကိုယ် မိမိတပ်ချုပ်ကြီးဆိုပြီးတော့ တပ်မထောင်ခဲ့ပါ။ ကျွန်တော်တို့ဖာသာ နိုင်ငံရေးဦးဆောင်အဖွဲ့ဆိုပြီးတော့မဖွဲ့ခဲ့ပါ။ ပါတီတစ်ခုရဲ့လက်ကိုင်တုတ်အနေနဲ့လည်းမလုပ်ခဲ့ပါ။ အထူးသဖြင့် ဘယ်တော့မှ ပြည်သူက မဲမပေးခဲ့တဲ့ ပါတီရဲ့ မူဝါဒနဲ့ တပ်မထောင်ခဲ့ပါ။ သူတို့ဟာ ရွေးကောက်ခံအစိုးရရဲ့အမိန့်ကိုနာခံပြီးတော့ ဒီမိုကရေစီ မူဝါဒအရစစ်တပ်ဖြစ်လာခဲ့ပါတယ်။ ဒါကသန္ဓေကောင်းတာလို့ ပြောလို့ပါတယ်။

နောက်သူတို့ကတော့စုပေါင်းဦးဆောင်မှုနဲ့စစ်ဦးစီးအဖွဲ့ကို ဖွဲ့စည်းပြီး စစ်ရေးအလုပ်လုပ်တာတွေ့ရပါတယ်။ ဒါကလည်းအင်မတန်ကောင်းပါတယ်။နောက်ကောင်းတဲ့အချက်ကတော့ သူတို့ဟာ အင်မတန်ခြေသံလုံတာပါ။ PVTV နဲ့အင်တာဗျူးခဲ့တဲ့ ကိုမုန်တိုင်းကိုသာလျှင်သိမြင်ခဲ့ပြီးတော့ ကျန်သည့်လူများကလိုင်းပေါ်မှာ ခဏခဏတက်မလာခဲ့ပါ။ ဟိုလူနဲ့အင်တာဗျူးဒီလူနဲ့အင်တာဗျူးပြီးလည်း facebook ပေါ်မှအချိန်မကုန်ခဲ့ပါ။ဒါက စရဖအတွက်ထောက်လှမ်းရ ခက်သွားခဲ့ပါတယ်။ ဆရာဝင်းဒေါက်တာစိုးသူရဇော် နဲ့ မိုးကုတ်ကအိမ်ပြန်ရတဲ့ ကျောင်းဆရာတို့ကိုသိတဲ့အချိန်မှာသူတို့က မိုးကုတ်ကိုသိမ်းသွားခဲ့ပါပြီ။ သူတို့ကတော့တိုက်ပြီးအကြီးအကျယ်နိုင်မှပေါ်လာကြလို့ စရဖအနေနဲ့ သတင်းမရနိုင်ဘဲ သတင်းရချိန်မှာ အချိန်နောက်ကျသွားခဲ့ပါပြီ။ စစ်တိုက်ရာမှာသတင်းလက်ဦးမှုကအရေးကြီးသလိုပဲ facebook ပေါ်မှာခဏခဏအာချောင်နေရင် ထိုသူနောက်ကို စရဖကနည်းမျိုးစုံနဲ့လိုက်ရတာလွယ်ပါတယ်။ စာရေးသူအနေနဲ့ဂုဏ်ယူတာကတော့ဆရာဝန်ဒေါက်တာစိုးသူရဇော်ကိုအာဏာမသိမ်းခင်ထဲက သိခွင့်ရခဲ့လို့ပါ။ သူ့ကအာဏာသိမ်းမှာလားမေးချိန်မှာ အကျိုးအကြောင်းအားလုံး မပြောနိုင်ခဲ့တာကိုတော့ တောင်းပန်ရမှာပါ။ ထိုအချိန်ကတော့ကိုအကြောင်းစုံ မပြောပေမယ့်သက်ဆိုင်ရာလူကြီးများကိုတော့အာဏာသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောခဲ့ပါသေးတယ်။ ခံချလိုသူတွေနဲ့ အန်တီက မတွေ့ခဲ့တာကတော့ သမိုင်းပါ။ ညီလေးကတော့ တာဝန်ကျေနေပါပြီ။

နောက်မန္တလေး pdf အားသာချက်က စစ်တပ်ကိုစစ်တပ်ပုံစံနဲ့တူအောင် ဖွဲ့စည်းနိုင်မှုပါ။ သူတို့ကပထဝီအနေထားအရလက်နက်တပ်ဆင်မှုကလည်း အားကောင်းသွားခဲ့ပါတယ်။ အချို့နေရာတွေမှာ အစိုးရကငွေကြေးထောက်ပံ့နိုင်ပေမယ့်လက်နက်ပို့ဆောင်ရခက်တဲ့နေရာတွေလည်းရှိပါတယ်။ သူတို့နေရာကတော့အကြောင်းသုံးပါးလုံးအဆင်ပြေတယ်လို့လည်းပြောလို့ရပါတယ်။ ဒါပေမယ့် ဘယ်လိုအဆင်ပြေပြေတပ်တွေဖွဲ့လို့ရပေမယ့် အချို့တပ်တွေကသူများကျွန်ခံနေတာလည်းရှိတတ်ပါတယ်။ ရွေးကောက်ခံအစိုးရအမိန့်ကို မနာခံပေမယ့် သူတပါးအမိန့်ကိုနာခံကျွန်ခံနေတဲ့စစ်တပ်တွေလည်းရှိပါတယ်။အချို့တပ်ချုပ်ရူးတွေကတော့ မိန်းမယူပြီးသူများကို ရန်လုပ်ပြီး အချိန်ကုန်နေတတ်ပါတယ်။ သူသိမ်းတာက မိန်းမသာရှိတာ ယခုအားလုံးသဘောပေါက်မှာပါ။

ဒီနေရာမှာမန္တလေး pdf ကိုမွေးဖွားလေ့ကျင့်ပေးခဲ့တဲ့မိတ်ဆွေစစ်စစ် အဖွဲ့စည်းကိုလည်းအင်မတန်ကျေးဇူးတင်ပါတယ်။ အဆိုပါမိတ်ဆွေအဖွဲ့က အခြားအဖွဲ့တွေလို NUGကိုဒုက္ခဖြစ်စေမယ့် ဒုက္ခပေးမယ့် အဖွဲ့တွေကိုမမြောက်ပေးဘဲနဲ့ NUG အောက်ကအဖွဲ့ကိုအသေအချာလေ့ကျင့်ပေးလို့ အင်မတန်ကျေးဇူးတင်စရာကောင်းပါတယ်။ စိတ်စေတနာမှန်တယ်လို့လည်း ပြောလို့ရပါတယ်။

မန္တလေး pdf မှာ စစ်တပ်တစ်ခုမှာရှိရမည့် သတ္တိရှိမှု၊ စည်းကမ်းလိုက်နာမှု၊ အချင်းချင်းလေးစားမှု၊ သစ္စာရှိမှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ ဥပဒေလေးစားလိုက်နာမှု၊ အရေးကြီးဆုံးကတော့ ရွေးကောက်ခံအရပ်သားအစိုးရရဲ့အမိန့်ကိုနာခံမှုတွေက အထင်သားတွေ့ရပါတယ်။ PVTV နဲ့ လွန်ခဲ့တဲ့တစ်နှစ်လောက်က မန္တလေး PDF က ကိုမုန်တိုင်းအင်တာဗျူးမှာပြောသွားတာတွေကတော့ထိန်းသိမ်းပြီးတော့ကောင်းကောင်းမွန်မွန်ပြောသွားတာတွေ့ရပါတယ်။ အခြားစစ်ဦးစီးအဖွဲ့များ အင်တာဗျူးတွေမှာ ပြောသွားတာကလဲ အင်မတန် ပညာသားပါပါတယ်။ မန္တလေး PDF ရဲ့ အချို့အဖွဲ့ဝင်တွေက စစ်ကိုင်းကဆန္ဒပြသူတွေနဲ့လည်းသိလို့ သူတို့မှာနိုင်ငံရေးအမြင်ရှိမှာပါ။အစိုးရရဲ့အချို့မူဝါဒကိုကြိုက်တာမကြိုက်တာရှိနိုင်ပါတယ်။ဒါပေမယ့် သူတို့ဟာယူနီဖောင်းဝတ်ထားလို့စစ်တပ်ပီပီသသနဲ့စကားပြောဆိုလုပ်ကိုင်တာတွေ့ရပါတယ်။လက်နဲ့ရှိရှိ မရှိရှိလိုင်းပေါ်မှာတက်တက်ပြီး NUG အစိုးရဆဲတဲ့အလုပ်မလုပ်တာကလည်း နိုင်ငံတကာ စစ်တပ်တစ်ခုရဲ့ professional ကစစ်တပ်အသွင်ဆောင်ပါတယ်။ အမေရိကန်နဲ့ အင်္ဂလန်မှာ သူတို့စစ်တပ်ထဲကနေ ယူနီဖောင်းနဲ့ အစိုးရကို ဝေဖန်ခွင့်မရှိပါ။ အရပ်သားကတော့ ယူနီဖောင်းမရှိရင် ကြိုက်တာလုပ်ပေါ့။

အကျဉ်းချုပ်ရရင်တော့ယခုလိုအချိန်မှာ ဘယ်စစ်တပ်ထဲဝင်ရမလဲလာမေးရင် ပထမဆုံးကတော့ မိမိနဲ့အနီးဆုံးနေရာက လွတ်မြောက်နယ်မြေကိုသွားတာကတော့ပိုလက်တွေ့ကျမှာပါ။ ဒါပေမယ့် ရွေးချယ်ပိုင်ခွင့်ရှိတယ်

အပေါ်တက်လို့ရရင်တော့မန္တလေး pdf ထဲကို ဝင်ပြီးစစ်သားအနေနဲ့တာဝန်ထမ်းဆောင်နိုင်ရင်တော့ အပြောင်းအလဲကိုပိုမြန်စေပြီး အင်အားဖြစ်စေမှာပါ။ သူ့မှာက အဘလှူထားတဲ့ လက်နက်တွေကလဲ အသင့်ရှိနေပြီးသားပါ။

မန္တလေး pdf က မန္တလေးရဲ့တံခါးဝကိုခေါက်နေလို့အပြောင်းအလဲတွေကိုအလျှင်အမြန်နဲ့ ပေးဆောင်နိုင်ဖို့အခြေအနေကောင်းမှာရှိနေပါတယ်။ စစ်ကိုင်းမှာလည်း NUG တပ်ရင်းများစွာရှိသလို မကွေးမှာလည်း NUG တပ်ရင်းများရှိမှာပါ။ အားလုံးအနေနဲ့မန္တလေး pdf ကိုလေ့လာပါ။ သူတို့စစ်ခေါင်းဆောင်တွေရဲ့လုပ်ပုံကိုင်ပုံပြောဆိုပုံတွေကိုလေ့လာပါ။ အတုယူပါ။ ဒါက အနာဂတ် တပ်မတော်အတွက်သန္ဓေကောင်းတွေပါ။ နဂါးလိုအာချောင်တာရှောင်ပါ။ တောင်ပိုင်းက ယခု BGF ထဲ ဝင်သွားတဲ့ကောင်လို အာချောင်တာရှောင်ပါ။ သူတို့ ယူနီဖောင်းနဲ့ အစိုးရကိုဝေဖန်တာမြင်ရင် ဇော်မဲလုံးကို သတိရပါ။ အစိုးရကိုဝေဖန်ချင်ရင်တော့ ယူနီဖောင်းချွတ် ရွေးကောက်ပွဲဝင်ပါ။ ယ်စစ်ခွေးအချိုးမျိုးတော့ ထပ်မချိုးကြပါနဲ့။ ယခုအချိန်မှာ မန္တလေး PDF အစစ အရာရာ အတုယူပြီး ခြေသံလုံလုံနဲ့ ညီညွတ်စွာနဲ့ ရွေးကောက်ခံ အရပ်သားအစိုးရအောက်ကနေ အောင်ပွဲကို ယူနိုင်ကြပါစေ။

999 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page